• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်တော်မြို့ပေါ် လက်နက်ကြီးကျ၍ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

by မင်းအောင်ခိုင်
3 February 2020
in သတင်း
A A
ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင် ဆိုင်းဘုတ် / ဧရာဝတီ

ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင် ဆိုင်းဘုတ် / ဧရာဝတီ

6.5k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်တွင် ယနေ့ မနက် ၈ နာရီ အချိန်ခန့်က လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး၊ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

သေဆုံးသူ အမျိုးသမီးမှာ ပိုက်သည် ရပ်ကွက်နေ အသက်၂၄ နှစ် အရွယ် မအေးအေးခိုင်နှင့် ဒဏ်ရာရရှိသူများမှာ ပြည် တော်သာ ရပ်ကွက်နေ အသက် ၆၂ နှစ်အရွယ် ဦးစောမောင်လှ၊ အသက် ၄၇ နှစ် အရွယ် ဦးကျော်သိန်းထွန်းနှင့် စည်ပင် ဝန်ထမ်း ၁ ဦး ဖြစ်သူ အသက် ၁၇ နှစ် အရွယ် ကိုမောင်စောဖြူတို့ ဖြစ်ကြောင်း သိရသည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
44
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
78
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
79

လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံးသွားသူ မအေးအေးခိုင်သည် အိမ်ထဲ၌ လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ မိခင်ဖြစ်သူ ဒေါ်မလှကြည်က ဆိုသည်။

ဒေါ်မလှကြည်က “ကျမ သမီးလေးက သူ့ကလေးငိုနေတော့ နို့တိုက်မယ်ဆိုပြီး သွားယူနေတဲ့အချိန် လက်နက်ကြီး ကျည် က အိမ်ထဲက သစ်ပင်ကို လာမှန်ပါတယ်။ အဲဒီကနေ တဆင့် လာမှန်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

လက်နက်ကြီး ကျည်ဆန်ထိမှန်၍ သေဆုံးသူ မအေးအေးခိုင်တွင် ၃ နှစ်အရွယ် သားယောင်္ကျားလေး ၁ ဦးနှင့်၂ လ အရွယ် သမီးလေးငယ်လေး ၁ ဦး ကျန်ခဲ့ကြောင်းလည်း မိသားစုဝင်များက ပြောပြသည်။

သေဆုံးသူ မအေးအေးခိုင်၏ မိသားစုဝင်များက ၎င်းတို့ နေအိမ်ထဲသို့ ကျရောက်ခဲ့သော လက်နက်ကြီးကျည်ဆန်မှာ ကျောက်တော်မြို့ကံကြီးသျှင်ဘုရား သိမ်တော်အတွင်း တပ်စွဲထားသည့် တပ်မတော် စစ်ကြောင်းရှိရာဘက်မှ ပစ်ခတ်ခြင်း ဖြစ်ကြောင်း ပြောသည်။

အလားတူ ပြည်တော်သာ ရပ်ကွက်မှ အမျိုးသား၂ ဦးမှာလည်း နေအိမ်တွင် ရှိနေစဉ် လက်နက်ကြီး ကျည်ဆန်ထိမှန်ခဲ့ခြင်း ဖြစ်ကာ၊ စည်ပင်သန့်ရှင်ရေး ဝန်ထမ်း ကိုမောင်စောဖြူမှာ အမှိုက်သိမ်းကား မောင်းနှင်နေစဉ် ကျည်ဆန် ထိမှန်ခဲ့ခြင်း ဖြစ် ကြောင်း မြို့ခံများထံက သိရသည်။

ကျောက်တော်မြို့ပေါ်က ပိုက်သည် ရပ်ကွက်သည် ကံကြီးသျှင် ဘုရားကြီး၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး ယနေ့ အဆို ပါ ဘုရားကြီး တည်ရှိရာ မြို့အဝင်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ကြားသိရပြီး တိုက်ပွဲဖြစ်ခြင်းလား၊ မိုင်းပေါက်ကွဲခြင်းလား ဆိုသည်ကိုမူ တိတိကျကျ မသိရှိကြောင်း မြို့ခံများက ဆိုသည်။

ကျောက်တော် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော် က “ထိခိုက်ဒဏ်ရာရတဲ့ ကာယကံရှင် မိသားစုဝင်တွေ ပြောတာကတော့ ကံကြီးသျှင် ဘုရားဘက်ကနေ ပစ်တာလို့ ပြောတယ်။ တိုက်ပွဲဖြစ်တာလား။ ဘာဖြစ် တာလဲဆိုတော့ ကျနော်တို့လည်း သေချာ မသိဘူး။ ပစ်ခတ်သံတွေကိုပဲ ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား ဆက်သွယ်ခဲ့ရာ အလုပ်မအားသေးကြောင်း ပြောဆိုခဲ့သည်။

ဆက်လက်ပြီး တပ်မတော် သတင်း ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ထိုဖြစ်စဉ် အပေါ်သိ ရှိနိုင်ရန်  ဧရာဝတီမှ ရက္ခိုင် စစ်တပ် (AA)၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ ကို မေးမြန်း ရာ ယနေ့ မနက်ပိုင်းတွင် ကံကြီးသျှင်ဘုရားအနီး တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားမှု လုံးဝ မရှိကြောင်း ပြောဆိုသည်။

ခိုင်သုခက “ဒီနေ့ မနက်ပိုင်းမှာ ကျနော်တို့ ကျောက်တော်မှာ တိုက်ပွဲဖြစ်တာ လုံးဝ မရှိဘူးဗျ။ ပြည်သူတွေ သေကြေ၊ ဒဏ် ရာ ရတယ်ဆိုတာ မြန်မာစစ်တပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုတွေကြောင့်သာ ဖြစ်တဲ့အတွက်ကြောင့်မို့ မြို့ထဲ၊ ရွာ ထဲကို လက်နက်ကိုင်ပြီး မဝင်ရောက်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုချင်တယ်” ဟု ဆိုသည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် ကျောက်တော်မြို့မ ဈေးကြီးမှာ ပိတ်သိမ်းထားကြသလို မြို့ဝင်ကားလမ်းများအနီး ဝန်း ကျင်သို့ မည်သူမှ မသွားလာရဲဘဲ မြို့မှာ တိတ်ဆိတ်နေလျက် ရှိကြောင်းလည်း သိရသည်။

လက်ရှိ အချိန်တွင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၃ ဦး အနက် ဦးကျော်သိန်းထွန်းမှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေ ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်၂ ဦးကို ကျောက်တော် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေယူလျက် ရှိသည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်ကလည်း ကျောက်တော်မြို့အဝင်၌ တပ်မတော်နှင့် AA တို့ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ မြို့ခံ ၄ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက် ကလည်း အဆိုပါ ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တတိယ တန်း ကျောင်းသားလေး ၁ ဦး သေဆုံးခဲ့ပြီး မွတ်စလင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် စစ်တွေ ဆေးရုံသို့ တက်ရောက် ကုသခဲ့ရသည်။

ဆက်စပ်ဖတ်ရှုရန်

ကျောက်တော်တွင် ပစ်ခတ်မှုဖြစ်၊ ကျောင်းသားလေး ၁ ဦး သေဆုံ

ကျောက်တော် မြို့အဝင်က AA နှင့် တပ်မတော် တိုက်ပွဲ အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရ

Your Thoughts …
Tags: AAကျည်ဆန်ကျောက်တော်တပ်မတော်လက်နက်ကြီးကျ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အကြီးအကဲ ခရစ်စတာလီနာ ဂျော်ဂျီဗာ / Reuters 

ကိုရိုနာဗိုင်းရပ်က ကမ္ဘာ့စီးပွားရေး နှေးကွေးအောင် ခြိမ်းခြောက်နေဟု IMF အကြီးအကဲပြော

Miss Universe Myanmar 2017 အလှမယ် ဇွန်သံစဉ်   / ချစ်ပိုး / ဧရာဝတီ

"Crown အရောင်းအဝယ် လုပ်တာတွေကို အားမပေးဘူး"လို့ ပြောတဲ့ အလှမယ် ဇွန်သံစဉ်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.3k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate