• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိန်ပင် အမှိုက်ပုံသည် ကိုရိုနာဗိုင်းရပ်စ် ဖိတ်ခေါ်သလိုဖြစ်နေဟု လွှတ်တော် အမတ်ဆို

by မိုးမိုး
28 January 2020
in သတင်း
A A
ထိန်ပင် အမှိုက်ပုံ မီးခိုးငွေ့များကြားတွင် တွေ့ရသည့် ဒေသခံတဦး  / အောင်ကျော်ထက် /  ဧရာဝတီ

ထိန်ပင် အမှိုက်ပုံ မီးခိုးငွေ့များကြားတွင် တွေ့ရသည့် ဒေသခံတဦး / အောင်ကျော်ထက် / ဧရာဝတီ

4.8k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံသည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် အဆုတ်ရောင်ရောဂါ (ကိုရိုနာ ဗိုင်းရပ်စ်) ဝင်ရောက်လာရန် ဖိတ်ခေါ်သလို ဖြစ်နေကြောင်း NLD ပါတီမှ အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဦးကျော်နိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ မှ ကိုယ်စားလှယ် ဦးကျော်နိုင် က “ပူတဲ့အချိန်မှ မီးလောင်လို့ လူတွေက အန္တရာယ်ကို သိကြတယ်။ အမှန်က အဆိပ်ဓာတ်ငွေ့များ အဖြစ် ထွက်ရှိနေသဖြင့် အသက်ရူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါကို မသိမသာ ခံစားနေရပါတယ်” ဟု ဆိုသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
214
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
3.3k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
726

ဇန်နဝါရီ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့ တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်ရန် ပိုလန်နိုင်ငံအစိုးရ အဖွဲ့ထံ တရားဝင် ဖွံ့ဖြိုးတိုးတက်မှု အကူအညီ ချေးငွေ (ODA Loan) ယူရို ၅၀ သန်း ရယူရေး ကိစ္စနှင့်ပတ်သက်၍ ကိုယ်စားလှယ်များ ဆွေးနွေးကြသည်။

ထိုသို့ဆွေးနွေးစဉ် NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင်က အထက်ပါ အတိုင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် စက်မှု၊ လက်မှု ပစ္စည်းများ၊ ကလေးသုံး ပစ္စည်းများနှင့် တခါသုံး ပစ္စည်း များကို အသုံးပြုပြီးပါက နောက်ဆုံး အမှိုက်စွန့်ပစ်သည့်နေရာမှာ လှိုင်သာယာ အမှိုက်ပုံ ဖြစ်သဖြင့် ယင်းအမှိုက်ပုံမှ ဓာတ် ပြုပြီး ပစ္စည်းများမှ အဆိပ်ဓာတ်ငွေ့များက ကိုရိုနာ ဗိုင်းရပ်စ်ကို ဖြစ်ပေါ်စေရန် ဖိတ်ခေါ်နေကြောင်း ဦးကျော်နိုင်က ထောက် ပြခြင်းဖြစ်သည်။

ထိန်ပင်အမှိုက်ပုံမှာ လွန်ခဲ့သည့် ၁၇ နှစ်ကတည်းက စတင်ပုံခဲ့ခြင်း ဖြစ်သဖြင့် နောက်လာမည့် ၄ နှစ်တွင် စွန့်ပစ်ရမည့် နေ ရာမရှိတော့ကြောင်း၊ ရန်ကုန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းက ထွက်ရှိလာသည့် စွန့်ပစ်အမှိုက် နေ့စဉ် တန် ၁၀၀၀ အား ချေဖျက်၍ ထုတ်ကုန်များအနေဖြင့် ပြန်လည် အသုံးပြု၍ ရကြောင်း လွှတ်တော်ကိုယ်စားလှယ် အများစု က ထောက်ပြဆွေးနွေးခဲ့သည်။

ဒဂုံမြို့သစ်တောင်ပိုင်းမှ ကိုယ်စားလှယ် ဦးအေးနိုင်ကလည်း “လှိုင်သာယာ အမှိုက်ပုံကြောင့် အနံ့အသက်တွေ ဆိုးဝါးနေ တာ၊ ကျန်းမာရေး ထိခိုက်နေတာ၊ မီးဘေးအန္တရာယ် ဖြစ်စေတိုင်းလည်း ကျနော်တို့မှာ တာဝန် မကင်းသလို ခံစား ရပါ တယ်” ဟု ပြောသည်။

ထိန်ပင် အမှိုက်ပုံမှ စွန့်ပစ်ပစ္စည်းများကို ပြုပြင်သန့်စင်မည့် စီမံကိန်းအတွက် ပိုလန်နိုင်ငံ အစိုးရထံမှ ODA ချေးငွေ ရယူရန် အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြီးခဲ့သည့် လွှတ်တော် ဒီဇင်ဘာ ၁၇ ရက် က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် ၃၃ မြို့နယ်အတွင်း နေ့စဉ် အမှိုက်သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး အိမ်ထောင်စုထွက် အမှိုက်သည် ၂၅၀၀ တန်ခန့်၊ စက်မှုဇုန်ထွက် အမှိုက် ၁၅၀ တန်ခန့်၊ ဆေးရုံဆေးခန်းထွက် အမှိုက်တန် ၂ ဒသမ ၄ တန်ခန့် နေ့စဉ် ထွက်ရှိနေကြောင်း နောက်လာမည့် ၄ နှစ်တာ ကာလတွင် အမှိုက်စွန့်ပစ်ရန် နေရာမရှိတော့ ကြောင်းကိုလည်း ဒု ဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။

စီမံကိန်း ဖြစ်မြောက်ရန်အတွက် လေ့လာဆန်းစစ်မှုများကို ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီနှင့် ပိုလန်နိုင်ငံ နည်း ပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် ဇူလိုင်လ တလလုံး ပြုလုပ်ခဲ့ပြီး Feasibility Study Result အရ စွန့်ပစ်နေသည့် အမှိုက် အမျိုးအစားအပေါ် မူတည်၍ အမှိုက်များကို ချေဖျက်ရန် နည်းစနစ်အဖြစ် Mechanical Biologica Treament နည်းဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း လွှတ်တော်တွင်း ဆွေးနွေးချက်များ အရ သိရသည်။

စီမံကိန်းကာလမှာ ၂၀၂၀ မှ၂၀၂၃ အထိ ၃ နှစ်ဖြစ်ပြီး စီမံကိန်းမြေ နေရာလိုအပ်ချက် ၁၀ ဧက၊ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက် ယူရို ၅၀ သန်းဖြစ်ပြီး စွန့်ပစ်အမှိုက် ၁ ရက်လျှင် တန် ၁၀၀၀ ချေဖျက်၍ ထုတ်ကုန်များအနေဖြင့် CNG တန် ၃၀၊ Liquefied CO2 တန် ၄၀၊ စွမ်းအားပြည့် လောင်စာ RDF တန် ၁၈၀ နှင့် သဘာဝ မြေဆွေး တန်၂၅၀ တို့ ထွက်ရှိမည် ဖြစ်ကြောင်း လည်း ဒု ဝန်ကြီးက လွှတ်တော်သို့ တင်ပြဖူးသည်။

အဆိုပါ ချေးငွေ ရယူရန်အတွက် ယနေ့ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့ကြပြီး ကိုယ်စားလှယ် အများစုမှာ ချေးငွေ ရယူရန်အတွက် ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးရန် ကျန်ရှိသည့် ကိုယ်စားလှယ်များက မနက်ဖြန် ကျင်းပ မည့် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။

ထို့ကြောင့် အမှိုက်ပုံမှ ထွက်ရှိသည့် အဆိပ်ငွေ့များသည် အသက်ရူလမ်းကြောင်းကို ထိခိုက်သဖြင့် လတ်တလော ဖြစ်နေ သည့် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါမျိုးမဖြစ်စေရန် နိုင်ငံတကာ အဆင့်မြင့် နည်းပညာများကို အသုံးပြု၍ လောင် စာများ ပြန်လည် ထုတ်လုပ်ခြင်း ကိစ္စကို ဆောင်ရွက်စေလိုကြောင်း ဦးကျော်နိုင်က ဆိုသည်။

၂၀၁၈ ခုနှစ် ဧပြီလတွင် လှိုင်သာယာမြို့နယ် ထိန်ပင် အမှိုက်ပုံ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၁၀ ရက်ကြာ မီးလောင်မှု ဖြစ်ပွား ခဲ့သည်။

You may also like these stories:

အမှိုက်ပုံမီးကြောင့် ရန်ကုန်လေထု ညစ်ညမ်းနေ

Your Thoughts …
Tags: ထိန်ပင်အမှိုက်ပုံလှိုင်သာယာအဆိပ်ငေ့ွ
မိုးမိုး

မိုးမိုး

...

Similar Picks:

ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

by ဧရာဝတီ
19 November 2024
1.4k

အလုပ်သမားများက အချက် ၁၈ ချက်ကို တောင်းဆိုထားကြပြီး ထိုထဲတွင် အမျိုးသမီးအလုပ်သမား ၂ဦးကို ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား စက်ရုံဒါရိုက်တာကို လုပ်ငန်းခွင်မှ ထုတ်ပယ်ပေးရန်၊ အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို အလုပ်ပြန်ခန့်ရန်၊ လုပ်ငန်းခွင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်

ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်

ကြိုးပေးခံရတဲ့ လှိုင်သာယာက အညတရ သူရဲကောင်းနှစ်ဦး

by ဧရာဝတီ
1 August 2022
13.4k

မိသားစုရဲ့ ဆုံးရှုံးမှုအကြီးကြီး ဖြစ်တဲ့အပြင် ဒါမျိုး ပထမဆုံး ဆုံးရှုံးတာပဲ။ ဒါပေမဲ့ ကျမရဲ့ ဆုံးရှုံးမှုက ဂုဏ်ယူသင့်ဂုဏ်ယူထိုက်တဲ့ ဆုံးရှုံးမှုမျိုးပေါ့။ အတိုင်းထက်အလွန်ကို ဂုဏ်ယူတယ်။ လေးလည်း လေးစားပါတယ်

ဒီဇင်ဘာ ၁၉ ရက်နေ့က တိုက်ပွဲတွင် ကိုးကန့်အဖွဲ့က သိမ်းနိုင်ခဲ့သည့် တပ်မ ၇၇ တပ်မှ ယူနီဖောင်းနှင့် လက်နက်ခဲယမ်းများ  / The Koekang

တပ်မ (၇၇) မှ စွန့်ခွာသူ တဦးနှင့် တွေ့ဆုံခြင်း

by အဲဟိန်း
21 January 2022
25.5k

တရက်တွင် “ကျနော် တပ်မ (၇၇) ထဲ ရောက်နေတာ၊ စာချုပ်ပြည့်ပြီးလည်း ထွက်မရလို့ ကူညီပါ” ဟု ဆက်သွယ်လာသည်။

၂၀၂၁ ခု ဇန်နဝါရီ ၂၅ရက်က လှိုင်သာယာမြို့နယ် မြန်မာတော်ဝင် ကျောက်စိမ်းစင်တာ ကုမ္ပဏီ လောင်းကစား ဝိုင်းမှ ဖမ်းမိသူများ / MOI

လှိုင်သာယာ လောင်းကစားရုံမှ ဖမ်းမိသူများကို ငွေကြေးခဝါချမှုဖြင့် အရေးယူရန် လုပ်ဆောင်နေ

by ဧရာဝတီ
6 February 2022
16.4k

ထိုဖမ်းဆီးရမိသူ ၁၆၀ ဦးထဲတွင် တရုတ်နိုင်ငံသား ၅၀ ကျော် ပါဝင်ပြီး မြန်မာနိုင်ငံသား ဝန်ထမ်း ၉၀ ကျော်လည်း ပါဝင်ကြောင်း သိရသည်။

ရွှေလင်ပန်း စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ မီးလောင်နေစဉ် / CJ

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတချို့ မီးလောင်

by ဧရာဝတီ
14 March 2021
72.6k

မီးလောင်နေသည့် စက်ရုံများမှာ ငွေကြယ်အထည်ချုပ်စက်ရုံနှင့် ဂလိုဘယ်အထည်ချုပ်စက်ရုံများ ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှု မည်သို့ စတင်ဖြစ်သည်ကို မသိရသေးကြောင်း ရွှေလင်ဗန်းစက်မှုဇုန်မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြုပြောသည်

ရွှေလင်ပန်းစက်မှုဇုန်ရှိ စက်ရုံတရုံ မီးလောင်နေစဉ်

မြန်မာရှိ စက်ရုံနှစ်ရုံ မီးရှို့ခံရကြောင်း တရုတ်သတင်းထုတ်ပြန်

by ဧရာဝတီ
14 March 2021
40.6k

သတင်းများအရ စက်ရုံတရုံမှာ တရုတ်ပိုင်ဖြစ်ပြီး အခြားတရုံမှာ တရုတ်-မြန်မာဖက်စပ်လုပ်ငန်းဖြစ်သည်။

Next Post
မိုင်ဂျာယန် ဒုက္ခသည်စခန်းမှ စစ်ရှောင်များ / ဧရာဝတီ

မြန်မာ-တရုတ်နယ်စပ်ရှိ ကချင် ဒုက္ခသည် ၄ သောင်းကျော်အတွက် Mask များ အလှူခံ

AYA SOMPO Insurance မှ ဧရာဝတီယူနိုက်တက်အသင်းအား Main Sponsor အဖြစ် ပံ့ပိုးကူညီ

AYA SOMPO Insurance မှ ဧရာဝတီယူနိုက်တက်အသင်းအား Main Sponsor အဖြစ် ပံ့ပိုးကူညီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate