သတင်း

မွတ်ဆလင်အမျိုးသမီးများကို မုဒိန်းကျင့်ဟု တပ်မတော်စွပ်စွဲချက် AA ငြင်းဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင် အချို့မှ မွတ်ဆလင်အမျိုးသမီးများကို မုဒိန်းကျင့်ဟု တပ်မတော်ဘက်က စွပ်စွဲလိုက်ပြီး ထိုသို့ စွပ်စွဲမှုများမှာ အခြေအမြစ် မရှိကြောင်း AA ဘက်က ငြင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သိန်းတန်ကျေးရွာတွင် AA ဘက်မှ ထောင်ထားသော ရီမုမိုင်းများ နေရာရွေ့သွား၍ ရွာလူကြီးများထံ ငွေတောင်းရာမှ ရွာဘက်မှ ငြင်းပယ်ခဲ့ရာ ပြဿနာစတင်ဖြစ်ပွားခဲ့ပြီး ထိုရွာရှိ မွတ်ဆလင် အမျိုးသမီးများကို AA တပ်သားအချို့က မုဒိန်းကျင့်ခဲ့သည်ဟု တပ်မတော်ဘက်မှ စွပ်စွဲသည်။

တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဘင်္ဂလီအမျိုးသမီးတွေကို မဖွယ်မရာ မုဒိန်းကျင့်ဖို့ ဆောင်ရွက်ခဲ့တယ်။ မုဒိန်းကျင့်ခဲ့တယ်။ အဲလိုလုပ်တဲ့ အတွက်ကြောင့် ဘေးပတ်ဝန်းကျင်က ရွာသားတွေက ဝိုင်းဝန်းတားဆီးတဲ့အခါ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့တယ်ဟု ဖေဖော်ဝါရီ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ထိုကျေးရွာသို့ ဇန်နဝါရီ ၃၁ ရက်နေ့ ညနေပိုင်းက AA တပ်ဖွဲ့ဝင် ဦးရောက်ရှိလာပြီး မွတ်ဆလင် အမျိုးသမီးများကို ဖွယ်မရာ မုဒိန်းကျင့်ပြီး ရိုက်နှက်သဖြင့် ကျေးရွာအတွင်းရှိ ရွာသူရွာသားများက ဝိုင်းဝန်း တားဆီးရာမှ ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ညပိုင်းတွင် တပ်ဖွဲ့ဝင် ၃၀ ခန့်ပြန်ရောက်လာပြီး ရွာကို ပိတ်ဆို့ကာ ၎င်းတို့ မလုပ်ကြောင်း အတင်းအကြပ် ဗီဒီယိုရိုက် ထွက်ဆိုခိုင်းခြင်းများကို ပြုလုပ်ခဲ့သည်ဟု တပ်မတော်ဘက်က ပြောသည်။

AA ပြောခွင့်ရ ဖြစ်သူ ခိုင်သုခကမုဒိန်းကျင့်ဖို့ ကျိုးစားတယ် ဘာညာဆိုတာ အဲလိုမျိုးဖြစ်စဉ် လုံးဝကိုမရှိဘူး။ အဲဒီကိစ္စက လုံးဝကိုမဟုတ်ဘူး။ ဝိုင်းရိုက်တဲ့ ဖြစ်စဉ်ကို ဖုန်းကွယ်ဖို့အတွက် မုဒိန်းကျင့်ဖို့ လုပ်တယ်ဆိုတာကို သတင်းလွှင့်တာဟုပြောသည်။

ရခိုင်လူငယ်နှစ်ဦးက အဆိုပါ ကျေးရွာသား ဆိုင်ကယ်ရီမောင်းသူကို ငှားရမ်းစီးလာရာ ကယ်ရီသမားက ရွာထဲထိ မောင်းဝင်သွားပြီး ရခိုင်လူငယ်နှစ်ဦးကို ရွာမှ ဝိုင်းရိုက်ခဲ့ခြင်းသာ ဖြစ်သည်ဟု AA ဘက်က ပြောဆိုသည်။

မြေပြင် အခြေအနေမှန်များကို တပ်မတော်က မီဒီယာသမားများ ပွင့်လင်းမြင်သာစွာ သတင်းရယူခိုင်းခြင်းမရှိပဲ နေပြည်တော်တွင်သာ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ကြိုတင်ပြင်ဆင်ထားသော ပါဝါပွိုင့် ဆလိုက်ရှိုးများဖြင့် ရှင်းလင်းနေခြင်းမှာ စိတ်ပျက်ဖွယ် ဖြစ်ကြောင်း ခိုင်သုခက ဆက်ပြောသည်။

သူတို့လုပ်နေတာ တကယ်မှန်တယ်လို့ ယူဆရင် မီဒီယာတွေကို အဲဒီဒေသတွေမှာ သတင်းယူဖို့အတွက် ပွင့်ပွင့်လင်းလင်း ဖွင့်ပေးလိုက်ပါ။ ကျနော်တို့ကတော့ ကြိုဆိုတယ်။ ဖိတ်ခေါ်တယ်ဟု ခိုင်သုခကပြောသည်။

AA က ယခုကဲ့သို့ လုပ်ဆောင်ခြင်းများအပြင် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင်လည်း ဘူးသီးတောင်မြို့နယ်၊ ကင်းဆောင်ကျေးရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာသား ဦးသေဆုံးပြီး ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့၏မိုင်းကြောင့် ဇန်နဝါရီ ရက်တွင် ထိပ်တူပေါက်ကျေးရွာမှ ကလေးငယ် ဦးသေဆုံးခဲ့ပြီး ကျောင်းဆရာ ဦးအပါအဝင် ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကပြောဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “AA အနေနဲ့ကတော့ သူတို့ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တခုဖြစ်ပြီးတိုင်းမှာ ဖုန်းကွယ်ဖို့နည်းလမ်းတွေ သုံးပြီး လုပ်ဆောင်နေတယ်ဟု ပြောသည်။

ကင်းတောင်ရွာ လက်နက်ကြီးကျရောက်မှုမှာလည်း တပ်မတော်ဘက်မှ လက်နက်ကြီးဖြစ်ကြောင်း တပ်မတော်သားများက ထိုကျေးရွာသို့လာ၍ လက်နက်ကြီးအပိုင်းအစများနှင့် သက်ခံပစ္စည်းများကို စုဆောင်းက ပြန်လည် သိမ်းယူသွားခဲ့ကြောင်း AA ဘက်ကပြောဆိုသည်။

အဆိုပါ မွတ်ဆင်လင်ကျေးရွာများအနီးတွင် တပ်မတော်မှ တပ်စွဲထားသည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်ပြီး ယခင်က မည်သည့်ပြဿနာမှ ဖြစ်ပွားခြင်းမရှိကြောင်း တပ်မတော်ဘက်ကပြောဆိုသည်။

ယခု အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကြားဖြတ်အမိန့် ချမှတ်ပြီးနောက်ပိုင်းတွင် ရခိုင်ပြည်နယ် မွတ်ဆလင်ကျေးရွာများ ထိခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး တပ်မတော်၏ ပုံရိပ်ထိခိုက်စေရန် ချောက်တွန်းလုပ်ဆောင်မှုများကို ကြုံတွေနေရကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင်ပြောဆိုသည်။ 

AA ပြောခွင့်ရ ခိုင်သုခ ကမွတ်ဆလင်တွေနဲ့ တပ်မတော်ကြားမှာ ဘာပြဿနာမှမရှိဘူးလို့ပြောရင် ICJ ကိုသူတို့ ဘာဖြစ်လို့ ရောက်သွားသလဲ။ ဘာကြောင့် ဒေါ်ဆန်းစုကြည်ကိုယ်တိုင် သွားပြီး ဖြေရှင်းနေရသလဲ ဒါတော့ ကျနော်တို့ ပြန်မေးချင်တယ်ဟု ပြောသည်။ 

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်တပ်မတော် AA တို့ ဖြစ်ပွားသော တိုက်ပွဲများအကြား နှစ်ဖက် အကျဆုံး ကိစ္စများ၊ နှစ်ဘက် လက်နက်သိမ်သည်းရမိမှုများကို သတင်းထုတ်ပြန် ဖော်ပြလေ့ရှိသော်လည်း အရပ်သား ထိခိုက်မှုနှင့် ပတ်သက်သော ကိစ္စရပ်များတွင် နှစ်ဘက်တပ်များမှ ၎င်းတို့ လက်ချက်မဟုတ်ကြောင်း အမြဲလိုလို ငြင်းဆိုလေ့ရှိသည်။

ယနေ့ မနက် နာရီ အချိန်ခန့်ကလည်း  ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်တွင် လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲ၍ အမျိုးသမီး ဦး သေဆုံးပြီး၊ အမျိုးသား ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မည်သည့် ဘက်မှ လက်ချက်ဖြစ်ကြောင်း မသိရှိရသေးပေ။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုသည် တနှစ်ကျော်အထိ ရှိလာပြီ ဖြစ်ကာ စစ်ဘေးရှောင် အရေအတွက်လည်း သိန်း နီးပါး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

You may also like these stories:

တပ်မတော် ယာယီ စစ်ဗျူဟာ စခန်းကို AA က ဝင်သိမ်းပြီး စစ်သုံ့ပန်း ၁၁ ယောက်ကို ဖမ်းသွား

မိုင်းပေါက်ကွဲမှု ဆက်တိုက်ဖြစ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် စက်ရုံဖွင့်ပွဲကိုတက်ရောက်

Did you find apk for android? You can find new Free Android Games and apps.
Loading