• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုဂံဘုရားတွင် ညစ်ညမ်းဗီဒီယို ရိုက်ကူးသူများအား အရေးယူနိုင်ရေး စုံစမ်း

by ဇူးဇူး
13 February 2020
in သတင်း
A A
ပုဂံမြို့ဟောင်းအတွင်းရှိ ဘုရားများ / သက်နှင်းထွေး / ဧရာဝတီ

ပုဂံမြို့ဟောင်းအတွင်းရှိ ဘုရားများ / သက်နှင်းထွေး / ဧရာဝတီ

15.9k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ ဘုရားတဆူတွင် ညစ်ညမ်းဗီဒီယို ရိုက် ကူးသွားသူများအား အရေးယူမှု ပြုနိုင်ရေး စုံစမ်းမှုများ ပြုလုပ်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က သိရသည်။

ထိုဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က “စီမံခန့်ခွဲရေးကိုလည်း တင်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဟိုတယ်ခရီးနဲ့လည်း ချိတ်ဆက်ပြီး ဘယ်တုန်းက တည်းသွားတယ် ဆိုတာတွေကို စိစစ်နေတယ်။ တပိုင်းကလည်း ဒီလို မဖြစ်အောင်လည်း ဒါတွေကို စောင့်ရှောက်နိုင်ဖို့ရာ ဆောင်ရွက်နေတယ်” ဟု ယနေ့ နေ့လယ်ပိုင်းက ဧရာဝတီကို ပြော သည်။

RelatedPosts

ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

20 June 2025
569
ကရင်နီ၌ စက်သုံးဆီပြတ်လာ

ကရင်နီ၌ စက်သုံးဆီပြတ်လာ

20 June 2025
197
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
1.6k

ဆက်လက်၍ ၎င်းက “ဒီထဲမှာတင် ရှိတယ် ဆိုရင်တော့ ပထမတချက် မှတ်ပုံတင်နံပါတ်နဲ့ လူနဲ့ ဘယ်မှာတည်းသွား တာ တိတိကျကျ သိတယ်ဆိုရင်တော့ Black list လုပ်ရမှာပေါ့။ သံရုံးကို တရားဝင် ကန့်ကွက်လို့ ရမှာပေါ့” ဟုလည်း ဆိုသည်။

ဒုတိယအချက် အနေဖြင့် လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နေမှုနှင့် ပတ်သက်၍ ပြန်ဖြုတ်ချနိုင်ရန် အိုင်တီ ပညာရှင်များ နှင့် လုပ်ရမည် ဖြစ်ပြီး ရီပို့ ဝိုင်းထုကာ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည် ဟုလည်း ၎င်းက ပြောသည်။

နိုင်ငံခြားသားစုံတွဲ ရိုက်ကူးသွားသည့် အဆိုပါ ဗီဒီယိုသည် ပုဂံဘုရား အမှတ် ၁၅၅၄ နှင့် ၁၅၅၆ အနီးတွင် ရိုက်ကူးခဲ့ ခြင်းဖြစ်ပြီး ဘုရားအမှတ် (၁၅၅၄) ကို ပေါ်လွင်အောင် ရိုက်ကူးခဲ့ရုံ သာမက ပတ်ဝန်းကျင်ရှိ လွင်ပြင် မြက်ခင်းများကို ပါ ရိုက်ကူး ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းဗီဒီယိုဖိုင်ကို လွန်ခဲ့သည့်၂ လခန့်ကတည်းက ညစ်ညမ်းဝက်ဘ်ဆိုက်များတွင် ရောင်းချခဲ့ပြီး ယခုအခါ လူမှုကွန် ရက် စာမျက်နှာ၌ပါ ပျံ့နှံ့နေသည်။

၎င်းတို့ တင်ထားသည့် ဝက်ဘ်ဆိုက်တွင် အဆိုပါ ဗီဒီယိုဖိုင်ကို Download ဆွဲမည်ဆိုပါက အမေရိကန်ဒေါ်လာ ၂၀ ပေးချေရမည် ဖြစ်ကာ ယနေ့ နေ့လယ် ၃ နာရီခန့် အထိ ဝင်ရောက် ကြည့်ရှုသူပေါင်း၂၂၂၁၆၇ ရှိပြီ ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ဘုရားများတွင် အစောင့်ထားနိုင်မှု နည်းနေသေးခြင်းနှင့် အမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်သည့် ရဲတပ်ဖွဲ့ဝင်များ မရှိခြင်းကြောင့် ဖြစ်ကြောင်း အမွေအနှစ် ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုးက ထောက်ပြသည်။

“ဒါက တော်တော်လေးကို ရုန့်ရင်းတာပေါ့။ ကျမတို့ တိုင်းပြည်မှာ ဒါမျိုးက လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ တဖက်မှာလည်း ကျမတို့ နိုင်ငံတော် စီးပွားရေး တိုးတက်ဖို့ဆိုပြီး Tourists တွေကို ဖိတ်ခေါ်တယ်။ Tourism Development တွေ လုပ် တယ် ဆိုတဲ့နေရာမှာ စီမံခန့်ခွဲရေး အပိုင်းမှာ အားနည်းနေသေးတယ်” ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

ဆက်လက်၍ ၎င်းက လာသည့် ဧည့်သည်များတွင် ကောင်းသူက အများစု ဖြစ်သော်လည်း အုတ်ရောရော ကျောက် ရောရောဖြင့် ပါလာသည့် လူမျိုးများလည်း ရှိမည်ဖြစ်ရာ မကောင်းသူများ ရှိလာပါက မည်သည့်နည်းဖြင့် စီမံ ကွပ်ကဲ မည်၊ ဥပဒေဖြင့် မည်သို့ အရေးယူမည် ဆိုခြင်းများ သေချာကွဲပြားစွာ ရှိမနေသလို လူအများအနေဖြင့်လည်း သိမနေ ကြောင်း ရှင်းပြသည်။

တဖက်က ဧည့်သည်များများလာစေရန် မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ တဖက်တွင်လည်း အမွေအနှစ်များ ထိန်းသိမ်းရေး၊ ရုန့်ရင်းသည့် ကိစ္စများ၊ ရှေးဟောင်းပစ္စည်းများ ခိုးထုတ်ခြင်း၊ ဖျက်ဆီးခြင်းမျိုးများ မဖြစ်နိုင်ရေး စီမံ ကြပ်မတ်ဆောင်ရွက်ရန် လိုနေသေးသည်ဟု ဒေါ်ဥမ္မာမျိုးက အကြံပြုပြောဆိုသည်။

“ပြင်းပြင်းထန်ထန် အရေးယူဖို့ကလည်း လိုအပ်နေတယ်။ မယူဘူးဆိုရင် ဒါမျိုးတွေက ထပ်ဖြစ်နေမှာပဲ” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက ပုဂံသည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တခုတည်းနှင့် ဆိုင်ခြင်း မဟုတ်ဘဲ မြန်မာ တနိုင်ငံလုံးနှင့် ဆိုင်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ပုဂံနှင့် ပတ်သက်သည့် စီမံခန့်ခွဲရေးအပိုင်းတွင် ပိုမို အာရုံ စိုက်ကာ လူအင်အား၊ ငွေအင်အား၊ နည်းပညာပိုင်း ဆိုင်ရာများ ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍လည်း စုံစမ်းဖော်ထုတ်ကာ နိုင်ငံတကာ ရဲများထိ အကြောင်းကြားပြီး ပြစ်မှုကျူးလွန် သူများကို အရေးယူရမည် ဖြစ်ကြောင်း၊ အီတလီ နိုင်ငံကဟု ရေးထားသည်ကို တွေ့ရာ အီတလီ အစိုးရကို အကူအညီ တောင်းကာ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူရန် လိုကြောင်း၊ နောက်နောင် ထိုကဲ့သို့ ဖြစ်ရပ်များ ထပ်မဖြစ်စေရန် အသိပညာပေးမှုများ လုပ်ရန် လိုအပ်သကဲ့သို့ ကြိုတင် ကာကွယ်ရန် အတွက်လည်း စီမံချက်များ ရှိနေရန် လိုကြောင်းလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်ကလည်း ပုဂံမြို့ဟောင်းရှိ အိုးထိန်းတောင်ကုန်းပေါ်သို့ တရုတ်နိုင်ငံသားများ မော်တော် ယာဉ်ဖြင့် တက်ရောက်ခဲ့ပြီး ဘီယာထိုင်သောက်ရန် စီစဉ်ခဲ့မှုကြောင့် ဒေသခံတချို့က ဝင်ရောက် တားမြစ်ရသည်အထိ ဖြစ်ပွားခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန်

ပုဂံတွင် စည်းကမ်းမဲ့ပြုမူသည့် တရုတ်နိုင်ငံသား ၂ ဦး ရှေးဟောင်း ဥပဒေဖြင့် တရားစွဲရန် ပြင်ဆင်

Your Thoughts …
Tags: ညစ်ညမ်းဗီဒီယိုပုဂံဘုရားအမှတ် ၁၅၅၄
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

by ဧရာဝတီ
1 October 2024
5.1k

ပထဝီအနေအထားအရ အနောက်တောင် မုတ်သုန်လေနှင့် ပါလာသော မိုးကို ရခိုင်ရိုးမက ကာဆီးထားသဖြင့် မိုးရိပ်ကျ သည့် Rain Shadow Area ခြောက်သွေ့ရပ်ဝန်း ပုဂံဒေသသည် ယခင်က မိုးနည်းခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ကာလများ ကမူ မိုးသည်းထန်မှု...

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

by ဧရာဝတီ
27 November 2023
3.6k

လတ်တလော၌ တိုက်ပွဲများ ပြင်းထန်လာခြင်း၊ စစ်ရေးအရှိန် မြင့်လာခြင်းတို့ကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များက ပြောသည်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

by ခွာညို
1 April 2024
2.3k

ဝန်ကြီး ဦးတင်ဦးလွင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ကျောင်းဆင်း ဖြစ်သည်။ ယခင် အစိုးရ အဆက်ဆက် ပညာရှင်ထက် စစ်တပ်မှ အရာရှိများကိုသာ ဦးစားပေးခန့်အပ်သည့် ပေါ်လစီ အတိုင်း ၂၀၂၃ ခု သြဂုတ်လကမှ...

စစ်ကိုင်းမြို့

စစ်ကိုင်းမြို့

by ဧရာဝတီ
20 April 2025
1.6k

မူလ အမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းလို့ ပြောင်းလဲ ခေါ်တွင် ခဲ့တယ် လို့လည်း…

ငလျင်လှုပ်ခြင်း

ငလျင်လှုပ်ခြင်း

by ဧရာဝတီ
6 April 2025
1.1k

မြန်မာနိုင်ငံမှာ အပြင်းထန်ဆုံးလို့ ယူဆရတဲ့ ငလျင်မှာ ၁၉၁၂ ခုနှစ် မေလ ၂၃ ရက် မနက် ၃ နာရီခန့်မှာ လှုပ်တဲ့ မေမြို့ ငလျင် ဖြစ်တယ်လို့ ဆိုပါတယ်။

Next Post
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်  /  ငြိမ်းငြိမ်း / ဧရာဝတီ

ကျနော်တို့ ခွဲထွက်ရေးဆိုတာကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး

အခင်းဖြစ်ပွားရာနေရာတွင် ပစ်ခတ်ခံရသူ / U Hla Moe / FB

တာချီလိတ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရသူ သေဆုံး

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.4k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate