လိမ္မော်ရောင် ကျန်းမာရေးအဆင့် သတ်မှတ်ခြင်းက စင်ကာပူကို ချောက်ချားစေ

ကိုရိုနာဗိုင်းရပ်သတိပေးမှုအဆင့်
စင်္ကာပူတွင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၃ ဦးရှိပြီး ကျန်းမာရေး သတိပေးသည့်အဆင့်ကို ၂၀၀၃ ခုနှစ်က ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ SARS နှင့် ၂၀၀၉ ခုနှစ်က H1N1 တုတ်ကွေးဖြစ်စဉ်က အဆင့်ဖြစ်သည့် လိမ္မော်ရောင်အဆင့်သို့ မြှင့်တင်လိုက်သောကြောင့် ဗိုင်းရပ်ပိုးသည် လူအချင်းချင်းအကြား ကူးစက်ပြီး စိုးရိမ်ရကြောင်းဖေါ်ပြရာရောက်
စင်္ကာပူတွင် လူပေါင်း ၃၀ နှင့် ကမ္ဘာတဝှမ်း လူရာချီသေဆုံးစေသော SARS ရောဂါကို ပြန်လည်သတိရစေသော ယခုရောဂါ ကြောင့် ဈေးဝယ်သူများသည် ရေအိမ်သုံးစက္ကူများ၊ ခေါက်ဆွဲခြောက်များနှင့် ဆန်များကိုလိုက်လံဝယ်ယူနေကြပြီး သောကြာနေ့ ညနေက တနိုင်ငံလုံးရှိ ဆူပါမားကက်မျာတွင်လူတန်းကြီးမျာ
“ဒီနေ့နေ့လယ်ကြေညာချက်ကြောင့် လူတွေစိတ်ပူတာကို ကျနော်နားလည်တယ်။ ဒါပေမယ့် မလိုအပ်ဘဲ ပစ္စည်းတွေ မစုဆောင်းရဘူး။ မလိုလားအပ်တဲ့ တုန်လှုပ်မှုတွေဖြစ်ပြီး လက်ရှိအခြေအနေအတွက် အထောက်အကူ မပြုဘူး” ဟု ကုန်သွယ်ရေးဝန်ကြီး ချန်ချွန်ဆင်းက အထိတ်တလန့် ဝယ်ယူမှုနှင့်ပတ်သက်ပြီး ဖေ့ဘွတ်တွင်ရေးသည်။
စင်္ကာပူနိုင်ငံ၏ အမြင့်ဆုံး သတိပေးသည့်အဆင့်မှာ အနီရောင်ဖြစ်ပြီး ဗိုင်းရပ်ပိုး အကျယ်အပြန့် ပျံ့နှံ့သည့် အခြေအနေဖြစ်ကာ ကျောင်းများပိတ်ခြင်းကဲ့သို့သော အစီအမံများ ချမှတ်နိုင်သည်။
“အရင်ရောဂါကူးစက်မှုတွေနဲ့ ဒါမှမဟုတ် တရုတ်နိုင်ငံကို ခရီးသွားတဲ့ သမိုင်းနဲ့ မသက်ဆိုင်တဲ့ ကူးစက်မှုတွေရှိလာလို့ အန္တရာယ်အကဲဖြတ်မှုကို အဆင့်မြှင့်လိုက်တာ” ဟု ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့က လိမ္မော်ရောင်အဆင့်မြှင့်တင်ချိ
လုပ်ငန်းများအနေဖြင့် လူမှုအသိုင်းအဝန်းများအတွင်း ကျယ်ကျယ်ပြန့်ပြန့်ကူးစက်ခြင်း
စင်္ကာပူလေကြောင်းပြပွဲကိုမူ လာမည့်အပါတ်အတွင်း ဆက်လက်ကျင်းပမည်ဖြစ်သော်လည်း အများပြည်သူလာရောက်လေ့လာခြင်းကို

သောကြာနေ့က ဖြစ်ပွားသည့် ကူးစက်မှုသစ်များတွင် တဦးမှာ ကျောင်းဆရာမဖြစ်ပြီး သူမနှင့် ထိတွေ့ဆက်ဆံရသော ကျောင်းသူကျောင်းသားများနှင့် ဝန်ထမ်းများသည် အိမ်တွင် နှစ်ပတ်နေရမည်ဖြစ်သည်။
စင်္ကာပူတွင် စီးပွားရေးုလုပ်ငန်းအစည်းအဝေး လာတက်သော ဗြိတိန်နိုင်ငံသားတဦးသည် စင်္ကာပူ၊ မလေးရှားနှင့်တောင်ကိုရီးယားတို့
အာဏာပိုင်များသည် ဇန်နဝါရီလလယ်က Grand Hyatt Hotel တွင် အမည်မဖေါ်သော လုပ်ငန်းက ပြုလုပ်ခဲ့သည့် ဝန်ထမ်း ၁၀၀ ကျော် ပါသော အစည်းအဝေးမှ ရောဂါကူးစက်မှု၏ ရင်းမြစ်ကို မဖေါ်ထုတ်ရသေးကြောင်းလည်း မက်ပြောသည်။
စင်္ကာပူတွင် ပြည်တွင်းကူးစက်မှု အထောက်အထားများ မြင့်မားလာသောကြောင့် လူအများမှာ ရွေးစရာ မရှိတော့ပေ။
“မြှင့်တင်လိုက်တဲ့ ဗိုင်းရပ် သတိပေးမှုအဆင့်က ဘာကို ဆိုလိုတယ်ဆိုတာကို လူတွေက သိပ်မသိဘဲ ပစ္စည်းတွေနဲ့ အခြားအရေးပါတဲ့အရာတွေကို စုဆောင်းနေကြတယ်။ ဒါက လူစုလူဝေးလိုက် စိတ်ခြောက်ခြားမှုဖြစ်တယ်” ဟု ရပ်ကွက် ကုန်စုံဆိုင်တွင် တနာရီခန့် တန်းစီခဲ့ရသည့် အသက် ၄၅ နှစ်အရွယ် နည်းပညာလုပ်ငန်းအမှုဆောင် တဦးကပြောသည်။
ကိုးကား ။ ။ Reuters
You may also like these stories:
ကိုရိုနာဗိုင်းရပ် ကူးစက်လူနာ ၁,၁၅၃ ဦး ဆေးရုံဆင်း
ခြေချုပ်မိနေသည့် ဝူဟန်ပြန် ကျောင်းသူအတွက် မန္တလေးမြို့တော်ဝန် မွေးနေ့လက်ဆောင်ပို့