သတင်း

တံတားဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က စွဲဆိုသည့် ၆၆(ဃ)အမှု စွဲချက်တင်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စိုးနွယ်အေးမှ နေ၍ ဦးဗဟိန်းတင်ဆိုသူ အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲထားသည့် အမှုကို တံတားဦးမြို့နယ် တရားရုံးမှနေ၍ ယမန်နေ့က စွဲချက်တင် အမိန့်ချခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က တံတားဦး လူထုအသံလှိုင်း စာမျက်နှာတွင် “ဆော်ဆော် အမည်ရှိ ဖေ့စ် ဘုတ် အကောင့် တခုက “တံတားဦးမြို့မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်စိုးနွယ်အေးသည် ဦးကျော်မောင်၊ ဦးအောင်စိုး မြင့်၊ ကိုမြတ်ဆွေတို့သည် ဝန်ကြီးဦးဇာနည်အောင်ထံသို့ မြို့၏တခုတည်းသော မိန်းလမ်းမကြီးကို သွားရောက်တင်ပြရာ အရှက် ကွဲ၍ ပြန်လာရကြောင်း ကြားသိရပါသည်ဟု လည်းကောင်း၊ အဘယ့်ကြောင့်ဆိုသော် အမတ်မသည် သူကိုယ်တိုင် လာဘ် စားထားကြောင်း၊ လာဘ်စားရုံမက ကုမ္ပဏီအပေါ် ဖြတ်စားထားကြောင်း၊ ဖောက်စစ်ရာတွင်လည်း ဟန်ပြသာ ဖြစ်ကြောင်း ရေးသားခဲ့သည့် အတွက် ဒေါ်စိုးနွယ်အေးမှ တံတားဦးမြို့မရဲစခန်းတွင် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၄ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထို့အတွက် အမှုကို တံတားဦးမြို့နယ် တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ် ၁၃၇၆/၂၀၁၉ ဖြင့် လက်ခံစစ်ဆေး နေခြင်းဖြစ်သည်။

တရားလို၏ ဒေါ်စိုးနွယ်အေး၏ အကျိုးဆောင်ရှေ့နေ ဦးတိုက်ကြည်က “လူမှုကွန်ရက် ပေါ်မှာ Facebook အကောင့်တခု ကနေ တရားလိုရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် တင်ထားတာကို ဥပဒေနဲ့ အညီ တိုင်ကြားခဲ့တာ၊ ဒါကို ရဲတပ်ဖွဲ့နေ စုံစမ်း ဖော်ထုတ်ပြီး အဲဒါနဲ့ ပတ်သက်လို့ ရဲကနေ တရားစွဲတင်တယ်၊ ဒီလို လာတဲ့ အပေါ် သက်သေခံချက်တွေကလည်း ကွင်း ဆက်မပြတ် ပေါ်နေတယ်လို့ ကောက်ယူသုံးသပ်နိုင်တာကြောင့် အခုလို စွဲချက် တင်ခဲ့တယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က တံတားဦး လူထုအသံလှိုင်း စာမျက်နှာတွင် “ဆော်ဆော် အမည်ရှိ ဖေ့စ် ဘုတ် အကောင့် တခုက “တံတားဦးမြို့မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်စိုးနွယ်အေးသည် ဦးကျော်မောင်၊ ဦးအောင်စိုး မြင့်၊ ကိုမြတ်ဆွေတို့သည် ဝန်ကြီးဦးဇာနည်အောင်ထံသို့ မြို့၏တခုတည်းသော မိန်းလမ်းမကြီးကို သွားရောက်တင်ပြရာ အရှက်ကွဲ၍ ပြန်လာရကြောင်း ကြားသိရပါသည်ဟု လည်းကောင်း၊ အဘယ့်ကြောင့်ဆိုသော် အမတ်မသည် သူကိုယ်တိုင် လာဘ်စားထားကြောင်း၊ လာဘ်စားရုံမက ကုမ္ပဏီအပေါ် ဖြတ်စားထားကြောင်း၊ ဖောက်စစ်ရာတွင်လည်း ဟန်ပြသာ ဖြစ်ကြောင်း ရေးသားခဲ့သည်။

ထို့ပြင် “ဆော်ဆော် အမည်ရှိ ဖေ့စ်ဘုတ် အကောင့်မှနေ၍ ခရိုင်ချင်းဆက် မြေပေ ၄၀ အကျယ်ချဲ့ရာတွင် သိန်းပေါင်း ၂၄၀၀ ကို ဒေါ်စိုးနွယ်အေးမှ သိန်း ၉၀၀ ဖိုး ဂျင်းမြေ ရောင်းချ၍ ကိုယ်ကျိုးအတွက် သုံးကာ မြေရောင်းချထားကြောင်း တွေ့ရှိရပါသည်ဟု လည်းကောင်း စသည်တို့ကို ရေးသားခဲ့သည်ဟု သိရသည်။

အဆိုပါ အကောင့်ပိုင်ရှင်မှ ရေးသားရာတွင် နာမည်ဖော်ပြခြင်းခံရသူ ဦးမြတ်ဆွေကလည်း “ကျနော်တို့ကို ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ရည်ရွယ်ချက်ရှိရှိနဲ့ သိက္ခာချတာဖြစ်တယ်၊ မဟုတ်မမှန်တာတွေကို စွပ်စွဲပြီးတော့ တင်တာ၊ ကျနော်တို့ လည်း မကျေနပ်ပေမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကတော့ တရားစွဲပါတယ် ဟု ပြောသည်။

လက်ရှိတွင် တရားလို အပါအဝင် တရားလိုပြ သက်သေ ၁၄ ဦး တင်ပြခဲ့ပြီး ၈ ဦးအထိ စစ်ဆေးပြီးနောက် စွဲချက် တင်ခဲ့ခြင်းဖြစ်သည်။

စွပ်စွဲခံရသူဖြစ်သည့် ဦးဗဟိန်းတင်အား ဧရာဝတီမှ ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစုံတရာဖြေကြားမှု လုံး၀ မပြုလုပ်ခဲ့ပါ။

အဆိုပါအမှုအား ဆက်လက်စစ်ဆေးရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက်နေ့သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ပြီး ၎င်းရုံးချိန်းတွင် စွပ်စွဲခံရသူအား စတင်စစ်ဆေးသွားမည်ဟု သိရသည်။

You may also like these stories:

ရခိုင်တွင် အရပ်သားများ မိုင်းနင်းမိသည့်ကိစ္စ တပ်မတော်နှင့် AA ငြင်းဆို

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု ကျဆင်းဟု ကုလသမဂ္ဂ အစီရင်ခံ

အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်း အလုပ်သမားသမဂ္ဂများ ကန့်ကွက်

Did you find apk for android? You can find new Free Android Games and apps.
Loading