၂၀၀၅ခုနှစ်မှာ မင်းသား Keanu Reeves ဦးဆောင်ပြီး ထွက်ရှိလာခဲ့တဲ့ Constantine ရုပ်ရှင်အပြင် ၂၀၁၄၊၂၀၁၅ခုနှစ်မှာ မင်းသား Matt Ryan နဲ့ ပွဲထွက်လာခဲ့တဲ့ Constantine တီဗီစီးရီးဟာ သင့်တင့်တဲ့ အောင်မြင်မှုတွေရရှိခဲ့တာပါ။ အခုလိုပရိသတ်ရင်းနှီးပြီးသား ဇာတ်ကောင်တယောက်ဖြစ်တဲ့ Constantine ကို DCEU ထဲ ထည့်သွင်းဖို့ Warner Bros. ကုမ္ပဏီအနေနဲ့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၆လလောက်ကတည်းက WB အနေနဲ့ Constantine ဇာတ်ကောင်အတွက် သရုပ်ဆောင်ရှာဖွေမှု စတင်ပြုလုပ် ခဲ့ပေမယ့် Collin Farrell ကိုသာ စိတ်တိုင်းကျတွေ့ရှိထားသေးတာဖြစ်ကြောင်း စတူဒီယိုရဲ့ နီးစပ်ရာအသိုင်းအဝိုင်းမှာ သတင်းတချို့ထွက်ပေါ်နေခဲ့တာပါ။ Collin Farrell ဟာ မင်းသား Robert Pattison ပါဝင်တဲ့ The Batman ရုပ်ရှင်မှာ Penguin ဇာတ်ကောင်နေရာကို သရုပ်ဆောင်ဖို့ရှိနေခဲ့တဲ့ နာမည်ကျော်မင်းသားတဦးလည်းဖြစ်ပါတယ်။
WB အနေနဲ့ Constantine အတွက် ခက်ခဲတဲ့အချိန်ကာလတခုကို ရောက်ရှိနေတာဖြစ်ပြီး အစီအစဉ်တချို့ကို အပြောင်းအလဲပြုလုပ်ကာ ၂၀၀၅ခုနှစ်ရဲ့ Constantine ဖြစ်တဲ့ Keanu Reeves ကို ပြန်လည်ညှိနှိုင်းဖို့လည်း စိတ်ကူးနေခဲ့တာဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာပါ။
အကယ်လို့ John Wick ရုပ်ရှင်တွေနဲ့ အောင်မြင်မှုကို ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်တဲ့ Keanu Reeves ဟာ WB ရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံရခဲ့မယ်ဆိုရင် ဘယ်လိုတုန့်ပြန်မလဲဆိုတာကတော့ စောင့်ကြည့်ကြရမှာပါ။
စတူဒီယိုအတွင်း Constantine ဇာတ်ကောင်ကို DCEU အတွင်း ခေါ်ဆောင်လာဖို့ တချို့သူတွေအနေနဲ့ Keanu Reeves ကိုသာ ရွေးချယ်သင့်ကြောင်း၊ သူ့ရဲ့ အောင်မြင်မှုတွေနဲ့ သရုပ်ဆောင်စွမ်းရည်ဟာ Constantine ရုပ်ရှင်ကို အပိုအလိုမရှိ ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း တိုက်တွန်းပြောဆိုမှုတွေရှိနေခဲ့တာပါ။
Ref. wegotthiscovered.com
You may also like these stories:
Keanu Reeves ကို Constantine ဇာတ်ကောင်အဖြစ် လိုလားနေတဲ့ Warner Bros.
စူပါဟီးရိုးရုပ်ရှင်ကို The Russo Brothers နဲ့အတူ လက်တွဲ ရိုက်ကူးတော့မယ့် Keanu Reeves
“Fast & Furious 9” ရုပ်ရှင်မှာ မင်းသား Keanu Reeves ပါဝင်လာဖွယ်ရှိ