သတင်း

လူချင်းအလဲအလှယ် မလုပ်လျှင် စစ်ဘက်နှင့် ဆိုင်သူများကို လွှတ်ပေးမည်မဟုတ်ဟု AA ပြော

Want create site? Find Free WordPress Themes and plugins.

နိုင်ငံရေးနှင့် ဆက်စပ်ပြီး မတရား ဖမ်းဆီး ထိန်းသိမ်းထားသည့် ရခိုင်ပြည်သူများ အပါအဝင် AA တပ်ဖွဲ့ဝင်များကို ပြန်လည် လွှတ်မပေးလျှင် စစ်ဘက်နှင့် သက်ဆိုင်သူအား လုံးကို ဆက်လက် ဖမ်းဆီးထားမည်ဖြစ်ကြောင်း AA သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ဦးခိုင်သုခ ကကျနော်တို့ အရင်တုန်းကလည်း ပြောထားပြီးသားရှိတယ်။ နိုင်ငံရေးနဲ့ ဆက်စပ်ပြီးတော့ မတရား ပုဒ်မ အမျိုးမျိုး တပ်ပြီးတော့ အစိုးရက မတရားဖမ်းဆီးထားတဲ့ ရခိုင်ပြည်သူတွေနဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေကို ပြန် လွှတ်ပေး မယ်ဆိုရင် ကျနော်တို့ လက်ထဲမှာ ရှိတဲ့ စစ်ဘက်နဲ့ သက်ဆိုင်သူအားလုံးကို ပြန်လွှတ်ပေးမယ်။ သူတို့ ဘက်က မလွှတ် ပေးရင် ကျနော်တို့ ဘက်ကလည်း ပြန်မလွှတ်ဘဲ ဆက်လက် ထိန်းသိမ်းထားမယ်ဟု ဧရာဝတီသို့ ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တိုက်ပွဲအတွင်းက ဖမ်းဆီးရမိသည့် သုံ့ပန်းများ အနက် စစ်ဘက်နှင့် သက်ဆိုင်သည့် အသက်အရွယ် ကြီးရင့်သူ တပ်မတော်သား ဦးကို AA က ဇန်နဝါရီ ၂၈ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။

၂၀၂၀ ခုနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် စစ်ဘက်နှင့် သက်ဆိုင်သည့် ပြန်လွှတ်ပေးလိုက်သည့် သုံ့ပန်း ဦးမှာ တပ်မ ( ၇၇ ) လက်အောက်ခံ၊ အမှတ် ၃၁၃ တပ်ရင်းမှ တပ်ကြပ် မောင်ထွေး နှင့် တပ်ကြပ်ဇော်ဇော်တို့ ဖြစ်ပြီး ၎င်းတို့ကို ပလက်ဝ မြို့နယ် အတွင်းက ကင်းတလင်းကျေးရွာရှိ ရပ်မိ၊ရပ်ဖများ လက်ထဲသို့ လွှဲပြောင်းကာ ကောင်းမွန်စွာ ပြန်လွှတ် ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း ဦးခိုင်သုခက ပြောသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပလက်ဝမြို့နယ် ပကာဝရွာ အနောက်တောင် ဖက် . ကီလိုမီတာ (သို့မဟုတ်) ကာမချောင်း (ဒေသအခေါ်ကာရမချောင်း) အနောက်ဖက်ရှိ တောင်တန်းပေါ်တွင် တပ်မတော်မှ တပ်မ ( ၇၇ ) လက်အောက်ခံ မှော်ဘီ အခြေစိုက် ခမရ ( ၃၁၃ ) တပ်ရင်းနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်မတော်မှ ဗိုလ် အဆင့် ရှိသူ ဦးနှင့် အရာခံဗိုလ်မှူး ဦး အပါအဝင် စစ်သည် ၁၃ ဦးကို လက်ရ ဖမ်းဆီးရမိကြောင်း  နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက  AA  သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။

ပလက်ဝမြို့နယ် တိုက်ပွဲအတွင်းက ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ၁၃ ဦး ကိစ္စနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းက  AA သတင်း ပြန်ကြားရေးဌာနက  တပ်မတော်သားများ၏ ဓာတ်ပုံများနှင့်တကွ  ထုတ်ပြန်ပြီး  သုံ့ပန်းချင်း လဲလှယ်လိုကြောင်း တောင်းဆိုထားသည်။

ရက္ခိုင့်စစ်တပ် ( AA ) အဖွဲ့သည် စစ်ဘက်၊ အရပ်ဘက် အပါအဝင် ဖမ်းဆီးထားသူများထဲမှ ၂၀၁၉ ခုနှစ်အတွင်း စစ်ဘက်နှင့် မသက်ဆိုင်သူများကို အသုတ်လိုက်ခွဲ၍  ကြိမ်တိတိ ပြန်လည်လွှတ်ပေးခဲ့ပြီး ဖြစ်ကာ စုစုပေါင်း  ၆၆ ဦး ပြန်လွှတ်ပေးခဲ့ပြီ ဖြစ်ကြောင်းလည်း ဦးခိုင်သုခ ဆိုသည်။

ယခုလ ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း  ချင်းပြည်နယ်၊ ပလက်ဝမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား AA  အဖွဲ့က ပြန်လည် လွှတ်ပေးခဲ့သည်။

ယင်းအပြင် ပလက်ဝမြို့နယ်အတွင်း ဖမ်းဆီးခဲ့သည့် ဆုထူးစံဆောက်လုပ်ရေး ကုမ္ပဏီဝန်ထမ်းများ၊ ရွှေနဒီသင်္ဘောပေါ်မှ ဖမ်းဆီးခဲ့သည့် အရပ်သားများ၊ မြောက်ဦးမြို့နယ်အတွင်းက ဖမ်းဆီးခဲ့သည့်  မီးသတ်ဝန်ထမ်းများနှင့် အရပ်သား ပန်းရံ အလုပ်သမားများ၊ ရသေ့တောင်မြို့နယ်အတွင်း အောင်တံခွန် သဘောၤပေါ်မှ ဖမ်းဆီးခဲ့သည့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ယာဉ်မောင်းများကိုလည်း AA  အဖွဲ့က ပြန်လွှတ်ပေးခဲ့သည်။

ယမန်နေ့က စစ်သု့ံ့ပန်း ဦး ပြန်လည် လွှတ်ပေးသည့် ကိစ္စ အပါအဝင် ဖမ်းဆီးခံ ရခိုင်တိုင်းရင်းသားများနှင့် လူချင်း လဲလှယ် လိုကြောင်း AA အဖွဲ့၏ ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး ဧရာဝတီမှ  တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့နှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မင်းသန်းတို့ထံ  အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။

ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သားများ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၇ ဦး၏ အမည်နှင့် ဓာတ်ပုံများကို ဖော်ပြပြီး သုံ့ပန်းချင်း လဲလှယ်လိုကြောင်း AA အဖွဲ့က ကမ်းလှမ်းခဲ့ရာ စစ်သုံ့ပန်းဆိုင်ရာ လဲလှယ်ခြင်း စည်းမျဉ်း၊ စည်းကမ်းတွင် အကျုံးမဝင်သည့်အတွက် အကြမ်းဖက်အဖွဲ့နှင့် သုံ့ပန်းချင်း မလဲလှယ်ကြောင်း တပ်မတော်က မကြာသေးမီက အတိအလင်း ငြင်းပယ်ထားသည်။

လက်ရှိအချိန်တွင် အဆိုပါ ဖမ်းဆီးရမိသည့် တပ်မတော်သား စစ်သုံ့ပန်းများကို AA စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်များ နှင့်အညီ ဖမ်းဆီး ထိန်းသိမ်းထားသလို နိုင်ငံတကာ စစ်သုံးပန်း ဥပဒေများနှင့် အညီလည်း ကောင်းမွန်စွာ ဆက်လက် ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ဦးခိုင်သုခက ဆိုသည်။

ရခိုင်စစ်ပွဲကာလအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သား သေဆုံးမှုမှ လည်း စာရင်းမပြုစုနိုင်အောင် တနေ့ထက် တနေ့ များပြားလာနေသည်။

ထို့ပြင် သံသယဖြင့် ဖမ်းဆီးချုပ်နှောင်ခံရပြီး တရား ရင်ဆိုင်နေရသည့် ရခိုင်အရပ်သား အရေအတွက်မှာ ၂၀၀ နီးပါး ရှိနေသည့်အတွက် မည်သည့် ပုဂ္ဂိုလ်များနှင့် လဲလှယ်လိုကြောင်းကို မေးမြန်းရာ တပ်မတော်ဘက်က သဘောတူမှသာ အသေးစိတ် ဖော်ထုတ်ပြောဆိုသွားမည် ဖြစ်ကြောင်း AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဆိုသည်။

ဘူးသီးတောင်မြို့နယ်အတွင်း တာဝန်ထမ်းနေသော လဝကဝန်ထမ်း  ဦး အပါအဝင် ဆက်သွယ်ရေး ကုမ္ပဏီ တခုဖြစ်သည့် Mytel ကုမ္ပဏီမှ ဝန်ထမ်း ဦးကိုလည်း AA အဖွဲ့ ဖမ်းဆီးထားကြောင်း တပ်မတော်မှ သတင်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်အထိ AA အဖွဲ့အနေဖြင့် ၎င်း လက်ထဲတွင် ဖမ်းဆီးထားသည့် စစ်ဘက်၊ အရပ်ဘက် မှ အရေအတွက် မည်မျှ ရှိသည်ကို ထုတ်ဖော်ပြောကြားမှု မရှိပေ။

You may also like these stories:

ရခိုင်စစ်ပွဲကြောင့် စစ်ဘေးရှောင် ၁သိန်း ၆သောင်းကျော်ရှိလာဟု REC ထုတ်ပြန်

အသက်အရွယ်ကြီး စစ်သုံ့ပန်း ၂ ဦး AA ပြန်လွှတ်ပေး

သမ္မတ ရှီကျင့်ဖျင်၏ မြန်မာပြည် ခရီးစဉ်အပြီး ဦးဝှေ့တင်း ပြန်လည် လွတ်မြောက်လာ

Did you find apk for android? You can find new Free Android Games and apps.
Loading