• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော်သားများ ရိုက်နှက်လိုက်သည့် မင်းပြား ဒေသခံ ဆေးရုံ တင်ထားရ

by မင်းအောင်ခိုင်
17 February 2020
in သတင်း
A A
ဒဏ်ရာများဖြင့် စစ်တွေ ဆေးရုံ ရောက်လာသော ကိုဌေးလှိုင် / မင်းအောင်ခိုင် / ဧရာဝတီ

ဒဏ်ရာများဖြင့် စစ်တွေ ဆေးရုံ ရောက်လာသော ကိုဌေးလှိုင် / မင်းအောင်ခိုင် / ဧရာဝတီ

14.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာမှ ဒေသခံ ရွာသား ၁ ဦးမှာ တပ်မတော် စစ်ကြောင်း ၁ ခုက  ရိုက်နှက်မှု ကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည့်အတွက် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက် တွင် မင်းပြား ဆေးရုံမှ တဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖားပျော်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်သားများက မသင်္ကာမှုဖြင့် ဖမ်းဆီးကာ ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ ကိုဌေးလှိုင်က ပြောသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
147
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
355
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
177

ကိုဌေးလှိုင်က “ကျနော်က  ဓာတ်မီးတိုင် စက်ရုံမှာ အလုပ်လုပ်နေတာပါ။ တိုက်ပွဲဖြစ်တော့ ကျနော်တို့ အလုပ်လုပ်နေတဲ့ စက်ရုံကနေ ထွက်ပြေးကြပါတယ်။  တိုက်ပွဲလည်း ငြိမ်သွားတော့  ဗိုက်ကလည်း အရမ်းဆာလာတာနဲ့ ထမင်းစားမယ်ဆိုပြီး အိမ်ပြန်လာတဲ့အခါ ရွာထဲကို ရောက်နေတဲ့ စစ်သားတွေက ဖမ်းခေါ်ပြီး ကျနော်ကို သေနတ်ဒင်နဲ့ ရိုက်ပါတယ်။ ဒီလက်နဲ့ ပစ်တာလား ဆိုပြီး လက်တွေကို ထုရိုက်ပါတယ်။ မဟုတ်ဘူး။ ပြန်ပြောရင် ပါးစပ်ကို ရိုက်ပါတယ်။ ပြန်ပြောချိန်မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ၎င်းမှာ ဦးခေါင်း၊ မျက်နှာ၊ နှုတ်ခမ်းနှင့် လက်ကောက်ဝတ်တို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် စစ်တွေ ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသနေရသည်။

ကိုဌေးလှိုင်သည် ၎င်းတို့နေထိုင်ရာ ဖားပျော်ကျေးရွာအနီးတွင် တည်ရှိသည့် ဓာတ်မီးတိုင် စက်ရုံမှ အလုပ်သမား ဝန်ထမ်း ၁ ဦးဖြစ်ပြီး တိုက်ပွဲဖြစ်ပွားသည့် အချိန်တွင် တပ်မတော်သားများက ဓာတ်မီးတိုင်များကို အကာအကွယ်ယူပြီး ပစ်ခတ်ရန် စက်ရုံထဲသို့ ဝင်လာသဖြင့် အလုပ်သမားများ ထွက်ပြေးပြီး နေရာလွတ်တွင် ပုန်းခိုကြကြောင်း ၊ တိုက်ပွဲငြိမ်သွားသည့် အခါတွင် ထမင်းစားရန် အတွက် ရွာပြန်လာစဉ် တပ်မတော် စစ်ကြောင်းများကို တွေ့ရပြီးနောက် ၎င်းအား လှမ်းခေါ်ပြီး ဖမ်းဆီး ရိုက်နှက်ခြင်း ဖြစ်ကြောင်း ကိုဌေးလှိုင်က ရှင်းပြသည်။

၎င်းက “ကျနော်လည်း ရွာပြန်လာတဲ့အခါ ရွာသားတွေ ၁ ယောက်မှ မရှိကြတော့ဘူး။ စစ်သားတွေက အိမ်တွေမှာ ဝင်နေ ကြတယ်။ အိမ်ထဲကနေ လှမ်းခေါ်တယ်။ မလာရင် ပစ်မယ်လို့ပြောတော့ ကျနော်လည်း သွားလိုက်ပါတယ်။ သူတို့ဆီကို ရောက်တာနဲ့ မင်း AA မဟုတ်ဘူးလားဆိုပြီး ကျနော့်ခေါင်းတွေကို သေနတ်ဒင်နဲ့ ရိုက်တယ်။ မဟုတ်ဘူးပြောရင် ပါးစပ်ကို သေနတ်နဲ့ထုတော့ ခေါင်းမူးပြီး သတိတချက် လစ်သွားပါတယ်”  ဟု ရှင်းပြသည်။

၎င်းသတိရလာသည့် အချိန်တွင် အိမ်အတွင်း သွေးများ တွေ့ရကြောင်း၊ ရိုက်နှက်ခံရသည့် အရှိန်ဖြင့် အိမ်တိုင်တခုအား အားပြုကာ ထခဲ့သော်လည်း ခေါင်းမူးနေသဖြင့် ပြန်၍ လဲအိပ်နေခဲ့ကြောင်း၊ ထိုသို့အိပ်နေစဉ် စစ်သားများ ပြန်လည်ရောက်ရှိလာကာ အိမ်ပတ်လည်တွင် ကင်းစောင့်နေကြကြောင်း၊ နောက်တနေ့တွင် ကင်းစောင့်နေသည့် တပ်မတော်သား တဦးအား အပေါ့သွားမည်ဟု ခွင့်တောင်းပြီး ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ကိုဌေးလှိုင်က ရှင်းပြသည်။

 “အပေါ့သွားချင်တယ် ဆိုပြီးတော့ သွား၊ သွားဆိုပြီး ပြောတယ်။ သွားဆိုတာနဲ့ ကျနော်ထွက်လာခဲ့တယ်။ နောက်ထပ် စစ်သား ၂ ယောက်က လှမ်းခေါ်သေးတယ်။ ပစ်ရင်လည်း ပစ်ဆိုပြီး ကျနော် သူတို့ခေါ်ရင်လည်း ပြန်မသွားခဲ့ဘူး” ဟု ကိုဌေးလှိုင်က ပြောသည်။

ထိုသို့ တပ်မတော်သားများ လက်ထဲက လွတ်မြောက်လာစဉ် ကိုဌေးလှိုင်မှာ ထပ်မံ အဖမ်းခံရမည်ကို စိုးရိမ်သည့်အတွက် တနေရာတွင် ပုန်းခိုနေကြောင်း၊ မိသားစုဝင်များက ရှာတွေ့စဉ်တွင် ဒဏ်ရာရနေသည့် ကိုဌေးလှိုင်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ကိုဌေးလှိုင်၏ ယောက္ခမဖြစ်သူ ဒေါ်လှမေ က “သူူ့ကို အဒေါ်တို့က စက်ရုံမှာပဲ ရှိနေမယ်ထင်တာ။ သူရွာထဲမှာ အရိုက်ခံ နေရတာကို တယောက်မှ မသိဘူး။ ရွာသားတွေလည်း အကုန် ဘုန်းကြီးကျောင်းမှာ ရောက်နေတယ်။ ရွာသားတယောက် ပြောမှပဲ အဒေါ်တို့ ကသိပြီးတော့ သူ့ကိုသွားရှာကြတာ။ သူ့ကို တွေ့တာ” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်သားများ ဖမ်းဆီးခဲ့စဉ် ကိုဌေးလှိုင်၏  ဖုန်းနှင့် မှတ်ပုံတင်မှာလည်း တပ်မတော်သားများ လက်ထဲတွင် ကျန်နေခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ်ခဲ့ရာ ဖြစ်စဉ် အပေါ် မသိရှိသေးကြောင်း ပြောသည်။

အနောက်ပိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် ရခိုင်ပြည် နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းတို့ထံ ဆက်သွယ်ခဲ့သော်လည်း မရှိခဲ့ပေ။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မင်းပြားမြို့နယ် ရာမောင်တံတားနှင့် ဖားပျော်ကျေးရွာအနီး တပ်မတော်နှင့် AA တို့ ဖြစ်ပွား ခဲ့သော တိုက်ပွဲကြောင့် ခရီးသည်တင်ကားများ၊ ကုန်တင်ကားများနှင့် အိမ်စီးကားများ ရှေ့ဆက်မသွားနိုင်သည့်အတွက်  ခရီးသွားပြည်သူ ၁၀၀၀ ကျော် ပိတ်မိခဲ့သည်။

AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အဆိုပါ မင်းပြားမြို့ ဖားပျော်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ  ၁၄ ရက်နေ့ မနက် ၉ နာရီကျော်မှ ညနေ ၆ နာရီအထိ တပ်မ (၅၅) လက်အောက်ခံ ဗထူး အခြေစိုက် ခမရ (၅၀၈) တပ်ရင်းနှင့် ထိတွေ့ ဖြစ်ပွားခဲ့မှုကြောင့် နှစ်ဘက် တပ်ဖွဲ့ဝင်များ ကျဆုံးမှုနှင့်အတူ လက်နက်ခဲယမ်း မီးကျောက် အပါအဝင် သုံ့ပန်း ၁ ဦးလည်း ဖမ်းဆီး ရမိထားကြောင်း ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ဖေဖော်ဝါရီလဆန်းပိုင်း ကတည်းက ကျောက်တော်၊ ပလက်ဝ၊ ရသေ့ တောင်၊ ဘူးသီးတောင်၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ်များတွင် အရှိန်အဟုန်မြင့်ကာ နှစ်ဘက် တိုက်ပွဲများ ယနေ့ အထိ  ပြင်းထန်စွာဖြစ်ပွားနေသည်။

ပလက်ဝမြို့နယ်၊ မီးချောင်းတံတား အနီးရှိ တပ်မတော် ခြေကုပ်ယူထားသော ဗျူဟာကုန်းကို AA အဖွဲ့က လာရောက် တိုက်ခိုက်မှု ရှိသလို တပ်မတော်ကလည်း ဂျက်ဖိုက်တာများ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ရှိသည့်အတွက် နှစ်ဘက် တပ်ဖွဲ့ဝင်များမှာလည်း ထိခိုက်ကျဆုံးမှု များကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ နှစ်ဘက် တိုက်ပွဲ ဖြစ်ပွားမှုမှာ ၁ နှစ်ကျော်ထိ ကြာမြင့်လာမှုနှင့်အတူ စစ်ပွဲ ဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။

လက်ရှိတွင်  အစိုးရက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်မြောက်ပိုင်း မြို့နယ်များကို အင်တာလိုင်းများ ဖြတ်တောက် ထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှု အခြေနေမှာ လျော့ကျသွားခြင်း မရှိဘဲ စစ်ရှိန် ပိုမို မြင့်တက်လာ သလို အခြားတဖက်တွင် စစ်ဘေးဒုက္ခသည် အရေအတွက်မှာလည်း သိန်းချီ  ရှိလာကာ  အရပ်သား သေဆုံးမှုမှာလည်း နေ့စဉ်နှင့်အမျှ ရှိနေသည်။

ဧရာဝတီမှ စာရင်းပြုစုချက်အရ ယခုလ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အထိ ၁၃ ရက်အတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုနှင့် အတူ မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား သေဆုံးသူ ၈ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၅၁ ဦး ကျော် ရှိသည်။

You may also like these stories:

ခန္တီးနှင့် ဟုမ္မလင်းကို နာဂအုပ်ချုပ်ခွင့်ရဒေသတွင်း ထည့်ရန် ကြိုးစားမှု ရှမ်းနီတို့ ကန့်ကွက်

ဝန်ကြီးဌာနများ မလုပ်၊ မရှုပ်၊ မပြုတ် လုပ်နေသည်ဟု ပြောဆိုမှု တပ်ကိုယ်စားလှယ် ကန့်ကွက်

ပြည်သူ့ဘဏ္ဍာ လေလွင့်မှု မရှိရေး စီမံရန် အစိုးရကို တပ်မတော် ပြော

Your Thoughts …
Tags: AAတပ်မတော်တိုက်ပွဲမင်းပြားရာမောင်တံတား
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.4k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.4k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
နိုင်ငံ့လက်ရွေးစင် Model Physique ကစားသမား မီမီကျော်နိုင် / မျိုးမင်းစိုး / ဧရာဝတီ

ဟင်္သာတပွဲ သရုပ်ပြမှုအပေါ် ရှင်းပြလိုက်တဲ့ နိုင်ငံ့လက်ရွေးစင် မီမီကျော်နိုင်

“ နိုင်ငံရေး အောက်လုံးထိုးမှုတွေကြားမှာ အားကစားကို ကြားမညှပ်စေချင်ဘူး “ (ရုပ်/သံ)

“ နိုင်ငံရေး အောက်လုံးထိုးမှုတွေကြားမှာ အားကစားကို ကြားမညှပ်စေချင်ဘူး “ (ရုပ်/သံ)

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
4.5k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate