• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပလက်ဝ တိုက်ပွဲများ အရှိန်မြင့်လာ၍ ခရီးသွားလာရေး ပြတ်တောက်

by ထက်နိုင်ဇော်
19 February 2020
in သတင်း
A A
AA တပ်ဖွဲ့၏ လက်မောင်းဘက်တံဆိပ် / ဧရာဝတီ

AA တပ်ဖွဲ့၏ လက်မောင်းဘက်တံဆိပ် / ဧရာဝတီ

24k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား တိုက်ပွဲများ ယခုလ ဖေဖော်ဝါရီလမှ စတင်ပြီး ပြင်းပြင်းထန်ထန် ပြန်လည် ဖြစ်ပွားလျက်ရှိပြီး ယခုအခါ ကားလမ်း၊ ရေလမ်း ခရီးသွားလာရေး ပြတ်တောက်သွားပြီဖြစ်သည်။

ယင်းလမ်းကြောင်းသည် အိန္ဒိယအစိုးရ၏ အထောက်အပံ့ဖြင့် ဆောက်လုပ်နေသော ကုလားတန်စီမံကိန်းဝင် ဖြစ်သည်။ စီမံကိန်း ပြီးစီးပါက ရခိုင်ပြည်နယ် စစ်တွေ ရေနက် ဆိပ်ကမ်းမှ ချင်းပြည်နယ် ပလက်ဝသို့ ကုန်စည်များ ပို့ဆောင်နိုင်မည်ဖြစ်ပြီး ပလက်ဝမှ အိန္ဒိယနိုင်ငံ အရှေ့ဘက်ရှိ မီဇိုရမ် ပြည်နယ်သို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

RelatedPosts

သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

19 June 2025
2
ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

19 June 2025
15
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

19 June 2025
1.5k

သို့သော် တိုက်ပွဲများ အရှိန်မြင့်လာနေ၍ စီမံကိန်းမှာ မပြီးစီးနိုင်သည့်အပြင် ယခုအခါ ခရီးလမ်းပန်းဆက်သွယ်ရေးပါ ပြတ်တောက်သွားသောကြောင့် ပလက်ဝမြို့တွင်း စားနပ်ရိက္ခာပင် ရှားပါးလာနေပြီဖြစ်သည်။

မြန်မာ့တပ်မတော်၏အဆိုအရ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ စတင်ပြီး ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်နှင့် မီးဝချောင်း နေရာရှိ တပ်မတော် စခန်းတခုကို AA က နေ့စဉ်လာရောက် တိုက်ခိုက်နေပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ယင်းစခန်းကို AA အင်အား ၁၆၀ ဝန်းကျင်က အပြင်းအထန် လာရောက်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်အစပ် မီးချောင်းတံတားအနီးနှင့် ကျောက်တော်မြို့နယ် အတွင်း ကုလားတန်မြစ် အရှေ့ဘက်ခြမ်း တင်းမကျေးရွာနှင့် ဝက်မကျ ကျေးရွာကြားတို့တွင် တပ်မတော်နှင့် AA အဖွဲ့တို့၏ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေမှုမှာ ၁၀ ရက်ကျော် ကြာမြင့်လာပြီး အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

တပ်မတော် ပြောခွင့်ရသူတဦးဖြစ်သည့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ပလက်ဝမှာ ရှိနေတဲ့ တပ်မတော် တပ်စခန်းတခုကို AA က နေ့စဉ် နီးပါးလောက်ကို လာ တိုက်နေတာ။ လာပြီး နှောင့်ယှက်ပစ်ခတ်လိုက်၊ လာတိုက်လိုက် လုပ်နေတာတော့ ဖေဖော်ဝါရီ ၁၂၊ ၁၃ လောက်ကတည်းက လာပြီး လုပ်နေတာ”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် ၂၀၁၉ ခုနှစ် ကတည်းက ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ အစပ်ရှိ နှုံးဘူး တပ်စခန်းကို မကြာခန လာရောက်တိုက်ခိုက်ပြီးနောက် အကျအဆုံးများသဖြင့် ယခုနောက်ပိုင်းတွင် မတိုက်တော့ဘဲ မီးဝချောင်း စခန်းဘက်သို့ လှည့်လာခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောသည်။

ရက္ခိုင့် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ ပလက်ဝဒေသတွင် တိုက်ပွဲပြင်းထန်နေသည်မှာ ၁၂ ရက် ရှိပြီ ဖြစ်ပြီး တပ်မတော်၏ လက်နက်ကြီးစခန်းတခု ဖြစ်သည့် မီးဝချောင်းစခန်းဘက်သို့ တက်လာသည့် တပ်အင်အား ၄၀၀ ကျော်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ပြောသည်။

AA က ပလက်ဝသို့ တိုက်ပွဲ ပြန်ဖော်လာခြင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦးနှင့် မင်းပြား မြို့နယ်များတွင် အထိအခိုက် အကျအဆုံးများစွာဖြင့် အားနည်းလာသဖြင့် ၎င်းတို့ အင်အားကို ပလက်ဝတွင် ပြန်စုပြီး ယင်းနေရာတွင် နယ်မြေစိုးမိုးနိုင်ရန် ရိက္ခာပြတ်တောက်ခြင်း၊ လမ်းကြောင်း ဖြတ်တောက်ခြင်းများကို ရည်ရွယ်ချက် ရှိရှိ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောသည်။

“ပလက်ဝမှာလည်း ရိက္ခာတွေ ပြတ်နေပြီလို့ ပြောနေတာ ရှိတယ်။ အရင်ကတည်းက ပလက်ဝမှာက တိုက်ပွဲတွေ ရှိပါတယ်။ သို့သော် ဒီလိုမျိုး ဖြစ်တာမျိုး မရှိဘူး။ အခုက တက်လာတဲ့ စက်လှေမှန်သမျှ တားတယ်။ ဆန်တွေ ရိက္ခာတွေတင် မဟုတ်ဘူး။ လစာတွေပါ လုယူနေတာ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

တိုက်ပွဲပြမြေပုံ

ပလက်ဝသို့ ရိက္ခာပို့၍ရအောင် လုံခြုံရေး ဆောင်ရွက်ပေးနေသည့် မြစ်ဘေး တပ်စခန်းများကို တိုက်ခိုက်လာခြင်းမှာ ပလက်ဝဒေသကို ရိက္ခာ ပြတ်တောက်စေလိုသည့် သဘော ဖြစ်ကြောင်း၊ ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်စေရန်၊ မြစ်ကြောင်းကို စိုးမိုးနိုင်ရန် ရည်ရွယ်လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ဆိုသည်။

“ဒါကြောင့်မိုလို့ သူတို့က ဒီဟာကို လုံးဝ ဖြတ်တောက်ချင်တဲ့အတွက် ကျနော်တို့ စခန်းတွေကို အသည်းအသန်လိုက်ပြီး လုပ်နေတာ ဖြစ်တယ်။ အဲဒီမှာ သူတို့ အကျအဆုံးများတဲ့ နှုံးဘူးစခန်းကို မတိုက်ဘဲနဲ့ နောက်ဆုံး ကုလားတန်နဲ့ မီးဝချောင်းဆုံတဲ့နေရာမှာ ရှိတဲ့ တပ်စခန်းကို အသည်းအသန် လာတိုက်နေတာပေါ့”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

၎င်းက ဆက်၍ “ဒီနေရာက စစ်ရေးအရ နယ်မြေစိုးမိုးဖို့အတွက် အရေးပါလို့ပါပဲ။ စစ်ရေးအရ အရေးပါတဲ့အပြင် ကျောက်တော်နဲ့ ပလက်ဝကြားထဲမှာ မြစ်ကြောင်း လုံခြုံရေးကို စိုးမိုးနိုင်ဖို့အတွက် လုပ်နေတဲ့သဘောပါ”ဟု ပြောသည်။

တိုက်ပွဲများတွင် တပ်မတော်ဘက်မှလည်း အနည်းဆုံး ၁၀ ဦး ကျော်အထိ အကျအဆုံးများ ရှိခဲ့ကြောင်း၊ AA ဘက်တွင် လည်း အထိအခိုက် အကျဆုံးများ ရှိကြောင်း သိရသည်။

လက်ရှိတွင် ပလက်ဝမြို့နယ်တခုလုံးကို AA ကနေ ထိန်းချုပ်ရန် အတွက် ရိုက္ခာများ ဖြတ်တောက်ကာ တပ်မတော် တပ်စခန်းများကို အင်အား အလုံးအရင်းဖြင့် ဝင်တိုက်ရန် ပြင်ဆင်နေသည့် ဆိုသည့် သတင်းများအပေါ် ခိုင်သုခက “အဲဒီကိစ္စကတော့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့အတွက် ကျနော့် အနေနဲ့ ဖြေကြားစရာ မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် ပလက်ဝတွင် နယ်မြေပြန်စိုးမိုးနိုင်ရေးသည် AA ၏ ရည်ရွယ်ချက်လားဆိုသည့် ဧရာဝတီ၏ မေးခွန်းကိုလည်း မဖြေနိုင်ကြောင်း ပြောသည်။

သို့သော် ပလက်ဝဒေသ ရိက္ခာပြတ်တောက်ရန် ရည်ရွယ်ချက် AA ထံတွင် မရှိကြောင်း၊ တိုက်ပွဲ ရပ်သွားပါက သွားလို့ လာလို့ရကြောင်း၊ ဒေသခံများကို ဆန်သယ်ယူရေး ကန့်သတ်သည်မှာ AA ဘက်က မဟုတ်ဘဲ တပ်မတော်ဘက်က ကန့်သတ်နေခြင်း ဖြစ်ကြောင်း ခိုင်သုခက ပြောသည်။

“ပလက်ဝဘက်မှာ ခမီးဆို ဆန်အိတ် ၂၀ သယ်လို့ ရပေမယ့် ရခိုင်ဆို ဆန် ၁၀ အိတ်ပဲ ပေးသယ်တာတွေ စစ်ဆေးတာတွေက စစ်တပ်ကသာ လုပ်နေတာ ဖြစ်တယ်”ဟု ခိုင်သုခက ပြောသည်။

ချင်းပြည်နယ် အစိုး အဖွဲ့ ဝင် ဝန်ကြီး ဦးစိုးထက်ကမူ ပလက်ဝဒေသ အောက်ဘက် မြောက်ပိုင်းရှိ ကုလားတန်မြစ်ရိုးကို AA က ထိန်းချုပ်ထားသဖြင် သွားလာရေး အဆင်မပြေတော့ကြောင်း၊ ပလက်ဝသို့ လာသည့် ဒေသခံ စက်လှေ ၁၀ စီးမှာ ပိတ်မိနေပြီး လူ ၂၀၀ ခန့် ဒုက္ခရောက်နေကြောင်း ဧရာဝတီသို့ ပြောသည်။

ထို့ပြင် ယခုလ ၅ ရက်နေ့နောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပြီးနောက် ပလက်ဝတွင် ဆန်ရှားလာကြောင်း၊ စစ်ရှောင်များအတွက် ချန်ထားသည့် အရန်ဆန် အိတ် ၁၀၀၀ မှာလည်း ကုန်တော့မည် ဖြစ်ကြောင်း၊ စက်သုံးစီမှာလည်း နည်းပါးနေပြီ ဖြစ်၍ ဒေသအခြေအနေကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အရင်က ကားလမ်းကြောင်းပိတ်ပေမယ့် တောက်လျှောက်ကတော့ စက်လှေနဲ့ ကုလားတန်မြစ်ရိုး အတိုင်းသွားတဲ့ လမ်းကြောင်းကတော့ ပွင့်နေတယ်။ အဲဒါကိုလည်း မကြာမကြာ တားတယ်၊ ဆီးတယ်၊ ပိတ်တယ်။ အဆိုးဆုံးကတော့ အခု ၅ ရက်နေ့ နောက်ပိုင်းကို ဖြစ်တဲ့ဟာကတော့ အဆိုးဆုံးပဲ။ စက်လှေတွေ ဘယ်လိုမှ အပေါ်တက်လို့မရ၊ အောက်ဆင်းလို့မရ အဲလိုဖြစ်ကုန်တော့ ခရီးသွားတွေရော ဝန်ထမ်းတွေရော အားလုံးပါပဲ အခက်အခဲဖြစ်ကုန်တာပေါ့”ဟု ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်ကြားတွင် နှစ်ဘက် ထိတွေ့ တိုက်ပွဲများကြောင့် ကျောက်တော်-ပလက် ဝ ပြေးဆွဲနေသော လိုင်းစက်လှေများမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ကတည်း ယနေ့ အထိ ရပ်တန့်သွားခဲ့ပြီး ဖြစ်သည်။

တိုက်ပွဲများကြောင့် ကျောက်တော်တွင် သောင်တင်နေသူ ပလက်ဝမြို့ခံ ဦးဟရီသဲ့က “ကျနော်က ဒီလ ၆ ရက်နေ့ က ကျောက်တော်ကို ဈေးလာဝယ်လာတာ။ တညအိပ်ပေါ့။ နောက်နေ့ပြန်မယ်ဆိုတဲ့အခါ စက်လှေတွေက မထွက်တော့ဘူး။ လမ်းမှာ တိုက်ပွဲဖြစ်နေတယ်လို့ ပြောတယ်။ ဘယ်မှာ ဖြစ်တယ်ဆိုတာတော့ မသိဘူး။ ဒီကနေ ဂျိမ်း..ဂျိမ်း ဆိုတာလောက်ပဲ ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကျောက်တော်မြို့ပေါ်တွင် သောင်တင်နေသော ပလက်ဝမြို့နယ်အတွင်းက ဒေသခံ လူဦးရေ ၁၀၀ ကျော်မှာ ဈေးဝယ်လာသူများနှင့် ရန်ကုန်ဘက်နေ နယ်ပြန်လာသူများလည်း ပါဝင်ပြီး တချို့မှာ တည်းခိုခန်းများတွင် တည်းခိုနေထိုင် ကြပြီး တချို့မှာ ဆွေမျိုးသားချင်းများ နေအိမ်တွင် တည်းခို နေထိုင်ကြကြောင်း သိရသည်။

ထိုသောင်တင်နေသူများထဲတွင် တချို့က အခြေအနေ ကြည့်ပြီး တောလမ်းအတိုင်း ပလက်ဝမြို့နယ်အတွင်းသို့ ပြန်သွားကြသူများ ရှိသလို တချို့ဈေးဝယ်လာသူများမှာ ကုန်ပစ္စည်းများ များပြားသဖြင့် လိုင်းစက်လှေများ ပြေးဆွဲမည် အချိန်ကို စောင့်ဆိုင်းကာ အိမ်ပြန်ချိန်ကို စောင့်ဆိုင်းနေရကြောင်း သိရသည်။

စစ်ပွဲကြား ထိခိုက်ဒဏ်ရာရသွားသူ အရပ်သားတဦး/ မင်းအောင်ခိုင်

ပလက်ဝမြို့ ခံတဦးက “မြို့ ပေါ်မှာ ဆန်မလောက်တော့ဘူး။ ရောင်းစရာ ဝယ်စရာလည်း မရှိ။ တချို့ကျေးရွာတွေကဆိုတော့ မိုင်းအန္တရာယ်ကိုလည်း ကြောက်ရ၊ တောထဲမှာလည်း ထွက်ပြီး ဟင်းလည်းမရှာရဲ။ သွားပြီးမှ ထွက်ရှာတယ် ဆိုရင်လည်း မိုင်းထိတဲ့သူကထိ၊ ဆုံးတဲ့သူကလည်းဆုံး။ အဲလိုမျိုးဖြစ်တော့ တချို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို လိပ်မူပြီးတော့ စာတွေဘာတွေတင်ပြီး အကူအညီတောင်းတာမျိုးတွေလည်း ရှိတယ်”ဟု ပြောသည်။

ထို့ပြင် AA အဖွဲ့ က ဝက်များ၊ နွားများကို တန်ရာတန်ကြေးမပေးဘဲ ၎င်းတို့ထံသို့ ပို့ခိုင်းကြောင်း၊ ပေးပို့ရသူများမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ဖြစ်ပြီး ယင်းဒုက္ခကို ခံစားနေရကြောင်း၊ အင်တာနက်လိုင်းလည်း မရသဖြင့် ယင်းသတင်းများကို လူမှုကွန်ရက်ပေါ်သို့ မတင်နိုင်ကြောင်း ယင်းအမည်မဖော်လိုသော ပလက်ဝမြို့ ခံက ပြောသည်။

“ကျနော်တို့ တောထဲကလူတွေရဲ့ လှုပ်ရှားမှုတွေကို သိတယ် ကြားတယ်ဆိုပြီး တပ်ကို သတင်းပို့ရင်လည်း သတင်းပို့တာပဲရှိတယ်၊ ဘာမှလှုပ်ရှားမှုလည်း မရှိဘူး။ တခါတလေကျရင် ပစ်ပဲပစ်တာ ဘယ်သူ့ကို ပစ်မှန်း မသိဘူး။ ရွာသားတွေကတော့ ပိုပြီးမှ ထိတ်ထိတ်လန့်လန့် အဲလိုမျိုး ဖြစ်တာပေါ့။ အဲလို ကြားထဲကနေပဲ အားလုံး ညပ်နေတဲ့ အနေအထားပေါ့ဗျာ။ နောက်ပြီးတော့ မြို့ပေါ်မှာ ဒီလိုတွေဖြစ်နေတော့ ရွာတွေမှာ အဲဒီထက် ပိုဆိုးရုံပါပဲ”ဟု ၎င်းက ပြောသည်။

အခြား ဒေသခံတဦးကလည်း “စားဝတ်နေရေးကတော့ တော်တော်လေး ခက်ခဲတယ်။ ဈေးထဲမှာဆိုရင်လည်း ကြက်သွန်နီ ကြက်သွန်ဖြူကစ ဝယ်စရာကို မရှိတော့ဘူး။ ဆန်ရောင်းတဲ့ ဆန်ဆိုင်တွေကလည်း အကုန်နားထားတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်ပြီး AA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ တို့နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း ယနေ့အချိန်ထိ တိုးတက်မှု မရှိသေးပါ။

AA သည် ၂၀၁၅ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင်းသို့ ထိုးဖောက် ဝင်ရောက်လာပြီး ချင်းပြည်နယ် ပလက်ဝဒေသတွင် စတင် ခြေကုပ်ယူခဲ့သည်။ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း၊ မင်းပြားနှင့် မြောက်ဦး မြို့နယ်များတွင် ဝင်ရောက် လှုပ်ရှားကာ တပ်စခန်းနေရာ အခိုင်အမာရရှိရန် ကြိုးစားလျက် ရှိသည်။

ယခုနောက်ပိုင်းတွင် မြန်မာ့တပ်မတော်အနေဖြင့် ရေကြောင်းနှင့် လေကြောင်းသာမက အဝေးပစ်ဒုံးကျည်များဖြင့်ပါ ဖိအားပေးတိုက်ခိုက်လာသဖြင့် AA သည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အခြေမလှဘဲ ပလက်ဝသို့ ပြန်တက်လာပြီး ယင်းဒေသရှိ တပ်စခန်းများကို ဖိတိုက်လာပုံ ရကြောင်း တပ်မတော်ဘက်က သုံးသပ်နေသည်။

“၂၀၁၅ မှာ AA နဲ့ တပ်တဲ့ ပထမဆုံး ဖြစ်တဲ့ တိုက်ပွဲက ပလက်ဝမှာ စဖြစ်တာ။ ပလက်ဝမြို့နယ် ပြိုင်ဆူကျေးရွာမှာ စဖြစ်တာ။ သူတို့က အဲဒီမှာ အခြေခံတာ။ သူတို့ရဲ့ စခန်းအများစုကလည်း ပလက်ဝနဲ့ တဖက်နိုင်ငံရဲ့ နယ်စပ်တွေ ဒါပဲ ရှိတာ များတယ်။ အဲဒီကနေ စိမ့်ဝင်လာပြီးတော့ ဘူးသီးတောင်ဘက်ကို တကြောင်း၊ ပလက်ဝရဲ့ အောက်ဘက်ကို ဆင်းပြီးတော့ ကျောက်တော် မြောက်ဦးဘက်ကို ဆင်းပြီးတော့ သွားကြတာ”ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

AA အဖွဲ့ သည်၂၀၁၉ တနှစ်လုံးတွင် ပလက်ဝမှ အောက်ဘက်သို့ ဆင်းလာပြီး ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားတို့တွင် နယ်မြေစိုးမိုးနိုင်ရေး ဆောင်ရွက်လာသဖြင့် တိုက်ပွဲများ ယင်းနေရာများတွင် တနှစ်လုံး ပြင်းထန် ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းတွင် အပြင်းထန်ဆုံး ဖြစ်ခဲ့ပြီး AA ဘက်မှ အကျအဆုံး အလွန်များသလို တပ်မတော်ဘက်တွင်လည်း အကျအဆုံးများ ရှိခဲ့သည်။

“ကျောက်တော်မှာ လင်းမြွေတောင်လို နေရာမျိုးမှာ အကြီးအကျယ် တိုက်ခိုက်တယ်။ သူတို့ ရှုံးသွားတယ်။ ဗုဒ္ဓေါရွာမှာ လည်း အဲလိုပဲ ရှုံးသွားတယ်။ အဲဒီနောက်ပိုင်းမှာ အဲဒီအင်အားစုတွေက အောက်ပိုင်းမှာ ရပ်တည်လို့ မရလို့ အပေါ်ပိုင်းကို ပြန်ပြီးတော့ အင်အားပြန်စုဖွဲ့ နေတာ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

မည်သို့ဆိုစေ လတ်တလောတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် စစ်ရှောင်ဒုက္ခသည် ဦးရေမှာ တိုးလာနေပြီး စစ်ရှောင်ဦးရေ ၁ သိန်းကျော် ရှိလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

(စစ်တွေ အခြေစိုက် သတင်းထောက် မင်းအောင်ခိုင် ပူးပေါင်းရေးသားသည်။)

You may also like these stories:

တိုက်ပွဲကြောင့် ပလက်ဝ ဒေသခံ ၁ သိန်းကျော် စားနပ်ရိက္ခာ ခက်ခဲနေ

နယ်မြေလုံခြုံမှု မရှိသည့်အတွက် ကုလားတန်စီမံကိန်း ကြန့်ကြာနေဟု ဆို

သံသယတွေကြား သွေးစွန်းလာတဲ့ ရခိုင်-မြန်မာ ဆက်ဆံရေး

ဘူးသီးတောင် စာသင်ကျောင်း လက်နက်ကြီးကျ၊ ကျောင်းသား/သူ ၂၁ ဦး ဒဏ်ရာရ

Your Thoughts …
Tags: AAကုလားတန်စီမံကိန်းခရီးသွားလာရေးပလက်ဝတိုက်ပွဲမြန်မာ့တပ်မတော်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.3k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.4k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
နေပြည်တော်ရှိ မဟာသကျရံသီ ဘုရားပေါ်တွင် ဇန်နဝါရီလက မြင်တွေ့ရသည့် တရုတ်ခရီးသွားများ / ထက်ဝေ / ဧရာဝတီ

E-Visa နှင့် သံရုံး ဗီဇာတို့ဖြင့် လာမည့် တရုတ်ခရီးသွားများ ကျန်းမာရေးအာခံချက် လိုအပ်

ရှမ်းစော်ဘွားတွေ တည်ထားကိုးကွယ်ခဲ့တဲ့ လားရှိုးမြို့က မန်ဆူစေတီတော်

ရှမ်းစော်ဘွားတွေ တည်ထားကိုးကွယ်ခဲ့တဲ့ လားရှိုးမြို့က မန်ဆူစေတီတော်

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

5 days ago
5.8k
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

1 day ago
5.6k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate