• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျပ်သိန်း ၇၈၀၀ ကျော် အလွဲသုံးထားသည့် မန္တလေး စည်ပင်ဝန်ထမ်း တိမ်းရှောင်နေ

by မြတ်ပြည့်ဖြိုး
19 February 2020
in သတင်း
A A
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ / ဇော်ဇော် / ဧရာဝတီ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ / ဇော်ဇော် / ဧရာဝတီ

19.4k
VIEWS
Share on FacebookShare on Twitter

မန္တလေးစည်ပင်သာယာရေး စက်ရုံနှင့် မော်တော်ယာဉ်ဌာနပိုင်ငွေ ကျပ်သိန်း ၇၈၀၀ ကျော်ကို အလွဲသုံးစားလုပ်သွား သည့် စက်သုံးဆီ ဂိုဒေါင်တာဝန်ခံ အငယ်တန်းစာရေးအား ရာဇသတ်ကြီး ပုဒ်မဖြင့် တရားစွဲထားသော်လည်း ထွက် ပြေး တိမ်းရှောင်နေ၍ ဖမ်းမမိသေးကြောင်း စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာရဲလွင်က လွှတ်တော်တွင် ပြော သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ရှိသည့် တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာတွင် ငွေအလွဲသုံးစား လုပ်သည်ဆိုသော စက်သုံး ဆီ ဂိုဒေါင်တာဝန်ခံ အငယ်တန်း စာရေး ဦးကျော်စိုးသည် စက်သုံးဆီ ဂါလံ ၁၈၀၀၀၀ ကျော် (ကာလ တန်ဖိုးအားဖြင့် ကျပ် သိန်း ၇၈၀၀) အား အလွဲသုံးစား ပြုလုပ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိကြောင်း ပါရှိသဖြင့် ဒေါက်တာရဲလွင်က ယမန်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်း လွှတ်တော် ၁၆ကြိမ်မြောက် ပုံမှန် အစည်း အဝေးတွင် ရှင်းလင်းခြင်းဖြစ်သည်။

RelatedPosts

ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

20 June 2025
0
ကရင်နီ၌ စက်သုံးဆီပြတ်လာ

ကရင်နီ၌ စက်သုံးဆီပြတ်လာ

20 June 2025
111
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
1.1k

ထို့အတွက် “ဒီအလွဲသုံးစားမှု ဖြစ်စဉ်မှာ ဝန်ထမ်း ၁ ဦးတည်းကို လုပ်ပိုင်ခွင့် အပြည့်အဝပေးထားတဲ့သဘော သက် ရောက်သလို အဆင့်ဆင့် ကြီးကြပ်မှု အားနည်းခဲ့တာ တွေ့ရတာကြောင့် ဌာနတွင်းစီမံကွပ်ကဲမှု စနစ်တွေကို ပြန်လည် ပြင်ဆင် ဆောင်ရွက်နေပါတယ်” ဟု မြို့တော်ဝန် ဒေါက်တာရဲလွင် က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မန္တလေးတိုင်းစည်ပင်ဝန်ကြီးက ယင်းအငယ်တန်းစာရေးအား ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းက ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အလုပ်မှ ထုတ်ပယ်ခြင်းနှင့် အလွဲသုံးစား လုပ်ခဲ့သော ငွေကြေးများ အား ပြန်လည်ပေးလျော်စေရန် ဆုံးဖြတ်ခဲ့သော်လည်း သတ်မှတ်ရက် ကျော်လွန်သည်အထိ မပေးသွင်းသဖြင့် ၂၀၁၈ ခုနှစ်တွင် ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ခဲ့ပြီး ၎င်း၏ နေအိမ်သို့ သွား၍ ဖမ်းဆီးရာတွင် ထွက်ပြေးတိမ်းရှောင် နေကြောင်း သိရသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉ တွင် ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်က ဖြစ်စေ၊ ကိုယ်စားလှယ်က ဖြစ်စေ၊ ရာဇဝတ် မကင်းသော ယုံကြည်ဖောက်ဖျက်မှုကို ကျုးလွန်ခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ တသက်တကျွန်း ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ် နိုင်သည်ဟု ပြဌာန်း ထားသည်။

အမရပူရ မဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမှာပါ။ ဝန်ထမ်း မကောင်းရင် နိုင်ငံတိုးတက်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ ပြီးတော့ ပြည်သူငွေကြေးကို သုံးနေတဲ့ကိစ္စတိုင်းမှာ အစိုးရ အဖွဲ့တွေက ထင်သာမြင်သာ ချပြဖို့ လိုအပ်ပါတယ်” ဟု ယမန်နေ့ လွှတ်တော်တွင် ဆွေးနွေးသွားခဲ့သည်။

Your Thoughts …
Tags: စက်သုံးဆီစည်ပင်ဝန်ထမ်းမြို့တော်ဝန်အလွဲသုံးစား
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

by ဧရာဝတီ
19 September 2023
14.3k

လာဘ်စားမှုကြောင့် နေပြည်တော်လူဖမ်းပွဲ နောက်ဆက်တွဲ အနေ ဖြင့် စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးညွန့် အောင် အပါအဝင် အခြားသော ဝန်ကြီးဌာနအရာရှိတချို့လည်း ထပ်မံ ဖမ်းဆီးစစ် ဆေးမေးမြန်းခံရလျက်ရှိကြောင်း

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

by ဧရာဝတီ
9 May 2024
12.9k

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်နှင့် တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် ဇော်လွင်ဦးတို့နှစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

by ဧရာဝတီ
7 December 2023
11k

တရက်အတွင်း အမေရိကန် ၁ ဒေါ်လာ လျှင် ၃,၅၆၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

by ဧရာဝတီ
6 February 2024
8.7k

လက်ရှိတွင် သံသယရှိသူများ၏ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး တရာခံများကို ရှာဖွေကာ၊ ပိုင်ဆိုင်မှုများဖြစ်သည့် ဇိမ်ခံကားများ၊ အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ အပါအဝင် လက်နက်များကိုပါ သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

by ဧရာတီ
15 November 2023
7.9k

နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင် သင်္ဘော ၄ စင်းဆိုက်ကပ်ထားပြီး ထပ်မံရောက် ရှိလာမည့် သင်္ဘော ၁၅ စင်း ရှိကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း...

နတခ ထိပ်တန်းအရာရှိအချို့ အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးခံနေရ

နတခ ထိပ်တန်းအရာရှိအချို့ အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးခံနေရ

by ဧရာဝတီ
26 September 2024
6.5k

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးဗိုလ်မှူးကြီး မျိုးညွှန့်ဦး အပါအဝင် ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဒု ဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် ဗိုလ်မှူး စိုးရန်နိုင်တို့အား စစ်ကောင်စီမှ ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီး နတခ တိုင်းမှူးထိပါ စစ်ဆေးခံရနိုင်ကြောင်း

Next Post
ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားမီ မန္တလေးတွင် တွေ့ရသော တရုတ်ခရီးသွားများ / ဧရာဝတီ

ကျန်းမာရေးထောက်ခံစာဖြင့် တရုတ်ခရီးသွားများ ဝင်ခွင့်ပြုခြင်းကို မန္တလေးတိုးဂိုက်များ ကန့်ကွက်

Clean Yangon အဖွဲ့နှင့် လူမှုအသင်းအဖွဲ့များ ပူးပေါင်းပြီး ရန်ကုန်မြို့ သိမ်ဖြူဈေး အရှေ့ ရေမြောင်းတွင် သန့်ရှင်းရေး လုပ်နေစဉ် / Clean Yangon

လူတွေက ရေနုတ်မြောင်းဆိုရင် အမှိုက်ပစ်ဖို့နေရာလို့ ထင်နေကြတယ်

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.4k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate