• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖာပွန်တွင် ကျဆုံးသည့် တပ်ရင်းမှူး လုပ်ကြံခံရခြင်း ဟု တပ်မတော်ပြော

by ထက်နိုင်ဇော်
30 January 2020
in သတင်း
A A
KNU လှုပ်ရှား နယ်မြေအတွင်း တပ်မတော်က တိုးချဲ့ဖောက်လုပ်နေသည့် လမ်းပိုင်း တနေရာ / ဧရာဝတီ

KNU လှုပ်ရှား နယ်မြေအတွင်း တပ်မတော်က တိုးချဲ့ဖောက်လုပ်နေသည့် လမ်းပိုင်း တနေရာ / ဧရာဝတီ

63.1k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် သံတောင်ကြီးမြို့နှင့် ဖာပွန်မြို့နယ်ကြားတွင် လမ်းဖောက်လုပ်မှု စစ်ဆေးရေး ဆောင်ရွက်နေစဉ် ဇန်န ဝါရီလ၂၇ ရက်က ကားမိုင်းဆွဲ တိုက်ခိုက်ခံရသဖြင့် ကျဆုံးသွားသည့် တပ်ရင်းမှူးမှာ တမင် ကြိုတင်၍ လုပ်ကြံခံရခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဇန်နဝါရီ ၂၇ ရက် ညနေ ၃ နာရီခန့်က လမ်းဖောက်လုပ်သည့် လုပ်ငန်းများ သွားရောက်ကြည့်စဉ် ဖာပွန်မြို့နယ်၊ နက် တောင် ကျေးရွာအနီးတွင် ခမရ ၇၀၈ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး အောင်ကျော်စိုးမှာ ကားမိုင်းတိုက်ခိုက်ခံရသဖြင့် ယင်းနေရာတွင် ကျဆုံးခဲ့ကြောင်း တပ်မတော်က ပြောဆိုထားသည်။

RelatedPosts

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

14 July 2025
1.1k
အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

14 July 2025
523
မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

14 July 2025
34

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “လမ်းပေါ်တည့်တည့် ထောင်ထားတာပဲ ဖြစ်ပါတယ်။ တပ်ရင်းမှူးရဲ့ ဖြစ်စဉ်မှာလည်း ကြိုတင် ကြံစည်ပြီးတော့ တမင် ကို ဖောက်ခွဲတဲ့သဘော ဖြစ်ပါတယ်။ ဒါမျိုးဟာတွေကတော့ စောင့်စည်းသင့်တယ်။ မစောင့်စည်းဘူးဆိုရင် ကျနော်တို့ လုံခြုံရေးအရ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ရမယ့် သဘော ဖြစ်ပါတယ်” ဟု ပြောသည်။

တပ်မတော်မှ ဒု ဗိုလ်မှူးကြီး အောင်ကျော်စိုး ကျဆုံးသွားသည့် နေရာသည် တပ်မတော်နှင့် ကရင် အမျိုးသားအစည်း အရုံး (KNU) တို့ကြား လမ်းဖောက်လုပ်မှု အပေါ် အကြောင်းပြုပြီး စစ်ရေးအရ တင်းမာမှုများ ရှိနေသည့် ဒေသတဝိုက် တွင် ဖြစ်သည်။

တပ်မတော်သည် KNU ထိန်းချုပ်ဒေသများ ဖြစ်သည့် တောင်ငူခရိုင်၊ ဖာပွန်ခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သထုံခရိုင် တို့တွင်၂၀၁၈ ခုနှစ်မှ စတင်ကာ ဒေသဖွံ့ဖြိုးရေး အကြောင်းပြ လမ်းဖောက်လုပ်နေခြင်းကို KNU တို့က တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ အဆင်ပြေစေရန် ရည်ရွယ်နေခြင်းဟု သံသယ ရှိနေခြင်း ဖြစ်သည်။

၎င်းတို့ ဒေသတွင် လမ်းဖော်ခြင်းကို တပ်မတော်ဘက်မှ ခွင့်မပြုကြောင်းကို ၂၀၁၂ ခုနှစ်ကတည်းက စာနှင့်     အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ တပ်မတော်က ရိက္ခာသယ်မည် ဆိုပါကလည်း ကားအသုံးပြုခွင့် မပေးဘဲ လူ၊ မြင်းတို့ဖြင့်သာ တပ်မဟာ ၅ နယ်မြေထဲသို့ ဝင်ခွင့်ပြုမည် ဆိုသည့်အကြောင်းကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း KNU တပ်မဟာ ၅ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကလယ်ဒိုက ပြောသည်။

ဗိုလ်မှူးကလယ်ဒိုက “ကျနော်တို့ အသိထပ်ပေးတယ်။ အဲဒါကို အလေးမ ထားဘဲနဲ့ လမ်းဖောက်တဲ့ကားကို တပ်မဟာ ၅ အစမှာ လာချ ထားပြီးတော့ သူတို့လမ်းဖောက်မယ့် လမ်းကြောင်းကို ရှင်းခိုင်းတာ။ တပ်မဟာ ၅ ဖက်ကလည်း လမ်းမဖောက်စေ ချင်လို့ အဲဒီ ကားမိုင်းကို ကြိုပြီးတော့ ချထားတယ်။ တပ်က လမ်းရှင်းရင်း ကားမိုင်းကို သွားတွေ့တယ်။ တွေ့ တဲ့ အခါမှာ ဖောက်ခွဲပစ်တဲ့အခါမှာ သူတို့ဟာသူတို့ သွားထိတာလို့ သတင်း ရတယ်”ဟု ပြောသည်။

ယခု တပ်မတော်မှ လာရောက် ဖောက်လုပ်နေသည့် လမ်းများကို KNU ကိုယ်တိုင် ဖောက်လုပ်နိုင်ကြောင်း၊ သို့မဟုတ် ပါက အစိုးရဘက်မှ လမ်းပန်းဆက်သွယ်ရေးနှင့် ဆိုင်သော ဝန်ကြီးဌာနတခုခုက KNU နှင့် လာရောက် ညှိနှိုင်းဆောင် ရွက်၍ရကြောင်း၊ မည်သည့် အတွက်ကြောင့် တပ်မတော် ကိုယ်တိုင် လမ်းဖောက်လုပ်ချင်ရသလဲ ဆိုသည့် မေးခွန်းရှိ ကြောင်း KNU တာဝန်ရှိသူတချို့က ဧရာဝတီသို့ ပြောဆိုဖူးသည်။

ကရင်ပြည်နယ်တွင် တပ်မတော်နှင့် KNU တို့ကြား အခြေအနေမှာ တဖက်နှင့်တဖက် ယုံကြည်မှု မရှိသည့် သဘောမျိုး ဖြစ်နေကြောင်း၊ ကရင်ပြည်နယ် အစိုးရ ကိုယ်တိုင်လည်း ယခုနှစ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား၊ ကျောင်း များ ဆောက်လုပ်လိုသော်လည်း KNU ဘက်မှ လက်မခံသဖြင့် ကျပ်သိန်းပေါင်းများစွာ ပြည်ထောင်စု အစိုးရထံသို့ ပြန် အပ်ခဲ့ရကြောင်း သံတောင်ကြီးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်က ပြောသည်။

NLD ပါတီဝင်လည်း ဖြစ်သူ ဦးစောလှမြင့် က “အဲဒီ တပ်ရင်းမှူး မိုင်းထိသွားတဲ့ ပုံတွေ ကျနော် ကြည့်လိုက်ရတယ်။ အူတွေ ထွက်ကျတာတို့ ပါတယ်။ တော်တော် ဆိုးတယ်။ တပ်ဘက်က မိုင်းရှင်းလို့ ဖြစ်တာမျိုး ထင်တယ်။ တပ်မတော် ဘက်က လမ်းဖောက်ကတော့ သူတို့ စစ်ကြောင်း သွားလို့ရအောင် ရည်ရွယ်တဲ့ သဘောပဲ။ နောက်ပိုင်းမှာတော့ ဒီလမ်းကို သုံးပြီး ဒေသဖွံ့ဖြိုးရေးတွေလည်း ဖြစ်ချင် ဖြစ်လာမှာပေါ့” ဟု ပြောဆိုသည်။

၂၀၁၈ ခုနှစ် မေလက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌ ဦးဆောင်သည့် KNU ထိပ်ပိုင်းခေါင်း ဆောင်များ တွေ့ဆုံစဉ်ကလည်း လမ်းဖောက်လုပ်မှုများ ယာယီ ရပ်ဆိုင်းပေးရန် တောင်းဆိုသဖြင့် တချို့နေရာများ တွင် ခေတ္တ ရပ်ဆိုင်းပေးခဲ့ရဖူးကြောင်း တပ်မတော်ဘက်က ပြောသည်။

ထို့ပြင် တပ်မတော်မှ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် KNU တပ်မဟာ ၂ ၊ ၃ ၊ ၅ အဖွဲ့တို့မှ တာဝန်ခံများနှင့် တွေ့ဆုံစဉ်ကလည်း တဖက်နှင့်တဖက် သတင်း ဖလှယ်ကြရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သေးသည် ဟု ဆိုသည်။

တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “လက်တွေ့ အောက်ခြေမှာတော့ မိုင်းထောင်၊ မိုင်းခွဲ တိုက်ခိုက်မှုတွေ ရှိနေ တာကို တွေ့ရတယ်။ ဆိုလိုတာကတော့ အဲဒီမှာ ဒေသဖွံ့ဖြိုးရေး လုပ်နေတာကိုပဲ အဲဒီဘက်က အဖွဲ့တွေက နယ်မြေက တပ်မဟာ ၅ နဲ့ တပ်မဟာ၂ နယ်မြေလို့ ပြောလို့ ရတယ်။ တပ်မတော်ကတော့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပြီးသား ဖြစ်တယ်” ဟု ပြောသည်။

ယခု တပ်ရင်းမှူး ကျဆုံးသည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်း KNU ထံသို့ JMCU မှ တဆင့် ကန့်ကွက်စာ ပို့ပြီး ဖြစ် ကြောင်း၊ ထို့အတူ ယခု လမ်းဖောက်လုပ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ KNU ၊ မွန်ပြည်သစ် ပါတီတို့နှင့် ဆက်လက် ဆွေးနွေးရန် တပ်မတော်က ဆုံးဖြတ်ထားကြောင်း သိရသည်။

တပ်ရင်းမှူးကျဆုံးအပြီး ၂၀၂၀ ဇန်နဝါရီလ၂၉ ရက်ကလည်း ယင်းဒေသတွင် တပ်မတော်၏ လုံခြုံရေး စခန်းအနီးရှိ ရေဆိပ်သို့ မိုင်းလာထောင် တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ စစ်သည်တချို့ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၀ ဇန်နဝါရီလ အထိ ဖာပွန်ခရိုင်အတွင်း KNU ဘက်မှ တိုက်ခိုက်မှု ၇ ကြိမ်၊ မိုင်းနင်း၊ မိုင်းကွဲမှု ၇ ကြိမ်၊ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်မှု ၃ ကြိမ်၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသန္တရ မိုင်းများ ဖော် ထုတ် သိမ်းဆည်းနိုင်မှု ၈ ကြိမ် ရှိခဲ့ကြောင်း တပ်မတော်မှ ရရှိသည့် အချက်အလက်များ အရ သိရှိရသည်။

ဆက်စပ်ဖတ်ရှုရန်- 

၂၀၂၀ အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် KNU စိုးရိမ်

KNU နှင့် မြေပြင် ပဋိပက္ခအပေါ် တပ်မတော်ရှင်းလင်းချက်

Your Thoughts …
Tags: ကားမိုင်းဆွဲဖာပွန်လမ်းဖောက်လုပ်မှု
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဖာပွန် ခလရ ၁၉ နှင့် စစန ၆၄၂ တို့ကို KNU သိမ်းပိုက်

ဖာပွန် ခလရ ၁၉ နှင့် စစန ၆၄၂ တို့ကို KNU သိမ်းပိုက်

by ဧရာဝတီ
31 March 2024
4.7k

လက်ရှိတွင် ဖာပွန်အခြေစိုက်ဗျူဟာနှင့် ခမရ ၃၄၀၊ ၃၄၁၊ ၄၃၄ တပ်များကျန်ရှိနေပြီး စစ်ကောင်စီက Y 12 လေယာဥ်ဖြင့် ဗုံးသီးများ တောက်လျောက်ကြဲချ၍ စစ်ကူပေးနေသည်။

ဖာပွန်ကို အလုံးစုံ ထိန်းချုပ်နိုင်ရေး KNU ဆက်လက်စစ်ဆင်

ဖာပွန်ကို အလုံးစုံ ထိန်းချုပ်နိုင်ရေး KNU ဆက်လက်စစ်ဆင်

by စောလွင်
6 April 2024
2.9k

ဖာပွန်အခြေချဗျူဟာကို သိမ်းပိုက်ရရှိလျှင် ဖာပွန်မြို့နယ်အတွင်းရှိ လက်ကျန်စခန်းများမှာ အလွယ်တကူ သိမ်းပိုက်နိုင်သည့်အခြေအနေဖြစ်ကြောင်း

စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

by ဧရာဝတီ
25 June 2025
2.8k

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နှင့် တပ်မဟာ ၅ နယ်မြေများဖြစ်သည့် ကရင်ပြည်နယ် ကော့ကရိတ်နှင့် ဖာပွန်မြို့နယ်တို့တွင် စစ်ကောင်စီဘက်မှ တန်ပြန်ထိုးစစ်ဆင်မှုများ ပြုလုပ်နေရာ တိုက်ပွဲများ နေ့တိုင်းနီးပါး ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ဖာပွန်မြို့ကို KNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်

ဖာပွန်မြို့ကို KNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်

by ဧရာဝတီ
28 March 2024
1.8k

ဖာပွန်မြို့ပေါ်ရှိ ရပ်ကွက်အားလုံးကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သော် လည်း မြို့အနီးရှိ စစ်ကောင်စီဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း

ခေါပုတ် စခန်းသိမ်းတိုက်ပွဲအလွန် ဖာပွန်မြို့ စစ်ဆင်ရေး

ခေါပုတ် စခန်းသိမ်းတိုက်ပွဲအလွန် ဖာပွန်မြို့ စစ်ဆင်ရေး

by စွယ်တော်
6 November 2024
1.6k

ဖာပွန်မြို့ကို KNLA နှင့်တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ကတည်းက ဝိုင်းပတ် ပိတ်ဆို့ထားခဲ့ပြီး ဖြစ်သည်။

ဖာပွန်မြို့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး စစ်ရှောင် ၈ ဦး သေဆုံး

ဖာပွန်မြို့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး စစ်ရှောင် ၈ ဦး သေဆုံး

by ဧရာဝတီ
1 April 2024
608

စစ်ဘေးရှောင်များခိုလှုံနေသည့် မြို့မရွှေကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ဒဏ်ရာရ

Next Post
ကလေးများကို ပြုစုပျိုးထောင်ရန် မသင့်တော်တဲ့ နိုင်ငံများ

ကလေးများကို ပြုစုပျိုးထောင်ရန် မသင့်တော်တဲ့ နိုင်ငံများစာရင်းမှာ မြန်မာပါဝင်

အဆိုတော် ရီဟားနားနဲ့ ASAP Rocky

ချစ်သူသစ် ရနေတယ်လို့ ကောလာဟလ ထွက်နေတဲ့ အဆိုတော် Rihanna

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.2k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

6 days ago
3.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate