သတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၁၇ ဦးရှိပြီး ဇိမ်ခံသင်္ဘောတစင်းကို ၂ ပတ်ကြာ သီးခြားခွဲထား

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူအရေအတွက်မှာ စနေနေ့အထိ ၇၁၇ ဦးရှိလာပြီး လူသိများသော ဆရာဝန်တဦးသေဆုံးကာ တကမ္ဘာလုံးတုန်လှုပ်စေသည့် ထိုကူးစက်ရောဂါကို ကြိတ်မှိတ်ခံစားနေရသည်။

ထိုဗိုင်းရပ်သစ်သည် တရုတ်နိုင်ငံတွင်လူပေါင်း ၃၄၀၀၀ ကျော်ကို ကူးစက်ပြီး ထိုရောဂါသည် လွန်ခဲ့သော နှစ်နှောင်းပိုင်းက ဟူဘေးပြည်နယ်မြို့တော် ဝူဟန်တွင် ထူးဆန်းသော တိရစာ္ဆန်များရောင်းချသည့် ဈေးတဈေးမှ စတင်သည်ဟု ယူဆရသည်။

တရုတ်နိုင်ငံတွင် ရိုးရာဆေးမျာအတွက်အသုံးပြုပြီး အသားကို မှောင်ခိုဈေးများတွင် ရောင်းသည့် မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်ရင်ဆိုင်နေရသည့် မျိုးစိတ်ဖြစ်သော သင်းခွေချပ်သည် လူသားများကို ကူးစက်စေသည့် ထိုဗိုင်ရပ်ပိုးသယ်ဆောင်သူဖြစ်နိုင်ကြောင်း တရုတ် သုတေသီများက သောကြာနေ့တွင်ပြောသည်။

ကိုရိုနာဗိုင်းရပ်သည် တရုတ်နိုင်ငံတဝှမ်း ပျံ့နှံ့နေပြီး လူဦးရေး သန်းဆယ်ပေါင်းများစွာရှိသော မြို့ကြီးများကို အစိုးရက ပိတ်ဆို့ထားကာ နိုင်ငံပေါင်း နှစ်ဒါဇင်တွင် လူ ၂၄၀ ကို ကူးစက်သောကြောင့် တကမ္ဘာလုံး တုန်လှုပ်စေခဲ့သည်။

ကာကွယ်ရေးအစီအစဉ်များ တိုးမြှင့်ချမှတ်ထားသည့် ဟောင်ကောင်သည် တရုတ်နိုင်ငံမှ ရောက်ရှိလာသူများကို နှစ်ပတ်ကြာသီးခြားထားရှိမည့် မလိုက်နာဘဲမနေရသည့် အစီအစဉ်ကို စနေနေ့က စတင်ကျင့်သုံးနေပြီး ထိုအမိန့်ကို ချိုးဖေါက်သူမည်သူမဆိုကို ထောင် ၆ လ ချမှတ်မည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

ဟောင်ကောင်နှင့် ဂျပန်မှ အပျော်တမ်းခရီးထွက်သူ ထောင်နှင့်ချီသယ်ဆောင်လာသည့် ဇိမ်ခံသဘောင်္နှစ်စင်းကိုလည်း အာဏာပိုင်များက ရောဂါကူးစက်မှု ရှိမရှိ စစ်ဆေးရန် သီးခြားထားရှိစောင့်ကြည့်နေသည်။

ဂျပန်မှ Diamond Princess အမည်ရှိ ဇိမ်ခံသင်္ဘောပေါ်မှ လူ နောက်ထပ် ၄၁ ဦးတွင် ရောဂါကူးစက်ခံရကြောင်း သောကြာနေ့က စစ်ဆေးတွေ့ရှိသောကြောင့် ထိုသင်္ဘောပေါ်တွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၆၁ ဦးရှိပြီဖြစ်သည်။

ထပ်မံကူးစက်ခြင်းမရှိစေရန် Diamond Princess သင်္ဘောတွင် လိုက်ပါလာသူများကို ၎င်းတို့၏ အခန်းတွင်းတွင်သာ နေထိုင်ရန် အကြံပေးထားပြီး ခရီးသည်များသည် ဖေဖေါ်ဝါရီလ ၁၉ ရက်အထိ သီးခြားနေရမည်ဖြစ်သောကြောင့် စိတ်ပျက်နေကြသည်။

ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသည်ဟု သံသယရှိခရီးသည် တဦးလိုက်ပါလာသော အခြားသင်္ဘောတစင်းကို ဂျပန်နိုင်ငံတောင်ပိုင်းတွင် ဆိုက်ကပ်ခွင့်ပြုမည်မဟုတ်ကြောင်း အစိုးရကကြေညာထားသည်။

ဟောင်ကောင်တွင်မူ လူ ၃၆၀၀ ကို World Dream သင်္ဘောတွင်သာ သီးခြားထားရှိပြီးထိုသင်္ဘောမှ ခရီးသည်ဟောင်း ၈ ဦးတွင် ရောဂါကူးစက်ကြောင်း သိရှိထားသည်။

သူရဲကောင်းဆရာဝန်

ထိုကူးစက်ရောဂါကြောင့် နောက်ဆုံးသေဆုံးသူများအနက် တဦးမှာ ထိုဗိုင်းရပ်အကြောင်းလုပ်ဖေါ်ကိုင်ဖက်များကို ဒီဇင်ဘာလက သတိပေးသောကြောင့် ဝူဟန် ရဲတပ်ဖွဲ့၏ အပြစ်တင်ခြင်းခံရသူ မျက်စိအထူးကုဆရာဝန် လီဝန်လျံ ဖြစ်သည်။

သောကြာနေ့က အသက် ၃၄ နှစ်အရွယ် ထိုဆရာဝန်သေဆုံးသောကြောင့် ရောဂါအကျပ်အတည်းကို အစိုးရက ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် ဝမ်းနည်းမှုနှင့် ဒေါသများပေါ်ပေါက်စေသည်။

သူသည်လူနာတဦးကို ကုသစဉ်ရောဂါကူးစက်ခံရခြင်ဖြစ်ပြီး သူရဲကောင်းအဖြစ်သတ်မှတ်ခံရသူဖြစ်သည်။ ဇိမ်ကျနေသော အရာရှိများကို တွစ်တာကဲ့သို့သော တရုတ်နိုင်ငံမှ ဝေဘော် လူမှုကွန်ရက်တွင် ပြစ်တင်ဝေဖန်ပြီး လွတ်လပ်စွာပြောဆိုခွင့်ကို တောင်းဆိုနေကြသည်။

အစိုးရက သူ၏ မိသားစု ထံဝမ်းနည်းကြောင်း ပြောကြားပြီး စုံစမ်းစစ်ဆေးမှုတခုပြုလုပ်ရန် အမိန့်ထုတ်ပြန်သည်။

လီ သေဆုံးမှုသည် လူပြည့်ကျပ်နေပြီး ပစ္စည်းကိရိယာမလုံလောက်သည့် ဝူဟန်ရှိ ဆေးရုံများတွင် ဆရာဝန်များ ရင်ဆိုင်နေရသည့် ကြီးမားသည့် အန္တရာယ်ကိုလည်း ဖေါ်ပြနေသည်။ ဝူဟန်တွင် လူဦးရေး ၁၁ သန်းရှိပြီး ကိုရိုနာဗိုင်ရပ်စတင်သောနေရာဖြစ်သောကြောင့် ပိတ်ဆို့တားမြစ်ထားသည်။

ဆေးရုံများတွင် ဝန်ထမ်းနှင့် ဆေးဝန်ထမ်း မလုံလောက်သကဲ့သို့ ကာကွယ်ရေး ကိရိယာများလည်း မလုံလောက်ကြောင်း ဟူဘေးအာဏာပိုင်များကပြောသည်။

ဇန်နဝါရီလက ဝူဟန်ရှိ ဆေးရုံတခုတည်းတွင်ပင် ကျန်းမာရေးလုပ်သား ၄၀ ကို ကိုရိုနာ ဗိုင်းရပ်ကူးစက်ကြောင်း လေ့လာမှုတခုအရ သိရသည်။

ဝူဟန်မှ အာဏာပိုင်များသည် ရောဂါကူးစက်သည်ဟု သံသယရှိသူများနှင့် အတည်ပြုနိုင်သူများကို ပိုက်စိတ်တိုက်ရှာဖွေနေပြီး သီးခြားထားရှိစောင့်ကြည့်နေကြောင်း နိုင်ငံပိုင် မီဒီယာက ဖေါ်ပြသည်။

ရှီနှင့်ထရမ့်ဆွေးနွေး

ထိုကျန်းမာရေး အရေးပေါ်အခြေအနေနှင့်ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ သောကြာနေ့တွင် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုသည်။

ထိုရောဂါကူးစက်မှုနှင့်ပတ်သက်ပြီး ကျိုးကြောင်းဆီလျှော်စွာ တုန့်ပြန်ရန် ရှီက ထရမ့်ကို တိုက်တွန်းသည်။ အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံလာရောက်ခြင်းကို ပိတ်ပင်ထားသော နိုင်ငံများတွင် ပါဝင်သည်။

“အဓိကအားဖြင့် ကျနော်တို့ ကိုရိုနာဗိုင်းရပ်အကြောင်းပြောတယ်။ သူတို့အရမ်းကို ကြိုးစားလုပ်ဆောင်နေပြီး သူတို့ တကယ့်ကို ပညာရှင်ဆန်တဲ့ အလုပ်လုပ်နေတယ်လို့ ကျနော်ထင်တယ်” ဟု ထရမ့်က အိမ်ဖြူတော်မှ သတင်းထောက်များကို ပြောသည်။

ပျံ့နှံ့မြန်သည့် ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်ရန် တရုတ်နှင့်အခြားကူးစက်ခံနိုင်ငံများသို့ အမေရိကန်ပြည်ထောင်စုက ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း နိုင်ငခြားရေး ဝန်ကြီးမိုက်ပွမ်ပီယို ပြောသည်။

ကိုးကား။        ။ Bangkok Post

You can also like these stories:

ကိုရိုနာဗိုင်းရပ် ကူးစက်လူနာ ၁,၁၅၃ ဦး ဆေးရုံဆင်း

ခြေချုပ်မိနေသည့် ဝူဟန်ပြန် ကျောင်းသူအတွက် မန္တလေးမြို့တော်ဝန် မွေးနေ့လက်ဆောင်ပို့

ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ် မလွန်ကဲစေချင်ဘူး

Did you find apk for android? You can find new Free Android Games and apps.
Loading