မန္တလေးတွင် မျက်နှာဖုံး ရှားနေပြီး အမြတ်တင်ရောင်းချနေ
ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများမြင့်တက်လာ
မန္တလေးမြို့သည် လေကြောင်းနှင့် ကုန်းလမ်းမှ တရုတ် ခရီးသွား အများဆုံး လာရောက်သော မြို့ဖြစ်သောကြောင့် ကိုရိုနာဗိုင်းရပ်အန္တရာယ် အရှိဆုံးမြို့ဖြစ်နေသည်။ မန္တလေးသည် နိုင်ငံတွင် အကြီးမားဆုံး ကျောက်စိမ်းဈေးကွက်ရှိသော တရုတ်စီးပွားရေး အချက်အခြာနေရာလည်းဖြစ်သောကြောင့်
“တနင်္လာနေ့ကစပြီး mask တွေ ပြတ်သွားတယ်။ ကုမ္ပဏီကို မှာထားပေမယ့် သူတို့ဆီမှာကလည်း ပစ္စည်းပြတ်နေတယ်လို့ ပြောတယ်။ လာပို့တော့လည်း ကိုယ်မှာသလောက် မရဘူး။ ပြီးတော့ သူတို့ လာပို့ကတည်းက ဈေးက တက်သွားတော့ ကိုယ်ပြန်ရောင်းတဲ့အခါလည်း ဈေးအမြင့်အတိုင်းပဲ ပြန်ရောင်းနေရတယ် ” ဟု မန္တလေး အထွေထွေရောဂါကု ဆေးရုံအနီးရှိ ဆေးဆိုင်တခုကပြောသည်။
“ပုံမှန်က mask ၁၀၀ ပါတဲ့ ပါကင်ထုပ်တထုပ်ကို ၂၃၀၀ ကျပ်နဲ့ရောင်းတာ။ ဒါပေမယ့် အခု တထုပ်ကို ၂၅၀၀၀ ကျပ်အထိ ဖြစ်သွားတာရှိတယ်” ဟု အမည်မဖေါ်လိုသော ဆေးဆိုင်တဆိုင်က ပြောသည်။
ဈေးနှုန်းများတက်နေသလို ပစ္စည်းပြတ်လပ်မှုများလည်း ကြုံနေရကြောင်း အခြားဆေးဆိုင်တဆိုင်ကလည်း ပြောသည်။
ထိုအပြင် မျက်နှာဖုံးများကို လက်လီဝယ်ယူသုံးစွဲလိုသူများထက် လက်ကားဈေးဖြင့်ဝယ်ယူပြီး လက်လီတဆင့် ပြန်ရောင်းမည့်သူများက အရေအတွက် များစွာ လိုက်လံဝယ်ယူနေကြောင်းလည်း ဆေးဆိုင်များပြောသည်။
“ဒီလိုအခြေအနေမျိုးကို SARS, H1N1 နဲ့ ဝက်တုတ်ကွေး၊ ကြက်ငှက်တုတ်ကွေးဖြစ်တုန်းကလည်း ကြုံဖူးကြတယ်။ လက်လီရောင်းတဲ့သူတွေက အကြီးအကျယ်ဝယ်လှောင်ပြီး ပစ္စည်းပြတ်တော့မှ အကျပ်အတည်းမှာ ဈေးမြှင့်ရောင်းပြီး အမြတ်ရအောင်လုပ်နေတာ” ဟု ဆေးဆိုင်ပိုင်ရှင်တဦးပြောသည်။
မျက်နှာဖုံး ၁၀ ခုပါသော အထုပ်တထုပ်၏ ဈေးမှာ ယခင်က ၇၀၀ ကျပ်သာရှိရာမှ ယခု ၇၀၀၀ ကျပ်ဈေး ဖြစ်နေသည်။
ဗိုင်းရပ်ကိုကာကွယ်ရန် အကြံပြုထားသော မျက်နှာဖုံးဖြစ်သည့် N95 respirators မှာ ပုံမှန်အားဖြင့် ၁၀၀၀ မှ ၁၅၀၀ ကျပ်သာ ကျသင့်သော်လည်း လတ်တလောပေါက်ဈေးမှာ ၉၀၀၀ မှ ၁၂၀၀၀ ကျပ်အထိရှိပြီး လက်ကျန်ပစ္စည်းလည်း လွန်စွာနည်းပါးနေသည်။
ထိုသို့ ဈေးနှုန်းများမြင့်တက်ကာ ပစ္စည်းပြတ်လုနီး ဖြစ်နေသော်လည်း မြို့ခံများမှာ ရောဂါကူးစက်မှု အန္တရာယ်အပေါ် စိုးရိမ်ပူပန်မှုနှင့် ကြိုတင်ကာကွယ်ရန် ပြင်ဆင်နေထိုင်မှု အားနည်းနေသေးသည်ကို တွေ့ရသည်။
မန္တလေးမှ ဈေးများ၊ အရောင်းစင်တာများနှင့်ပန်းခြံမျ
အဆင်သင့် အသုံးပြုနိုင်သော လက်သန့်စင်သောဆေးရည်များနှင့် ပိုးသတ်ဆေးရည်များ၏ဈေးနှုန်း အပြောင်းအလဲမရှိသော်လည်း ကုန်ပစ္စည်းမှာ အနည်းငယ် နည်းပါးနေသည်ကိုလည်း တွေ့ရသည်။
မြို့ခံများကို မေးမြန်းကြည့်သောအခါ မြန်မာနိုင်ငံတွင် ထိုရောဂါဖြစ်ပွားမှုမရှိသေးသည် ဖြစ်၍ ပူပန်မှု နည်းနေသေးကြောင်းပြောသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံတွင် ထိုရောဂါဖြစ်ပွားမှု မရှိသေးကြောင်း ထုတ်ပြန်ထားသည်။
ရောဂါကူးစက်မှုကို တားဆီးရန်အတွက် လူစုလူဝေးများနှင့် လူများသောနေရာများကို ရှောင်ရန်၊ အပြင်သွားလျှင် ဖျားနာလျှင် မျက်နှာဖုံးဝတ်ဆင်ရန်နှင့် လက်များကို စနစ်တကျဆေးကြောရန်၊ တကိုယ်ရည် သန့်ရှင်းရေး အလေးထားရန် ကျန်းမာရေး ဝန်ကြီးဌာနက ပညာပေး ထုတ်ပြန်မှုများ ပြုထားသည်။
“ဒီရောဂါက တရုတ်မှာ ဖြစ်တာ ဒီမှာမဟုတ်ဘူးလို့ကြားတယ်။ ဒါကြောင့် စိတ်ပူစရာမလိုဘူးပေါ့။ ကျမတို့မှာ မျက်နှာဖုံးလည်း မရှိဘူး၊ ဝယ်လည်း မထားပါဘူး။ အသက်ရှုကြပ်လို့ ဝတ်လည်း မဝတ်ချင်ဘူး” ဟု မန္တလေး ဘုရားကြီးဈေးမှ ကုန်စုံဆိုင်ပိုင်ရှင် မအေးအေးတင့် ပြောသည်။
မြို့ခံများ အနေဖြင့် ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်
“ကိုရိုနာဗိုင်းရပ်ကြောင့်ပူပန်
ကိုရိုနာဗိုင်းရပ်ပျံ့နှံ့ခြင်း
“ကိုရိုနာဗိုင်းရပ်ကူးစက်မှု မြန်မာပြည်ထဲ ရှိတယ် မရှိဘူးဆိုတာ သေချာတိကျတဲ့ သတင်းတွေ မရသေးဘူးပေါ့။ ပြီးတော့ ဒီမန္တလေးမြို့ပေါ်မှာ မြို့ဝန်းကျင်မှာက စာတွေဖြန့်ပြီး ဒီရောဂါအကြောင်း အသိပေးတာတွေကလည်း နည်းနေသေးတယ်၊ အကယ်လို့ အစိုးရကဖြစ်ဖြစ်ပေါ့နော်၊ ဒီရောဂါကတော့ ဒီမှာဖြစ်နေပြီ ဒါမှမဟုတ် ဒီလိုပြုမူနေထိုင်ရမယ်ဆိုပြီး မဖြစ်မနေ လုပ်ဖို့ တိုက်တွန်းတာနှိုးဆော်တာတွေ ရှိလာပြီဆိုရင်တော့လည်း ကြိုတင်ကာကွယ်တာတွေ လိုက်လုပ်လာကြမှာပါ။ ခုကတော့ ဒေသခံတွေက သိပ်စိတ်မပူကြဘူး” ဟုလည်း သူပြောသည်။
တရုတ်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ၈ ထောင်ကျော်ရှိနေပြီး သေဆုံးသူ ၂၁၃ ဦးအထိ ရှိနေပြီဟု တရုတ်အာဏာပိုင်များက ကြာသာပတေးန့တွင်ထုတ်ပြန်ထားသည်။ ထိုဗိုင်းရပ်သည် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ပြင်သစ်နှင့် အမေရိကန်ပြည်ထောင်စု တို့သို့လည်း ကူးစက်ခဲ့သည်။
ထိုင်းနိုင်ငံတွင် ကူးစက်မှု ၁၄ မှုဖြစ်ပြီး အိန္ဒိယ နိုင်ငံကလည်း ဝူဟန်မှပြန်လာသောကျောင်းသားတဦး ရောဂါကူးစက်ခံနေရကြောင်း၊ အိန္ဒိယနိုင်ငံအတွင်း ပထမဆုံးသော ဗိုင်းရပ်စ်တွေ့ရှိမှုဖြစ်ကြော
အိန္ဒိယ နိုင်ငံတွင် သံသယရှိသော ရောဂါကူးစက်မှု ၆၇၀ ရှိကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်းမူဆယ်နှင့်
ထိုဗိုင်းရပ်၏ ခြိမ်းခြောက်မှုကို ကိုင်တွယ်ရန် ပညာပေးအစီအစဉ်များနှင့် အခြားအစီအမံများအတွက် ဒေသ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလူမှုအခြေပြုအဖွဲ့
တရုတ်နိုင်ငံမှ ရောက်ရှိလာသူများကို စောင့်ကြည့်ရန် အဖွဲ့ဖွဲ့ထားပြီး ရပ်ရွာအခြေပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြော
“အစိုးရက ခွင့်ပြုလိုက်တာနဲ့ ပညာပေးအစီအစဉ်တွေစမယ်။ လူများတဲ့နေရာတွေမှာလက်ကမ်းစာစေ
( Zarni Mann ၏ Amid Chinese Flu Fears, Mandalay Goes Without Masks While Dealers Make Profits ကို ဘာသာပြန်သည်။)
You may also like these stories:
တရုတ်ဗိုင်းရပ်ကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း ဒေါ်လာဘီလီယံများစွာ အထိနာ
ရန်ကုန်စက်မှုဇုန်တချို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး Mask တပ်ရန် ညွှန်ကြားလာကြ
WHO က အရေးပေါ်အခြေအနေ ကြေညာချိန် တရုတ်သို့ မသွားရန် အမေရိကန် သတိပေး