ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရန် အခွင့်အလမ်းရှိဟု WHO ပြော
ကျယ်ပြန့်သည့် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတခုဖြစ်လာသော ကြောက်မက်ဖွယ် ကိုရိုနာဗိုင်းရပ်စ်သစ်ကို ရပ်တန့်ရန် အခွင့်အလမ်းတခုရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောသည်။ ၎င်းဗိုင်းရပ်စ်ကိုတိုက်ဖျက်ရန် တရုတ်၏ အရေးယူဆောင်ရွက်မှုများသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ရပ်တန့်မှုတွင် ကောင်းမွန်သည့် နည်းလမ်းတခုဖြစ်သည်ဟု ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ပြောသည်။
ရောဂါဖြစ်ပွားမှုအပေါ် တရုတ်အရာရှိများ၏ ကနဦးကိုင်တွယ်မှုမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရစဉ် ယင်းချီးကျူးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
အင်္ဂါနေ့တနေ့တည်းမှာပင် တရုတ်တွင် အသစ်ကူးစက်ခံသူ ၄,၀၀၀ နီးပါးရှိသည်ဟု အတည်ပြုခဲ့သည်။ သေဆုံးမှုအရေအတွက်မှာ ၄၉၀ အထိရောက်ရှိခဲ့ကာ ပြည်မကြီးတွင် တနေ့တည်းမှာပင် သေဆုံးသူ ၆၅ ဦးအထိ တိုးမြင့်ခဲ့ကြောင်း တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်မှ နောက်ဆုံးရရှိသော စာရင်းဇယားများအရ သိရှိရသည်။ နောက်ဆုံး သေဆုံးသူအားလုံးမှာ ရောဂါဖြစ်ပွားမှု၏ ဗဟိုချက် ဟူပေးပြည်နယ်မှ ဖြစ်သည်။
တရုတ်နိုင်ငံတခုတည်းမှာပင် ယခုအခါ ကူးစက်ခံရသူအရေအတွက်မှာ ၂၄,၃၀၀ ရှိပြီး ကမ္ဘာတဝန်းမှ အခြားနိုင်ငံများတွင်လည်း ကူးစက်ခံမှု အနည်းငယ်စီရှိသည်။ ယင်းဗိုင်းရပ်စ်ကူးစက်ခံရမှုကြော
အသက် ၆၀ ကျော်အတွင်း သေသူအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်နှင့် ၎င်းတို့အနက် ၇၅ ရာခိုင်နှုန်းမှာ နှလုံးသွေးကြောရောဂါနှင့် ဆီးချိုကဲ့သို့ ရောဂါအခံရှိသည်ဟု တရုတ်အမျိုးသားကျန်းမာရေးကော်
ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ပြင်းထန်သည့် အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်ကာ များသောအားဖြင့် အဖျားဝင်ရာက ရောဂါလက္ခဏာ စတင်သည်။ ထို့နောက် ချောင်းခြောက်ဆိုးသည်။ ကူးစက်ခံရသူအများစုမှာ အပြည့်အ၀ ပြန်ကောင်းလာနိုင်ခြေရှိသည်။

WHO က ဘာပြောခဲ့သလဲ
ရောဂါဖြစ်ပွားမှုဗဟိုချက်ဖြစ်
“မြင့်မားတဲ့အရေးယူဆောင်ရွက်ချ
နိုင်ငံ၏ တုံ့ပြန်ဆောင်ရွက်မှုများတွင် အားနည်းချို့ယွင်းမှုများ ရှိခဲ့ပါသည်ဟု တရုတ်၏ ထိပ်တန်းခေါင်းဆောင်ပိုင်းက ဝန်ခံလိုက်ပြီးနောက် နောက်တနေ့တွင် အဆိုပါ ချီးကျူးသည့် သုံးသပ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားမှုအစတွင် ဗိုင်းရပ်စ်၏ပြင်းထန်မှုကို အစိုးရက လျှော့လျှော့ပေါ့ပေါ့ ပြောသည်ဟု စွပ်စွဲကြပြီး တချို့ဖြစ်ရပ်များတွင် ဗိုင်းရပ်စ်သတင်းကို လျှို့ဝှက်ထားရန် ကြိုးစားခဲ့သည်ဆိုသည်။
ယင်းဗိုင်းရပ်စ်ကြောင့် ခရီးသွားလာမှုနှင့် ကုန်သွယ်မှုများအား ကန့်သတ်တင်းကျပ်မှုများ မပြုလုပ်ကြရန် ဒေါက်တာ Tedros က ထပ်မံပြောကြားခဲ့ပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ယင်းသို့ အရေးယူဆောင်ရွက်မှု လုပ်ထားကြောင်း တရားဝင်အစီရင်ခံထားသည်ဟု ၎င်းကပြောသည်။ ကန့်သတ်မှုတွင် ကာလတိုရန်၊ အချိုးကျဖြစ်ရန်နှင့် မှန်မှန်သုံးသပ်မှုလုပ်ရန်လည်း နိုင်ငံများကို ၎င်းက တိုက်တွန်းထားသည်။
သို့သော်လည်း တချို့ကန့်သတ်များက WHO ၏ အကြံပြုချက်နှင့် ဆန့်ကျင်နေပြီး နိုင်ငံများအနေဖြင့် အလွန်အကျွံတုံ့ပြန်မှု မလုပ်ကြရန် ဂျီနီဗာရှိ ကုလဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ရွှီးက ပြောသည်။
ကမ္ဘာတဝန်းက နောက်ဆုံးအခြေအနေ
ယခုရောဂါဖြစ်ပွားမှုမှာ တကမ္ဘာလုံးတွင် ပျံ့နှံနေသောရောဂါတခုအဖြစ်သို့ မရောက်သေးဟု WHO ၏ ကမ္ဘာလုံးဆိုင်ရာ ရောဂါကူးစက်မှုအန္တရယ် ကြိုတင်ပြင်ဆင်မှုဋ္ဌာနခွဲ အကြီးအကဲ Sylvie Briand က အစောပိုင်းက ပြောကြားထားသည်။ နိုင်ငံပေါင်း နှစ်ဒါဇင်ကျော်တွင် ကူးစက်ခံရသူများရှိနေပြီဟု သတင်းရသော်လည်း အာဖရိကနှင့် လက်တင်အမေရိကတွင် ကူးစက်ကြောင်း အတည်ပြုမှုများ မရှိသေးပေ။
ခိုင်မာမှုမရှိသော ကောလာဟလများကို ကိုင်တွယ်ရေး အရေးကြီးပုံကို ဒေါက်တာ Briand က အလေးထားပြောကြားခဲ့ပြီး ၎င်းကောလာဟလများက ကောင်းမွန်သည့် တုံ့ပြန်ဆောင်ရွက်မှုများအတွက် အတားအဆီး အနှောင့်အယှက်တခုဖြစ်စေသည်ဟု ၎င်းကဆိုသည်။ ထိုစဉ် တရုတ်နိုင်ငံပြင်ပတွင် နိုင်ငံကိုးနိုင်ငံတွင် လူအချင်းချင်းကူးစက်မှု ၂၇ မှုဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း WHO ကပြောသည်။
အခြားဖြစ်ထွန်းမှုများ
ဂျပန်တွင် ခရီးသည် ၁ ဦးတွင် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ရှိပြီးနောက် ခရုဇ်သင်္ဘောတစင်းပေါ်မှ လူ ၃,၇၀၀ ခန့်ကို ကျန်းမာရေးအရာရှိများက စစ်ဆေးခဲ့ရာ နောက်ထပ် လူ ၁၀ ဦး ကူးစက်ခံရကြောင်း တွေ့ရှိခဲသည်။
ဖြစ်န်ိုင်ပါက နိုင်ငံမှ ထွက်ခွာကြရန် တရုတ်ရှိ ၎င်းတို့၏နိုင်ငံသားများကို ဗြိတိန်နှင့် ပြင်သစ်အစိုးရတို့က ပြောကြားခဲ့ပြီး တနင်္ဂနွေနေ့တွင် နောက်ထပ် အထူးလေယာဉ်တစီးကို စင်းလုံးငှားမည်ဟု ဗြိတိန်နိုင်ငံခြားရေးရုံးက ပြောသည်။
သောကြာနေ့မှစ၍ လွန်ခဲ့သည့် ၁၄ ရက်အတွင်း ပြည်မကြီးတွင် ရှိနေခဲ့သည့် ပြည်ပနိုင်ငံသားများကို ဝင်ရောက်ခွင့် တားမြစ်မည်ဟု ထိုင်ဝမ်က ပြောသည်။
၎င်း၏လောင်းကစားရုံအားလုံးကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း တရုတ်၏ အထူးအုပ်ချုပ်ရေးဒေသနှင့် အာရှ၏ အကြီးမားဆုံး လောင်းကစားလုပ်ငန်း ဗဟိုချက်တခုဖြစ်သော မက္ကာအိုက ကြေညာခဲ့သည်။
ကူးစက်ပျံ့နှံမှု ဘယ်လောက်မြန်သလဲ
ဟောင်ကောင်တက္ကသိုလ်၏ ခန့်မှန်းချက်များအရ ကူးစက်ခံရသူ စုစုပေါင်းအရေအတွက်မှာ တရားဝင်စာရင်းဇယားများထက် လွန်စွာမြင့်မားသည် ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်မှု
(BBC ၏ Coronavirus: Window of opportunity to act, World Health Organization says ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဝူဟန်တုတ်ကွေး ဖျားရာက ပြန်ကောင်းလာသူများလည်း တိုးလာနေ