• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုဂံ ရှေးဟောင်း ဘုရားပုထိုးများပေါ် မတက်ရန် သာသနာရေး ထုတ်ပြန်

by ဇူးဇူး
17 February 2020
in သတင်း
A A
ပုံဂံဘုရားများပေါ်မှ နေဝင်ချိန် ကြည့်ရှူနေကြသည့် နိုင်ငံခြားသားများ / ကျော်ခ / ဧရာဝတီ

ပုံဂံဘုရားများပေါ်မှ နေဝင်ချိန် ကြည့်ရှူနေကြသည့် နိုင်ငံခြားသားများ / ကျော်ခ / ဧရာဝတီ

6k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်း ဘုရားပုထိုးများပေါ်သို့ တက်ရောက်ခြင်း မပြုရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများသည် သက်တမ်းအားဖြင့် နှစ်ကာလကြာမြင့်နေသော အုတ်အဆောက် အအုံများ ဖြစ်ခြင်းကြောင့် ဘုရားပေါ်သို့ တက်ရောက်သူများအနေဖြင့် ဘေးအန္တရာယ် ရှိနိုင်ရာ တက်ရောက်ခြင်း မပြု ရန်နှင့် နယ်မြေဒေသအတွင်း ကျယ်ပြန့်စွာ တည်ရှိနေသည့် ရှေးဟောင်းအမွေအနှစ်များပေါ်သို့ တက်ရောက်ခြင်း မပြုရန် ပြည်သူများမှ ဝိုင်းဝန်းကူညီဆောက်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RelatedPosts

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

15 May 2025
105
သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
150
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
182

ဆက်လက်၍ ဌာနနှင့် ပူးပေါင်းအဖွဲ့များအနေဖြင့် ရှေးဟောင်းအဆောက်အအုံများပေါ်သို့ တက်ရောက် မရှိစေရေး ယဉ်ကျေးမှု နယ်မြေအတွင်း အမြဲမပြတ် လှည့်လည်ကြီးကြပ် တားမြစ်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ပါရှိသည်။

ထို့ပြင် ဘုရားပေါ်သို့ မတက်ရောက်စေရေး သတိပေး နှိုးဆော်ချက် ဆိုင်းဘုတ်များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာ သာဖြင့် ပြည်တွင်း/ပြည်ပ ဧည့်သည် အများအပြား လာရောက်လေ့လာလျက်ရှိသော နေရာများ၊ တခြား သင့်လျော် သည့် နေရာများတို့၌ စိုက်ထူထားရှိပြီး မကြာခဏ အသိပညာပေးရေး လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ပုဂံဧည့်လမ်းညွှန်အသင်း အမှုဆောင် ကိုမြင့်နိုင် က “လွန်ခဲ့တဲ့ ၃ နှစ်လောက်က သူတို့ လုပ်ပြီးသားပါ။ မရပါဘူး။ မလုံလောက်ပါဘူး။ ဒီလောက်ကျယ်ပြန့်နေတဲ့ နေရာမှာ ဘုရား ၁ ဆူကိုလည်း လူ ၁ ယောက် ထားနိုင်မှာ မဟုတ်ပါဘူး။ နောက်တခုက heritage police (အမွေအနှစ် ထိန်းသိမ်းရေး ရဲ) ဆိုတာ မရှိဘူး။ ဘုရားပေါင်း ၃၂၀၀ ကျော်ကို ဘာအစောင့်ရှောက်မှ မရှိဘဲ ပစ်ထားပြီး မေတ္တာရပ်ခံစာလေးနဲ့တော့ မရနိုင်ဘူးလေ။ ရှေးဟောင်းမှာ ဝန်ထမ်းနည်းနည်းပဲ ရှိတဲ့အတွက် စောင့်ရှောက်နိုင်မှု အားနည်းတယ်” ဟု မှတ်ချက်ပြုသည်။

လွန်ခဲ့သည့် ၃ နှစ်ခန့်ကတည်းက ဘုရားများပေါ် မတက်ရဟုဆိုကာ အမိန့်ထုတ်လိုက်ပြီး နောက်ပိုင်း တရားမဝင် ခိုးတက်မှုများ ဖြစ်ပေါ်လာကာ အကျိုးဆက်အနေဖြင့် မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထိုမတိုင်ခင်က တက်ခွင့်ပြုထားသည့် ဘုရား တရားဝင် ၅ ဆူ ရှိကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက ပုဂံ၏ အရသာဖြစ်သော အမြင့်တနေရာမှ ဘုရားများ၏ ရှုခင်း (view) ကိုကြည့်ခြင်း၊ နေထွက်ချိန် နေဝင်ဆည်းဆာ ကြည့်ရှုခြင်းများဖြင့် နာမည်ကြီးသည့် ပုဂံသို့ ရောက်သူတိုင်း ထိုအခွင့်အရေးကို လက်မလွှတ်ချင်ကြောင်း၊ အစိုးရက လုပ်ပေးထားသည့် လူလုပ်ကုန်း ၃ ခုသည်လည်း လူအရမ်းများကာ ဆူညံသည့်အတွက် ခရီးသွားဧည့်သည်အများစုက မကြိုက်ကြောင်း၊ အမွေအနှစ် ထိန်းသိမ်းရေးနှင့် ခရီးသွားလုပ်ငန်းအကြား မျှတသည့် အဖြေတခုရှာဖွေရန် လိုအပ်ကြောင်း ပြောဆိုသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က “အဓိကကတော့ အသိပညာပေးမှုက အရေးကြီးပါတယ်။ ဒါတွေကတော့ ရှိနေတာပဲ။ ဘုရားတွေ ၃၈၂၂ ဆူကို တောတွေထဲမှာ လူမရောက်တဲ့ နေရာတွေမှာ ရှိနိုင်တယ်။ ဒါတွေကို လှည့်ပတ်ကြည့်ရှုဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ပုဂံဒေသအတွက် လှည့်လည်စောင့်ကြည့်ရေး လုပ်ရန် ဝန်ထမ်းအင်အား လုံလောက်မှုမရှိသည့်အတွက် ထပ်မံတိုးချဲ့ပြီး နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းပေးလျှင် ကောင်းမွန်ကာ မီဒီယာများအနေဖြင့်လည်း ပြည်သူလူထုအား အသိပညာပေးမှု အပိုင်းတွင် ဝိုင်းဝန်းပံ့ပိုးစေချင်သည်ဟုလည်း ၎င်းက ဆိုသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ၌ ၂၀၁၆ ခုနှစ်မှ စတင်ကာ ၂၀၂၀ ဖေဖော်ဝါရီ ၁၄ ရက်ထိ ပုဂံဒေသရှိ ရှေးဟောင်းဘုရားပုထိုး စေတီများပေါ် တက်ရောက်မှုကြောင့် နိုင်ငံခြား ခရီးသွားဧည့်သည် ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

You may also like these stories:

တပ်မတော်သားများ ရိုက်နှက်လိုက်သည့် မင်းပြား ဒေသခံ ဆေးရုံ တင်ထားရ

ခန္တီးနှင့် ဟုမ္မလင်းကို နာဂအုပ်ချုပ်ခွင့်ရဒေသတွင်း ထည့်ရန် ကြိုးစားမှု ရှမ်းနီတို့ ကန့်ကွက်

ဝန်ကြီးဌာနများ မလုပ်၊ မရှုပ်၊ မပြုတ် လုပ်နေသည်ဟု ပြောဆိုမှု တပ်ကိုယ်စားလှယ် ကန့်ကွက်

Your Thoughts …
Tags: ပုဂံဘုရားရှေးဟောင်းသာသနာရေး
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

by ဧရာဝတီ
1 October 2024
5.1k

ပထဝီအနေအထားအရ အနောက်တောင် မုတ်သုန်လေနှင့် ပါလာသော မိုးကို ရခိုင်ရိုးမက ကာဆီးထားသဖြင့် မိုးရိပ်ကျ သည့် Rain Shadow Area ခြောက်သွေ့ရပ်ဝန်း ပုဂံဒေသသည် ယခင်က မိုးနည်းခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ကာလများ ကမူ မိုးသည်းထန်မှု...

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

by ဧရာဝတီ
27 November 2023
3.6k

လတ်တလော၌ တိုက်ပွဲများ ပြင်းထန်လာခြင်း၊ စစ်ရေးအရှိန် မြင့်လာခြင်းတို့ကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များက ပြောသည်

ဖမ်းဆီးခံ ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ အသက်အန္တရာယ် စိုးရိမ်ရ

ဖမ်းဆီးခံ ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ အသက်အန္တရာယ် စိုးရိမ်ရ

by စောလွင်
20 November 2024
3.1k

ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ ဖမ်းဆီးခံထားရသည့် ဖြစ်စဉ်ကို ကြားသိထားပြီး လောလောဆယ် မှတ်ချက်မပေးနိုင်သေးကြောင်း၊ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးအဖွဲ့နှင့် ဆက်သွယ်ပြီးနောက် ပြည့်ပြည့်စုံစုံ အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း ပြောသည်။

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး  (ရုပ်/သံ)

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး (ရုပ်/သံ)

by ဧရာဝတီ
12 April 2025
3k

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ သား အောင်ပြည်စုံ၊ သမီး ခင်သိရီသက်မွန် တို့နဲ့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ “ရွှေဘုန်းပွင့်” စေတီတော်ကို ဧပြီလ ၁၁ ရက်နေ့က မိသားစုလိုက် ရွှေထီးတော်တင်အခမ်းအနားကျင်းပခဲ့ပါတယ်။

သီတဂူဆရာတော်နဲ့ အရှင်ဆေကိန္န ဘယ်ရောက်နေလဲ (ရုပ်/သံ)

သီတဂူဆရာတော်နဲ့ အရှင်ဆေကိန္န ဘယ်ရောက်နေလဲ (ရုပ်/သံ)

by ဧရာဝတီ
31 March 2025
2.7k

မန္တလေးမြို့အနီး ဗဟိုပြုပြီး ပြင်းအားမြင့်လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဆရာတော်၊ သံဃာတော်တွေနဲ့ သီလရှင်တွေ အများအပြားပျံလွန်တော်မူခဲ့ကြသလို သာသနိက အဆောက်အဦတွေ အများအပြားဟာလည်း ပြိုပျက်ခဲ့ရပါတယ်။

Next Post
မန်ဆာချူးဆက်ပြည်နယ် Lynn မြို့တွင် ၂၀၁၄ ခုနှစ် နှင်းတောထဲ မြင်ရသော အိမ်ရာမဲ့တဦး / Reuters 

ဒီမိုကရေစီ ကျဆုံးခန်းကို ဘယ်လိုရှောင်ကြမလဲ

နေပြည်တော်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပသည့် ကျောက်မျက်ရတနာ ပြပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

နေပြည်တော် ကျောက်မျက်ပွဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

1 day ago
5.9k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate