• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မနက်တိုင်းနီးပါး ရန်ကုန်လေထုညစ်ညမ်းမှု အန္တရာယ်ရှိနေ

by ဇော်ဇော်ထွေး
13 February 2020
in သတင်း
A A
ရန်ကုန်သားများ မျက်နှာဖုံးတပ်ရန် အကြံပေးထားသည် / ဧရာဝတီ

ရန်ကုန်သားများ မျက်နှာဖုံးတပ်ရန် အကြံပေးထားသည် / ဧရာဝတီ

12.1k
VIEWS
Share on FacebookShare on Twitter

မနက်ခင်းတိုင်းနီးပါး လေထုညစ်ညမ်းမှုသည် ကျန်းမာရေး ထိခိုက်နိုင်သည့် အနီရောင်အဆင့်ရှိနေသောကြောင့် ရန်ကုန်တွင်နေထိုင်သူများအနေဖြင့်  မျက်နှာဖုံးများဝတ်ဆင်ရန် မြို့တော်၏ လေထုအရည်အသွေးကို စောင့်ကြည့်နေသည့် ရန်ကုန်မြို့လေထုအရည်အသွေး (YAQ) က မေတ္တာရပ်ခံထားသည်။

ထိုအဖွဲ့ကို ရန်ကုန် အမေရိကန် တက္ကသိုလ်မှ ပညာရပ်ဆိုင်ရာအကြံပေး ဒေါက်တာ ကာ့တ် ပေ့ဂျ်နှင့် ကျောင်းသား  ၆ ဦးက ၂၀၁၈ ခုနှစ်တွင်ထူထောင်ခဲ့သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
16
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
48
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
247

ထိုအဖွဲ့သည် ရန်ကုန်မြို့၏ လေထုအရည်အသွေးကို အချက် ၆ ချက်ဖြင့်တိုင်းတာပြီး ဖေ့ဘွတ်တွင် သတင်းအချက်အလက်မျှဝေနေသည်။

အင်္ဂါနေ့နံနက်က ရန်ကုန်၏ လေထုအရည်အသွေး အညွှန်းကိန်း (AQI) သည် ကျန်းမာရေးထိခိုက်နိုင်သည့် ၁၇၃ သို့ရောက်ပြီး အန္တရာယ်ရှိ အနီရောင်အဆင့်သို့ရောက်နေသည်။

ယနေ့ ကြာသပတေးနံနက်ပိုင်းတွင်မူ ရန်ကုန်၏ လေထုအရည်အသွေး အညွှန်းကိန်း (AQI) သည် ၁၄၅ သို့ ကျသွားပြီး လိမ္မော်ရောင်အဆင့် ဖြစ်ခဲ့သည်။ ယမန်နေ့ကလည်း ၁၃၄ ဖြစ်ခဲ့သည်။

၂၀၁၉ ခုနှစ်နိုဝင်ဘာလမှစတင်ပြီး ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုသည် နံနက်တိုင်း အနီရောင်အဆင့်ဖြစ်ပြီး ညနေပိုင်းတွင် လိမ္မော်ရောင်အဆင့်ဖြစ်ကြောင်း YAQ အဖွဲ့ဝင် မမြတ်ဖူးပွင့်ကျော်က ဧရာဝတီသတင်းဌာနသို့ပြောသည်။

အဝါရောင်အဆင့် ညစ်ညမ်းမှုသည် AQI 101 မှ ၁၅၀ အထိဖြစ်ပြီး ထိခိုက်လွယ်သူများအတွက် အန္တရာယ်ရှိသည်။

အနီရောင်အဆင့်သည် အညွှန်းကိန်း ၁၅၀ မှ ၂၀၀ အထိဖြစ်ပြီး ထိခိုက်လွယ်သူများသာမက လူတိုင်းလူတိုင်းအတွက် ခံစားရနိုင်သည်။

အန္တရာယ် အလွန်များသောအဆင့်များကို နီညိုရောင်အဆင့် အညွှန်းကိန်း အမှတ် ၃၀၀ ကျော်မှ စတင် သတ်မှတ်ထားပြီး လူတိုင်းကျန်းမာရေး အပြင်းအထန် ထိခိုက်နိုင်သည့် အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်သည်။

ရန်ကုန်မြို့၏ အခြေအနေသည် လွန်ခဲ့သောလက ခရမ်းရောင်အဆင့် အညွုန်းကိန်း အမှတ် ၂၀၁ မှ ၃၀၀ အကြားရောက်ရှိခဲ့ကြောင်း YAQ ၏ အဆိုအရ သိရသည်။

“ပြည်သူတွေက လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး သတိရှိလာကြပြီ။ မျက်နှာဖုံးဝတ်ဆင်တာ သင့်တော်တယ်” ဟု မမြတ်ဖူးပွင့်ကျော်ပြောသည်။

ပြည်သူများအနေဖြင့် ကိုယ်ပိုင်ကားမသုံးဘဲ အများပြည်သူသယ်ယူပို့ဆောင်ရေးကိုသာသုံးရန် သူတိုက်တွန်းသည်။

လေထုညစ်ညမ်းမှုသည် သေဆုံးမှုနှင့် ရောဂါဖြစ်ပွားမှုများဖြစ်ရန် အဓိကအကြောင်းရင်းတခုဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောကြားထားသည်။

အဓိကအားဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ နာတာရှည် သွေးကြောပိတ်ရောဂါ၊ အဆုတ်ကင်ဆာနှင့် ကလေးများ အသက်ရှူလမ်းကြောင်းရောဂါများကြောင့် ကမ္ဘာတဝန်း နှစ်စဉ် အချိန်မတိုင်မီ ခန့်မှန်းခြေသေဆုံးမှု ၄.၂ သန်းသည်လေထုညစ်ညမ်းမှုနှင့် ပတ်သက်နေကြောင်း WHO ပြောသည်။

လေထုညစ်ညမ်းမှုကြောင့် မြန်မာနိုင်ငံတွင် အချိန်မတိုင်မီ သေဆုံးမှု ၄ သောင်း ၅ ထောင်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၇ ခုနှစ်တွင်ပြောသည်။

(Zaw Zaw Htwe ၏ Yangon Pollution Hits Danger Levels Each Morning: Monitors  ကို ဘာသာပြန်သည်။)

You may also like these stories:

ကိုရိုနာဗိုင်းရပ် COVID-19 ဆေးထုတ်ရန် ၁၈ လကြာမည်ဟု ပြော

ကိုရိုနာဗိုင်းရပ်က ကိုးရက်ကြာအထိ အသက်ရှင်နိုင်

ဝူဟန်ဗိုင်းရပ်စ်အကြောင်း ပထမဆုံး သတိပေးခဲ့တဲ့ တရုတ်ဆရာဝန် ကွယ်လွန်

Your Thoughts …
Tags: ရန်ကုန်လေထုညစ်ညမ်းမှုလေထုအရည်အသွေးအညွှန်းကိန်း
ဇော်ဇော်ထွေး

ဇော်ဇော်ထွေး

Contributor

Similar Picks:

No Content Available
Next Post
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းပါ ပုဒ်မ ၄(ဃ)အရ အိမ်ထောင်ရှင် အမျိုးသားအနေဖြင့် ဇနီးမယား ပိုင် ဝင်ငွေနှင့် ပစ္စည်းများကို ထိန်းချုပ်ပါက စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု အဖြစ် သတ်မှတ်ခံရမည်ဟု ဆိုသည်။

အိမ်ထောင်ဖက်အမျိုးသမီး၏ ငွေကြေးနှင့်ပစ္စည်းများကို ထိန်းချုပ်ပါက စီးပွားရေးအကြမ်းဖက်မှုမြောက်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့  / မင်းအောင်ခိုင် / ဧရာဝတီ

ဘူးသီးတောင်တွင် လက်နက်ကြီးကျ၍ ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate