• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်လွတ်လုံ ဥပဒေပြင်ရန် လွှတ်တော် ကြိုးပမ်း

by ကျော်မျိုး
18 February 2020
in သတင်း
A A
ယခုနှစ် ပြည်ထောင်စုလွှတ်တော် မြင်ကွင်း  / ဧရာဝတီ

ယခုနှစ် ပြည်ထောင်စုလွှတ်တော် မြင်ကွင်း / ဧရာဝတီ

4.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ (နိုင်လွတ်လုံ) ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ယနေ့ ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တရား စီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက တင်သွင်းခဲ့သည်။

နိုင်ငံသားများကို အကာအကွယ်ပေးရန် ရည်ရွယ် ပြဋ္ဌာန်းခဲ့သော်လည်း လူပုဂ္ဂိုလ် တဦးနှင့်တဦး မသင့်မြတ်မှုများအပေါ် ယခု ဥပဒေကို အသုံးချနေ၍ နစ်နာမှုများ ဖြစ်နေရသည့်အတွက် ပြင်ဆင်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွေးက ဆိုသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
79
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
104
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
374

ဝေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးတင်ထွေးက “ဒီဟာကို ပြင်သင့်တယ်။ မပြင်လို့ရှိရင် ပြည်သူတွေအတွင်းမှာ ညစ်ပတ်တဲ့ ပုဒ်မကြီး ဖြစ်သွားနိုင်တယ် ဆိုပြီး ပြင်ဖြစ်တာပါ” ဟု ပြောသည်။

နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀ အရ ရဲစခခန်းသို့ အမှုဖွင့် တိုင်ကြားလျှင် ရဲစခန်း တာဝန်ရှိသူအနေဖြင့် ဖွင့်မပေးလျှင် အရေး ယူခံယူရနိုင်သည့်အတွက် အမှုမဖွင့် မနေရ ဖွင့်ပေးရကြောင်း၊ ယင်းနောက် တိုင်ကြားခံရသူမှာလည်း အာမခံမရဘဲ ဖမ်း ဆီးချုပ်နှောင်ခံရပြီး၊ စစ်ဆေး၍ အပြစ်မရှိပါက ချုပ်နှောင်ခံရခြင်းအတွက် နစ်နာကြောင်း၊ ယင်းအတွက် ဥပဒေကြမ်းတွင် အာမခံ ပေးရန် အချက်ကို အဓိကထား ပြင်ဆင်ထားကြောင်း ၎င်းက ဆိုသည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက “ချုပ်ပြီးလို့ တရားခံကို စုံစမ်းစစ်ဆေးတဲ့ အခါကျရင် တရားခံက အချုပ် ထဲမှာ ၁ လလောက် နေရတယ်။ ၁ လနေလို့မှ (ဥပဒေ) အကြံပေး တောင်းလို့ မရဘူးဆိုရင် ဒီ ၁ လကြီးက အစားပြန် မရတော့ဘူး။ မရနိုင်တော့တဲ့ အခါကျတော့ ဒီဟာကို ပြင်သင့်တယ်” ဟု ပြောသည်။

ထိုအတွက် အာမခံပေးရန် အချက်နှင့် အလွယ်တကူ တရားစွဲဆိုခြင်း မပြုနိုင်ရန် ထိန်းချုပ်ထားသည့် သဘောအဖြစ် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရန် အချက်ကိုလည်း ဥပဒေကြမ်းတွင် ပုဒ်မ ၁၄ အဖြစ် ထပ်မံ ဖြည့် စွက်ထားသည်။

ထို့ပြင် ပြစ်မှုပြစ်ဒဏ် အနေဖြင့်လည်း ထောင်ဒဏ် ၃ နှစ် အစား၂ နှစ်ဟု ပြောင်းရန်နှင့် စကားရပ် အချို့အစားထိုးခြင်း တို့ကို ပြုလုပ်ထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်တွင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခဲ့သည့် နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်ရမည် ဖြစ်ပြီး အနည်းဆုံး ၃ သိန်းကျပ်မှ အများဆုံး ၁၅ သိန်းအထိ ဖြစ် သော ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

နိုင်လွတ်လုံ ဥပဒေသည် ပြည်သူများ၏ လွတ်လပ်လုံခြုံမှုကို အကာအကွယ်ပေးရန်၊ အဖွဲ့အစည်းများက နောက်ယောင်ခံ ထောက်လှမ်းခြင်းများ မပြုနိုင်ရန် ဟန့်တားသော ဥပဒေ ဖြစ်၍ ရည်ရွယ်ချက်မှာ ကောင်းမွန်ကြောင်း၊ သို့ရာတွင် ပြည်သူ အချင်းချင်း တိုက်ခိုက်ရာတွင် ယင်းဥပဒေကို အသုံးချနေသည့် သဘောမျိုး တွေ့လာရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ထို့ကြောင့် လွှတ်တော်တွင် ပြစ်ဒဏ် လျှော့ချခြင်း၊ အာမခံပေးရန် ပြင်ဆင်ခြင်းများကို ကြိုဆိုကြောင်း၊ ပြည်သူအချင်းချင်း ဖြစ်ပွားသော ပြဿနာများ အတွက် ယင်းပုဒ်မကို အသုံးမချနိုင်ရန် ပြင်ဆင်သင့်ကြောင်း ၎င်းက ဆိုသည်။

ရှေ့နေ ဦးခင်မောင်ဇော်က “အဆုံးသတ် အနေနဲ့ အဲဒီဥပဒေမှာ ပြင်ဆင်ချက်ထည့်တယ် ဆိုရင် နောက်တိုး ပုဒ်မအနေနဲ့ ဒီဥပဒေဟာ ပြည်သူ အချင်းချင်း ဆောင်ရွက်တဲ့ နေရာမှာ အကျုံးဝင်ခြင်း မရှိလို့ ပါရင် ပိုကောင်းမှာပေါ့ဗျာ။ ပြည်သူ အချင်းချင်း တိုက်ခိုက်လို့ မရအောင်” ဟု ထောက်ပြ ပြောဆိုသည်။

နိုင်လွတ်လုံ ဥပဒေကို၂၀၁၇ ခုနှစ်မှ စတင် ပြဋ္ဌာန်းခဲ့သော်လည်း ပြည်သူကြား ဖြစ်သည့် ပြဿနာများတွင် ယင်းဥပဒေကို အသုံးချ၍ အမှုဖွင့် တရားစွဲဆိုမှုမှာ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောဆိုမှုများအရ များပြားနေကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွေးက ဆိုသည်။

ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြင်ဆင်လိုသည့် အပိုဒ်၊ အကြောင်း အရာများကို တိကျစွာ ဖော်ပြရ၍ ယခုလ၂၀ ရက် နောက်ဆုံးထား၍ အမည်စာရင်းပေးရန် လွှတ်တော် ဥက္ကဋ္ဌ က ကြေညာထားသည်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံးကလည်း နိုင်ငံသား အချင်းချင်း ဖြစ်ပွားသည့် ပြစ်မှုများအတွက် ယင်းဥပဒေနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဥပဒေအရာရှိများကို ညွှန်ကြားချက်အဖြစ် ပြီးခဲ့သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလက သတိပေး ထုတ်ပြန်ခဲ့ သည်။

ယနေ့တွင် လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် အသံ (Athan) အဖွဲ့၏ ၂၀၂၀ ဖေဖော်ဝါရီ ၁၇ ရက်အထိ မီဒီယာ စောင့်ကြည့်လေ့လာမှု အချက်အလက်၊ မှတ်တမ်းများအရ နိုင်လွတ်လုံ ပုဒ်မဖြင့် တရားစွဲဆိုမှု ၄၆ မှုအထိ ရှိလာပြီး တရားစွဲဆိုခံရသူ ၁၁၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

ရာအိမ်မှူးကို ဓာတ်ပုံရိုက်မှုဖြင့် လယ်သမား ခေါင်းဆောင် ၁ ဦး ထောင်၂ နှစ် ချမှတ်ခံရ

Your Thoughts …
Tags: နိုင်လွတ်လုံပြင်ဆင်ခြင်းလွှတ်တော်ဥပဒေ
ကျော်မျိုး

ကျော်မျိုး

ဧရာဝတီ

Similar Picks:

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

ပဋိပက္ခတွေကြား စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ အထမြောက်နိုင်မလား

by ဧရာဝတီ
12 August 2023
3.9k

ပထမဆုံးကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ၅၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိပြီးဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါကြောင်း

ထိုင်းက မေတ္တာရိပ် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ဘာကြောင့် အပိတ်ခံရသလဲ

ထိုင်းက မေတ္တာရိပ် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ဘာကြောင့် အပိတ်ခံရသလဲ

by ဧရာဝတီ
6 September 2024
3k

ထိုကျောင်းပိတ်သိမ်းခံရမှုအပေါ် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံတော်သီချင်းနှင့် မြန်မာနိုင်ငံတော် သီချင်း သီဆိုသည့် ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ပတ်ဝန်းကျင်၏ တိုင်ကြားမှုကြောင့် ပါဝင်ကြောင်း သိရသည်။

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

by ဇုန်းရိန်
29 May 2024
2.6k

လက်ရှိတွင် ရရှိထားသော၊ တည်ဆောက်ထားနိုင်သော နိုင်ငံရေးသဘောတူညီမှု၊ နားလည်မှုသည် လုံလောက်သော ခိုင်မာမှု၊ စုစည်းမှု မဟုတ်သေး။

ထိုင်းအလုပ်သမား ဥပဒေ အသစ်က မြန်မာပြည် ပြန်ရမှာလား (ရုပ်/သံ)

ထိုင်းအလုပ်သမား ဥပဒေ အသစ်က မြန်မာပြည် ပြန်ရမှာလား (ရုပ်/သံ)

by ယဉ်မွန်
27 September 2024
1.8k

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အထောက်အထားထုတ်ပေးမယ့် ဥပဒေသစ်ဟာ မြန်မာနိုင်ငံသားတွေအတွက် အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ထိုင်းအလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

အွန်လိုင်းဈေးရောင်းသူများ အောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်ရမည်

by ဧရာဝတီ
28 September 2023
1.6k

ယင်းဥပဒေပါ ပြစ်မှု ပြစ်ဒဏ်အားလုံးသည် ရဲက အရေးယူပိုင်ခွင့်ရှိကြောင်း ဖော်ပြထား၍ တနိုင်တပိုင် လူမှုကွန်ရက်မှ Online Shop လုပ်ကိုင်နေသူများမှာ စိုးရိမ်မှုများ ရှိနေကြောင်း

Next Post
ရေနုတ်မြောင်းရှင်းပြီး တရက်ကြာ အမှိုက်များ ပြန်လည်စွန့်ပစ် (ရုပ်/သံ)

ရေနုတ်မြောင်းရှင်းပြီး တရက်ကြာ အမှိုက်များ ပြန်လည်စွန့်ပစ် (ရုပ်/သံ)

တိုင်းရင်းသားလူမျိုးစု အများအပြားက NLD ကို မဲပေးခဲ့ကြခြင်းသည် စစ်ဘက်မှ ချုပ်ကိုင်ထားသော အာဏာကို ဖယ်ရှားရန် အကောင်းဆုံး နည်းလမ်းအဖြစ် ယူဆခဲ့သောကြောင့် ဖြစ်သည် / Reuters 

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားမဲဆန္ဒရှင်များ ဘေးဖယ်ခံနေကြရသည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.8k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate