• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တွင် သေဆုံးသူ ၁,၇၀၀ကျော် ရှိလာ

by ဧရာဝတီ
17 February 2020
in သတင်း
A A
ခရီးသွားခြင်းကို လုံးဝ ထိန်းချုပ်ထားသော ဝူဟန်မြို့တွင်း၌ ပိုးသတ်ဆေးဖြန်းနေသူတဦး / Reuters 

ခရီးသွားခြင်းကို လုံးဝ ထိန်းချုပ်ထားသော ဝူဟန်မြို့တွင်း၌ ပိုးသတ်ဆေးဖြန်းနေသူတဦး / Reuters 

18.8k
VIEWS
Share on FacebookShare on Twitter

တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေမှာ ၁,၇၇၀ သို့ရောက်ရှိခဲ့ကာ မနေ့ကထက် သေဆုံးသူ ၁၀၅ ဦး ပိုများလာခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကြောင့် အသစ်သေဆုံးမှု အရေအတွက်မှာ တနင်္ဂနွေနေ့အထိ ၁၀၀ ဝန်းကျင်ထိ မြင့်မားလာခဲ့သည်။ ဟူပေပြည်နယ်၏ အိမ်နီးချင်း ဟီနန်ပြည်နယ်တွင် တနင်္ဂနွေနေ့က သုံးယောက် သေဆုံးခဲ့ပြီး အရှေ့တောင်ပိုင်းရှိ ကွမ်တုံပြည်နယ်တွင် နှစ်ယောက် သေဆုံးခဲ့သည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
47
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
67
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
333

တရုတ်ပြည်မကြီးတွင် အသစ်ကူးစက်ခံရသူ အရေအတွက်မှာ ၂,၀၄၈ ရှိကြောင်း တနင်္ဂနွေနေ့က အတည်ပြုခဲ့သည်။ စုစုပေါင်းကူးစက်ခံရသူ အရေအတွက်မှာ ၇၀,၅၄၈ ဦးရှိသည်။ ဟူပေပြည်နယ်တွင် ကူးစက်ခံရသူ အရေအတွက်မှာ တနင်္ဂနွေနေ့အထိ ၅၈,၁၈၂ ဦးရှိပြီး သေဆုံးသူမှာ ၁,၆၉၆ ရှိသွားပြီဖြစ်ကြောင်း ဟူပေကျန်းမာရေးကော်မရှင်က ပြောသည်။

အသစ်ကူးစက်ခံရသူ အရေအတွက်မှာ ယခင်နေ့ကထက် ၅ ရာခိုင်နှုန်း နီးပါး တိုးမြင့်လာခဲ့သည်။ သို့သော်လည်း သေဆုံးသူအရေအတွက်မှာ လွန်ခဲ့သည့် စနေနေ့က ၁၃၉ ဦးရှိခဲ့ရာမှာ ကျဆင်းလာခဲ့သည်။ အသစ်ကူးစက်ခံရမှု၏ ၉၀ ရာခိုင်နှုန်းမှာ ဗိုင်းရပ်အစပြုရာဖြစ်သည်ဟု ယုံကြည်ရသည့် ဟူပေပြည်နယ်မြို့တော် ဝူဟန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဝူဟန်သည် ပြည်နယ်၏ ကူးစက်ခံရသည့် စုစုပေါင်းအရေအတွက်၏ ၇၁ ရာခိုင်နှုန်းရှိကာ သေဆုံးမှုအားလုံး၏ ၇၇ ရာခိုင်နှုန်းရှိသည်။

အဆုတ်ကို ပုံရိပ်ဖော် CT scan စစ်ဆေးမှုမှတဆင့် ရောဂါရှာဖွေသည့် စံကို အရာရှိများက ပြောင်းလဲချိန် လွန်ခဲ့သည့်သီတင်းပတ်က မြင့်မြင့်မားမားရှိခဲ့ရာမှ ပြည်နယ်တွင်း အသစ်ကူးစက်ခံရသည့် အရေအတွက်မှာ လျော့ကျခဲ့သည်။

ဟူပေပြည်နယ်သည် ကူးစက်ဖြစ်ပွားမှုကို စောစီးစွာ လုံလုံလောက်လောက် ကိုင်တွယ်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဗိုင်းရပ်က ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံရသည်။ ဟူပေနှင့် ဝူဟန်တို့ရှိ ကွန်မြူနစ်ပါတီအကြီးအကဲများမှာ ရာထူးမှ ထုတ်ပယ်ခံရသည်။

ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ဟူပေပြည်နယ်သည် တင်းကျပ်သည့် အရေးယူဆောင်ရွက်မှုအသစ်များကို တနင်္ဂနွေနေ့က ကြေညာခဲ့ပြီး ပုဂ္ဂလိကယာဉ်အားလုံးအတွက် လမ်းများပိတ်ထားရန် ၎င်း၏ မြို့ကြီးများကို အမိန့်ပေးခြင်း၊ ပြည်သူများသွားလာမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရန် ကျေးရွာများနှင့် မြို့ပြလူနေရပ်ကွက်များကို အသိပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဟူပေပြင်ပတွင် ကူးစက်မှုအသစ်အရေအတွက်မှာ ကျဆင်းနေပြီး ယင်းသို့ ကျဆင်းနေသည့် ကိန်းဂဏန်းများက ကူးစက်မှုကို ထိန်းချုပ်နိုင်တော့မည့် လက္ခဏာတခုဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးအာဏာပိုင်မှ ပြောခွင့်ရပုဂ္ဂိုလ်တဦးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

သို့သော်လည်း ယခုကူးစက်ဖြစ်ပွားမှုက မည်သည့်ဘက်သို့ ဦးတည်မည်ကို ခန့်မှန်းရန် မဖြစ်နိုင်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က သတိပေးထားသည်။ နိုင်ငံတကာမှ ကျွမ်းကျင်သူများသည် ပေကျင်းသို့ ရောက်ရှိလာပြီဖြစ်ပြီး ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ တရုတ်ကျွမ်းကျင်သူများနှင့် စတင်တွေ့ဆုံနေပြီဖြစ်ကြောင်း ဒေါက်တာ Tedros က တွစ်တာတွင် ရေးသားခဲ့သည်။

“WHO က ဦးဆောင်တဲ့ တရုတ်နဲ့ ပူးတွဲမစ်ရှင်မှာ ပါဝင်တဲ့ နိုင်ငံတကာကျွမ်းကျင်သူတွေ ပေကျင်းကို ရောက်နေပြီး ဒီကနေ့ပဲ တရုတ်က ကျွမ်းကျင်သူတွေနဲ့ ပထမဆုံး တွေ့ဆုံဆွေးနွေးပါတယ်”ဟု ၎င်းကပြောသည်။ “အသက်သွေးကြောတမျှအရေးပါလှတဲ့ ဒီလို ပူးပေါင်းဆောင်ရွက်မှုက COVID19 ဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ အသိတွေပေးလိမ့်မယ်လို့ ကျနော်တို့မျှော်မှန်းပါတယ်”ဟု၎င်းကဆိုသည်။

တရုတ်၏ ကိုရိုနာဗိုင်းရပ်ကူးစက်မှုမှာ တနင်္ဂနွေနေ့က ဆက်တိုက်ကျဆင်းသည့် သုံးရက်မြောက်နေ့ဖြစ်သည်။ သို့သော်လည်း ၎င်း၏ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုမှာ ရှိနေဆဲဖြစ်ကာ ဂျပန်ကမ်းလွန်တွင် ရောဂါခြေချုပ်ထားရှိခံရသော ခရုဇ်သင်္ဘောတစင်းပေါ်မှ အမေရိကန်သုံးဒါဇင်ကျော်မှာ ကူးစက်ခံရကြောင်း အမေရိကန်၏ ကြေညာချက်က စိုးရိမ်မှုကို ခိုင်မာစေခဲ့သည်။

ထိုစဉ် ကိုရိုနာဗိုင်းရပ်ကူးစက်ဖြစ်ပွားမှုမှာ အလှည့်အပြောင်းတခုကို ရောက်ရှိနေပြီဖြစ်ပြီး အသစ်ကူးစက်ခံရသူအရေအတွက်မျာ လျော့ကျနေကြောင်း Wuhan Leishenshan Hospital ၏အကြီးအကဲ ဒေါက်တာ ဝမ်ရှင်းဟွမ်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်စီစီတီဗွီရုပ်သံက အစီရင်ခံခဲ့သည်။

အဖျားရှိသည့် လူအရေအတွက်မှာ မှန်မှန်ကျဆင်းလျက်ရှိကာ ရောဂါပြန်မဖြစ်တော့ကြောင်း ဒေါက်တာဝမ်၏ ပြောကြားချက်ကို ရုပ်သံက ကိုးကားဖော်ပြခဲ့သည်။

ကိုးကား။ ။ The Straits Times

You may also like these stories:

တရုတ်မှာ ဆရာဝန်တွေလည်း ကိုရိုနာဗိုင်းရပ်ကူးစက်

ကိုရိုနာဗိုင်းရပ် အတည်ပြုချက် စီတီစကင်ဖြင့်ပင် ရပြီ

ကိုရိုနာဗိုင်းရပ် COVID-19 ဆေးထုတ်ရန် ၁၈ လကြာမည်ဟု ပြော

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဝူဟန်ဟူပေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
7.8k

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က မန္တလေး သင်္ကြန်ပွဲတော် ကျင်းပနေမှုကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေး သင်္ကြန် ကျင်းပရန် မသေချာ

by ဒီလှိုင်းဝင်း
11 March 2020
8.3k

လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက် ပြန့်ပွားနေမှုကြောင့် မန္တလေး သင်္ကြန်ပွဲတော် ကျင်းပရန် မသေချာဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမှ ရှိ နယ်ခြားဂိတ် / AFP

ကိုဗစ်နောက်ပိုင်း ရွှေလီမြို့ ပြန်လည်ရှင်သန်ရန် အားယူနေ

by ဧရာဝတီ
16 January 2023
9k

တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လူများ နယ်စပ်ဖြတ်ကျော်ခြင်းကို ခွင့်မပြုသေးကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

Roche အရိုးအဆစ်ရောင် ရောဂါပျောက်ဆေး Actemra ဆေးဟာ ကိုရိုနာရောဂါ ကုသရာမှာ အထောက်ကူပြုတာကို တွေ့ရှိခဲ့ကြပါတယ်။

ဆွစ်ဇာလန်ထုတ် အဆစ်ရောင် ပျောက်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ သက်သာ‌စေတယ်လို့ ယူဆရ

by Aurora
6 March 2020
10.9k

Roche အဆစ်ရောင်ရောဂါပျောက်ဆေးဟာ ကိုရိုနာရောဂါ လက္ခဏာတချို့ကို ပျောက်ကင်း ကုသနိုင်တာကြောင့် တရုတ်အစိုးရက သုံးစွဲဖို့ အသိမှတ်ပြုလိုက်တာပါ။

ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ် / ရန်ကုန်မြို့ရှိ ဆေးဆိုးပန်းရိုက် လုပ်ငန်း တခုကို တွေ့ရစဉ်

ရန်ကုန်ရှိ အသေးစား ငွေချေးလုပ်ငန်းတချို့ ပြန်ဆပ်ငွေ ဆိုင်းငံ့ပေးမှုများ ပြုလုပ်လာကြ

by မျိုးပပစန်း
6 April 2020
11.2k

တချို့ကုမ္ပဏီများသည် ဆိုင်းငံ့ကာလအတွင်း တောင်းခံသည့် ဝန် ထမ်းကို ဥပဒေအရ အရေးယူ ဆောင်ရွက်ရန်အထိ လုပ်ဆောင်မည် ဖြစ်ကြောင်း အသိပေးထားသည်။

Next Post
လွှတ်တော်တွင် တွေ့ရသော တပ်မတော်သား ကိုယ်စားလှယ်များ  / ထက်နိုင်ဇော် / ဧရာဝတီ

ပြည်သူ့ဘဏ္ဍာ လေလွင့်မှု မရှိရေး စီမံရန် အစိုးရကို တပ်မတော် ပြော

ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်တဲ့ ကြောင်အလှပြပွဲ

ဗီယက်နမ်နိုင်ငံမှာ ပထမဆုံးအကြိမ် ကြောင်အလှပြပွဲ ကျင်းပ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate