• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝူဟန်တွင် လူ ၁၇ ဦးသေဆုံးခဲ့ရသည့် ဗိုင်းရပ်၊ မြွေများမှတဆင့် ကူးစက်ခြင်း ဖြစ်နိုင်ဟုဆို

by ဧရာဝတီ
23 January 2020
in သတင်း
A A
လူသေဆုံးမှုနှင့် ကူးစက်မှု ဆက်တိုက် ဖြစ်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်

လူသေဆုံးမှုနှင့် ကူးစက်မှု ဆက်တိုက် ဖြစ်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်

12k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံ ဝူဟန်တွင် လူ ၁၇ ဦး အသက်သေဆုံးစေပြီး ဖြစ်သော ဝူဟန်ကိုရိုနာ ဗိုင်းရပ်သစ်တမျိုးသည် မြွေများမှလူများသို့ ကူးစက်လာခြင်းဖြစ်နိုင်ကြောင်း မျိုးဗီဇသရုပ်ခွဲလေ့လာမှု တခုအရ သိရသည်။ 

ထိုမြွေများသည်လည်း လင်းနို့များမှ တဆင့် ကူးစက်ခံရခြင်းဖြစ်နေသည်။ ထိုရောဂါ စတင်ဖြစ်ပွားသော ဈေးတွင် လင်းနို့နှင့် မြွေ နှစ်မျိုးစလုံးကို ရောင်းချခဲ့ကြောင်း သိရသည်။

RelatedPosts

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
290
လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
52
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
69

ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ရောဂါဖြစ်ပွားမှု ၅၅၅ ခု အတည်ပြုနိုင်ခဲ့ပြီး ထိုရောဂါကြောင့် အပူချိန်တက်ခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် နမိုးနီးယား ဝေဒနာတို့ဖြစ်နိုင်သည်။ ထိုဗိုင်းရပ်ကို ထိန်းချုပ်ရန်အတွက် ဝူဟန်ကို သီးခြားပိတ်ဆို့ထားပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်များကို ခေတ္တဆိုင်းငံ့ထားသည်ဟု သတင်းများက ဆိုသည်။

ဝူဟန်တွင် ရောဂါဖြစ်ပွားမှု ၄၄၄ ခုရှိပြီး ကွမ်တုံတွင် ၂၆ ခု၊ ဘေဂျင်းတွင် ၄ ခုနှင့် ရှန်ဟိုင်းတွင် ၉ ခု တွေ့ရသည်။ နိုင်ငံတကာတွင်မူ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတွင် ဖြစ်ပွားကြောင်း သိရသည်။ နောက်ထပ်လူ ရာပေါင်းများစွာသို့ ကူးစက်မည်ဟုမျှော်လင့်ရပြီး ရောဂါရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်။

ရောဂါစတင်ဖြစ်ပွားသော နေရာမှာ ရောဂါစတင်ဖြစ်ပွားသူ အများအပြား သွားရောက်ခဲ့သည့် ဝူဟန်မှ ဈေးတခုဖြစ်သည်ဟု ယူဆရသည်။ ထို ဈေးသည် ရှဉ့်ကြီးများ၊ ငှက်များ၊ ယုန်များ၊ လင်းနို့များနှင့် မြွေများအပါအဝင် သားရိုင်းအရှင်များ၊ မွေးမြူထားသော တိရစ္ဆာန်များကို ရောင်းသောဈေးဖြစ်သည်ဟု ကျော်ကြားသည်။

ထိုးမျိုးစိတ်များအနက် တခုခုမှ ဗိုင်းရပ်လာခြင်းဟုတ်မဟုတ် သိရန်အတွက် တရုတ်နိုင်ငံ ပီကင်းတက္ကသိုလ်မှ ဝေကြည်နှင့် လုပ်ဖော်ကိုင်ဘက်များသည် ထိုဗိုင်းရပ်သစ်၏ နမူနာ ၅ ခုမှ မျိုးဗီဇများကို အခြားမျိုးစိတ်များမှ လာသော အလားတူ ဗိုင်းရပ် ၂၁၇ မျိုးနှင့် နှိုင်းယှဉ်ကြည့်သည်။

ထိုဗိုင်းရပ်သစ်သည် လင်းနို့များတွင်တွေ့ရသည့် ဗိုင်းရပ်နှင့် အလားတူပြီး မျိုးဗီဇအရ ဆိုပါက မြွေများတွင် တွေ့ရသည့် ဗိုင်းရပ်နှင့်တူနေသည်။

“ကျနော်တို့လုပ်တဲ့ သရုပ်ခွဲလေ့လာမှုတွေအရ အဖြစ်နိုင်ဆုံး တောရိုင်း သတ္တဝါတွေထဲမှာ မြွေတွေ အများဆုံးပါနေတယ်” ဟု ထိုသုတေသနအဖွဲ့က ရေးသားထားသည်။

“အခု ခန့်မှန်းချက်အသစ်နဲ့ ပတ်သက်ပြီး ကျနော်တို့စိတ်လှုပ်ရှားမိတယ်” ဟု ပင်ဆယ်ဗေးနီးယားရှိ ပစ်စဘတ်တက္ကသိုလ်မှ ထိုလေ့လာမှုကို သုံးသပ်သူ ဟိုင်တောင်ကော်က ပြောသည်။ 

သူက “နောက်ထပ်စမ်းသပ်တဲ့ အထောက်အထားတွေလိုတယ်။ ဒါပေမယ့် အခု စမ်းသမ်မှုက ကျနော်တို့ကို သဲလွန်စတော့ ပေးနေပြီ” ဟုလည်း ပြောသည်။

ထိုဗိုင်းရပ်သစ်သည် လင်းနို့များနှင့် မြွေများမှ ဗိုင်းရပ်များ ပေါင်းစည်းထားသည့် ဗိုင်းရပ်မျိုးဖြစ်နေသည်။ ဈေးများတွင်ကဲ့သို့ တိရစ္ဆာန် မျိုးစိတ်နှစ်မျိုးကို အနီးကပ်ထားလျှင် ထိုသို့ ဗိုင်းရပ်ပေါင်းစပ်ခြင်း ဖြစ်နိုင်သည်ဟု ဆီယက်တဲလ်ရှိ ဝါရှင်တန်တက္ကသိုလ်မှ ပီတာရာဘင်နိုဝစ်က ပြောသည်။

ထိုဗိုင်းရပ်သည် လေမှတဆင့် လူသားများထံ ကူးစက်လာကြောင်းလည်း သူက ပြောသည်။ 

“အခုလောလောဆယ်က ခန့်မှန်းတဲ့အဆင့်ပဲ ရှိသေးတယ်။ ဒါပေမယ့် ဗိုင်းရပ်က မြွေတွေက ထွက်တဲ့ အရည်တွေ၊ မစင်တွေမှာပါလာရင် လေမှာပျံ့ပြီး ရှူမိနိုင်တယ်” ဟုလည်း သူက ပြောသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် SARS နှင့် MERS ဗိုင်းရပ်မိသားစုဝင်ဖြစ်သော ယခုဗိုင်းရပ်သစ်ကို လေ့လာသုံးသပ်ရန် အရေးပေါ်ကော်မတီ အစည်းအဝေးခေါ်ခဲ့သည်။ 

အစည်းအဝေးအပြီးတွင် ညွန်ကြားရေးမှူးချုပ် တက်ရို အက်ဟန်နွန် ဂီဗရေယက်စပ်က အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေ မကြေညာမီ ထိုဗိုင်းရပ်၏ ပျံ့နှံ့မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက် လိုနေသေးကြောင်းပြောသည်။

“အခြေအနေက ဆင့်ကဲတိုးတက် ရှုပ်ထွေးနေတယ်။ နိုင်ငံတကာ ပူပန်မှု အတွက် ပြည်သူ့ကျန်းမာရေး အရေးပေါ်  အခြေအနေကြေညာမလား၊ မကြေညာဘူးလားဆိုတာကို ကျနော်က အရမ်း အလေးအနက် ထားတယ်။ အထောက်အထား အားလုံးကို ကြည့်ပြီးမှ သင့်တော်တဲ့ ဆုံးဖြတ်ချက်ချဖို့ ကျနော်ပြင်ဆင်ထားတဲ့ ကိစ္စဖြစ်တယ်” ဟု သူက ပြောသည်။

အရေးပေါ်ကော်မတီသည် မနက်ဖြန်တွင် တွေ့ဆုံမည်ဖြစ်ပြီး ထိုအခါ ပိုမိုပြောဆိုစရာများ ရှိလာမည်ဟု သူက ဆိုသည်။

ကိုးကား –  Journal of Medical Virology, DOI: 10.1002/jmv.25682

You may also like these stories:

ရခိုင်တွင် ပထမဆုံး H1N1 ရောဂါကူးစက်ခံရသူ တဦးတွေ့

 

Your Thoughts …
Tags: မြွေများမှတဆင့် ကူးစက်ခြင်း ဖြစ်နိုင်ဟုဆိုဝူဟန်တွင် လူ ၁၇ ဦးသေဆုံးခဲ့ရသည့် ဗိုင်းရပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
နိုင်ငံတကာတရားရုံး ICJ မှ တရားသူကြီးများ / Reuters

ကြားဖြတ် အစီအမံများ မြန်မာ လုပ်ဆောင်ရန် ICJ တရားရုံး ချမှတ်

Coronavirus စစ်ဆေးမှုများကို ခရီးသွားများကိုလည်း ပြုလုပ် / xinhuanet

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် မြို့ ၃ မြို့ဝင်ထွက်ခွင့်ပိတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate