• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး နိုင်ငံရေး ပါတီငယ်များ ပါဝင်သည့် မဟာမိတ် ဖွဲ့စည်း

by ဇူးဇူး
5 February 2020
in သတင်း
A A
၂၀၂၀ ဖေဖေါ်ဝါရီ ၅ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ညီညွတ်သော နိုင်ငံရေး ပါတီများ မဟာမိတ် (UPPA)၏ သတင်းစာရှင်းလင်းပွဲ / မျိုးမင်းစိုး / ဧရာဝတီ

၂၀၂၀ ဖေဖေါ်ဝါရီ ၅ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ညီညွတ်သော နိုင်ငံရေး ပါတီများ မဟာမိတ် (UPPA)၏ သတင်းစာရှင်းလင်းပွဲ / မျိုးမင်းစိုး / ဧရာဝတီ

10.1k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် နိုင်ငံ အပြောင်းအလဲကို စုပေါင်းအားဖြင့် တတပ်တအား ပါဝင်လိုသည့် ရည်ရွယ်ချက်များဖြင့် ဟုဆိုပြီး ညီညွတ်သော နိုင်ငံရေး ပါတီများ မဟာမိတ် (UPPA) ကို နိုင်ငံရေး ပါတီငယ် ၉ ခုဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

UPPA ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်တွင် ပြုလုပ်ခဲ့ ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များ ရည်မှန်းချက်များကို မဟာမိတ် အစုအဖွဲ့တွင် ပါဝင်သည့် နိုင်ငံရေးပါတီ ခေါင်းဆောင် များက ရှင်းလင်း ပြောဆိုကြခြင်း ဖြစ်သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
26
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
58
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
267

“၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီငယ်လေးတွေ၊ ပါတီလတ်လေးတွေဟာ တပါတီချင်း တဦးချင်း ရွေးကောက်ပွဲကြီးကို ဖြတ်သန်းနေတာနဲ့စာရင် စုပေါင်းပြီး လက်တွဲဖြတ်သန်းခြင်း အပြန်အလှန် နားလည်မှုများဖြင့် ဖြတ်သန်းခြင်းဟာ ရလဒ် ကောင်းတွေ ပိုပြီးရလိမ့်မယ်။ ပိုမို တရားမျှတတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကို ဖော်ဆောင် သွားနိုင်လိမ့်မယ် လို့ ယုံကြည်တယ်”ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိုးညွန့်က ပြောသည်။

ယင်းအဖွဲ့တွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား/အလုပ်သမား ပြည်သူ့ပါတီ၊ လူထု ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ အမျိုးသား တိုးတက်မြင့်မားရေးပါတီ၊ အခြေခံလူ တန်းစားဘဝ မြင့်မားရေးပါတီ၊ ချင်းတိုင်းသား ပါတီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်တို့ ပါဝင်သည်။

အဆိုပါ နိုင်ငံရေး ပါတီများသည် ယခင် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကိုယ်စားလှယ် အနိုင် ရမှု မရှိသော ပါတီတချို့နှင့် ၂၀၁၅ နောက်ပိုင်းမှ အသစ်တည်ထောင်ထားသော နိုင်ငံရေးပါတီတချို့ ပါဝင်ကြောင်း သိရသည်။

လတ်တလောတွင် ၉ ပါတီဖြစ်သော်လည်း ထပ်မံ၍ ပူးပေါင်းပါဝင်ရန် ပြောဆိုထားသည့် ပါတီ ၆ ပါတီခန့် ရှိသေး ကြောင်း၊ တခြားသော မဟာမိတ် အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ညှိနှိုင်းသွားရန် ရှိကြောင်း ဦးမျိုးညွန့်က ရှင်းပြသည်။

UPPA အဖွဲ့ဝင် နိုင်ငံရေး ပါတီများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အချင်းချင်းမပြိုင်တော့ဘဲ တဦးဝင်ပြိုင်မည့် နေရာတွင် ကျန်သူများက ဝန်းရံသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ် နေရာအနှံ့တွင် ဝင်ရောက် ယှဉ်ပြိုင် သွားရန် ရှိသော်လည်း တိုင်းရင်းသား ပြည်နယ်များတွင်မူ တိုင်းရင်းသားပါတီ၊ ကိုယ်စားလှယ်များကိုသာ ဦးစားပေး သွားမည် ဖြစ်ကြောင်း မြန်မာ ပြည်သူ့ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်က ပြောသည်။

UPPA စုဖွဲ့မှု ပြုလုပ်ရန် လွန်ခဲ့သည့် သုံးလေးနှစ်ကတည်းက စိတ်ကူးရခဲ့ကြသော်လည်း ယခုတွင်မှ အကောင်အထည် ဖော်နိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးအေးလွင်က“နိုင်ငံတကာနဲ့ အပေးအယူလုပ်မယ်။ နိုင်ငံတကာ နဲ့ ငွေကြေးစီးဆင်းမှုတွေ ယူမယ်။ အဲဒီအားနဲ့ ရွေးကောက်ပွဲကို နိုင်အောင်လုပ်မယ်။ အဲဒီလိုမျိုးလုပ်တဲ့ နိုင်ငံရေးပါတီ မျိုး မြန်မာနိုင်ငံမှာ အာဏာမရလာဖို့ ရွေးကောက်ပွဲမှာ အနိုင်မရလာဖို့ အရေးကြီးတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဆက်လက်၍ ၎င်းက ပြည်သူကို ဗဟိုပြုသည့်၊ ဒီမိုကရေစီထွန်းကားရေးကို ဆောင်ရွက်သည့်၊ တိုင်းပြည်၏ အမျိုးသား အင်အားစု အချင်းချင်းကြားထဲတွင် သဟဇာတဖြစ်ရေး ဆောင်ရွက်နိုင်မည့်၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ပူး ပေါင်းဖြေရှင်းနိုင်မည့် နိုင်ငံရေးအင်အားစုမျိုး အာဏာရလာရေးအတွက် ပြည်သူလူထုက ထောက်ခံမဲများ ပေးလာရန် လိုသည်ဟုလည်း ဆိုသည်။

၂၀၂၀ အလွန် ရည်မှန်းချက်တွင် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ရေးကိုလည်း မျှော်မှန်းထားကြောင်း UPPA အဖွဲ့ဝင်များက တညီတညွတ်တည်း ဆိုသည်။

လက်ရှိတွင် မဟာမိတ်စုဖွဲ့မှုပုံစံဖြင့် ရပ်တည်နေသည့် အစုအဖွဲ့ ၃ ခုရှိနေပြီး UPPA သည် စတုတ္ထမြောက် နိုင်ငံရေး မဟာမိတ် အစုအဖွဲ့လည်း ဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါဝင်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာ မိတ်အဖွဲ့ (UNA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ပါဝင်သော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေး ရှင်း (NBF) နှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) တို့ ဖြစ်သည်။

You may also like these stories:

၂၀၂၀ ရွေးကောက်ပွဲမှာ လူငယ်ကိုယ်စားလှယ်လောင်းပါဝင်မှု ပိုများလာမလား

ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ရေး မျှော်မှန်းချက်ဖြင့် ရွေးကောက်ပွဲဝင်ရန် UNA ပြင်ဆင်နေ

Your Thoughts …
Tags: ၂၀၂၀ ရွေးကောက်ပွဲUPPAနိုင်ငံရေး ပါတီ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား

သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား

by ကျော်စွာမိုး
2 September 2019
115.1k

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ နေရာကို ပြန်လည်ရယူရေး စစ်ဗိုလ်ချုပ် ဟောင်းများနှင့် USDP အပါအဝင် သူတို့၏ မဟာမိတ်ပါတီများ နှင့် တပ်မတော် တွင် ဒုတိယ အစီအစဉ်တခု ရှိ/မရှိ

တပ်မတော်နေ့ စစ်ရေးပြပွဲ အခမ်းအနားတခုတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / Reuters

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်မှာလား

by ထက်နိုင်ဇော်
4 October 2019
28.8k

တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော် ပြောရေးဆိုခွင့် ဗိုလ်ချုပ် ထွန်းထွန်းညီရဲ့ ပြောဆိုမှုအရ တပ်ချုပ်မှာ နိုင်ငံရေး မျှော်လင့်ချက် ရှိနေပုံပါ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ ဒုဥက္ကဌ စိုင်းညွန့် လွင် / ဧရာဝတီ

ဗမာကို တိုင်းရင်းသားလို့ မမြင်တာ ပြဿနာ

by ချစ်မင်းထွန်း
29 July 2019
28.6k

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ ဒုဥက္ကဌ စိုင်းညွန့်လွင်ကို ဧရာဝတီက တွေ့ဆုံ မေးမြန်းထားသည်။

ရွေးကောက်ပွဲ အနိုင်ရ၍ အောင်ပွဲခံနေသော နေပြည်တော်ရှိ NLD ထောက်ခံသူများ/သီဟလွင်

၂၀၂၀ ရွေးကောက်ပွဲက တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပိုမိုနီးစပ်လာစေသည်

by Bertil Lintner
14 November 2020
40.4k

ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သောပါတီများကို ထောက်ခံခဲ့ပြီးနောက် တပ်မတော်သည် နိုင်ငံရေးအရှိတရား အသစ်တခုဖြစ်သည့် NLD ကို ရုတ်တရက် နားလည်လက်ခံသွားသည်။

ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ မဲရုံတွင် ဆန္ဒမဲပေးနေကြသူများ/ထက်ဝေ/ဧရာဝတီ

သူတို့ နိုင်ငံသားတာဝန်ကျေခဲ့ပြီ

by မေစစ်ပိုင်
8 November 2020
6.3k

မဲဆန္ဒနယ်အလိုက် နေရာများစွာမှာ မည်သည့်ပါတီက ကိုယ်စားလှယ်တွေ အနိုင်မလဲ။ တိုင်းရင်းသား မဲဆန္ဒ နယ်မြေတွေကလည်း တိုင်းရင်းသားအသံတွေကိုယ်စားပြု ထွက်ပေါ်လာဖို့ ဘယ်ကိုယ်စားလှယ်လောင်းတွေ အနိုင်ရ လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဌ သူရ ဦးရွှေမန်း  / ထက်နိုင်ဇော် / ဧရာဝတီ

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ရွေးကောက်ပွဲ ဝင်ပြိုင်မည် မဟုတ်

by ထက်နိုင်ဇော်
8 August 2020
21.2k

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဌ သူရ ဦးရွှေမန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည် မဟုတ် ကြောင်း ယနေ့ နေပြည်တော်ရှိ ၎င်း၏ ပါတီရုံးချုပ်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ...

Next Post
အနည်းဆုံးလုပ်ခလစာ ခေတ်နှင့်လျော်ညီရေး ဆန္ဒထုတ်ဖော်ပွဲပြုလုပ်စဉ် / ထက်ဝေ / ဧရာဝတီ

အလုပ်သမားရေးလှုပ်ရှားနေသူများ ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန် လှိုင်သာယာမှာ ဝင်ပြိုင်မည်

အကြောက်မလွန်ပါနဲ့ (ရုပ်/သံ)

အကြောက်မလွန်ပါနဲ့ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate