• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်ချုပ်နှင့် ရခိုင်အဖွဲ့အစည်းများ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး

by မင်းအောင်ခိုင်
14 February 2020
in သတင်း
A A
နေပြည်တော်တွင် တပ်ချူပ်နှင့် ရခိုင်အဖွဲ့အစည်းများ တွေ့ဆုံနေကြစဉ် / ကာကွယ်ရေး ဦးစီးချုပ်ရုံး

နေပြည်တော်တွင် တပ်ချူပ်နှင့် ရခိုင်အဖွဲ့အစည်းများ တွေ့ဆုံနေကြစဉ် / ကာကွယ်ရေး ဦးစီးချုပ်ရုံး

33.1k
VIEWS
Share on FacebookShare on Twitter

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေး မောင် ဦးဆောင်သော စစ်တွေမြို့ပေါ်မှ ရပ်မိရပ်ဖ၊ လုပ်ငန်းရှင်များ ပါဝင်သော အဖွဲ့တို့ ဆွေးနွေးမှုတရပ် ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်သောအဖွဲ့နှင့် နေပြည် တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲပိုင်းက လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထား သည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
55
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
1.8k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
63

ဝန်ကြီး ဦးဇော်အေးမောင်က “အဓိကတော့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေး ရရှိဖို့ တိုက်ပွဲတွေ ဘယ်လို ရပ်စဲ ကြမလဲဆိုတာ ပြောခဲ့ကြပါတယ်။ ကျနော်တို့ ဘက်ကတော့ ပြောသင့်ပြောထိုက်တာ အားလုံးကို ပြောခဲ့ကြပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အတူ စစ်တွေမြို့မှ ရပ်မိ ရပ်ဖများ ဖြစ်ကြသည့် ဦးရွှေမောင်၊ ဦးသန်းရွှေ၊ ဦးရွှေကျော်သာ၊ ဦးသာနိုးအောင်၊ ဦးမြင့်ကျော်နှင့် ဦးစိန်သာဦးတို့လည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွေ့ဆုံပွဲ၌ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများ အပါအဝင် စစ်တွေမြို့ဖွံ့ဖြိုးရေးနှင့် သာသနာ့ဗိမာန် တည်ဆောက်ရေး လုပ်ငန်းများကိုပါ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးသည့် အကြောင်းအရာများကို သတင်းထုတ်ပြန်ထားပြီး ဖြစ်သည့် အတွက် ယင်းအနေဖြင့် အသေးစိတ် ပြောဆိုရန် မရှိကြောင်း ဦးဇော်အေးမောင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၁ နှစ်ကျော် ကြာမြင့်သည်အထိ စစ်ရေးပဋိပက္ခ ပြင်းထန်နေမှုနှင့် အတူ ငြိမ်းချမ်းရေး လမ်းစပျောက်ဆုံးနေသည့် အချိန်တွင် ထိုကဲ့သို့ ဗိုလ်မှူးချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ANP ပါတီမှ ဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင် သော အဖွဲ့ တွေ့ဆုံမှုမှာ ရခိုင်ပြည်သူ လူထုကြားတွင် ဝေဖန်မှုနှင့်အတူ လူထုစိတ်ဝင်စားမှုလည်း မြင့်တက်ခဲ့ကြသည်။

ရသေ့တောင်မြို့နယ် မယူကမ်းဒေသ ဖွံ့ဖြိုးရေး အသင်း ဥက္ကဋ္ဌ ဦးမောင်စောဝင်းက “ဒီတွေ့ဆုံမှုက ဘယ်သူကို ကိုယ်စား ပြုလို့ တက်တာလဲဆိုပြီး ရခိုင်လူမှုအဖွဲ့အစည်းကြားမှာ ဝိဝါဒ ကွဲလွဲပြီး မေးခွန်း ထုတ်စရာ ဖြစ်နေတယ်။ ကျနော်တို့ အမြင် ကလည်း ဒီတွေ့ဆုံမှုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ကတော့ တိုးတက်မယ့် အလားအလာ မမြင်ဘူး။ တွေ့ဆုံ မှုက သာမန် မိတ်ဖြစ်ဆွေဖြစ် ပြောဆိုမှုလောက်သာ ဖြစ်မယ်လို့ ထင်တယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင် အမျိုးသားပါတီ (ANP) ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ကာကွယ်ရေး ဦးစီးချုပ်နှင့် ဦးဇော်အေး မောင် ဦးဆောင်သော အဖွဲ့တို့၏ တွေ့ဆုံမှုမှာ ပါတီအား ကိုယ်စား မပြုကြောင်းနှင့် ဆွေးနွေးသည့် အကြောင်းအရာများကို လည်း ပါတီအနေဖြင့် မသိရှိကြောင်းနှင့် ဝန်ကြီး ဦးဇော်အေးမောင်အား ဆက်သွယ် မေးမြန်းသွားမည်ဟု ပြောသည်။

ဦးခိုင်ပြည်စိုးက “ကျနော်တို့က အွန်လိုင်းမှာပဲ မြင်တယ်။ အဲဒီမှာ ဦးဇော်အေးမောင်ဟာ ဘယ်လို သွားတွေ့တာလဲ ။ ဘယ် သူက ခေါ်တာလဲ၊ ကျနော်တို့လည်း မသိဘူး။ အဲဒီ တွေ့ဆုံမှုဟာ ပါတီကို ကိုယ်စားမပြုတာတော့ သေချာနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ တွေ့ဆုံမှုမှာ ကြိုတင်စီစဉ်ပြီး သွားရောက်တွေ့ဆုံခြင်း မဟုတ်ဘဲ ရခိုင်ဆရာတော် တပါးဖြစ်သည့် အဓိဌာန် ဆရာ တော်ကြီးမှ နေပြည်တော်တွင် တည်ထားကိုးကွယ်သည့် ဘုရားကြီး အနေကဇာ တင်သည့်ပွဲ၌ လူချင်းဆုံကြသည့်အတွက် သွားရောက် တွေ့ဆုံခြင်းသာဖြစ်ကြောင်း ဝန်ကြီး ဦးဇော်အေးမောင်က ပြောပြသည်။

၎င်းက “အဓိဌာန် ဆရာတော်ဘုရားကြီးမှာ နေပြည်တော်မှာ ဘုရားအနေကဇာ တင်တယ်။ အဲဒီပွဲကို လာရင်းနဲ့ ကြုံပြီး တော့ တွေ့ဖြစ်တာပါ။ အဲဒီပွဲမှာ တပ်က လူတွေလည်း လာတယ်။ လာရင်းနဲ့ ဒီကိုရောက်တုန်း တွေ့ဖြစ်တာ ကောင်းမယ် ဆိုပြီးတော့ တွေ့လိုက်ကြတာဖြစ်တယ်” ဟု ဆိုသည်။

တွေ့ဆုံမှုနှင့် ပတ်သက်ပြီး တပ်မတော်ကွယ်ရေး ဦးစီးချုပ်မှ ထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုများနှင့် စေတနာ ရှင်ပြည်သူများ၏ စုပေါင်း လှူဒါန်းမှုဖြင့် ဆောင်လုပ်ပြီးစီးခဲ့သော သာ သနာ့ ဗိမာန်တော်ကြီး တည်တောင်ပြီးစီးမှုကြောင့် စာဖြေ သံဃာတော်အတွက် အကျိုးပြုသည့်အခြေအနေနှင့် ကမ္ဘာ့သာ သနာပြုဆရာတော်ကြီး ဦးစန္ဒြမဏိ၏ ကြေးရုပ်တုတည်ထားရန် တပ်မတော်၏ လှူဒါန်းမြေတွင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ပါရှိသည်။

ထို့ပြင် စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဒေသတည်ငြိမ်အေးချမ်းမှု ရှိရန် လိုအပ်သည့် အခြေအနေများအား ခင်မင် ရင်းနှီးစွာ အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်းလည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ နှစ်ဖက် ဖြစ်ပွားမှုမှာ တနှစ်ကျော် ထိကြာမြင့်လာမှုနှင့် အတူ စစ်ပွဲ ဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။

တိုက်ပွဲ ပြင်းထန်နေမှုနှင့်အတူ တခြားတဖက်တွင် စစ်ဘေးဒုက္ခသည် အရေအတွက်မှာလည်း သိန်းချီရှိလာကာ အရပ် သား သေဆုံးမှုမှာလည်း နေ့စဉ်နှင့် အမျှ တိုးလာကြောင်း သိရသည်။

ဧရာဝတီမှ စာရင်းပြုစုချက် အရ ယခုလ ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့အထိ ၁၃ ရက်အတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုနှင့် အတူ မိုင်းပေါက်ကွဲမှု တို့ကြောင့် အရပ်သား သေဆုံးသူ ၈ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၅၁ ဦးရှိသည်။

Your Thoughts …
Tags: ANPငြိမ်းချမ်းရေးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရခိုင်အဖွဲ့အစည်း
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

by ခင်မမ
6 October 2023
9.4k

အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် မိမိသဘောထား ကွဲလွဲမှုရှိစေကာမူ အဖွဲ့အစည်းဝင်များသည် အဖွဲ့အစည်း ကြံ့ခိုင်တောင့်တင်းရေးအတွက် နာခံရမည်ဖြစ်၏။

စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

by ဧရာဝတီ
8 February 2024
8.6k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးစကား ပြောနေသော်လည်း စစ်ကောင်စီသည် နိုင်ငံဘဏ္ဍာငွေ အများအပြားကို စစ်စရိတ်အတွက် သုံးနေသည်။

ခရီးကြမ်းနှင်လာခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့

ခရီးကြမ်းနှင်လာခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့

by ကိုဦး
10 November 2023
8.6k

တောင့်တင်းသော လက်နက်ကိုင်တပ် မရှိလျှင် မြန်မာစစ်တပ်က မောက်မာစွာ ဆက်ဆံသည်ကို နာနာကျည်းကျည်း ခံစားပြီးနောက် ပေါ်ပေါက်လာသည့် စစ်ရေးမဟာမိတ်အဖွဲ့ ဖြစ်၏။

Next Post
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း၏ အုတ်ဂူ သို့ သွားရောက်၍ ဂါရဝပြုစဉ် / တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဗိုလ်ချုပ် စမစ်ဒွန်း၏ အုတ်ဂူသို့ တပ်ချုပ် သွားရောက်ဂါရဝပြု

အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့မှတဆင့်  ဗုဒ္ဓဂယာသို့ သွားရောက်သည့် ခရီးသွားများ / တမူးဗုဒ္ဓ ဂယာအဖွဲ့

ပြည်ပခရီးသွားလုပ်ငန်းလိုင်စင် Deposit တင်ရန်သတ်မှတ်ချက် ခရီးသွားလုပ်ငန်းအချို့ ကန့်ကွက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

7 days ago
2.8k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate