• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

35 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တိုင်း ၁၂ ခုတွင် မူးယစ်ဆေး ကန်ဒေါ်လာ ၂၃၃ သန်းကျော်ဖိုး တနှစ်အတွင်း ဖမ်းမိ

by ထွန်းထွန်း
26 January 2020
in သတင်း
A A
ရန်ကုန်မြို့ လှိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ  / Ministry of Home Affairs

ရန်ကုန်မြို့ လှိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ / Ministry of Home Affairs

17.4k
VIEWS
Share on FacebookShare on Twitter

တိုင်းစစ်ဌာနချုပ်နယ်မြေ ၁၂ ခုတွင် ၂၀၁၉ ခုနှစ်တနှစ်တာအတွင်း ကျပ် ၃၄၃.၅၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၃၃ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့က ပြုလုပ်သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

တပ်မတော်နှင့် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးမှုပမာဏအနေဖြင့် ICE မူးယစ်ဆေး ၇၃၅၁.၀၅၂ ကီလို (၈.၁၁ တန်ခန့်)၊ စိတ်ကြွဆေးပြား ၂၂.၄ သန်းကျော်၊ ဘိန်းဖြူ ၂၄၇.၄၁၉ ကီလိုနှင့် ဘိန်းမဲ၊ ဘိန်းစိမ်း၊ ဆေးခြောက်နှင့် အခြား မူး ယစ်ဆေးများစွာ ပါဝင်ကြောင်းလည်း သိရသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
90
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
225
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
3.8k

ဗိုလ်ချုပ် စိုးနိုင်ဦးက “အများဆုံးဖြစ်နေတာကတော့ TNLA ၊ MNDAA ၊ KIA ၊ SSA (ဝမ်ဟိုင်း) နယ်မြေတွေမှာ စည်းကမ်း ဖောက်ဖျက်မှု၊ တိုက်ပွဲဖြစ်ပွားမှု၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုတွေက သူတို့ရဲ့ လှုပ်ရှားနယ်မြေတွေမှာ အများဆုံးဖြစ်နေကြောင်း ဖော်ထုတ်သိရှိရပါတယ်” ဟု ပြောသည်။

တပ်မတော်က ထုတ်ပြန်ခဲ့သည့် ဖမ်းမိမူးယစ်ဆေးဝါးများ၏ ကျပ်တန်ဖိုးအား အမေရိကန်ဒေါ်လာတန်ဖိုးဖြင့် ပြန်လည်ဖော်ပြရာတွင် ၁ ဒေါ်လာလျှင် ၁၄၆၈ ကျပ်နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။

အများဆုံး ဖမ်းဆီးရမိခဲ့သည့် တိုင်းစစ်ဌာနချုပ်အနေဖြင့် တပ်မတော်ရေက တနင်္သာရီကမ်းရိုးတန်း ပင်လယ်ပြင်တွင် မူးယစ်ဆေးတင်ဆောင်သည့် စက်လှေများ ဖမ်းဆီးနိုင်ခဲ့သည့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် နယ်မြေတွင် အများဆုံးဖြစ်ခဲ့ပြီး ICE မူးယစ်ဆေး ၃၀၅၆.၁၄၅ ကီလိုနှင့် စိတ်ကြွဆေးပြား ၁ သိန်းကျော် စုစုပေါင်းတန်ဖိုး ကျပ် ၇၆.၈ ဘီလီယံခန့်အထိ ရှိခဲ့သည်။

ပင်လယ်ပြင်တွင် ဖမ်းမိခဲ့သည့် စက်လှေများတွင် လိုက်ပါလာသူများက မြန်မာကမ်းရိုးတန်းမှတဆင့် ထိုင်းနိုင်ငံရေပြင်၊ မလေးရှားနှင့် အင်ဒိုနီးရှား ရေပြင်အနီးတို့ထံ ပို့ဆောင်မည်ဖြစ်ကြောင်း ထွက်ဆိုမှုများရှိခဲ့ပြီး အန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ICE မူးယစ်ဆေးများ တင်ဆောင်လာသည့် မြန်မာနိုင်ငံသား ၅ ဦးပါ စက်လှေတစင်းအား ၎င်းတို့ရေပြင်ပိုင်နက်အတွင်း ယမန်နှစ်က ဖမ်းမိခဲ့သည်။

တပ်မတော်အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေများအတွင်းမှလည်း စိတ်ကြွမူးယစ်ဆေးပြား ချက်လုပ်သည့် စက်ရုံများနှင့် ICE မူးယစ်ဆေးချက်လုပ်သည့် စက်ရုံနှင့် ချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကိုလည်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်တိုင်းဌာနချုပ် တခုချင်းဖမ်းမိမှု တန်ဖိုးကျပ်အနေဖြင့် မြောက်ပိုင်းတိုင်းတွင် ၁၂.၈ ဘီလီယံ၊ အရှေ့မြောက် တိုင်းတွင် ၂၇.၈ ဘီလီယံ၊ အရှေ့ပိုင်းတိုင်းတွင် ၁၇.၆ ဘီလီယံ၊ အရှေ့အလယ်ပိုင်းတိုင်းတွင် ၃၉.၃ ဘီလီယံ၊ တြိဂံဒေသတိုင်းတွင် ၇၄.၃ ဘီလီယံ၊ အရှေ့တောင်တိုင်းတွင် ဝ.၀၆ ဘီလီယံ၊ ကမ်းရိုးတန်းတိုင်းတွင် ၇၆.၈ ဘီလီယံ၊ ရန်ကုန်တိုင်းတွင် ၆၂.၁ ဘီလီယံ၊ အနောက်ပိုင်းတိုင်းတွင် ၂၆.၄ ဘီလီယံ၊ အနောက်မြောက် တိုင်းတွင် ဝ.၀၂၉ ဘီလီယံ၊ အလယ်ပိုင်းတိုင်းတွင် ဝ.၀၄၁ ဘီလီယံနှင့် တောင်ပိုင်းတိုင်းတွင် ဝ.၄၉ ဘီလီယံ ဖမ်းမိခဲ့ကြောင်းလည်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။

ယခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့အထိ ဖမ်းဆီးရမိမှုအနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် ၆ ခုနယ်မြေအတွင်း မူးယစ်ဆေးဝါး တန်းဖိုး ကျပ် ၂၇.၅ ဘီလီယံအထိ ဖမ်းမိထားပြီး ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကပင် မူးယစ်ဆေးဝါးတန်ဖိုးကျပ် ၂၃.၂ ဘီလီယံဖြင့် အများဆုံးဖမ်းမိထားသည်။

Your Thoughts …
Tags: Iceတိုင်းစစ်ဌာနမူးယစ်ဆေး
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.4k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

၂၀၁၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနား  / AFP

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

by Bertil Lintner
9 May 2022
54.1k

DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်း လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး

မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး

by Paul Greening
23 November 2024
3.5k

မြန်မာဒုက္ခသည် အများအပြားကို အမေရိကန်သို့ ခေါ်ယူပေးမည့် ထိုဒုက္ခသည်အစီအစဉ်ကိုလည်း ဖြတ်တောက်ဖွယ်ရှိသည်။

ထိုင်း ဆေးခြောက်မူဝါဒ အပြောင်းအလဲ ဝေဖန်ခံနေရ

ထိုင်း ဆေးခြောက်မူဝါဒ အပြောင်းအလဲ ဝေဖန်ခံနေရ

by ဧရာဝတီ
11 May 2024
1.3k

ပါလီမန်တွင် ဆေးခြောက်ဥပဒေ ပြဋ္ဌာန်းရခြင်း မရှိသေးသောကြောင့် ဆေးခြောက်လွတ်လပ်ခွင့်မည်မျှရှိသည်ကို မေးခွန်းထုတ်စရာဖြစ်စေသည်။

...

လူကုန်ကူးမှု၊ ဒုစရိုက်ဂိုဏ်းများနှင့် ဝ ဒေသ

by မာဂရတ်
28 June 2023
6.8k

ပြည့်တန်ဆာလုပ်ငန်းဟု ဆိုရာတွင်လည်း နာရီပိုင်းအလိုက် အပျော်မယ်လုပ်ရသည့် အလုပ်တခုတည်း မဟုတ်ပေ။

၂၀၁၉ ဘန်ကောက်လက်နက်ပြပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ရာ ထွန်းမင်းလတ် (လည်စီးအဝါ ဝတ်ဆင်ထားသူ) လိုက်ပါလာခဲ့သည်

ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်မိသားစု ဘယ်လိုရင်းနှီးသလဲ

by ဧရာဝတီ
16 January 2023
13.9k

ထွန်းမင်းလတ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု၏ အစောဆုံး စီးပွားဖက်တဦးဖြစ်ခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ဆိုကြသည်။

Next Post
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ထဲမှာ မနှစ်က မြန်မာပြည်အလယ်ပိုင်း ရွှေ့ပြောင်းဝင်လာပြီး နေထိုင်သူတွေ ဈေးလည်ရောင်းရင်း ပျောက်ဆုံးခဲ့ရပါတယ်/ / Reuters

သံသယတွေကြား သွေးစွန်းလာတဲ့ ရခိုင်-မြန်မာ ဆက်ဆံရေး

၂၀၁၆ ခုနှစ် အင်းဝအပ်ချုပ်ဆိုင်အမှုနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ကို ဆန္ဒပြကြစဉ် / ဧရာဝတီ

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သစ် ဘာလဲ ဘယ်လဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate