• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒလ သက်ငယ်မုဒိမ်းမှု မျက်မြင်သက်သေများကို စွပ်စွဲခံရသူများက အမှုပြန်ဖွင့်

by ထက်ခေါင်လင်း
18 February 2020
in သတင်း
A A
ဒလ ဆိပ်ကမ်း  / မျိုးမင်းစိုး / ဧရာဝတီ

ဒလ ဆိပ်ကမ်း / မျိုးမင်းစိုး / ဧရာဝတီ

14.7k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ သက်ငယ်မုဒိမ်းမှု တခုတွင် စွပ်စွဲခံရသူ မိသားစုဘက်မှ မျက်မြင်သက်သေများကို ခြိမ်းခြောက် ငွေတောင်းသည်ဟုဆိုကာ ပြန်လည် အမှုဖွင့်သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်ရဲ စခန်းမှူး ဒုရဲမှူး အုန်းဝင်း က “မျက်မြင်သက်သေ ၅ ဦးကို အမှု ဖွင့်ထားတာ ရှိတယ်။ ကျနော် ခရီးသွားနေလို့ သိချင်ရင်တော့ စခန်းသာ ဆက်သွယ်ဗျာ” ဟု အတည်ပြု ပြောဆိုသည်။

RelatedPosts

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
752
ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

23 May 2025
59
ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

23 May 2025
14

ပြီးခဲ့သည့် နွေရာသီတွင် တကြိမ်၊ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်တွင် တကြိမ် ဒလမြို့နယ်ရှိ ဈေးများအိမ်သာ၌ အသက် ၁၅ နှစ် အရွယ် ၇ တန်းကျောင်းသူကို အသက် ၆၂ နှစ်အရွယ် ဈေးသာယာရေး ဥက္ကဋ္ဌ ဖြစ်သူ ဦးတင်ရီက မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း အဆိုပါ ၇ တန်းကျောင်းသူကို မေးမြန်းရာတွင် သိရှိခဲ့သည်ဟု လူမှုဝန်ထမ်း ဦးစီးဌာန၊ ဒလမြို့နယ် တာဝန်ခံ ဒေါ်စိုးစိုးထိုက်က ပြောသည်။

အဆိုပါ ကိစ္စကို မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်တိုင်ကြားနိုင်ရန်၊ ဆေးစစ်ချက်ရယူနိုင်ရန် သက်ဆိုင်ရာ ဌာနများနှင့် ချိတ် ဆက် ဆောင်ရွက်ပေးခဲ့ပြီးနောက် လက်ရှိတွင် ဦးတင်ရီကို ထောင်အချုပ်ဖြင့် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ၎င်းက ဆို သည်။

ထိုကိစ္စဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ ၅ ဦးကို စွပ်စွဲခံရသူများဘက်မှ ခြိမ်းခြောက် ငွေတောင်းသည် ဟုဆိုပြီး ပြန်လည် အမှု ဖွင့်ခဲ့သည်ကို ယနေ့မှ ကြားသိရသည်ဟု ဒေါ်စိုးစိုးထိုက်က ဆက်လက် ပြောသည်။

၎င်းက “ကလေးမလေးကို မုဒိမ်းးကျင့်တာကြောင့် အမှုကိုလည်း လက်ခံထားတယ်။ ပြီးတော့ အခု သူတို့ဘက်က မျက်မြင် သက်သေ ၅ ဦးကို ငွေကျပ်သိန်း ၃ဝ ခြိမ်းခြောက်တောင်းတယ်ဆို ပြန်ဖွင့်ထားတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၈ ရက် နေလယ်ခင်းတွင် ဒလမြို့နယ်၊ သမ္မတကမ်းခြေ ဈေးအိမ်သာထဲကို ၇ တန်းကျောင်းသူ ဝင် ရောက်သွားပြီးနောက် ဦးတင်ရီက လိုက်ဝင်သွားကြောင်း၊ မိမိက မသကာၤသဖြင့် အဆိုပါ ဈေးအိမ်သာထဲသို့ ဝင်လိုက် သွားရာတွင် အခန်းတခန်းထဲသာ ပိတ်နေပြီး ကျန်သည့်အခန်းများ လွတ်နေသည်ကို တွေ့ရကြောင်း မျက်မြင်သက်သေ တဦးဖြစ်သည့် ကိုဝင်းထွန်းက ပြောသည်။

မိနစ် ၂ဝ ခန့် ကြာသည့်အခါတွင် ဦးတင်ရီက ပြန်ထွက်လာပြီး အချိန်တော်တော်ကြာမှ ကလေးမလေး ပြန်ထွက်လာ ကြောင်း ၎င်းကပြောဆိုသည်။

ကိုဝင်းထွန်း က “ကလေးမလေးတွေက နေစရာ မရှိဘူး။ ဈေးထဲမှာပဲ ဈေးရောင်းရင်း ဈေးစောင့် ပုံစံနဲ့နေရတာ။ ဦးတင်ရီက ဈေးသာယာရေး ဥက္ကဋ္ဌလေ။ ပိုက်ဆံကလည်း ရှိတယ်။ ကလေးမလေး မိသားစုကို ခြိမ်းခြောက်ထားတယ်။ အဲဒီတော့ ကလေးမလေးက ဘယ်ပြောရဲပါ့မလဲ” ဟု ဆိုသည်။

မုဒိမ်းမှု ကိစ္စကို မိမိတို့ ၅ ဦးသာလျှင် သိပြီး ပတ်ဝန်းကျင်များ မသိစေရန်အတွက် ဦးတင်ရီ၏ ဇနီးဖြစ်သူက လာရောက် စည်းရုံးခဲ့သော်လည်း ငွေကြေးနှင့် လက်ဆောင် တခုတလေမှ ပေးအပ်ထားတာမရှိ၊ မိမိတို့ကို ခြိမ်းခြောက်ချင်သည့် အတွက် အခုလို တရားစွဲခြင်းသာ ဖြစ်သည်ဟု ယူဆကြောင်း အမှုပြန်လည်ဖွင့်ခံရသည့် မျက်မြင်သက်သေဖြစ်သူ ဒေါ်ခင် မမက ပြောသည်။

မျက်မြင်သက်သေများသည် ငွေတောင်းယူခြင်း မရှိသလို မုဒိမ်းမှုအတွက် အမှုမဖွင့်ခင်က မိမိကို ဦးတင်ရီ၏ ဇနီးဖြစ်သူက ကျပ်သိန်း ၃ဝ ကို အမှုမဖွင့်ရန်အတွက် လာရောက်ပေးခြင်းသာ ဖြစ်ကြောင်း မုဒိမ်းမှု ကျူးလွန်ခံရသည့် မိန်း ကလေး၏ မိခင်ဖြစ်သူ ဒေါ်မေရီက ပြောသည်။

ဒေါ်မေရီက “ကျမ မကျေနပ်ဘူး။ သူတို့က မတရားပြောနေတာ။ ပြောလိုက်ရင် သူတို့ မလုပ်ဘူးချည်းပဲ ပြောတာ။ သူတို့ပဲ ငွေကျပ် သိန်း ၃ဝ ကိုလာပေးတာ။ ကျမတို့က မသုံးဘူး။ သမီးအကြီးမက သိမ်းထားတာ” ဟု ဆိုသည်။

ယခု အမှုပြန်ဖွင့်သည့် ခြိမ်းခြောက်ငွေတောင်းသည် ဆိုသည့် ပုဒ်မ ၃၈၉ သည် အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆင်းရဲ သည့် မျက်မြင်သက်သေများကို ပြန်လည် ခြိမ်းခြောက်ရာ ဖြစ်ကြောင်း၊ မျက်မြင်သက်သေများ အနေဖြင့် တရားရေး ရင် ဆိုင်ခြင်း၊ အမှုအခင်းများ ဖြစ်ခြင်းအပေါ် ကြောက်ရွံ့မှု ဖြစ်နေကြောင်း၊ အဆိုပါ အမှုကို လိုက်ပါ ကူညီပေးနေသည့် ဒလ မြို့နယ်မှ ဥပဒေ အထောက်အကူပြုအဖွဲ့ တာဝန်ခံ ဒေါ်နီနီဝင်းက သုံးသပ်သည်။

ဒေါ်နီနီဝင်းက “ကျမ ဒီသက်ငယ် မုဒိမ်းမှု ကြားကြားချင်း လူမှုဝန်ထမ်းက လူတွေနဲ့အတူ ကလေးမလေး တက်နေတဲ့ ကျောင်းက ကျောင်းအုပ်ကို ခွင့်တောင်းပြီး မေးခဲ့တာ။ ကလေးမလေး အမေက စာလည်းမတတ်တော့ ဘာမှမလုပ်တတ် ဘူး။ အမှုဖွင့်ချင်လား၊ ဖွင့်ဆို ကူညီပေးရတာ။ အခုတော့ တဖက်က မျက်မြင်သက်သေ ဈေးသည်တွေကို ပြန်အမှုဖွင့် တယ်ဆိုတော့ သူတို့ တရားရုံးမှာ အမှုအတွက် သက်သေတောင် ထွက်ပေးပါ့မလား စိုးရိမ်ရတယ်” ဟု ဆိုသည်။

မိမိတို့ လူမှုဝန်ထမ်း ဦးစီးဌာန အနေဖြင့်လည်း ယခုအချိန်တွင် မုဒိမ်းမှု ကျူးလွန်ခံရသည့် ကလေးမလေးနှင့် မိခင်ဖြစ်သူ တို့ကို နှစ်သိမ့်အားပေး ဆွေးနွေးမှုများ ပြုလုပ်ပေးကြောင်း၊ ထို့ပြင် တရားရင်ဆိုင်သည့်အခါ လိုအပ်မည့် ခရီးစရိတ်နှင့် တကွ အမှုပြီးပြတ်သွားလျှင်လည်း အဆိုပါ မိန်းကလေး၏ ပြန်လည် ထူထောင်ရေးနှင့် မိသားစု ရင်းနှီး မတည်ရေးအတွက် အစီအစဉ်များကို စီစဉ်နေကြောင်း ဒလမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ခံဖြစ်သူ ဒေါ်စိုးစိုးထိုက်က ပြောသည်။

You may also like these stories:

ဖျာပုံတွင် သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့် ဖခင်အား ဖမ်းဆီး

လိင်ကိစ္စကို ရှက်စရာ၊ ရွံ့စရာ၊ အကုသိုလ်လို့ ဆိုပေမယ့် လူ့သဘာဝအရ ဒါတွေရှိနေမှာပဲ

သက်ငယ်မုဒိမ်းမှု ထောင်ဒဏ်တသက်ဥပဒေကြမ်း နိုင်ငံတော်သမ္မတ အတည်ပြု

Your Thoughts …
Tags: ဈေးများအိမ်သာဒလမြို့နယ်မျက်မြင်သက်သေသက်ငယ်မုဒိန်း
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

ထွက်ပြေးခိုအောင်းနိုင်သည့် မြို့နယ်ရဲစခန်းများသို့ ဖြန့်ဝေပေးထားသော စိတ္တသုခကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိဓာတ်ပုံ / သလပ်ခွာနယ်မြေရဲစခန်း

ရေသိုးရွာ ဘုန်းကြီးကျောင်း ငရဲခန်းမှာ လပေါင်းများစွာ

by အောင်ငြိမ်းချမ်း & ဝင်းနန္ဒာ
24 May 2018
60.2k

ပုသိမ်မြို့ပြင်မှ မူလတန်းကျောင်းသူတချို့ ကာလကြာရှည် မုဒိမ်းကျင့်ခံရခြင်းသည် မိဘများ ဆင်းရဲနွမ်းပါးမှု၊ ဆင်ခြင်တုံတရားနည်းပါးမှုတို့နှင့်လည်း ဆက်စပ်နေသည်

၈ တန်းကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် တရားခံ

ကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းဆရာကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်

by ဆလိုင်းသန့်စင်
1 June 2017
69k

တရားရုံးတော်အနေနဲ့ အခုလို သက်ငယ်မုဒိန်းကျူးလွန်သူကို ထိရောက်စွာနဲ့ ပြစ်ဒဏ်ချမှတ်တဲ့အပေါ်မှာ ကျောင်းသူတွေရဲ့ မိဘတွေရော၊ ကျမတို့ လိုက်ပါကူညီဆောင်ရွက်ပေးသူတွေရော ကျေနပ်ပါတယ်

စစ်ကောင်စီ၏ ရန်ကုန်တိုင်း စီးပွားရေး ဝန်ကြီး ဦးအောင်သန်းဦး

ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးကို စစ်ကောင်စီဖမ်းပြီ

by ဧရာဝတီ
23 March 2022
14.2k

အဆိုပါ ဒလမြို့နယ်အတွင်းရှိ သမ္မတကမ်းခြေရှိ လယ်ယာမြေများကို စစ်တပ်ခေါင်းဆောင်များ၏ သားသမီးများနှင့် ပြည်ထောင်စု ကြံခိုင်ရေး ပါတီခေါင်းဆောင်များ၏ မိသားစုဝင်များက ဝယ်ယူကာ အခြားသုံးစွဲခွင့် လန (၃၉ )လျှောက် ထားကာ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ထွက်ပြေးခိုအောင်းနိုင်သည့် မြို့နယ်ရဲစခန်းများသို့ ဖြန့်ဝေပေးထားသော စိတ္တသုခကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိဓာတ်ပုံ / သလပ်ခွာနယ်မြေရဲစခန်း

သက်ငယ်မုဒိန်းဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းထိုင်ဆရာတော် ထွက်ပြေးတိမ်းရှောင်နေ

by ဆလိုင်းသန့်စင်
10 May 2018
33.3k

အမှုဖွင့်ခံထားရသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းအုပ်စု၊ ရေသိုးကျေးရွာရှိ စိတ္တသုခ ကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိမှာ ထွက်ပြေးတိမ်းရှောင်နေသည်။

မလွင်မာဦး မီးရှို့မခံရမီပုံနှင့် ဒဏ်ရာရရှိပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေပုံ  /  Ko Aung Aung Oo  /  Facebook

မီးရှို့ခံရသည့် အမျိုးသမီးအမှု မြင်တွေ့သူများ သက်သေ မထွက်ဆိုရဲကြ ဟုဆို

by လဲ့လဲ့
29 January 2020
22.8k

မျက်မြင်သက်သေများက တရားရုံးတွင် မှန်ကန်သည့် ထွက်ဆိုချက်များဖြင့် ရဲရဲတင်းတင်း သက်သေထွက်ဆို ပေးကြရန် တောင်ဒဂုံ (၂၆) ရက်ကွက် ဂျပန်ကုန်း ကန်သာယာလမ်း ဝန်းကျင်ရှိ ရပ်ကွက်နေ ဒေသခံ အသိုင်းအဝိုင်းကို ကို အောင်အောင်ဦးက တောင်းဆိုထားသည်။

သက်ငယ်မုဒိန်းမှု သေဒဏ်ပေးရေး လှုပ်ရှားမှုတခု  / ဧရာဝတီ

သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရန် ဆောင်ရွက်နေဟု ရန်ကုန် လုံ/နယ် ဝန်ကြီးပြော

by သဇင်လှိုင်
5 June 2018
9.7k

အမျိုးသမီးများ အကြမ်းဖက်ခြင်း၊ နှောက်ယှက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို တည်ဆဲ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ လက်ရှိမှာ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းပြီး သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သေဒဏ်ရရှိရေး တင်သွင်းဆောင်ရွက်လျက်ရှိပါတယ်

Next Post
ယခုနှစ် ပြည်ထောင်စုလွှတ်တော် မြင်ကွင်း  / ဧရာဝတီ

နိုင်လွတ်လုံ ဥပဒေပြင်ရန် လွှတ်တော် ကြိုးပမ်း

ရေနုတ်မြောင်းရှင်းပြီး တရက်ကြာ အမှိုက်များ ပြန်လည်စွန့်ပစ် (ရုပ်/သံ)

ရေနုတ်မြောင်းရှင်းပြီး တရက်ကြာ အမှိုက်များ ပြန်လည်စွန့်ပစ် (ရုပ်/သံ)

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.4k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate