သတင်း

ဆန္ဒပြ၍ အခမ်းအနားများကို အလွဲမသုံးဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်ရှိ ပညာရေးဆိုင်ရာ အခမ်းအနားတခုတွင် ၎င်းမိန့်ခွန်း ပြောကြားနေစဉ် တက္ကသိုလ်ကျောင်းသား တချို့က ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ဆန္ဒပြကြရာ တစုတဖွဲ့ အကျိုးအတွက် ယခုလို အလွဲမသုံးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ နေပြည်တော်ရှိ MICC-2 တွင် ပညာရေးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ အဖွင့် မိန့်ခွန်းကို ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောကြားနေစဉ် ယင်းအခမ်းအနားကို တက်ရောက်လာသည့်  ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များက အထက်ပါအတိုင်း ဆန္ဒပြခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကတင်ပြချင်လို့ရှိရင် တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ တင်ပြနိုင်တဲ့ ပုံစံတွေရှိတယ်။ ဒါကို ပွင့်ပွင့်လင်းလင်း ကိုယ့်နာမည်ကိုယ်ထိုးပြီးတော့ ကိုယ့်ရဲ့အမြင့်တွေက တင်ပြနိုင်ပါတယ်။ ဒီလိုအခမ်း အနားတွေကို အလွဲသုံးစားမလုပ်ပါနဲ့ဟု ပြောသည်။

ပညာရေးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် ဆန္ဒဖော်ထုတ်နေကြသည့် ကျောင်းသား/သူများ (ဓာတ်ပုံ – ဧရာဝတီ)

ကျောင်းသားများကမတ်လကုန်အထိ စားမေးပွဲစစ်ခြင်းဖြင့် နိုင်ငံ့စီးပွား တက်နိုင်ပါသလားစီမံခန့်ခွဲမှု လွဲများအား ချက်ချင်းပြုပြင်ပေးသုတေသန မရှိသော အစမ်းသပ်ခံ ပညာရေးစနစ် အလိုမရှိ မန္တလေး က္ကသိုလ် သပိတ် ချက်ချင်ဖြေရှင်းပေးအမှန်တရားတခုအတွက် အချိန်မဆွဲပါနှင့်စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြကြသည်။

ထိုသို့ မတ်တပ်ရပ်ဆန္ဒပြနေစဉ် ၁၀ မိနစ်ဝန်းကျင် ရှိလာသည့်အခါ လာရောက် တားမြစ်သူတို့ ရှိလာ၍ အခြေ အတင် ဖြစ်နေစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောနေရာမှ ပါဝင် ပြောဆိုခဲ့သည်။  

ဒေါ်အောင်ဆန်းစုကြည် ကအနောက်မှာလေ ဒါတွေကို တယောက်နဲ့ တယောက် အခြေအတင်ပြောနေလို့ အလကားပဲ။ ထောင်ပြတဲ့ဟာတွေလည်း ဒီကမြင်ကိုမမြင်ရဘူး။ အဲတော့ ဒါဘာမှ ထိရောက်မှုရှိမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဒီလိုအခမ်းအနားတွေကို ကိုယ့်အဖွဲ့အတွက် ကိုယ်တယောက်တည်းအတွက် အသုံး မချပါနဲ့။ ဒါက လုံးဝဖြစ်သင့်တဲ့ကိစ္စ မဟုတ်ပါဘူးဟု ပြောသည်။

 

ပညာရေးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် ဆန္ဒဖော်ထုတ်နေကြသည့် ကျောင်းသား/သူများ (ဓာတ်ပုံ – ဧရာဝတီ)

လူတိုင်းလူတိုင်းမှာ အခွင့်အရေးရှိသလို တာဝန်လည်းရှိကြောင်း၊ စည်းကမ်းဟု ဆိုရာတွင် ကိုယ့်စည်းကိုကိုယ် ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ အခွင့်အရေးကိုပဲ ကြည့်ကာ တာဝန်ကို မလေးစားပါက နိုင်ငံမှာ တိုးတက်နိုင်မည် မဟုတ်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

ယင်းဆန္ဒပြ ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၀ မိနစ်ခန့် တွေ့ ဆုံခွင့်ရရှိရန် ပညာရေး ဝန်ကြီး ဌာန တာဝန်ရှိသူတချို့ထံ တောင်းဆိုခဲ့ကြသည်။ သို့သော် တွေ့ ဆုံခွင့် မရရှိခဲ့ပါ။ 

ကျောင်းသားများက ၎င်းတို့ ဆန္ဒပြရသည့်အကြောင်းမှာ တနိုင်လုံးက တက္ကသိုလ်၊ ကျောင်းများတွင် ဆန္ဒပြ နေသည့် မတ်လကုန်အထိ စာမေးပွဲတိုးမြင့် စစ်ဆေးသည့် ကိစ္စနှင့် မန္တလေး သပိတ်ကိစ္စကို မဖြေရှင်းဘဲ အချိန်ဆွဲနေသည့် ကိစ္စတို့အတွက် ဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ ရန်ကုန် ပညာရေး တက္ကသိုလ်  ကျောင်းသားများ သမဂ္ဂ အတွင်းရေးမှူး ကိုအောင်ပြည့်စုံဖြိုးက သတင်းထောက်များကို ပြောသည်။ 

၎င်းကအဓိကတော့ သူတို့ (ဒေါ်အောင်ဆန်းစုကြည်) မသိဘူးထင်လို့ ပြောပြရုံပါပဲ။ မသိဘူးထင်လို့ မလုပ်ပေးနိုင်တာ လို့ ယူဆတဲ့အတွက် ကျနော်တို့ ပြောပြရုံပါပဲ။ အဲဒီဖြစ်နေတဲ့ ကိစ္စကို ပြောချင်တာပါဟု ပြောသည်။

၎င်းက ဆက်၍ကျနော်တို့ ပြောချင်တာက ဒီပြဿနာ ခုပဲ။ ပြီးတော့ ဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှု အလွဲတွေပေါ့  ပြည်သူလူထုရဲ့ အသံ ပေါ်လစီတခုကို ချမှတ်တဲ့နေရာမှာ ပါဝင်ရမယ့် Participant တွေရဲ့ အသံကို နားမထောင် ဘဲနဲ့ ချမှတ်လိုက်တဲ့ ပေါ်လစီတခုဟာ ဘယ်လောက် အောင်မြင်မလဲဆိုတာကို မေးချင်တာဟု ပြောသည်။

ပညာရေးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (ဓာတ်ပုံ – ဧရာဝတီ)

ကျောင်းသားများကို အခန်းတခုသို့ ခေါ်၍ ပညာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း ကသူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူး။ အမေစုကျန်း မာနေမှ အန်ကယ်တို့  ရှေ့ဆက်သွားလို့ ရမှာ။ အဲဒါလေး သားတို့ကို သိစေချင်တယ်ဟု ပြောသည်။

သို့သော် ကျောင်းသားများက အဆုံးအဖြတ်ပေးနိုင်သူ တဦးဦးနှင့် တွေ့ ဆုံခွင့်ရရှိရန် တောင်းဆိုကြပြီး ဒေါက် တာတင်မောင်ဝင်း နှင့် ဆက်လက် မဆွေးနွေးလိုကြောင်း ပြောဆိုကြသည်။ 

ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းကမူခုနက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ လည်း ပြော သွားပြီ။ အခြေအနေနဲ့ အချိန်အခါ သင့်တင့်အောင် ဆောင်ရွက်ဖို့ လိုတာပေါ့။ ဒီနေ့ ဆောင်ရွက်နေတဲ့ အခမ်းအနားက ဘာလဲ။ ဘာရည်ရွယ်ချက်နဲ့လုပ်လဲ။ ဒီအပေါ်မှာ နားလည်မှု ရှိဖို့ လိုတာပေါ့ဟု ပြောသည်။

ပညာရေး ဝန်ကြီးဌာနကမူ အခြေခံပညာကျောင်းများတွင် စာသင်ချိန် တလ တိုးသည့်အပေါ် မကျေနပ်သဖြင့် ဖဲကြိုးစိမ်း လှုပ်ရှားမှုများ ပြုလုပ်နေသော်လည်း ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု ဖော်ထုတ် ပြော ဆိုထားသည်။

ထိုကဲ့သို့ အခြေခံပညာ စာမေးပွဲကာလ တိုးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ဖဲကြိုးစိမ်း လှုပ်ရှားမှုများကို ပညာရေးတက္ကသိုလ် များနှင့် ပညာရေးကောလိပ်များတွင် ဇန်နဝါရီလ ရက်က စတင်၍ တနိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးတက္ကသိုလ် များ၊ ကောလိပ်များတွင် လုပ်ဆောင်လျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာမှ ဆရာ၊ ဆရာမများ ကျောင်းသား သမဂ္ဂများ နှင့် ညှိနှိုင်းတိုင်ပင်ပြီး အသစ် ပြန်လည်သတ်မှတ်သည့် အချိန်မှသာ အဆိုပါ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ရပ်နားသွားမည်ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင် ကော်မတီက ထုတ်ပြန်ထားသည်။

You may also like these stories:

မြန်မာများ အစုအဖွဲ့ဖြင့် အလုပ်လုပ်နိုင်မှု အားနည်းဟု ဒေါ်အောင်ဆန်းစုကြည် ထောက်ပြ

ဒေါ်အောင်ဆန်းစုကြည် ICJ ကို ရင်ဆိုင်ဖြေရှင်းမည့် အပေါ် သူတို့အမြင်များ

ငြိမ်းချမ်းရေး ရှေ့မတိုးသည့် အခြေအနေ အတိုင်ပင်ခံ ပုဂ္ဂိုလ် မည်သူ့ကိုမျှ အပြစ်မတင်ဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading