သတင်း

အသက်အရွယ်ကြီး စစ်သုံ့ပန်း ၂ ဦး AA ပြန်လွှတ်ပေး

ချင်းပြည်နယ် ပလက်ဝမြို့နယ် တိုက်ပွဲအတွင်းက ဖမ်းဆီးရမိသည့် တပ်မတော်သားများ အနက် စစ်သုံ့ပန်း ဦး ရက္ခိုင်စစ်တပ် (AA) မှ ယနေ့ နေ့လယ်ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ပြန်လွှတ်ပေးလိုက်သည့် နှစ်ဦးမှာ တပ်မ ၇၇ လက်အောက်ခံ မှော်ဘီအခြေစိုက် အမှတ် (၃၁၃) တပ်ရင်းမှ တပ်ကြပ်မောင်ထွေး (၄၉ နှစ်) နှင့် တပ်ကြပ် ဇော်ဇော် (၅၃နှစ်) တို့ ဖြစ်ပြီး ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာရှိ ရပ်မိရပ်ဖများထံ ကောင်းမွန်စွာ အပ်နှံ၍ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ပလက်ဝမြို့နယ် ပကာဝကျေးရွာ အနီး တိုက်ပွဲတွင် အဆိုပါ တပ်မ ၇၇ လက်ခံတပ်ရင်းမှ အရာရှိ ဦး အပါ အဝင် တပ်မတော်သား ၁၃ ဦးကို AA အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့အထဲမှ အသက်အရွယ်ကြီးရင့်နေသူ စစ် သုံ့ပန်း ဦး ပြန်လွှတ်ပေးခြင်း ဖြစ်ကြောင်း ဦးခိုင်သုခက ဆက်လက် ပြောကြားသည်။

You may also like these stories:

AA ထံမှ လွတ်မြောက်လာသော ယာဉ်မောင်းများအား ဆက်လက်စစ်ဆေးနေ

Loading