• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်သူ့ဘဏ္ဍာ လေလွင့်မှု မရှိရေး စီမံရန် အစိုးရကို တပ်မတော် ပြော

by ထက်နိုင်ဇော်
17 February 2020
in သတင်း
A A
လွှတ်တော်တွင် တွေ့ရသော တပ်မတော်သား ကိုယ်စားလှယ်များ  / ထက်နိုင်ဇော် / ဧရာဝတီ

လွှတ်တော်တွင် တွေ့ရသော တပ်မတော်သား ကိုယ်စားလှယ်များ / ထက်နိုင်ဇော် / ဧရာဝတီ

22k
VIEWS
Share on FacebookShare on Twitter

ပြည်သူ့ဘဏ္ဍာများ လေ့လွင့် ဆုံးရှုံးမှု မရှိဘဲ ပြည်သူလူထု၏ အကျိုးစီးပွားကို အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည့် အစိုးရ ယန္တရားတရပ် ဖြစ်ရေး တည်ဆောက်ရန် လိုအပ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ပြောသည်။

“ပြည်သူ့ဝန် ထမ်းရသော အစိုးရတရပ်သည် ပြည်သူ့အကျိုးအတွက် ပြည်သူ့ဘဏ္ဍာကို စီမံခန့်ခွဲရပါတယ်။ မိမိရဲ့ လုပ်ဆောင်ချက် ရလဒ်အပေါ်မှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ရှိဖို့ လိုအပ်ပါတယ်”ဟု တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး ညွန့်ဝင်းအောင်က ပြောဆိုသည်။

RelatedPosts

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
57
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
176
ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

ငလျင်နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးပြတ်ရွေ့များ

13 May 2025
18

နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်တွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လေ့လာ တွေ့ရှိထားသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာ အစီရင်ခံစာ အပေါ်တွင် တပ်မတော်သား ကိုယ်စားလှယ်တချို့က ပါဝင်ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

စာရင်းစစ်ချုပ်၏ တွေ့ရှိချက်၊ အကြံပြုချက်များကို အလေးထား ဆောင်ရွက်ရန်နှင့် မိမိတို့ဌာနအတွင်း လုပ်ဆောင်ချက်များကိုလည်း စစ်ဆေးခြင်း၊ ပြန်လည် စစ်ဆေးခြင်း၊ အပြန်အလှန် စစ်ဆေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း၊ အဂတိတရားကင်းရန် ကြီးကြပ်စေခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိရေး ဆောင်ရွက်ရန်လည်း တပ်မတော်က အကြံပြုသည်။

တပ်မတော်သား ကိုယ်စားလှယ်တဦး ဖြစ်သူ ဗိုလ်မှူး ပြည့်ထွန်းကလည်း“စစ်ဆေးတဲ့သူတွေ အနေနဲ့လည်း ဖော့ပြီး စစ်ဆေးရင် အစစ်ခံရတဲ့ ဌာနကလည်း ပေါ့ပေါ့လျော့လျော့ ဖြစ်နေကြမှာပဲ။ လျှော့ပြီး စစ်ဆေးရင်လည်း လျော့ရိလျော့ ရဲ ဖြစ်နေကြမှာပဲ။ ဒါကြောင့် ညွှန်ကြားချက်တွေနဲ့အညီ တိကျစွာ စစ်ဆေးဖို့ အကြံပြုလိုပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။

တပ်မတော်က ထောက်ပြသည့် ဌာနများတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် စက်သုံးဆီ ဂါလန် ၁၀၀၀၀ ကျော်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စ၍ ယနေ့အချိန်အထိ စာရင်းမရှင်းနိုင်သေးခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် ကွန်ပျူတာများကို မလိုအပ်သေးဘဲ ဝယ်ယူသိုလှောင်ထားခြင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၃ မှ ၂၀၁၇ အထိ ကျွန်းသစ် တန်ချိန် ၁၅၀၀၀ ကို တောထုတ်ထားခြင်း (အသုံးပြုခြင်း မရှိဘဲ စုပုံထားခြင်း) တို့ ပါဝင်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနမှ ရုံးသုံး မော် တော်ယာဉ် ဝယ်ယူမှု စာချုပ်တွင် ပစ္စည်းသွင်းရသည့် သတ်မှတ်ရက် မပါရှိခြင်း၊ စာချုပ်ချုပ်ဆိုပြီး တပတ်အတွင်း ကြိုတင်ငွေ ၃၀ ရာခိုင်နှုန်း ထုတ်ပေးခြင်းတို့ကိုလည်း တပ်မတော်က ကန့်ကွက်သည်။

ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာ ဦးစီးဌာန၊ မကွေးတိုင်း ပညာရေးမှူးရုံး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ဆောင်ရွက်သည့် လုပ်ငန်းများ၌ ကုမ္ပဏီ ၂ ခုသို့ ငွေအကြေချေပြီးသော်လည်း အချိန်မီ မပြီးခြင်းနှင့် ဟိဏ်းမော်ကွန်း ကုမ္ပဏီထံမှ လုပ်ငန်း ၂ ခု အတွက် ပြန်ရငွေ ကျပ် ၁၀ သန်းနှင့် အခြားလုပ်ငန်း ၃ ခုအတွက် ပြန်ရ ငွေ ၂၄ သန်းကိုလည်း ကုမ္ပဏီကို ဆက်သွယ်မရဟု ဆိုကာ အကြောင်းပြခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်း ဖြစ်သည်ဟု တပ်မတော်က ထောက်ပြသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ပုဂ္ဂလိက လေ ကြောင်း လိုင်းများဖြစ်သည့် Air Mandalay နှင့် Air Asia Wing တို့မှ ခရီးသည် ဝန်ဆောင်ခများ ပေးသွင်းရန် ကျပ် သန်း ၉၀ ကျော် ကျန်ရှိမှုကိုလည်း တပ်မတော်က တရားစွဲဆိုရန် အကြံပြုသည်။

ထို့ပြင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ သင်တန်းကျောင်း ရွေးချယ်ရာတွင် တင်ဒါ မခေါ်ခြင်း၊ သုံးစွဲရန် မလိုသေးသည့် ရန်ပုံငွေများကို ထုတ်ယူထားပြီး ဘဏ္ဍာရေး ၂ နှစ်ကျော်အထိ ဆက်လက် သုံးစွဲ ခြင်းသည် ဝန်ထမ်းကောင်းများကို လေ့ကျင့်ပေးသည့် ဌာနတခုအနေဖြင့် ၎င်းကိုယ်တိုင် စည်းကမ်းပျက်ကွက်ခြင်း ဖြစ်သည်ဟု တပ်မတော်သား ကိုယ်စားလှယ်များက ဝေဖန်ပြောဆိုသည်။

တပ်မတော်က ယခုလို ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ အားနည်းချက်များကို ဝေဖန် ထောက်ပြ ဆွေးနွေးနေသော်လည်း တပ်မတော် လက်အောက်ရှိ ဌာန၊ အဖွဲ့အစည်းများ၏ စာရင်းများကိုမူ အရပ်ဘက် လွှတ်တော် ကိုယ်စားလှယ် များ အနေဖြင့် စစ်ဆေးခွင့် မရှိသလို ဆွေးနွေးခွင့်လည်း မရှိကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုက ပြောသည်။

“အခု စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာလည်း တပ်မတော်နဲ့ ပတ်သက်တာ ဘာမှ မပါဘူး။ မပါတော့ ဆွေးနွေးလို့လည်း မရဘူး။ ဆွေးနွေးစရာလည်း မရှိဘူး။ စာရင်းစစ်ချုပ် အစီရင်ခံစာမှာ မပါတော့ ဆွေးနွေးလို့မှ မရတာ”ဟု ကရင်ပြည် နယ် လှိုင်းဘွဲ့ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုက ပြောဆိုသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအရ တပ်မတော်၏ စာရင်းများကို တပ်မတော် စာရင်းစစ်ချုပ်ကသာ စစ်ဆေးခွင့် ရှိသည်။

“တပ်မတော်ရဲ့ စာရင်းတွေကို တပ်မတော် စာရင်းစစ်ချုပ်ကပဲ စစ်တာ။ ဒီဘက် စာရင်းစစ်ချုပ်က ဘာပဲစစ်လို့ ရလဲဆို ရင် အဲဒီတပ်မတော် စာရင်းစစ်ချုပ်ရဲ့ စာရင်းအချုပ်ကိုပဲ စစ်လို့ရတယ်။ စစ်တယ်ဆိုတာလည်း အတည်ပြုတဲ့ သဘော လောက်ပဲ။ အသေးစိတ်ကတော့ သူတို့ စာရင်းစစ်ချုပ်ကပဲ စစ်ခွင့်ရှိတာ”ဟု ဦးခင်ချိုက ရှင်းပြသည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင်လည်း ဖြစ်သူ ၎င်းက ဆက်၍ “သူတို့လည်း တပ်မတော်သားအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်ပေါ့။ ကိုယ်စားလှယ်တွေ အနေနဲ့ တိုင်းပြည်ကိစ္စမှာ ဝင်ဆွေးနွေးတယ်။ ကောင်းတဲ့ အမြင်နဲ့ ဆွေးနွေးရင်တော့ လက်ခံပေးရမှာပေါ့။ အဆိုးမြင်ဝါဒနဲ့ ဆွေးနွေးရင်တော့ ဒါက မှားတယ်လို့ပဲ ပြောရမှာပေါ့”ဟုလည်း ပြောဆို သည်။

တပ်မတော်၏ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအပေါ် အကြံပြုချက်သည် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အကြံ ပြုချက်များအပေါ် သက်ဆိုင်ရာ ဌာနများက ဆောင်ရွက်ခြင်း ရှိ၊ မရှိကို ထပ်မံ စိစစ်ပြီး လွှတ်တော်သို့ ပြန်လည် တင်ပြ ရန် ဖြစ်သည်။

You may also like these stories:

မြန်မာ့တပ်မတော်ရဲ့ ပထမဆုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်း

တပ်မတော် အရာရှိများကို သင်တန်းတက်ရန် အမေရိကန် ဖိတ်ခေါ်

ထိုင်းစစ်တပ်ပိုင် စီးပွားရေးများ ဘဏ္ဍာရေးဝန်ကြီးအောက် ထားမည်

Your Thoughts …
Tags: တပ်မတော်ပြည်သူ့ဘဏ္ဍာလေလွင့်မှု မရှိရေး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.2k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.1k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး  (ရုပ်/သံ)

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး (ရုပ်/သံ)

by ဧရာဝတီ
12 April 2025
3k

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ သား အောင်ပြည်စုံ၊ သမီး ခင်သိရီသက်မွန် တို့နဲ့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ “ရွှေဘုန်းပွင့်” စေတီတော်ကို ဧပြီလ ၁၁ ရက်နေ့က မိသားစုလိုက် ရွှေထီးတော်တင်အခမ်းအနားကျင်းပခဲ့ပါတယ်။

တပ်မတော် စစ်သမိုင်း ပြတိုက်တွင် တွေ့ ရသည့် စစ်ရာထူးခန့်ထားသည့် ဇယား

တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

by ထက်နိုင်ဇော်
8 May 2020
169.5k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ မှဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး(မန္တလေး) မဖြစ်မီ စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။

တပ်မတော် စစ်သမိုင်းပြတိုက်ရှိ တပ်မတော် ထိပ်တန်းခေါင်းစဉ်များ ရာထူးအင်္ဂါစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

တပ်မတော် စစ်ဆင်ရေး အထူးအဖွဲ့ မှူး ရာထူးများ အပြောင်းအလဲ ဖြစ်

by ထက်နိုင်ဇော်
12 July 2019
66.8k

လက်ရှိ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် တာဝန်ယူထားသူ ဒုတိယ ဗိုလ် ချုပ်ကြီး မင်းနောင်မှာလည်း အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန် ပြောင်းလဲ ထမ်းဆောင်မည်ဖြစ်ပြီး၊ ယခင် အမှတ် ၅ စစ်ဆင်ရေး...

Next Post
ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်တဲ့ ကြောင်အလှပြပွဲ

ဗီယက်နမ်နိုင်ငံမှာ ပထမဆုံးအကြိမ် ကြောင်အလှပြပွဲ ကျင်းပ

လွှတ်တော်အစည်းအဝေးတက်ရောက်နေကြသည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ / ထက်ဝေ / ဧရာဝတီ

ဝန်ကြီးဌာနများ မလုပ်၊ မရှုပ်၊ မပြုတ် လုပ်နေသည်ဟု ပြောဆိုမှု တပ်ကိုယ်စားလှယ် ကန့်ကွက်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate