အရှိုချင်း စစ်ဘေးရှောင်ကလေး ၉၀ ခန့် အမ်းမြို့ပေါ် ကျောင်းများ၌ ပညာသင်ကြားခွင့်ရ
ရခိုင်ပြည်နယ်မြောက်ပိုင်း အမ်းမြို့သို့ ထွက်ပြေး တိမ်းရှောင်လာသည့် အရှို စစ်ဘေးရှောင်ကလေး ၉၀ ခန့်ကို မြို့ပေါ် စာသင် ကျောင်း ၅ ကျောင်း၌ ဆက်လက် ပညာသင်ကြားခွင့် ပေးထားကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များမှာ အမ်းမြို့နယ်အတွင်းရှိ ဒါးလက်ကျေးရွာအုပ်စု မဲလက်မောင်းနှင့် ကဇုကိုင်းကျေးရွာ အုပ်စု များအတွင်းရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၄၀၀ ကျော်တို့ဖြစ်ပြီး လုံခြုံရေး စိတ်မချရ၍ နေရပ်စွန့်ခွာကာ အမ်းမြို့ပေါ်သို့ ယခုလဆန်းပိုင်းက ထွက်ပြေး တိမ်းရှောင်လာကြသူများ ဖြစ်ကြသည်။
ထိုအထဲမှ မိဘများနှင့် အတူ စစ်ရှောင်ရန် လိုက်ပါလာကြပြီး ကျောင်းပြန်တက်ခွင့်ရသူ စုစုပေါင်း ၈၉ ဦးမှာ ပထမတန်းမှ အဋ္ဌမတန်းအထိ ကျောင်းသား၊ ကျောင်းသူ များဖြစ်ကြောင်း သိရသည်။
အမ်းမြို့နယ် အရှို ချင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဆလိုင်းနေလင်း က “ထွေအုပ်နဲ့ ပညာရေးမှူးရုံးက စာမေးပွဲဖြေ ခွင့်ကို အမ်းမြို့ပေါ်က နီးစပ်ရာ စာသင်ကျောင်း ၅ ကျောင်းမှာ ဖြေဆိုခွင့်ပေးထားတယ်။ အဲဒီကျောင်း ၅ ကျောင်းမှာပဲ တက်ခွင့်ပေးထားပါတယ်။ နေ့စဉ် ဒုက္ခသည်တွေ တဖွဲဖွဲလာနေတော့ ကလေးလူဦးရေက တိုးတိုးလာပါတယ်” ဟု ပြော သည်။
ထိုသို့ ထွက်ပြေး တိမ်းရှောင်လာသူများမှာ ဒါးလက်ကျေးရွာအုပ်စုအတွင်းမှ အရိုးတောင်၊ ရွာဟောင်း၊ နှမ်းချောင်းနှင့် ရှမ်း ကုန်းကျေးရွာများ ဖြစ်ပြီး မဲလက်မောင်းကျေးရွာ အုပ်စုအတွင်းမှ မဲလက်မောင်း၊ ကြိမ်ချောင်းနှင့် မဲတောင်ခြေရင်း ကျေးရွာ နှင့် ကဇုကိုင်းကျေးရွာ အုပ်စုအတွင်းမှ အုန်းတည်ချောင်းကျေးရွာနှင့် သရက်ပင်ချောင်း ကျေးရွာများမှ ထွက်ပြေးလာ သည့် အိမ်ထောင်စုပေါင်း ၉၀ ကျော်မှ လူဦးရေ ၄၀၀ ကျော် ရှိပြီး အများစုမှာ အရှိုချင်းတိုင်းရင်းသားများ ဖြစ်ကြောင်း သိရ သည်။
ထွက်ပြေးလာသူ ၄၀၀ ကျော် ရှိကာ တဝက်ကျော်မှာ ကလေးသူငယ်များ ဖြစ်ပြီး အသက် ၅ နှစ်အောက် ကလေးသူငယ် ၇၀ ကျော်၊ ၅ နှစ်နှင့် ၁၂ နှစ်ကြား ၈၀ ကျော်နှင့် ၁၂ နှစ်နှင့် ၁၈ နှစ်ကြား ၄၀ ဦး နီးပါးရှိပြီး အသက် ၆၀ နှင့်အထက် ၄၀ ဦးရေကျော် ရှိကြသည်။
ဇန်နဝါရီလဆန်းပိုင်းက စတင်၍ စစ်ဘေးရှောင် ဒုက္ခသည်များ အမ်းမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကာ နီးစပ်ရာ ဆွေမျိုးများနှင့် အရပ်ဘက် အဖွဲ့အစည်းများ အကူအညီဖြင့်သာ အဆင်ပြေသလို နေထိုင်ခဲ့ရပြီး ဇန်နဝါရီလ၂၀ ရက်မှသာ အမ်းမြို့နယ် အားကစားခန်းမ၌ ယာယီစစ်ရှောင်စခန်းအဖြစ် နေထိုင်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အမှတ် ၁၁ မဲဆန္ဒ နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ဧရာဝတီကို ပြောသည်။
၎င်းက “တိုက်ပွဲ မဖြစ်ကြပေမယ့် ကြောက်လန့်လို့ ထွက်ပြေးလာကြတဲ့ ပြည်သူတွေ ရှိတယ်။ နောက်တခု ဒါးလက် ဘက် ကို ပိတ်ထားတဲ့ အခါကျရင် သူတို့ နေ့စဉ်ဘဝတွေ အဆင်မပြေတော့လို့ ပြောင်းလာရတဲ့သူတွေ ရှိတယ်။ တိုက်ပွဲမရှိလို့ စစ်ရှောင်စခန်း ဖွင့်ပေးလို့ မရဘူးလို့ ပြောတယ်။ (ဇန်နဝါရီလ)၂၀ ရက် ပတ်ဝန်းကျင်လောက်မှာ အားကစားရုံမှာ (စစ် ရှောင်စခန်း) ပြန်ဖွင့်တယ်။ ဘယ်လို ဖိအားတွေကြောင့် ပြန်ဖွင့်ခွင့်ပေးလည်း ကျမ မသိဘူး။ ပြီးရင် ပညာသင်နေတဲ့ တန်း လန်း ကလေးတွေကိုလည်း ပညာသင်ကြားခွင့် ရအောင် စီမံတယ်။ ဒီလုပ်ငန်းစဉ်ကို ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်တာ တွေ့ရတယ်” ဟု ဆိုသည်။
အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည်များအား ဇန်နဝါရီလ၂၀ ရက်မှစတင်၍ အမ်းမြို့နယ် အားကစားခန်းမ အတွင်း ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးညီပု၏ ညွန်ကြားချက်ဖြင့် ယာယီစစ်ရှောင်စခန်း အဖြစ် ဖွင့်လှစ်ပေးခဲ့ပြီး ဒုက္ခသည် ၂၈၉ ဦး လာ ရောက်နေထိုင်၍ ကျန် ဒုက္ခသည် ၁၀၀ ကျော်မှာ နီးစပ်ရာတွင် ငှားရမ်းနေထိုင်ကြကြောင်း အမ်းမြို့နယ် အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဥက္ကဋ္ဌ ဆလိုင်းနေလင်းက ဧရာဝတီကို ပြောသည်။
၎င်းက “ဝန်ကြီးချုပ် ဦးညီပုကနေ အစည်းအဝေး ဆုံးဖြတ်ပြီးမှ ချက်ခြင်းကူညီပေးပါဆိုလို့ လုပ်ပေးတာလု့ိ ကျနော်တို့သတင်းကြား ပါတယ်။ စာသင်ခွင့်ရတာ ဝမ်းသာပါတယ်။ ဒါပေမယ့် စာမေးပွဲပြီးရင်တော့ သူတို့လည်း သူတို့ဒေသကို အပြီး စွန့်လာကြ တာဆိုတော့ ရွာအသစ်တည်ပေးရင်တော့ ကောင်းမယ်လို့ ထင်တယ်။ အဲဒီလိုမျိုးတော့ ဖြစ်စေချင်ပါတယ်” ဟု ဆက်လက် ပြောဆိုသည်။
ဇန်နဝါရီလဆန်းပိုင်းမှ စ၍ အမ်းမြို့နယ်ရှိ ကျေးရွာများမှ အရှိုချင်းတိုင်းရင်းသားများ လုံခြုံရေး စိတ်မချ၍ အမ်းမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာသူ ၅၀၀ ကျော် ရှိပြီး၊ မကွေးတိုင်းတွင်းရှိ ငဖဲ၊ မင်းတုန်း၊ မင်းဘူး၊ မင်းလှနှင့် စေထုတ္တရာ မြို့နယ် များရှိ ဆွေးမျိုးများထံ ပြောင်းရွှေ့သွားသူ ၂၀၀ နီးပါးရှိကြောင်း၊ စစ်ဘေးရှောင်များ ထပ်မံတိုးမြင့်လာနိုင်ကြောင်းလည်း အမ်းမြို့နယ် အရှိုချင်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပြောသည်။
You may also like these stories:
စစ်တွေ ကယ်ဆယ်ရေး စခန်းရှိ မရမာကြီး တိုင်းရင်းသား ၂၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေ