• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်စာစစ်ဌာနများ ပြောင်းရွှေ့ရလျှင် ဖြေဆိုမည့်သူများ အခက်အခဲတွေ့နိုင်

by ဇင်လင်းထက်
19 February 2020
in သတင်း
A A
ရခိုင်ပြည်နယ် ပညာရေးမှူးရုံး  / မင်းအောင်ခိုင်  / ဧရာဝတီ

ရခိုင်ပြည်နယ် ပညာရေးမှူးရုံး / မင်းအောင်ခိုင် / ဧရာဝတီ

4.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ ပြောင်းရွှေ့ရ လျှင် စာမေးပွဲဖြေမည့်သူများ အတွက် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ရခိုင် တိုင်းရင်းသား မျိုးနွယ်များ အစည်း အရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“အရမ်းဝေးတဲ့နေရာတွေမှာ ဖြေရမယ်ဆိုရင် ကျောင်းသားတွေက စာမေးပွဲဖြေမယ့် နေရာနဲ့ အနီးမှာ ကြိုလာနေရမယ့် သ ဘောရှိတာပေါ့။ အဲဒီအတွက်ကို တစုံတရာ ပံ့ပိုးကူညီမှုတွေ လုပ်သင့်တယ်။ အဲဒီလို မလုပ်ဘူးဆိုရင် ကျောင်းသားတွေ ဘက်မှာ တော်တော် အခက်အခဲ ဖြစ်နိုင်တဲ့ အခြေအနေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

RelatedPosts

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
17
နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

21 May 2025
14
စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

21 May 2025
131

စာစစ်ဌာနများ ပြောင်းရွှေ့လိုက်သဖြင့် အသစ်ဖွင့်မည့် စစ်ဌာနများသို့ သွားရောက် ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား များအတွက် နေထိုင်ရေး၊ သွားလာရေး၊ စားသောက်ရေးနှင့် စာမေးပွဲအတွက် ကောင်းမွန်စွာ စာလေ့လာနိုင်ရန် အခက်အခဲ များ တွေ့နိုင်ကြောင်း ကိုဇော်ဇော်ထွန်းက ဆိုသည်။

လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ ခုမှ စာစစ်ဌာနများကို လုံခြုံရေး အခြေအနေကြောင့် လုံခြုံသည့် နေရာများတွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် အခြေခံပညာ ဦးစီးဌာနက စီစဉ်နေသော်လည်း မည်သည့်နေရာများတွင် ပြောင်းရွှေ့ ဖွင့်လှစ်မည်ကို တရားဝင် ကြေညာခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက စာစစ်ဌာနများ ပြောင်းရွှေ့ ဖွင့်လှစ်နိုင်မည့် နေရာများ ခွင့်ပြုပေးရန် ပြည်နယ် အစိုးရထံ တင်ပြထားသော်လည်း ပြည်နယ် အစိုးရရုံးက ဖေဖော်ဝါရီ ၁၈ ရက်အထိ အကြောင်းပြန်ခြင်း မရှိသေးကြောင်း ပြည် နယ် ပညာရေးမှူးရုံးက သိရသည်။

ကျောက်ဖြူ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်ရှိ စာစစ် ဌာန၂၀ ကို တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် ကင်းလွတ်သည့် နေရာများ၌ မတ်လ ၁၁ ရက်တွင် စတင်မည့် တက္ကသိုလ်ဝင် စာမေးပွဲအမီ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းလည်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ဆိုထားသည်။

ပြောင်းရွှေ့မည့် စာစစ်ဌာနများထဲတွင် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ အထက်တန်းကျောင်း စာစစ်ဌာနလည်း ပါ ဝင်သည်။

ကျောက်တန်းရွာမှ ကျောင်းသူ၊ ကျောင်းသားများသည် လာမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ရသေ့တောင်မြို့နယ်တွင် လာ ရောက် ဖြေဆိုရမည်ဟု သိရှိထားသော်လည်း ကျောက်တန်းရွာမှ စာဖြေသူများကို ရသေ့တောင်ရှိ မည်သည့် အထက်တန်း ကျောင်းတွင် စာဖြေခွင့်ပြုမည်ကို အခြေခံပညာ ဦးစီးဌာနဘက်က အကြောင်းမကြားသေးကြောင်း ကျောက်တန်းရွာမှ ဒေသခံ တဦးက ပြောသည်။

“ကျောင်းသားတွေက သံတွဲကိုလည်း ရောက်သွားတယ်။ ရသေ့တောင်ရယ် ရောက်သွားတာ ရှိတယ်။ ပညာရေးဌာနက ဒီကျောင်းသားတွေ အတွက် စာမေးပွဲဖြေခွင့် ကတ်ပြားတွေ ထုတ်မပေးထားဘူး။ ဘယ်မှာ တည်းရမယ် ဆိုတာ မရှိဘူး။ အခုအတိုင်းဆို ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ လုပ်ရမယ့် အခြေအနေဖြစ်ပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။

လက်ရှိတွင် ကျောက်တန်းရွာမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်သူ ၈၀ ခန့်ရှိနေကြောင်း အဆိုပါ ရွာတွင် နေထိုင်သူ တဦးကပြောသည်။

“ကျောင်းသားတွေရဲ့ အခက်အခဲကတော့ ငွေကုန်ကြေးကျလည်း များတယ်။ ပညာရေးအခြေအနေ နှောင့်နှေးကြန့်ကြာ မှုလည်း ဖြစ်တယ်။ ကိုယ့်ရွာမှာ မဖြေရဆိုတော့ အခြားကျောင်းမှာ သွားတက်နေရတယ်။ အဲဒီလိုဖြစ်တော့ ဘက်စုံ နိမ့်သွား တာပေါ့။ ကျောက်တန်း အထက လည်း ပိတ်ထားတယ်” ဟု ၎င်းက ဆိုသည်။

REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကမူ ပြည်နယ်အစိုးရဘက်က မည်သည့် နေရာများတွင် စာစစ်ဌာနများ ဖွင့်လှစ်မည်၊ အသစ်ဖွင့်မည့် စာစစ်ဌာနများသို့ လာဖြေမည့်သူများ အတွက် သွားလာရေး၊ တည်းခိုရန်နေရာနှင့် အစားအစာများ မည်ကဲ့ သို့ စီစဉ်ထားသည်ကို တရားဝင်ကြေညာခြင်း မရှိသဖြင့် အရပ်ဘက် အဖွဲ့များက စာဖြေသူများကို မည်သို့ ကူညီရမှန်းမသိ ဖြစ်နေကြောင်း ပြောဆိုသည်။

“ကျနော်တို့ကတော့ အမြဲအစိုးရကို တိုက်တွန်းနေတာပဲ အစိုးရလုပ်ပေးနိုင်တာ လုပ်ပေးပါ။ မလုပ်နိုင်တာရှိရင်လည်း ဝိုင်းဝန်းလုပ်ရအောင် ကော်မတီတွေ အစည်းအဝေးတွေ ခေါ်ပါပေါ့။ အမြဲတမ်း ပြောနေတာပဲ။ ဒါပေမယ့် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်ရမယ့် အပိုင်းမှာတော်တော်လေး တွန့်ဆုတ်နေတဲ့ သဘောတော့ တွေ့နေရတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

စာစစ်ဌာနများ ပြောင်းရွှေ့သည့် ကိစ္စနှင့် နောက်ဆက်တွဲ ပေါ်ပေါက်လာနိုင်သည့် ကျောင်းသူ၊ ကျောင်းသားများ၏ အခက် အခဲများအတွက် မည်ကဲ့သို့ စီစဉ်ထားသည်ကို မေးမြန်းရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ ထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကမူ ပြောင်းရွှေ့မည့် စာစစ်ဌာနများတွင် ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများ အဆင်ပြေစွာ ဖြေဆိုနိုင်ရန် စနစ်တကျ ပံ့ပိုးမည့် အစီအမံတရပ်ကို အခြေခံပညာ ဦးစီးဌာနနှင့် ပြည်နယ်အစိုးရတို့ အလျင်အမြန် ပူးပေါင်းကာ ဖော်ဆောင်သင့်ကြောင်း ပြောကြားသည်။

“အဲဒါလုပ်ဖို့ အတွက် ပညာရေးနဲ့ ကျန်းမာရေးကို ကိုင်ထားတဲ့ ဒေါက်တာ ချမ်းသာက သူ့ခေါင်းထဲမှာ အိုင်ဒီယာ ရှိရမယ်။ အဲဒါကို ပညာရေးဌာနနဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ရန်ပုံငွေကို ပြည်နယ် အစိုးရက ပံ့ပိုးပေးရမယ်။ အဲဒီလို မစီစဉ်နိုင်ရင်တော့ ဒါက တာဝန်မဲ့တာပဲ” ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ကမူ ရခိုင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေကြောင့် စာစစ် ဌာနများကို လုံခြုံရေးကောင်းမွန်သည့် နေရာများသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် အခြေခံပညာ ဦးစီးဌာနက စီစဉ်နေကြောင်း ကြားသိသော်လည်း မည်သည့် နေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်ပေးရမည်ကို တရားဝင်စာပို့ အကြောင်းကြားလာခြင်း မရှိ သေးကြောင်း ပြောဆိုသည်။

“အခြေခံပညာကတော့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နဲ့ ညှိနေတုန်းပဲ။ သူတို့ ညှိနှိုင်းနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆရာတို့ဆီကို စာမလာသေးဘူး။ ဆရာလည်း သတင်းပဲရတာ။ တရားဝင်စာ မတင်သေးဘူး။ ပြည်နယ် ပညာရေးမှူးရုံးက ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ချိတ်ဆက်နေတယ်လို့တော့ ကြားတယ်” ဟု ၎င်းက ဆိုသည်။

အခြေခံပညာ ဦးစီးဌာနဘက်က ပြောင်းရွှေ့ ဖွင့်လှစ်ပေးရမည့် နေရာများတင်ပြလာပါက စာစစ်ဌာနများကို ပြောင်းရွှေ့ ဖွင့်လှစ်ပေးရန် စီစဉ်ပေးမည် ဖြစ်ကြောင်း ဦးမျိုးညွန့်က ဆက်လက် ပြောဆိုသည်။

၂၀၁၉ ခုနှစ်ကလည်း လုံခြုံရေး အခြေအနေကြောင့် စာစစ်ဌာနတချို့ ပြောင်းရွှေ့ခဲ့ရပြီး၊ စာစစ် ဌာန ၁၂၁ ခု ဖွင့်လှစ်ပေးခဲ့ ကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် ကျောင်းသူ ကျောင်းသား ၄၅၅၃၃ ဦး စာရင်းသွင်းခဲ့ကြောင်းလည်း ပြည်နယ် ပညာရေးမှူးရုံးက ဆိုထားသည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့်၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၈၉၇၉၉၄ ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ ၈၅၁၅၇၀ ဦး ရှိခဲ့ပြီး ပျက်ကွက်သူ ၄၆၄၂၄ ဦး ရှိခဲ့သည်။

လာမည့် မတ်လ ၁၁ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၀ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးထားသူ ၉ သိန်း ၅ သောင်းကျော် ရှိနေကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သိရသည်။

Your Thoughts …
Tags: စာစစ်ဌာနတက္ကသိုလ်ဝင်တန်းတိုက်ပွဲရခိုင်ပြည်နယ်
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.6k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.1k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

Next Post
ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ဆုန်ခရန်ပွဲတော်  / Bangkok Post

ထိုင်းသင်္ကြန်မှာ ရုံးပိတ်ရက် တိုးမြှင့်ပေးဖို့ စဉ်းစားနေကြောင်း ဝန်ကြီးချုပ်ပြော

ချစ်သူကို လက်ထပ်ခွင့် တောင်းခဲ့တဲ့ ရုရှား စစ်ဗိုလ်

ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ တင့်ကားများနဲ့ အသည်းပုံဖော်ခဲ့တဲ့ ရုရှားဗိုလ်ကြီး

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
2.8k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate