သတင်း

တာချီလိတ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရသူ သေဆုံး

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့မွန်းလွဲပိုင်းက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံရသူ လီ ထိုက်ယုံ ဆိုသူမှာ ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း တာချီလိတ်ရဲစခန်းမှ သိရသည်။

သေဆုံးသူသည် တာချီလိတ်မြို့၊ ဆန်ဆိုင် () ရပ်ကွက်အတွင်း လမ်းပေါ်တွင်ရှိနေစဉ် ကားတစီး ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လည်ပင်း၊ ရင်အုံနှင့် လက်မောင်တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှူး ကအပစ်ခံရသူက ကိုးကန့်တရုတ်လူမျိုး၊ မြန်မာနိုင်ငံသားပါပဲ၊ မူးယစ်ဆေး ကိစ္စတွေလားဆိုတော့ မဟုတ်ဘူး။ အကြောင်းအရင်းကို ကျနော်တို့ စုံစမ်းနေတုန်းပါပဲဟု ဧရာဝတီသို့ ပြောသည်။

လုပ်ကြံဖြစ်ခတ်မှုနှင့် ပတ်သက်ပြီး တရားခံများမှာ ယနေ့ညနေပိုင်းအထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပြီး ဖမ်းဆီးမိရေး စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ထံက သိရသည်။

လတ်တလောတွင် ကွယ်လွန်သူ ရုပ်အလောင်းအား ချက်ချင်းသင်္ဂြိုလ်ရန် ပြောဆိုမှုများ ရှိနေသည့် အတွက်လည်း ညှိနှိုင်းနေရကြောင်း တာချီလိတ်နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ဆန်ဆိုင်း () ရပ်ကွက်ရှိ 1G1 ဟိုတယ်ဝန်းအတွင်းမှ နတ်စင်အား ထိုင်းနိုင်ငံသား တဦးက သေနတ်နှင့် ပစ်ခတ်ဖျက်စီမှုပြုလုပ်ခဲ့သည်။

ယင်းပစ်ခတ်မှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံသားနေထိုင်သည့် နေအိမ်သို့ သွားရောက်စစ်ဆေးရာတွင်လည်း မူးယစ်ဆေးဝါးနှင့် လောင်းကစားဂိမ်ခုံများ သိမ်းဆည်းမိခဲ့ကြောင်း Tachileik News Agency က သတင်းဖော်ပြထားသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးအမှုများ၊ သေနတ်နှင့်ပစ်ခတ်လုပ်ကြံမှုများ ဖြစ်ပွားလေ့ရှိပြီး လောင်းကစားဝိုင်းများဖွင့်လှစ်မှုနှင့်ပတ်သက်၍လည်း နိုင်ငံတော်သမ္မတကိုယ်တိုင် သတိပေးပြောဆိုမှုများ ရှိထားသည်။

You may also like these stories:

ဖျာပုံတွင် သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့် ဖခင်အား ဖမ်းဆီး

လပွတ္တာမြို့နယ် တရားရုံးအတွင်း၌ ဘိလစ်စာရေးဖြစ်သူ ကြိုးဆွဲချသေဆုံး

ပန်းတောင်းမြို့နယ်တွင် အမျိုးသမီး ၂ ဦး သေနတ်ဖြင့် ပစ်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading