သတင်း

ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

Want create site? Find Free WordPress Themes and plugins.

လာမည့် ဖေဖော်ဝါရီ၂၄ ရက်တွင် ကျင်းပမည့် ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက် ကြောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောသည်။

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသောကြောင့် စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု လာရောက် ဆွေးနွေးခြင်းမှာလည်း လျော့ကျလျက်ရှိသည့် အပြင် ပြီးခဲ့သည့် ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင်လည်း တရုတ်နှင့် ထိုင်းနိုင်ငံသားများ အများဆုံး လာကြကြောင်း၊ သို့သော် လက်ရှိ အခြေအနေတွင် တရုတ်ကို မျှော်မှန်း၍ မရသဖြင့် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ဦးသန့်စင်လွင်က “ရန်ကုန်က နိုင်ငံခြားသား အသွားအလာ အရမ်းများတယ်။ ပြီးခဲ့တဲ့ ဖိုရမ်တုန်းက တရုတ် ဝင်ရောက်မှု အရမ်းများတယ်။ ဒါကို ချိန်ပြီးတော့ ရွှေ့လိုက်တာ ဖြစ်ပါတယ်။ စစ်ကိုင်းမှာ မတ်လအတွင်း လုပ်မယ့် ဖိုရမ်တော့ အရွှေ့ အပြောင်းမရှိသေးဘူး။ မူလ သတ်မှတ်ထားတဲ့ အတိုင်းပဲ။ ဒါပေမယ့် သူတို့လည်း အဲဒီဖိုရမ်မှာ လူအလာနည်းမယ်လို့ တွက်ထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ၂၇ ရက် နောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် မြန်မာအပါအဝင် တရုတ်နှင့် ဆက်စပ်နေ သော ကမ္ဘာ့နိုင်ငံများတွင်လည်း အနည်းနှင့်အများ စီးပွားရေး အကြပ်ရိုက်မှုများ ဖြစ်ပွားနေပြီး မြန်မာ့စီးပွားရေးလုပ်ငန်း များတွင် နိုင်ငံခြားသား ဝင်ရောက်မှုမှာလည်း လျော့ကျသွားကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။

“ဘယ်လောက်လဲ ဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး။ ကမ္ဘာ့နိုင်ငံကြီးတွေမှာတောင် ဒါက ဖြစ်နေတာ။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီလိုမျိုး တရုတ်နိုင်ငံမှာ စီးပွားရေး အကြပ်အတည်း ဖြစ်တယ်။ ဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် လုပ် ငန်းကိုင်ငန်းတွေ အနှောင့်အယှက် ဖြစ်လာပြီဆိုရင် ကျနော်တို့ နိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုလည်း အနှောင့်အ ယှက် ဖြစ်မှာပဲ။ ဒါကတော့ တရုတ်နဲ့ စီးပွားရေး လုပ်နေတဲ့ နိုင်ငံတွေ အကုန်လုံး ဖြစ်မှာပါ” ဟု ဦးသန့်စင်လွင် က သုံးသပ် ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “ရင်းနှီးမြှုပ်နှံမှုက လုံးဝ မရှိဘူး ဆိုတာတော့ မဟုတ်ပါဘူး။ ရှိတော့ ရှိတယ်။ လျော့ကျတယ်။ လာ ဆွေးနွေးတဲ့ သူကလည်း တရုတ်ပြည်က ဘယ်နေ့က လာပါတယ် ဆိုတာမျိုး မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ် အေးဂျင့်လိုဟာမျိုးက လာဆွေးနွေးတာပါ။ ဒီဗိုင်းရပ်စ်ကြောင့် ဘယ်လောက်ထိ ဖြစ်မယ်ဆိုတာတော့ ကျနော်တို့လည်း မတွက်တတ်ဘူး”ဟု ဆိုသည်။

တရုတ်နှစ်သစ်ကူး ပြီးသည့် နောက်ပိုင်းတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်မည်ဟု MIC အနေနှင့် ခန့်မှန်း ထားသော်လည်း လက်ရှိတွင် လျော့ကျသွားကြောင်း သိရသည်။

တရုတ်ကုမ္ပဏီ ၄၃၀ ခုက ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ၂၀ ဘီလီယံ ကျော်နှင့် ဒုတိယ အများဆုံး မြန်မာ နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထားသည့် နိုင်ငံတခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှဦးက “တရုတ်ရဲ့ ဗိုင်းရပ်စ်နှုန်းက သေပျောက်မှု အရမ်းမများဘူး ဆိုပေမယ့် စိုးရိမ်စရာ ကောင်းတာ က ကူးစက်တာ အရမ်းမြန်တယ်။ ဒါကိုလျှော့ချနိုင်အောင် လူအဝင်အထွက် ကန့်သတ်လိုက်တယ်။ အခုက ဗိုင်းရပ်စပ်ကို ထိန်းသိမ်းနိုင်မှ မြန်မာနိုင်ငံကိုလည်း ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်နိုင်မယ့် အခြေအနေ ရှိတယ်။ အချိန်တခုတော့ စောင့်ရ မယ်။ မတ်လကုန်လောက်ထိတော့ စောင့်ရမယ်လို့ ကျနော် ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်စပ်ဖတ်ရှုရန်

You may also like these stories:

ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၌ စီမံကိန်း ၁၉ ခု သဘောတူ လက်မှတ် ရေးထိုး

Did you find apk for android? You can find new Free Android Games and apps.
Loading