• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
in သတင်း
A A
လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော် / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

7.8k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

ကြက်သွန်၊ ငရုပ်ကောင်း နှင့် အရက်များသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ပေးသည် ဟူသော မှားယွင်းသည့်  ကောလာဟလများအပြင် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းက ထုတ်ဝေသော ဖေဖော်ဝါရီ လထုတ် ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၏ အယ်ဒီတာအသံ ကဏ္ဍတွင် ဝူဟန်ဗိုင်းရပ်စ် အန္တရာယ်ကြိုတင်ကာ ကွယ်ကြမယ် ခေါင်းစဉ်ဖြင့် လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော် သည်လည်း ကြိုတင်ကာကွယ်နည်း တခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
38
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
36
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
467

လယ်တီဆရာတော်ကြီးသည် ၁၉၀၃ ခုနှစ် ဝန်းကျင်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ပလိပ်ကပ်ရောဂါဆိုးကို ရင်ဆိုင်ကာကွယ်နိုင်ရန် ရောဂန္တရဒီပနီ ကျမ်းကို ရေးသားပြုစုခဲ့ခြင်းဖြစ်သည်။

အဆိုပါ မဂ္ဂဇင်း၏ အယ်ဒီတာ့အသံကဏ္ဍတွင် “ဒီနေ့ သိပ္ပံခေတ်မှာ ဒါတွေကို အယုံအကြည့်ရှိချင်မှ ရှိကြပါ လိမ့်မယ်။ ဒါပေမဲ့ ဖြစ်စဉ်အားလုံးရဲ့ အခြေခံရင်းမြစ်မှာ လူသားတွေရဲ့ ကိုစိတ်နှလုံး အပြုအမှုတွေနဲ့ ဆက်စ ပ်နေတယ် ဆိုတာကိုလည်း သိပ္ပံနည်းနဲ့ စည်းစားကြဖို့ လိုပါတယ်။ ဒီလိုတွေးပြီး ကိုယ်ရဲ့စိတ်ပါဝါအတွက် ဒီအက္ခ ရာတံဆိပ်လေးကို ယုံစေချင်ပါတယ်။ ယုံယုံကြည်ကြည် အသုံးပြုကြစေချင်ပါတယ်။ ကြိုတင်ကာကွယ်နည်း တစ်နည်း အနေနဲ့ပေါ့” ဟု ရေးသားဖော်ပြထားသည်။

ယင်းအပြင် လယ်တီဆရာတော်ကြီး ချီးမြှင့်ခဲ့သော ကပ်ရောဂါအန္တရာယ်ကင်း အက္ခရာ တံဆိပ်တော်ကတ်ပြား ကို ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းတွင် မေတ္တာလက်ဆောင် ထည့်သွင်းပေးထားပြီး အိမ်နဲ့ ရုံးတံခါများတွင် ကပ်ထား ရန်နှင့် ကိုယ်နှင့် မကွာ ဆောင်ထားကြရန် အတွက်ရန်ဟူ၍လည်း ဆိုသေးသည်။

ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဦးဖေဒီက “ကျနော်တို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ရတနာသုံးပါးရဲ့  ဂုဏ်ကျေးဇူးတွေကို ယုံကြည်စိတ်တွေက လူတိုင်းရှိကြတယ်။ ရတနာသုံးပါးနဲ့ ဆိုင်တဲ့ကိစ္စတွေ လုပ်ရမယ့်ကိစ္စတွေ မလုပ်တာကတော့ တပိုင်းပေါ့နော်။ အဓိက ကျနော်က အဲ့ဒီယုံကြည်ချက်ကို တွန်းအားေ ပးချင်တာပေါ့” ဟု သူ ရေးသားခဲ့သော ရည်ရွယ်ချက်ကို ဧရာဝတီသို့ ပြောသည်။

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော် (ဓာတ်ပုံ – ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း)

 

ယခုလို အဆောင်အယောင်ကိစ္စရပ်များသည် ခေတ်ကာလအရ လက်တွေ့မကျဟု ယူဆနိုင်သော်လည်း ဗုဒ္ဓဘာသာတရားအရ သဘာဝတရားဖြစ်စဉ်များတွင် ရောဂါတွေ ပေါများလာခြင်း၊ လူသက်တမ်းတွေ တို တောင်းလာခြင်းများ အပြင် မြတ်စွာဘုရားဟောကြားခဲ့သည့် အရာများထဲတွင် မိစ္ဆာဓမ္မ ပါဝင်ကြောင်း ၎င်းက ဆိုသည်။

ဦးဖေဒီက “အစွန်းတဖက်ရောက်သွားမှာဆိုးလို့ ကျနော်အယ်ဒီတာ့အသံကို သေချာဖတ်ကြည့်မယ်ဆိုရင် ကျန်းမာရေး ဝန်ကြီး ဌာနက အချိန်နဲ့ တပြေးညီညွှန်ကြားသောကိစ္စများကို လိုက်နာလုပ်ဆောင်ပါဆိုပြီးလည်း ပြည့်ပြည့်စုံစုံ ထည့် ရေးထား ပါတယ်” ဟု ပြောသည်။

ယခင်ကာလများတွင်လည်း ကပ်ရောဂါများ ဖြစ်ပွားချိန်များ နှင့် ကလေးများ မကြာခဏသေဆုံးမှုများဖြစ်ပေါ် ပါက နယ်ဘက်များ နှင့် ရန်ကုန်မြို့ရှိ ရှေးရိုးစွဲလူကြီး တချို့သည် မိမိတို့ နေအိမ်နံရံများတွင် မြေဖြူဖြင့် “ကလေးအသား ခါးသည်၊ ခွေးအသား ချိုသည်” ဟု စားသားများ ရေးသားခဲ့ကြသည်များ ရှိခဲ့သည်။

ယခုနှစ်ပိုင်းများတွင် ထို့ အယူအဆများသည် တဖြည်းဖြည်းပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်ပြီး တချို့နယ်ဒေသများတွင်တော့ ယင်းအယူအဆများသည် ယနေ့အထိ ရှိနေသေးသည်။

မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းက ထုတ်ဝေသည့် ဆွေးမျိုးပေါက်ဖော်မဂ္ဂဇင်းတွင် လယ်တီ ဆရာတော်ကြီး၏ ရောဂန္တရဒီပနီကျမ်းကို သတိတရ ကိုးကားဖော်ပြခဲ့သော်လည်း တရုတ်ကုမ္ပဏီ ဝမ်ပေါင်နှင့် ဦးပိုင်တို့ ပူးပေါင်း လုပ်ဆောင်သည့် ကြေးနီတောင်စီမံကိန်းကြောင့် လယ်တီဆရာတော်၏ သိမ်နှင့် စေတီဟောင်း ကတော့ ၂၀၁၄ ခုနှစ်တွင် ဖြိုဖျက်ခံခဲ့ရသည်။

ယခုလို ရောဂါများ ဖြစ်ပွားပါက ဘာသာရေး အကြောင်းအရာတချို့ကို ကိုးကားပြီး ကာကွယ်နိုင်သည်ဟူ၍ လည်းကောင်း ပျောက်ကင်းနိုင်သည်ဟု ပြောဆိုရေးသားနေခြင်းများသည် အစစ်အမှန်ဘာသာရေးမဟုတ်သော အယူအဆများသာဖြစ်ကြောင်း မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသ က ဧရာဝတီသို့ မိန့်ကြားသည်။

အရှင်အရိယဝံသာဘိဝံသ က “အစစ်အမှန်ဘာသာရေးက လူတွေကဟာ ကိုယ်ပြုတဲ့အတိုင်း ဖြစ်ဖြစ် နေတာကတော့ အမှန်ပဲ အဲ့ဒါက ငြင်းလို့မရဘူး။ ဘုန်းကြီးတို့ ဗုဒ္ဓက တရားကစောင့်ရှောက်လိမ့်မယ်ဆိုတာ အတိအလင်း ဟောခဲ့ပြောခဲ့တာ ငါစောင့်ရှောက်မယ်လို့ တခွန်းမှ မပြောခဲ့ဘူး။ အခုကတော့ ဘုရားကိုးကွယ်တဲ့ ဝါဒဖြစ်တာပေါ့။ သူကိုယ်တိုင် တရားကိုးကွယ်တဲ့ ဝါဒကို ထူထောင်ခဲ့ပေမဲ့ အခု လမ်းပျောက်ပြီးတော့ ဘုရားကိုးကွယ်တဲ့ ဝါဒပြန်ဖြစ်နေတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လူအများဆုံးအသုံးပြုလျက်ရှိသော လူမှုကွန်ရက်တခုဖြစ်သည့် ဖေ့စ်ဘုတ်တွင်လည်း သတင်း မီဒီယာ ကျင့်ဝတ်ကို စောင့်ထိန်းခြင်းမရှိသည့် သတင်းမီဒီယာအမည်ခံ လူမှုကွန်ရက်စာမျက်နှာကလည်း ကိုရိုနာဗိုင်းရပ်စ်များ နှင့် ပတ်သက်သည့် သတင်းတုများကို အကြောင်းအရာမျိုးစုံဖြင့် ဖော်ပြနေကြသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ဇီဝလက်နက်မှ စတင်ဖြစ်ပွားခြင်း၊ ကြက်သွန်နီသည် ရောဂါပျောက်ကင်းခြင်း နှင့်  ရောဂါကို ကာကွယ်သည့်အနေဖြင့် အရက်သောက်ရန် ဟူသော အခြေအမြစ်မရှိသည့် အကြောင်းအရာ များကို ဖော်ပြနေကြသည်။

အဆိုပါ အင်တာနက်စာမျက်နှာအများစုသည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ သတင်းမီဒီယာကျင့် ဝတ်ဖောက်ဖျက်သော မီဒီယာစာရင်းတွင် ပါဝင်သော မီဒီယာများဖြစ်ကြသည်။

စာရေးဆရာ ဦးကျော်ရင်မြင့်က “ကျနော်တို့ မြန်မာအများစုရဲ့ အခုထိ စိတ်အစွဲတခုရှိတာက စာတလုံးဘုရားတဆူ ဆိုတဲ့ စိတ်အစွဲမျိုးရှိတယ်ဗျ။ ပုံနှိပ်ဖော်ပြထားတယ်ဆိုရင် ဒါတွေကို အမှန်လို့ ထင်သွားကြတဲ့ သဘာဝရှိတယ်။ နောက်တခုက ဒီထဲမှာမှ ဘာသာရေးနဲ့ပါ ရောလိုက်တော့ ပိုပြီးတော့မှ ယုံကြည်ကိုးစားပြီးတော့မှ လိုက်နာ မိသွားတတ်တာပေါ့။ အဲ့လို လုပ်တဲ့အတွက်တော့ စိတ်ပိုင်းဆိုင်ရာ သက်သာမှုက ရကောင်းရနိုင်ပေမဲ့ တကယ်လို့များ လမ်းကြောင်း လွဲသွားတယ်ဆိုရင် အင်မတန်နစ်နာပါတယ်” ဟု ပြောသည်။

ယခုလို လွဲမှားသည့် အကြောင်းအရာများကို ဝေဝေဆာဆာထွက်ပေါ်နေချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန နှင့် တရားဝင်မီဒီယာများကလည်း မှန်ကုန်သည့် သတင်းအချက်အလက်များကို အစဉ်မပြတ်ထုတ်ပြန်ပေးနေရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ဦးကျော်ရင်မြင့် က “မခိုင်မာဘဲနဲ့ တနည်းပြောရရင် သုတေသနပြုထားပြီးတော့မှ လက်ခံထားတာမျိုး မဟု တ်တာတွေကိုတော့ ဖြန့်ဝေတဲ့ သူတွေက ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ ဒီလိုဆင်ခြင်တတ်ဖို့ ဆိုရင်လည်း ဒါကိုလုပ်တဲ့သူတွေကိုယ်တိုင်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်လည်း မြှင့်‌နေဖို့လိုပါတယ်” ဟု ပြောဆိုသည်။

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ဆွေမျိုးပေါက်ဖော်မီဒီယာလယ်တီဆရာတော်ဝါဒဖြန့်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

by မောင်ကဝိ
30 March 2024
8.1k

အဲဒီ တွေ့ဆုံမေးမြန်းမှုဟာ ရုရှားသရော်စာလားလို့သာ မေးရပါမယ်။ အဖြေကတော့ စစ်ကောင်စီထိန်းချုပ် မီဒီယာက ထုတ်ဝေတဲ့ တွေ့ဆုံမေးမြန်းမှု စာသားတွေထဲမှာပဲ ရှိနေပါတယ်။

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင် “တုနှိုင်းမမီသည့်စံ”ဇာတ်ကား ရုံတင်ရက် ရွှေ့ဆိုင်း

by ဧရာဝတီ
27 November 2023
6.6k

“တုနှိုင်းမမီသည့်စံ” ရုပ်ရှင်ဇာတ်ကားအား ဒါရိုက်တာဝိုင်းက ရိုက်ကူးပေးခဲ့ပြီး ဗိုလ်မှူးကြီးမြင့်အောင်က နာမည်ခံပေးခြင်းဖြစ်သည်ဟု ရုပ်ရှင်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

by David Scott Mathieson
10 August 2023
6.6k

မြန်မာစစ်တပ်သည် နိုင်ငံတကာ တရားစီရင်မှုထက် မြန်မာပြည်သူများကို ပိုမိုကြောက်လန့်သည်။

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

by မောင်ကဝိ
15 November 2024
6k

"အမေရိကန်က လုပ်နေနိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်က စိုးရိမ်တယ်။ CIA နဲ့ ထိုင်ဝမ် သူလျှိုတွေနဲ့ပတ်သက်ပြီး တရုတ်က သိချင်တယ်"

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

by ဝတ်ရည်ခိုင်မာ
19 September 2023
5.7k

ဂလိုဘယ်တိုင်းမ် အယ်ဒီတာက မြန်မာလူထု လိုလားသည့် ဖက်ဒရယ်နှင့် ပါတီစုံဒီမိုကရေစီ ဆိုသည်မှာ မြန်မာနှင့် မကိုက်ညီသည့် အနောက်တိုင်းပုံစံဟု ကောက်ချက်ချထားသည်။

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

by ဧရာဝတီ
14 November 2023
5.4k

ဦးသိန်းစိန် အစိုးရတွင် ပညာရေးအကြံပေး လုပ်ခဲ့သည့် ရှမ်း-မွန် တိုင်းရင်းသူ ဒေါ်ရင်ရင်နွယ်က ဂမ်ဘီယာနိုင်ငံကို ထိုထက်ပင် ပိုမိုစော်ကားသည်။

Next Post
ပြင်သစ်လုပ်ငန်းရှင်များနှင့် UMFCCI မှတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနေစဉ်  / မျိုးပပစန်း / ဧရာဝတီ

စီးပွားရေး၊ ရင်းနှီးမြှုပ်နှံရန် ပြင်သစ်လုပ်ငန်းရှင်များ မြန်မာနှင့် လာဆွေးနွေး

ဖန်ငခရိုင်ရှိ ဆီအုန်းခြံတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား တဦး / မျိုးမင်းစိုး / ဧရာဝတီ

အလှမ်းဝေးနေဆဲ ရွှေ့ပြောင်းလုပ်သားများရဲ့ မဲပေးနိုင်ခွင့် အိပ်မက်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate