ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကို ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ဇန်နဝါရီလကုန်ပိုင်း ကြေညာခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ခရီးသွား များအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုသည် အထူးစိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာခြင်းနှင့် မြန်မာနိုင် ငံသား၏ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန် အတွက် မြန်မာနိုင်ငံသို့ လာရော က်ကြမည့် တရုတ်နိုင်ငံသားခရီးသွားများကို ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရ ပ်ဆိုင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးအောင်ကျော်ဇံ က “လောလောဆယ်ကတော့ ကာလတခုဆိုပြီး အချိန်သတ်မှတ်ဖို့ခက်ခဲပါတယ်။ ရောဂါရဲ့ ဖြန့်ပွားမှုအခြေ အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်မှုတွေ နိုင်ငံတကာရဲ့ အနေအထားကို စောင့်ကြည့်ပြီးတော့ ဆက်လုပ်မှာပါ။ ယာယီလို့ပဲ သုံးတာက အဲ့ဒါကြောင့်ပါ အချိန်မရွေး ပြန်ဖွင့်ပေးလို့လည်း ရနိုင်တဲ့ သဘောပါ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၈ အောက်တိုဘာလ မှ စတင်ကာ တရုတ်နိုင်ငံအပါအဝင် ဟောင်ကောင်၊ မကာအိုနှင့် ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများကို ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) စမ်းသပ်ကာလ တနှစ်ခွင့်ပြုပေးခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ခွင့်ပြုထားမှုကို ၂၀၂၀ စက်တင်ဘာလ ၃၀ အထိ နောက်ထပ် (၁) နှစ် ထပ်မံ သက်တမ်း တိုးမြှင့်ပေးထား သည်။
ဇန်နဝါရီဝါလ ၃၁ ရက်နေ့တွင် China Southern လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံ လာသော လေယာဉ်တွင် ကိုရိုနာ ဗိုင်းရပ်စ် သံသယ ရှိသူ တဦး တွေ့ရှိရသဖြင့် မြောက်ဥက္ကလာ ဝေဘာဂီေ ဆးရုံတွင် စောင့်ကြည့်ကာ ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်လျက်ရှိသည်။
အဆိုပါ လူနာသည် စိုးရိမ်စရာမရှိသေးကြောင်း နှင့် ၎င်း၏ ကျန်းမာရေး ဆေးစစ်ချက်များကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရထားခြင်း ရှိမရှိ စစ်ဆေးလျက်ရှိသည်။
ယင်းသို့ ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ ဝင်ရောက်မှု မြင့်တက်ခဲ့ပြီး ၂၀၁၉ ဒီဇင်ဘာလ အထိ ၇ သိန်း ၅ သောင်းနီးပါး အထိ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် လူဦးရေး ၄ သိန်းကျော်အထိ တိုးတက်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
You may also like these stories:
မန္တလေးသို့ တရုတ်ခရီးသွား ဝင်ရောက်နှုန်း ၄ ဆကျော်တိုးလာ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ အရှေ့တောင်အာရှ နိုင်ငံများ
ဝူဟန်မှ ပြန်ခေါ်သူ ဂျပန်များထဲ ၃ ဦး ဗိုင်းရပ်စ်တွေ့၊ ၂ ဦး ရောဂါလက္ခဏာ မပြ