• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်ဆေးရုံကြီးတွင် ရောက်နေသည့် လူနာမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူမဟုတ်ဟု တာဝန်ရှိသူပြော

by ဧရာဝတီ
24 January 2020
in သတင်း
A A
ရန်ကုန်ပြည်သူ့ဆေးရုံကြီး / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး / မျိုးမင်းစိုး / ဧရာဝတီ

14.1k
VIEWS
Share on FacebookShare on Twitter

အဆုတ်ရောင် ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု ယူဆရသည့် လူနာ တဦး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိနေပြီဟု သတင်းများ ထွက်ပေါ်နေသည်မှာ မဟုတ်မှန်ဘဲ လတ်တလောရောက်ရှိနေသူမှာ သာမန်ရောဂါ ဝေဒနာရှင်သာ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

ဒေါက်တာ ဒေါ်ခင်ခင်ကြီး က “သံသယ လူနာ မဟုတ်ပါ။ သာမန်ရောဂါပါပဲ။ စိုးရိမ်စရာ မရှိပါ” ဟု ပြောသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
52
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
34
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
65

အဆိုပါ လူနာမှာ မည်သည့်လူမျိုး ဖြစ်သည်၊ မည်သည့်အချိန်က ရောက်ရှိလာသည် စသည့် အသေးစိတ် အချက်အလက်များကိုမူ လတ်တလော ဖြေကြားခြင်း မရှိသေးပါ။

“ကျနော်တို့ ရန်ကုန်ဆေးရုံကြီးအနေနဲ့ကတော့ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို အတိအကျ အတည်ပြုပေးဖို့ အခွင့် မပေးထားပါဘူး။ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ သတင်းထုတ်ပြန်ပါလိမ့်မယ်။ ကူးစက်ရောဂါနဲ့ ပတ်သက်ရင် ဒေါက်တာ ဒေါ်ခင်ခင်ကြီးကို ပြောရေးဆိုခွင့် ပေးထားပါတယ်။ ကျနော်တို့မှာ သံသယလူနာ ဟုတ်၊ မဟုတ်ဘူးဆိုတာ ပြောခွင့်ကို မရှိတာ။ မကြာခင် ထုတ်ပြန်မှာပါ” ဟု ရန်ကုန်ဆေးရုံကြီးမှ ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ဧရာဝတီသို့ ပြောသည်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါ ကူးစက် မခံရစေရန် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာ ခံစားနေရသူများနှင့် အနီးကပ် နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူထူထပ်သော နေရာများသို့ သွားလာမှုမှ ရှောင်ကြဉ်ခြင်း၊ တိရိစ္ဆာန်များနှင့် အကာအကွယ် မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း များကို လိုက်နာကြရန် သတင်းထုတ်ပြန်ကြေညာထားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူမှာ လက်ရှိတွင် လူဦးရေ ၈၇၀ ကျော် အထိရှိလာပြီ ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၄၄၄ ဦး၊ ကွမ်တုံမြို့တွင် ၂၆ ဦး၊ ဘေကျင်းမြို့တွင် ၄ ဦးနှင့် ရှန်ဟိုင်းမြို့တွင် ၉ ဦး၊ စင်္ကာပူ နိုင်ငံတွင် ၃ ဦး ကူးစက်ခံထားရပြီး ထိုင်း၊ ဂျပန်၊ တောင် ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့တွင် ကူးစက်ခံရသူများရှိကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။

မြန်မာနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုနှင့် ပတ်သက်ပြီး စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဝင်ပေါက်များတွင် အဖျားရောဂါနှင့် တုပ်ကွေးဆန်သည့် ရောဂါလက္ခဏာများ အဓိကထား စစ်ဆေးလျှက်ရှိပြီး အခြားလေဆိပ်၊ ရေဆိပ်များတွင်လည်း စစ်ဆေးလျှက်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားသည်။

အဆိုပါ ဗိုင်းရပ်စ်စတင် ဖြစ်ပွားရာ ဝူဟန်မြို့တွင် မြန်မာနိုင်ငံသား ပညာတော်သင်ကျောင်းသား ဦးရေ ၇၀ ကျော် တက်ရောက်လျှက်ရှိပြီး လတ်တလောတွင် ပိတ်မိနေသူအချို့က ယင်းမြို့တွင်း သွားလာမှုများအား သတိပေး ထိန်းချုပ်ထားမှု အခြေအနေများအား ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြလျက်ရှိသည်။

အဆုတ်ရောင်ရောဂါ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် (2019 Novel Coronavirus (2019-nCoV)) သည် တရုတ်နိုင်ငံ အ လယ်ပိုင်း ဝူဟန်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာနှောင်းပိုင်းက စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ သေဆုံးသူ ၂၀ ဦးအထက် ရှိပြီဖြစ်ကြောင်း တရုတ်သတင်းဌာနများက အတည်ပြုဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်မြို့ရှိ ငါးဈေး ၁ ခုမှ စတင်ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း ယူဆမှုများရှိနေပြီး လင်းနို့များထံမှ ကူးစက်ခံထားရသည့် မြွေများမှတဆင့် လူထံသို့ ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း မျိုးဗီဇသရုပ်ခွဲ လေ့လာမှု ရလဒ်အချို့အား ကိုးကားပြီး ဟောင်ကောင်အခြေစိုက် သတင်းဌာနတခုက ဖော်ပြထားသည်။

ဆက်စပ်လင့်-

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် မြို့ ၃ မြို့ဝင်ထွက်ခွင့်ပိတ်

Your Thoughts …
Tags: 2019 Novel Coronavirusရန်ကုန်ဆေးရုံကြီးသံသယလူနာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကဗျာဆရာ ကြည်ဇော်အေး  /  Kyi Zaw Aye

ကဗျာတွေအတွက် မွေးဖွားလာတဲ့ ကြည်ဇော်အေး

by ဧရာဝတီ
5 October 2022
2.1k

“စစ်ကြီးပြီးရင် အချစ်သီချင်းလေးတွေပဲ နားထောင်ကြမယ်။ ချစ်သူများသာ အဓွန့်ရှည်ပါစေ” ဆိုတဲ့ ခေတ်ပေါ် မြန်မာကဗျာဆရာ ကြည်ဇော်အေးဟာ သူချစ်မြတ်နိုးတဲ့ ကဗျာတွေကို ထားရစ်ခဲ့ပြီး စစ်ကြီးမပြီးခင်မှာပဲ လူ့လောကထဲကနေ အပြီးအပိုင် နှုတ်ဆက် ထွက်ခွာသွားခဲ့ပါပြီ။

ရန်ကုုန်ဆေးရုုံကြီးရှိ အမျိုးသမီးအဆောင်တွင် ဆေးကုုသခံသည့်လူနာများ  / ဂျေပိုင် / ဧရာဝတီ

ရန်ကုန်ဆေးရုံကြီးတွင် လူနာမိန်းကလေးကို မဖွယ်မရာပြုလုပ်သူအား ဖမ်းဆီး

by ထွန်းထွန်း
22 November 2016
82.5k

ရန်ကုန်ပြည်သူဆေးရုံကြီးတွင် ဆေးကုသရန် ရောက်နေသည့် အသက် ၁၃ နှစ်အရွယ် လူနာမိန်းကလေးကို ဆေးရုံဝန်ထမ်းဟုဆိုကာ လက်တွန်းလှည်းဖြင့် အိမ်သာသို့ လိုက်ပို့ရင်း မဖွယ်မရာပြုလုပ်ခဲ့သည့် အသက် ၃၇ နှစ်အရွယ် ဇင်မင်းသူ ဆိုသူကို လသာရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်ဆေးရုံကြီး ဧည့်တွေ့ချိန်ပိတ်

by သဇင်လှိုင်
14 April 2020
35.6k

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အတွင်းသို့ မည်သည့် ဧည့်သည်ကိုမျှ ဝင်ရောက်ခွင့် မပြုတော့ဘဲ ယနေ့မှ စ၍ ဧည့်တွေ့ချိန် ပိတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်

နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန  / ဧရာဝတီ

သံသယလူနာ တွေ့သည်ဟုဆိုကာ နေပြည်တော် ဝန်ကြီးဌာန ရုံး ၂ ရုံး ယာယီပိတ်

by ထက်နိုင်ဇော်
8 April 2020
87.2k

သံသယလူနာ၏ ဆေးစစ်ချက်ကို ရန်ကုန်မြို့သို့ ပို့ဆောင်ထားပြီး ကြိုတင် ကာကွယ်သည့်အနေဖြင့် ဝန် ကြီးဌာနရုံး၂ ရုံးကို ပိတ်ထားလိုက်ခြင်း ဖြစ်ကြောင်း၊ ယင်း သံသယလူနာ နေထိုင်သည့် တိုက်ခန်းကိုလည်း ယာယီ ပိတ်ထားလိုက်ပြီ

ကုတင် ၅၀၀ ဆံ့ ပုသိမ်ဆေးရုံကြီး / ဆလိုင်းသန့်စင် / ဧရာဝတီ

မြဝတီမှ ပြန်လာသူ ပုသိမ်ဆေးရုံ၌ သံသယလူနာအဖြစ် စောင့်ကြည့်ကုသနေရ

by ဆလိုင်းသန့်စင်
14 April 2020
25.1k

အဆိုပါ လူနာ၏နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာတို့အား ရန်ကုန်မြို့ရှိ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ယနေ့ ပေးပို့၍ ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ သန်းမင်းထွဋ်က ပြောသည်။

ရန်ကုန်ဆေးရုံကြီး / မျိုးမင်းစိုး / ဧရာဝတီ

ဆေးရုံ လူဝင်လူထွက်များ စနစ်တကျ ဆောင်ရွက်ရန် ကျန်းမာရေးဌာန ညွှန်ကြား

by သဇင်လှိုင်
20 March 2020
15.7k

တိုင်းနှင့် ပြည်နယ် အနှံ့အပြားမှ လာရောက် ကုသသည့် လူဝင်လူထွက် များပြားရာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် လူနာ၊ လူနာရှင်များ နှင့် ပတ်သက်ပြီး အသိပေး ကြေညာချက်များ မတ်လ ၁၇ ရက်နေ့က စတင်ကာ...

Next Post
အလုံခြုံဆုံး မြို့အဖြစ် ရပ်တည်နေတဲ့ အဘူဒါဘီမြို့

၂၀၂၀ ခုနှစ်အတွက် အလုံခြုံဆုံး မြို့ ၁၀ မြို့

Myanmar Idol ပြိုင်ပွဲဝင် ဘန်ဂျမင်ဆုမ်း /  ချစ်ပိုး / ဧရာဝတီ

နေမကောင်းဖြစ်နေတဲ့ မိခင်ကို ဆေးကုဖို့ အလုပ်တွေ ပိုကြိုးစားမယ့် ဘန်ဂျမင်ဆုမ်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate