• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုပ္ပားတောင်ဒေသကို အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဇွန်လတွင် ဖွင့်လှစ်မည်

by ဒီလှိုင်းဝင်း
27 January 2020
in သတင်း
A A
ပုပ္ပားတောင်ဒေသကို တွေ့ရစဉ်  / အောင်ကျော်ထက် / ဧရာဝတီ

ပုပ္ပားတောင်ဒေသကို တွေ့ရစဉ် / အောင်ကျော်ထက် / ဧရာဝတီ

4.6k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ပုပ္ပားတောင်ဒေသကို အမျိုးသားအဆင့် ဘူမိဥယျာဉ် အဖြစ် ယခုနှစ် ဇွန်လတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက သိရသည်။

အဆိုပါ အမျိုးသားအဆင့် ဘူမိဥယျာဉ်ကို သဘာ၀ ပတ်ဝန်းကျင်နှင့် သယံဇာတ ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္တု တွင်း ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဆုံး အမျိုး သားအဆင့်အဖြစ် စံပြအနေဖြင့် ထူထောင်ခြင်း ဟု သိရသည်။

RelatedPosts

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

15 May 2025
100
သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
150
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
182

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အတွင်းရေးမှူး ဦးသန်းထွန်းက “ကျနော်တို့ လေ့လာရေး လုပ်ဆောင်ချက်တွေအရ ကမ္ဘာ့အဆင့်အတန်းမီတဲ့ အရည်အသွေးနဲ့ ပြစရာတွေ ရှိတယ် ဆိုပြီး ဆုံးဖြတ်ချက် ချခဲ့တာပေါ့လေ။ မန္တလေးတိုင်း အစိုးရအဖွဲ့ကို တင်ပြပြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဆီကို ခွင့်ပြုချက်တွေ တောင်းပြီး လုပ်ခဲ့တာပါ။ ၆ လပိုင်းထဲမှာ အမျိုးသားအဆင့် ပုပ္ပားတောင် အမျိုးသား ဘူမိဥယျာဉ်ဆိုပြီး စတင် ဖွင့်လှစ်ဖို့ ရည်ရွယ် ထားပါတယ်” ဟု ပြောသည်။

ထိုသို့ ဖွင့်လှစ်နိုင်ရေး အတွက် သုတေသနပြု အချက်အလက် ကောက်ယူခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံဘူမိသိပ္ပံ အသင်းက ဦးဆောင်၍ သစ်တောဦးစီးဌာန၊ တက္ကသိုလ် အသီးသီးရှိ ဘူမိဗေဒဌာနများဖြင့် ပူးပေါင်း၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စတင်ကာ လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းကို ဌာနဆိုင်ရာ ဘူမိဗေဒ အရာရှိဟောင်းများ၊ ဘူမိဗေဒ ပါမောက္ခဟောင်းများ ပါဝင်၍ ၂၀၀၃ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ဘူမိဗေဒဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေး လုပ်ဆောင်နေခြင်းဟု သိ ရသည်။

ပုပ္ပားတောင်ဒေသကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက အမိကမ္ဘာစခန်းသာ ဟု နာမည်ပေးထားပြီး ယခုအခါ အမျိုး သားအဆင့် ဘူမိဥယျာဉ် ဖွင့်လှစ်နိုင်ရေး အတွက် နိုင်ငံတော်က အမျိုးသားအဆင့် ဘူမိဥယျာဉ်ကော်မတီကို ၂၀၁၉ ခုနှစ် သြဂုတ်လက ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်။

အဆိုပါကဲ့သို့ ဖွင့်လှစ်ပြီးပါက ပုပ္ပားတောင်မကြီးနှင့် အနီးဝန်းကျင်ကို အမိကမ္ဘာစခန်းသာ (Mount Popa UNESCO Global Geopark) ဖြစ်ရေးအတွက် ယူနက်စကိုသို့ တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဦးသန်းထွန်းက “ကျနော်တို့ရဲ့ Target ကတော့ ယူနက်စကို အသိအမှတ်ပြု ဖြစ်ဖို့အထိ ရည်ရွယ် လုပ်ဆောင်နေတာ ပါ။ အမျိုးသားအဆင့် Global geopark တည်ထောင်ပြီး၂ နှစ်အကြာမှာ ယူနက်စကို အဆိုပြုဖို့ ကြိုးစားသွားမယ်။ ပုပ္ပားတောင်မကြီးနဲ့ အနီးဝန်းကျင်ကို Geopark ဖြစ်ဖို့အတွက် ၂၀၂၂ ခုနှစ်လောက်မှာ ယူနက်စကိုကို တင်သွားမှာပါ” ဟု ဆက်လက် ပြောသည်။

လူငယ် မျိုးဆက်သစ်များ တိုင်းပြည်ကို ချစ်တတ်လာစေရန်၊ မိမိဒေသကို မြတ်နိုးလာစေရန်၊ မိမိတို့၏ ဒေသ တန်ဖိုး များကို သိရှိစေရန်၊ ပူးပေါင်း ဆောင်ရွက်သည့် စိတ်ဓာတ်များ ရင့်သန်လာစေရန်၊ ရှေးဟောင်း အမွေအနှစ်များ ထိန်း သိမ်းတတ်လာစေရန် ရည်ရွယ်ပြီး ပုပ္ပားတောင် ရေ၊ မြေ၊ သစ်တော၊ သဘာဝ သယံဇာတနှင့် သက်ရှိ သတ္တဝါမျိုးကွဲ အမွေအနှစ်တို့ ဆက်စပ် ရှင်သန်နေမှုကို ပညာပေးရေး၊ ထိန်းသိမ်း စောင့်ရှောက်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်ခြင်းဟု သိရသည်။

Geopark ဆိုသည်မှာ ဘူမိဗေဒ အမွေအနှစ်များ (Geological heritage) ကို ကာကွယ်ခြင်း၊ အသုံးချခြင်း ဖြစ်ပြီး ယင်းသို့ အသုံးချရာတွင် ဒေသခံတို့၏ စီးပွားရေး အခြေအနေ (Economic well-being) မြင့်မားလာရုံသာမက သဘာ ဝ အမွေအနှစ်များ ရေရှည်တည်တံ့မှု (Sustainable) ကို ဖြစ်လာမည့် အပြင် ဘူမိဥယျာဉ် ပြုလုပ်ပြီးပါက ပုပ္ပားတောင် ဝန်းကျင် ဒေသရှိ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ရေထွက်များ၊ ဘူမိဗေဒနှင့် သက်ဆိုင်သည့် အရာများကို ထိန်းသိမ်းမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

ဦးသန်းထွန်းက “Global Geopark ဖြစ်ဖို့ အရေးကြီးဆုံး အချက်က အပြည်ပြည်ဆိုင်ရာ အရေးပါသော ဘူမိရပ်ဝန်း တခု ရှိရမယ်။ အဲဒီတော့ ပုပ္ပားတောင်က အပြည်ပြည်ဆိုင်ရာ အဆင့်ရှိတဲ့ ဘူမိရပ်ဝန်းကြီးပဲ။ ပြီးတော့ အုပ်ချုပ်တဲ့ အဖွဲ့ အစည်း တခု သီးသန့် ရှိရမယ်။ သတ်သတ်မှတ်မှတ် ဧရိယာ ရှိရမယ်၊ ယဉ်ကျေးမှု ဆိုင်ရာ၊ ရိုးရာဆိုင်ရာ၊ ရှေးဟောင်း သမိုင်းတွေ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်” ဟု ဆက်လက် ပြောသည်။

ယခုအခါ ပြည်တွင်း ပြည်ပခရီးသွားများ လေ့လာကြည့်ရှုနိုင်ရန်အတွက် ဘူမိပြကွင်းပြကွက်များကို ရွေးချယ်ထားပြီး ဖြစ်သလို ဘူမိဥယျာဉ်အတွင်း၌ ဘူမိကျောက်ပြကွက်၊ သတ္တုရှိနေရာပြကွက်၊ အင်ကြင်းကျောက်ပြကွက်၊ ပရဆေးပင် ပြကွက်၊ သမင်ခြံပြကွက်၊ မြင်းစီးရန် နေရာ၊ ကြက်မောက်တောင်ဆည် စသည့် နေရာများ အပါအဝင် ပြကွင်းပြကွက် ၂၀ အထိ ပြသနိုင်ရန် ပြင်ဆင်ထားပြီးဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် ကျောက်ပန်းတောင်းမြို့နယ် သံဘိုကျေးရွာတွင် မြေအနက် ၁၀ ပေခန့်၌ တွေ့ရှိရသည့် လုံးပတ် ၅ ပေ၊ အရှည် ပေ ၅၀ ခန့် သစ်ပင်ကျောက်ဖြစ်ရုပ်ကြွင်း (အင်ကြင်းကျောက်)သည် Geopark ဧရိယာတွင် ပါဝင်နေသဖြင့် ကမ္ဘာ့ အမွေအနှစ်အဖြစ် ပြန်ခန်းနှင့် ပြသသွားမည်ဟု သိရသည်။

“အထူသဖြင့် ရှေးဟောင်း နှစ်သန်းပေါင်း ၁၅ သန်း လောက်ရှိတဲ့ ဆင်ရဲ့အရိုးစုတွေပေါ့။ အခုခေတ် အဲဒီ အရိုးမျိုးတွေ က မရှိတော့ဘူး။ နောက်ပြီး သစ်ပင်တွေရဲ့ ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ ဒါတွေကို ကျနော်တို့ အသေးစိတ် လေ့လာ ဖော်ထုတ်မှာပါ။ ပုပ္ပားတောင်ရဲ့အနောက်ဘက်ခြမ်း တတောလုံးက သစ်တောကြီးနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အကောင်တွေနဲ့ တပြိုင်တည်း ဖုံးအုပ်နေတာပါ။ ဒါတွေက ပြကွက်တွေ ခေါ်တာပေါ့” ဟု ဦးသန်းထွန်းက ဆက်လက် ပြောသည်။

ပုပ္ပားတောင်မကြီးနှင့် အနီး ဝန်းကျင်အား Geopark လုပ်မည့် အစီအစဉ်တွင် ဒေသခံများ ပါဝင် လုပ်ဆောင်နေသော် လည်း သဘာဝ အလှတရားများနှင့် သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေလိုကြောင်း ပုပ္ပားတောင် ချစ်သူများ အသင်း က ပြောသည်။

ပုပ္ပားတောင် ချစ်သူများအသင်း အတွင်းရေးမှူး ကိုအောင်ဟိန်းက “အဓိကတော့ Global geopark လုပ်ဖို့ ရည်ရွယ် တယ် ဆိုတာကို ကြိုဆိုပါတယ်။ ဖြစ်လာစေချင်လို့လည်း ကျနော်တို့ ပါဝင်ပြီး လုပ်ဆောင်နေပါတယ်။ ပြီးတော့ ကျ နော်တို့ ပုပ္ပားနယ်မှာ ဘူမိနဲ့ပတ်သက်တဲ့ အထင်ကရ ပစ္စည်းတွေ ရှိတယ်။ ဒီနေရာကို အဓိက သဘာ၀ ပတ်ဝန်းကျင် ကို မပျက်စီးစေဘဲ လက်ရှိ ရှိနေတာတွေကို သဘာဝအတိုင်း ထားပြီးတော့ အများသူငှာလည်း လေ့လာလို့ရမယ်။ ဒေသခံတွေရဲ့ လူမှုစီးပွားရေးတွေလည်း အဆင်ပြေလာစေဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ထို့ပြင် ဘူမိဥယျာဉ် ဖွင့်လှစ်မည့် အစီအစဉ်တွင် ဒေသတွင်း အခြေခံ အဆောက်အအုံများကိုလည်း ဖွံဖြိုးတိုးတက်ရန် လုပ်ဆောင်ပေးမည့် အစီအစဉ်များ ပါဝင်သင့်သည်ဟု ပုပ္ပားတောင် ချစ်သူများအသင်းက ပြောဆိုသည်။

“ဒေသခံတွေကို ဘူမိဗေဒ၊ သဘာ၀ ပတ်ဝန်းကျင်နဲ့ ပတ်သက်တာတွေကို ပညာပေးတွေ လုပ်ပေးဖို့ လိုမယ်။ ပြီးတော့ ဒေသခံ လူငယ်တွေကို ဘာသာစကားတွေကိုလည်း သင်ကြားပေးပြီး လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ဖြစ်လာ စေချင်တယ်။ ကျောင်းတွေမှာလည်း သဘာ၀ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ ပို့ချပေးနိုင်အောင်လည်း လုပ် ဆောင်ပေးဖို့ လိုပါတယ်။ အစစအရာရာ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်ကို ဦးစားပေးပြီးတော့မှ မဖြစ်မနေ လုပ် ဆောင်ပေးရမယ့် အရာတွေကို လုပ်ဆောင်ပေးစေချင်ပါတယ်” ဟု ကိုအောင်ဟိန်းက ဆက်လက် ပြောသည်။

ဘူမိဥယျာဉ် ဖွင့်လှစ်ပြီးပါက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နိုင်ရန် Geopark ဇုန်ဝင် ကြေး သတ်မှတ်၍ ကောက်ခံသွားမည် ဖြစ်သလို ဥယျာဉ်အတွင်း၌ ပြခန်းပြကွက်များနှင့် အတူ သဘာဝသမိုင်းပြတိုက်၊ သုတေသန စင်တာများ လည်း တည်ဆောက်သွားမည် ဖြစ်ကာ သုတေသန စင်တာအား PhD မာစတာဘွဲ့ ယူမည့်သူများ အတွက် အထောက်အကူ ဖြစ်ရန်အထိ ရည်ရွယ်၍ တက္ကသိုလ်များဖြင့် တွဲဖက်၍ လုပ်ဆောင်သွားမည်ဟု သိရသည်။

UNESCO Global Geopark ဖော်ဆောင်နိုင်ရန် မြန်မာနိုင်ငံတွင် အလားအလာ ရှိသည့် နေရာ၂၀ ကျော်ရှိကာ ဦးစား ပေး အနေဖြင့် ၁၀ ခုအထိ ဖော်ဆောင်မည် ဖြစ်ရာ ပုပ္ပားတောင်ပြီးလျှင် ခါကာဘိုရာဇီ၊ ပူတာအို၊ အင်းတော်ကြီးကန်၊ မုံရွာတွင်းတောင်၊ ပင်းတယ၊ အင်းလေး၊ ဇွဲကပင်၊ ဘီလူးကျွန်း၊ မာန်အောင်ကျွန်း တို့ကိုလည်း Global Geopark လုပ် ဆောင်ရန် လျာထား၍ အချက်အလက်များ စုဆောင်းသွားမည်ဟု သိရသည်။

ယခုအခါ ကမ္ဘာ့နိုင်ငံ အသီးသီး၌ UNESCO Global Geopark များ ၁၇၄ ခုခန့် ရှိပြီး တရုတ်နိုင်ငံ တခုတည်းတွင် ၄၀ ကျော် ရှိသည်။

You may also like these stories:

သံသယတွေကြား သွေးစွန်းလာတဲ့ ရခိုင်-မြန်မာ ဆက်ဆံရေး

သားရဲတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားခြင်း တရုတ်နိုင်ငံတွင် ပိတ်ပင်
Your Thoughts …
Tags: ပုပ္ပားတောင်ဘူမိသိပ္ပံအသင်းအမျိုးသားဥယျာဉ်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

No Content Available
Next Post
အခြေခံဥပဒေက နိုင်ငံသားတိုင်းတန်းတူအခွင့်အရေးရရှိရေး ဦးတည်ဖို့ လိုအပ်တယ် (ရုပ်/သံ)

အခြေခံဥပဒေက နိုင်ငံသားတိုင်းတန်းတူအခွင့်အရေးရရှိရေး ဦးတည်ဖို့ လိုအပ်တယ် (ရုပ်/သံ)

သရုပ်ဆောင် နေခြည်ရွှန်းလဲ့ / ချစ်ပိုး / ဧရာဝတီ

သရုပ်ဆောင် ဝါသနာပါသလို သီချင်းဆိုလည်း ဝါသနာပါတဲ့ နေခြည်ရွှန်းလဲ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

1 day ago
5.9k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate