• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်ဆည်၌ လူ ၃ ဦး ကို အက်ဆစ်နှင့် ပက်သည့် တရားခံတချို့ လွတ်မြောက်နေဆဲ

by ဒီလှိုင်းဝင်း
20 February 2020
in သတင်း
A A
ဖေဖော်ဝါရီ ၁၈ ရက်နေ့က စဉ့်ကိုင်မြို့နယ်၊ မြို့မရပ်ကွက်တွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် တွေ့ရသည့် အက်ဆစ်ဖြင့် ပက်ခံသူများ / ဒီလှိုင်းဝင်း / ဧရာဝတီ

ဖေဖော်ဝါရီ ၁၈ ရက်နေ့က စဉ့်ကိုင်မြို့နယ်၊ မြို့မရပ်ကွက်တွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် တွေ့ရသည့် အက်ဆစ်ဖြင့် ပက်ခံသူများ / ဒီလှိုင်းဝင်း / ဧရာဝတီ

8.5k
VIEWS
Share on FacebookShare on Twitter

ကျောက်ဆည်မြို့နယ်၊ လက်ပန်ကျေးရွာဒေသခံ ၃ ဦးအား ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် အက်ဆစ်ဖြင့် ပက်ခဲ့သည့် တရားခံ ၂ ဦးမှာ လွတ်မြောက်နေပြီး ရဲတပ်ဖွဲ့က ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ကျူးလွန်ခံရသူ၏ မိသားစုဝင်များထံက သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၇ ရက်နေ့က ဦးမောင်စိုးနှင့် ဦးခင်မောင်တို့မှာ ရွာရှိ ဗလီဝတ်ကျောင်းမှ ဝတ်ပြုပြီး အိမ်သို့ ဆိုင် ကယ်ဖြင့် အပြန် လမ်းတနေရာတွင် တရွာတည်းနေ ဦးကျေရာဂွတ္တင်(ခ) ဦးမောင်မောင်ဌေးနှင့် သားဖြစ်သူ ကရီမွတ္တင်နှင့် သားမက်ဖြစ်သူ သက်နိုင်က ကြိုတင်စောင့်ဆိုင်းကာ အက်ဆစ်ဖြင့် ပက်ခြင်းဖြစ်ကြောင်း ကျူးလွန်ခံရသူတို့ ၏ မိသားစုဝင်များ ပြောကြားချက်အရ သိရသည်။

RelatedPosts

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
854
ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

23 May 2025
73
ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

23 May 2025
16

ထိုပြုလုပ်မှုကြောင့် ဦးမောင်စိုးမှာ ဆိုင်ကယ်လဲကျ၍ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဆိုင်ကယ်နောက်ထိုင်သူ ဦးခင်မောင်မှာ ဘယ်ဘက်နား၊ မျက်စိနှင့် နောက်ကျော၊ လည်ဂုတ်၊ လက်တို့တွင် အက်ဆစ်လောင်ကျွမ်းပြီး မျက်စိနှင့် နားကန်းသွားကြောင်း၊ အခင်းဖြစ်နေရာအနီးတွင် ဈေးရောင်းနေသည့် ဈေးသည် မပိုးအိဖြူလည်း အက်ဆစ်လောင်ကျွမ်းမှုကြောင့် ခန္ဓာကိုယ်အနှံ့ဒဏ်ရာများရရှိခဲ့ကာ ၃ ဦးစလုံးမှာ ကျောက်ဆည်ဆေးရုံတွင် အတွင်းလူနာ များ အဖြစ် ဆေးကုသမှု ခံယူခဲ့ရကြောင်း ကာယကံရှင်များက ပြောပြကြသည်။

“ကျနော်တို့ အဓိက ဖြစ်ချင်တာကတော့ ပြစ်မှုကျူုးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးပြီးတော့ ဥပဒေနဲ့အညီ ထိထိ ရောက်ရောက် အရေးယူပေးဖို့ လိုတာပါပဲ၊ ကျန်တဲ့သူတွေကို ရဲတပ်ဖွဲ့က မဖမ်းဆီးတာကြောင့် ကျနော်တို့မှာ အန္တရာယ် ဖြစ်လာစရာ အကြောင်းတွေ ရှိနေတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရပါတယ်၊ ဦးခင်မောင်ဆိုတာက ဧည့်သည်မို့ လမ်းကြုံလို့ ဆိုင်ကယ်နောက်က လိုက်လာတာ၊ သူပါရောပြီး အပက်ခံခဲ့ရတယ်”ဟု အက်ဆစ်ဖြင့် ပက်ခံရသူ ဦးမောင်စိုးက ပြောသည်။

အက်ဆစ်ဖြင့် ပက်သည့် အကြောင်းအရင်းမှာ ကျူးလွန်သူများအား ရွာဝန်းကျင်ရှိ အများပိုင်ပစ္စည်းများ ထိန်းသိမ်းထားသည့်နေရာကို ကျူးကျော်၍ ပစ္စည်းများ ခိုးယူခဲ့သည်ဟုဆိုကာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက ကျောက်ဆည်မြို့မရဲစခန်း တွင် အမှုဖွင့်ခဲ့သည်ကို မကျေနပ်ခြင်းကြောင့် ဖြစ်ကြောင်း အက်ဆစ်ဖြင့် အပက်ခံရသူ ဦးမောင်စိုးက ပြောသည်။

အက်ဆစ်ဖြင့် ပက်ခံရသူများကို ကျူးလွန်သူများဘက်က ထပ်မံ ခြိမ်းခြောက်မှုများ ရှိနေကြောင်း၊ နေအိမ်သို့ ဓားကိုင်ဆောင်ကာ ရောက်လာသေးကြောင်း၊ ထိုသို့သော လုပ်ရပ်များကြောင့် ကျုးလွန်ခံရသူမိသားစုဝင်များ၏ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေရကြောင်း ကာယကံရှင်၏ မိသားစုဝင်များက ပြောသည်။

“ကျုးလွန်တဲ့သူတွေနဲ့ ကျနော်က ဘာရန်ငြိုးရန်စမှ မရှိပါဘူး၊ အရင်ကတည်းက အရောင်းအဝယ်လည်း မရှိဘူး၊ အပြောအဆိုလည်း မရှိခဲ့ပါဘူး၊ ကျနော် မသက်ဆိုင်ဘဲနဲ့ ခံလိုက်ရတယ်၊ လုပ်ခဲ့တဲ့ သူတွေကို အမြန်ဆုံး ဖမ်းဆီးပြီးတော့ ထိုက် တန်တဲ့အပြစ်ပေးလိုက်ရင် ကျေနပ်ပါပြီ” ဟု အက်ဆစ်ဖြင့် အပတ်ခံရခြင်းကြောင့် နားနှင့် မျက်စိ ကန်းခဲ့သူ ဦးခင်မောင်က ပြောသည်။

အမှုအား ကျောက်ဆည်မြို့မ ရဲစခန်းတွင် ပုဒ်မ ၃၂၆ အရ အမှုဖွင့်ထားပြီး ကျူးလွန်သူ ၃ ဦးအနက် ဦးကျေရာဂွတ္တင်(ခ) ဦးမောင်မောင်ဌေးဆိုသူ ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်ကြောင်း ကျောက်ဆည်မြို့မရဲစခန်းက သိရသည်။

“ကျုးလွန်တဲ့ တရားခံ ၁ ယောက်ကတော့ မိထားတယ်၊ သူ့ကို ရမန် တင်ပြီးတော့ ကျန်တဲ့ ၂ ယောက်ကိုတော့ ရမန်ကာလ အတွင်းမှာ မမိဘူး ဆိုရင်တော့ တရားခံပြေး ကြေညာသွားမှာပါ၊ အခုဖမ်းမိတဲ့ တရားခံကလည်း ကျနော်တို့ရဲတပ်ဖွဲ့ရဲ့ စုံစမ်းထောက်လှမ်းချက်ကြောင့် မိခဲ့တာပါ”ဟု ကျောက်ဆည်မြို့မရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ်မေဇင်မော်က ပြောသည်။

ကာယကံရှင်များ၏ ပြောဆိုချက်အရ ကျူးလွန်သူ ၂ ဦးသည် ကျန်ရှိသူများကို အလားတူ လုပ်ရပ်မျိုး ထပ်မံ ကျူးလွန် မည်ကို စိုးရိမ်ရကြောင်း၊ လွတ်မြောက်နေသည့် တရားခံ ၂ ဦးမှာလည်း ရွာအတွင်းသာ ပုန်းခိုနေသည်ဟု သတင်း ရရှိထားရာ သက်ဆိုင်ရာက အမြန်ဆုံး ဖမ်းဆီးပေးနိုင်ရန် လိုလားနေကြောင်း သိရသည်။

You may also like these stories:

မွတ်စလင် လူငယ်တဦး မြောက်ဦးတွင် အသတ်ခံရ

ကျပ်သိန်း ၇၈၀၀ ကျော် အလွဲသုံးထားသည့် မန္တလေး စည်ပင်ဝန်ထမ်း တိမ်းရှောင်နေ

ဒလ သက်ငယ်မုဒိမ်းမှု မျက်မြင်သက်သေများကို စွပ်စွဲခံရသူများက အမှုပြန်ဖွင့်

Your Thoughts …
Tags: ကျောက်ဆည်တရားခံအက်ဆစ်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်

by ဧရာဝတီ
12 September 2024
4.4k

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်များ မြစ်ရေမြင့်တက်နေမှုနှင့်အတူ ယင်းမြစ်များပေါ်တွင်တည်ဆောက်ထားသော ဆည်ကြီးများမှ ရေလွှတ်ခြင်း၊ ရေဖောက်ချခြင်းနှင့် ဆည်ကျိုးခြင်းများကြောင့် ကျေးရွာများရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေ

ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

by ဧရာဝတီ
27 September 2023
2.7k

ဆရာမဒေါ်နှင်းယုနွယ်မေသည် ကျွန်းပေါ်ပေါက်တောရွာမှ လယ်ကွင်းများ ပုဇွန်ကန်များကို ဖြတ်၍ နာရီဝက်ခန့် လမ်းလျှောက် ရသည့် ပန်းဖော်ပြင်ရွာ ကျောင်း၌ တာဝန်ထမ်းနေသူ ဖြစ်ကာ စက်တင်ဘာ ၁၆ ရက် နံနက် ကျောင်းသွားစဉ် လမ်း တွင် အသတ်ခံရခြင်းဖြစ်သည်။

ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

by တိုက်စိုး
10 May 2025
306

၁၆ မိုင် စတုရန်း ပတ်လည်၌ လက်ညှိုးထိုး မလွဲ မင်းနှင့် ပြည်သူတို့ တည်ဆောက် ခဲ့ကြသော မြေစိုက် ဘုရား၊ ဂူဘုရား စုံလှပါပေသည်… ဤသည် ရှေးခေတ် ပုဂံပြည် ကြီးကြယ်ခဲ့ကြောင်း သက်သေခံပေတည်း…

မြစ်သားရေကြီးမှု ပျောက်ဆုံးသူတွေ ပြန်ရှာမတွေ့သေး (ရုပ်/သံ)

မြစ်သားရေကြီးမှု ပျောက်ဆုံးသူတွေ ပြန်ရှာမတွေ့သေး (ရုပ်/သံ)

by စောမေရီ
16 September 2024
131

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ထဲက မြစ်သားမြို့နယ်မှာ စက်တင်ဘာ ၁၂ရက်နေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုတွေဖြစ်ခဲ့တာကြောင့် မြို့လုံးကျွတ်နီးပါး ရေနစ်မြုပ်ခဲ့ပါတယ်။

ရန်ကုန်တွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ / မျိုးမင်းစိုး / ဧရာဝတီ

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးဌာနတခု သမ္မတရုံးတွင် ဖွင့်

by မိုးမိုး
26 June 2018
23.9k

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့ အထိ အမှုပေါင်း ၂၂၄၁ မှု ရှိခဲ့ပြီး မူးယစ်တရားခံ စုစုပေါင်း ၃၁၇၅ ဦးကို အရေးယူထားကြောင်း၊

ရန်ကုန်မြို့ တနေရာတွင် တွေ့ရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

ကျောက်ဆည်တွင် CRPH အဖွဲ့ဝင်များကို ဝင်ရှာရင်း စစ်တပ်က ပစ္စည်းများ လုယက်

by ဧရာဝတီ
22 April 2021
30.8k

လက်ပံကျေးရွာတွင် ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက အောက်ခြေအဆင့် CRPH အဖွဲ့ဝင်များ ရှိသည်ဟု ဆို ကာ စစ်ကောင်စီ လက်နက်ကိုင်တပ်များက ဝင်ရောက် ရှာဖွေခဲ့

Next Post
သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံ  / ချစ်ပိုး / ဧရာဝတီ

ခင်ပွန်းဖြစ်သူက တနှစ်နဲ့တနှစ် မရိုးအောင် Surprise လုပ်ပေးလို့ ပျော်နေတဲ့ စမိုင်းလ်

ဖမ်းမိထားသော မူးယစ်ဆေးဝါးများကို RCSS မှ အစိုးရထံသို့ လွှဲအပ်နေစဉ်

ဖမ်းမိ မူးယစ်ဆေးနှင့် တရားခံများအား RCSS မှ အစိုးရထံ လွှဲပြောင်း

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.4k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate