အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်း တွင် နှစ်စဉ်ပြုလုပ်သည့် အာရှ-ပစိဖိတ် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ သင်တန်းသို့ မြန်မာ့တပ်မတော်မှ တက်ရောက်ပေးရန် အမေရိကန်က ဖိတ်ကြားလာသဖြင့် တက်ရောက်ရန် ရှိ ကြောင်း သတင်း ရရှိသည်။
မနေ့က နေပြည်တော်တွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီယယ်တို့ တွေ့ ဆုံစဉ် အမေရိကန်ဘက်က အထက်ပါအတိုင်း ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သင်တန်း ရှိတယ်။ ဟာဝိုင်အီမှာ တက်ရ မှာ။ အဲဒီသင်တန်းကတော့ နိုင်ငံတွေ အများကြီးကို ခေါ်တာပါ။ ကျနော်တို့ဆီက သင်တန်းသား ၃ ဦးလောက် ခေါ်ဖို့ ရှိ တယ်။ အခုလည်း မြန်မာ့ တပ်မတော်ကနေ တက်ရောက်ပေးဖို့ပေါ့။ အရင်တုန်းကလည်း တက်ရောက်ဖူးပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ယင်းသင်တန်းသို့ တပ်မတော်က အနည်းဆုံး ၃ ကြိမ်ခန့် တက်ရောက်ခဲ့ဖူးကြောင်း သိရသည်။
ဒုတပ်ချုပ်ကို တွေ့ဆုံရာတွင် အမေရိကန် သံအမတ်က အမေရိကန်သို့ တပ်မတော် အရာရှိတချို့ကို ဖိတ်ခေါ်မှုအပြင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်(ICOE)၏ အစီရင်ခံစာကို တပ်မတော်က မည်ကဲ့သို့ ဆက်လက် အကောင်အထည်ဖော်နေသည့် အခြေအနေ၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICJ)အရေး တပ်မတော်၏ တုန့်ပြန် ဆောင်ရွက်မှုများကို မေးမြန်းခဲ့သည်ဟု သိရသည်။
“ICOE အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ တပ်မတော်က ဆက်လက်လုပ်ဆောင်သွားမယ့်ဟာတွေ ဆွေးနွေးခဲ့တယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ Code of Enquiry တွေ ဖွဲ့ သွားမယ်။ အကြောင်းအရာ အချက်အလက်တွေ စု ဆောင်းမယ်။ ပြီးရင် တရားဥပဒေအတိုင်းပဲ ဆက်လက် လုပ်ဆောင်သွားမယ်။ ICJ နဲ့ ပတ်သက်လို့လည်း ဥပဒေနဲ့ အညီပဲ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာ ပြောခဲ့တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
၎င်းက ဆက်၍ “ဒီလို တွေ့ ဆုံဖြစ်တာက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အလုပ်အားတဲ့အပေါ်မှာလည်း မူတည် တယ်။ တချို့ ကလည်း ဝေဖန်တယ်။ အမေရိကန်မိုလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် မတွေ့ တာလား တို့ ဘာတို့ပေါ့။ အဲလို မဟုတ်ဘူး။ တချို့ သံအမတ်တွေလည်း အားတဲ့အပေါ်မှာ မူတည်ပြီး ဒုတိယ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်လည်း တွေ့ နေကြပဲ”ဟု ပြောသည်။
အမေရိကန် ပြည်ထောင်စုနှင့် မြန်မာ့ တပ်မတော်ကြား ဆက်ဆံရေးမှာ အကောင်းချည်း မဟုတ်သလို အဆိုချည်း လည်း မဟုတ်သဖြင့် ပုံမှန်ဆက်ဆံရေးဟုဟာ ပြောနိုင်ကြောင်း၊ ပြီးခဲ့သည့် လပိုင်းများကလည်း အာဆီယံ-အမေရိကန် ရေတပ်ပူးပေါင်းဆောင်ရွက်ရေးအတွက် တပ်မတော်မှ စစ်သဘောင်္တစီး သွားခဲ့ဖူးကြောင်း တပ်မတော်ဘက်က ပြော သည်။
တပ်မတော်အရာရှိဟောင်း နိုင်ငံရေး သုတေသီ ဒေါက်တာ အောင်မျိုးကမူ တပ်မတော်သည် အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အရှုံးမရှိနိုင်ကြောင်း၊ အမေရိကန် ပြည်ထောင်စု ဟာဝိုင်ရီတွင် ပြုလုပ်မည့် ဖိုရမ်သို့ တပ်မတော်က တက်ရောက်ခွင့် ရခြင်းသည် အကျိုးရှိကြောင်း ပြောသည်။
“မြန်မာ တပ်မတော်က ဟာဝိုင်အီမှာ လုပ်မယ့် ဖိုရမ်မှာ တက်မယ်၊ လုပ်မယ်၊ ဆွေးနွေးကြမယ် ဆိုရင်တော့ တပ်မတော် တကယ်ရင်ဆိုင်နေရတဲ့ အနေအထားတွေကို အမေရိကန် စစ်ဘက်နဲ့ အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းက သဘောပေါက် နားလည်နိုင်တဲ့ အခွင့်အရေး ရသွားနိုင်တယ်။ တပ်မတော်အပေါ်မှာ နားလည် သဘောပေါက်မှု အပိုင်းမှာ ဟာဝိုင်အီမှာ တွေ့ ရမယ့် ကိစ္စမျိုးကတော့ အရမ်းကို အရေးကြီးပါတယ်”ဟု ဒေါက်တာ အောင်မျိုးက ပြောသည်။
တပ်မတော် အနေဖြင့် အမေရိကန်နှင့် ဆက်ဆံရေး ထူထောင်လိုပါက Rule of Engagement ၊ ဂျနီဗာကွန်ဗင်းရှင်းတို့ ကဲ့သို့ ကမ္ဘာ့စစ်ထုံးစံများကို မြန်မာ့တပ်မတော်က လိုက်နာရန် လိုကြောင်း၊ ထိုသို့ လိုက်နာမည် ဆိုပါက အမေရိကန် ၏ လေးစားမှုကို အလိုအလျောက် ရရှိသွားမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနဲ့ ဆက်ဆံပါက ၎င်းတို့၏ လူ့အခွင့်အရေးစံနှုန်း ရှေ့တန်းတင်ခြင်းကို တွေ့ ကြုံရမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ အာရှ ပေါ်လစီအရ မြန်မာနှင့် ဆက်ဆံရေး အလွန်ကောင်းသည့် အခြေအနေတွင်ပင် ရရှိနိုင်သည့် အကောင်းဆုံး အကူအညီမှာ စစ်ရေးပူးတွဲလေ့ကျင့်မှုလောက်သာ ဖြစ်လိမ့်မည်ဟု သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အင်စတီကျူမှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။
“စစ်ရေး လေ့ကျင့်မျိုးလောက်ပဲ အကူအညီ ရမှာ။ ကျန်တာကတော့ သိပ်အများကြီး ထွေထွေထူးထူး မရှိနိုင်ဘူး။ တ ရုတ်နဲ့ကျတော့ အရမ်းနီးကပ်တဲ့ နယ်နမိတ်က ရှိတယ်။ ငြိမ်းချမ်းရေး ကဏ္ဍမှာလည်း တရုတ်ရဲ့ ပါဝင် ပတ်သက်မှု က တော်တော်လေး ရှိတယ်။ တရုတ်ကိုတော့ မပေါင်းမနေရ ပေါင်းနေရမှာပဲ။ တရုတ်ကို ကန်ထုတ်တာမျိုး လုပ်လို့မရ ဘူး။ ရင်းနှီးတဲ့ ဆက်ဆံရေးကတော့ ထူထောင်ထားရမယ်”ဟု ဦးသိန်းထွန်းဦးက သုံးသပ်သည်။
မနေ့က ဒုတပ်ချုပ်နှင့် အမေရိကန် သံအမတ်တို့ တွေ့ ဆုံပွဲတွင် မြန်မာတပ်မတော်ဘက်မှ စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အမေရိကန်ဘက်မှ စစ်သံမှူး ဗိုလ်မှူးကြီး အက်ဒ်ဝဒ် အီဗန်စ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရခိုင်ပြည်နယ်အရေး တပ်မတော်၏ ဆောင်ရွက်မှုများတွင် တာဝန်ရှိသည်ဟုဆိုကာ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော် အရာရှိတချို့ကို ရခိုင် ပြည် နယ် မြောက်ပိုင်းရှိ မွတ်စလင်များအပေါ် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ရာတွင် တာဝန်ရှိသူများ အဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လက ကြေညာခဲ့သည်။
မြန်မာအစိုးရ သမ္မတရုံးကမူ တပ်မတော် အကြီးအကဲများကို ယခုလို ပိတ်ဆို့ အရေးယူမှုသည် ရခိုင်ပြည်နယ် တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် အထောက်အကူ မပြုသည့်အပြင် လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ပြဿနာ၊ စိန်ခေါ်မှုများကို ပိုပြီး ခက်ခဲစေလိ့မ်မည်ဟု ထုတ်ပြန် ပြောဆိုခဲ့သည်။
အမေရိကန် အောက်လွှတ်တော်အမတ်များ ပါဝင်သော နိုင်ငံခြား ဆက်ဆံရေးကော်မတီက Burma United Through Rigorous Military Accountability (BURMA) Act ဥပဒေ မူကြမ်းတရပ် ရေးဆွဲပြီး မြန်မာတပ်မတော်ကို အရေး ယူရန် ပြီးခဲ့သည့် ဇွန်လက အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ပြီးနောက် မြန်မာ တပ်မတော် ခေါင်းဆောင်များ အမေရိကန် ပြည်ထောင်စုသို့ ပြည်ဝင်ခွင့် ကန့်သတ်ခံခဲ့ရသည်။
တပ်မတော်အပေါ် အရေးယူရန် ကြိုးပမ်းမှုအပြင် ရခိုင်ပြည်နယ်တွင် မွတ်စလင်များအပေါ် ကျူးလွန်သည်ဟု စွပ်စွဲခံ ထားရသော ရာဇဝတ်မှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ ခုံရုံး (ICC)၏ ကြိုးပမ်းမှုများကလည်း ရှိနေသည်။
မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သော်လည်း တချို့သော ရာဇဝတ်မှုများမှာ နယ်စပ်ဖြတ်ကျော်သည့် သဘော သဘာဝရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC အဖွဲ့ဝင်ဖြစ်သောကြောင့် စီရင်ခွင့်ရှိသည်ဟု ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ က ICC က ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန်
အမေရိကန် အရေးယူ ပိတ်ဆို့မှု နိုင်ငံရေး ဖိအားဟု တပ်မတော်ဆို
နယ်စပ်က လက်နက်ကိုင်များကို တရုတ် လက်နက်ထောက်ပံ့နေခြင်းအား မကျေနပ်ကြောင်း ပြသ
အမေရိကန်-အာဆီယံ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်ရာ မြန်မာ ဘာကြောင့်ပါသင့်သနည်း
တပ်ချုပ်အပေါ် အမေရိကန်၏ ပိတ်ဆို့မှု အနိုင်ကျင့်သည့် လုပ်ရပ်ဟု တပ်မတော် ပြော