• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင်တွင် လမ်းဖောက်လုပ်ရေးကိစ္စ တပ်မတော်နှင့် KNU တို့ကြား သဘောတူညီမှု မရ

by ထက်နိုင်ဇော်
20 February 2020
in သတင်း
A A
KNU လှုပ်ရှား နယ်မြေအတွင်း တပ်မတော်က တိုးချဲ့ဖောက်လုပ်နေသည့် လမ်းပိုင်း တနေရာ / ဧရာဝတီ

KNU လှုပ်ရှား နယ်မြေအတွင်း တပ်မတော်က တိုးချဲ့ဖောက်လုပ်နေသည့် လမ်းပိုင်း တနေရာ / ဧရာဝတီ

11.6k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နှင့် ဖာပွန်မြို့နယ်တို့တွင် လမ်းဖောက်လုပ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီမှုမရရှိခဲ့ ကြောင်း သတင်းရရှိသည်။

မနေ့က နေပြည်တော်၌ တပ်မတော်ဘက်မှ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး တပ်မတော် ကိုယ်စား လှယ် ၅ ဦး ပါဝင်ပြီး KNU ဘက်မှ ဒု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ် ၁၀ ဦးတို့ ပါဝင် ဆွေးနွေးခဲ့ကြ ခြင်း ဖြစ်သည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
69
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
650
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
202

တပ်မတော်မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက “လမ်းဖောက်လုပ်ရေးကိစ္စတွေလည်း ဆွေးနွေးခဲ့တာ ရှိတယ်။ နောက် တပတ်အတွင်းမှာ အခြေအနေ အသေးစိတ်ကို ပြန်ပြောပါဆိုပြီး ကျနော်တို့ ပြောထားတာ ရှိတယ်။ ကျနော်တို့ ဘက်ကလည်း ဒီလမ်းတွေနဲ့ ပတ်သက်ပြီးတော့ ရှင်းပြလိုက်တယ်။ ဒီလမ်းတွေက အရင်ကတည်းက ရှိနေတာ ဆိုတဲ့အကြောင်းကို ရှင်းပြလိုက်ပါတယ်” ဟု ပြောသည်။

ယခုလမ်းများကို မပြုပြင်ဘဲ ထားပါက ပို၍ ပျက်ဆီးလိမ့်မည် ဖြစ်ကြောင်း၊ KNU ဘက်က ယခုလမ်းပိုင်းများ တိုးချဲ့ နေသည့် နယ်မြေသည် ၎င်းတို့ နယ်မြေဟု ပြောဆိုသော်လည်း တပ်မတော်စခန်းများမှာ ယင်းဒေသတွင် ယခင် ကတည်းက ရှိနေခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“သဘောတူညီမှု ဆိုတာထက် အချင်းချင်း တယောက်နဲ့တယောက် ရှင်းပြကြတာပေါ့။ နောက်တပတ်မှာတော့ အသေးစိတ် ရှင်းရဦးမှာပေါ့။ သူတို့လည်း သူတို့ဘက်ကို ပြန်တင်ပြတာတွေ ရှိပါလိမ့်မယ်။ တယောက်နဲ့တယောက် နားလည်မှုရှိအောင် ဆွေးနွေးခဲ့တာမှာ ပါ ပါတယ်။ နောက်တပတ်အတွင်းမှာ အသေးစိတ် ပြန်ပြောဖို့တွေလည်း ပါ ပါ တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

တပ်မတော်က လမ်းဖောက်လုပ်သည့် နေရာရှိ တပ်မတော် ရှေ့တန်းစခန်းများသည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေ အ တွင်း၌ ရှိနေကြောင်း၊ တပ်မတော်က ရိက္ခာပို့ခြင်း၊ ကားလမ်းဖောက်ခြင်းများကို ၂ ဦး ၂ ဖက် သဘောတူထားသည့် အ တိုင်း ဆောင်ရွက်ရန် လိုကြောင်း KNU ဒု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

ပဒိုစောကွယ်ထူးဝင်းက “အဲဒီ သတ်မှတ်တဲ့ နေရာကနေ ကျော်လွန်သွားရင် လူနဲ့မြင်းနဲ့ ပို့ပါဆိုတဲ့ သဘောထားရှိ တယ်။ ဒါကို တိတိကျကျတော့ အခု သဘောတူညီတာ လမ်းဖောက်လုပ်နေတဲ့ နေရာကို သတ်မှတ်ချက်ထက်ပိုပြီး တော့ လုပ်တဲ့အတွက် ဒါက အငြင်းပွားမှု ဖြစ်တယ်” ဟု ပြောသည်။

လမ်းဖောက်လုပ်သည့် ကိစ္စကို အကြောင်းပြုပြီး ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲရှိ KNU တပ်မဟာ ၅ ထိန်းချုပ်ဒေသ အတွင်း ယခု ဖေဖော်ဝါရီလဆန်းပိုင်းတွင်၂ ဖက် ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။

“လူနဲ့မြင်းနဲ့ ပို့ရမယ့်ဟာမှာ လမ်းဖောက်လာတဲ့အခါ နှစ်ဖက် သဘောတူညီမှု ညှိနှိုင်းမှု မရှိသေးဘဲနဲ့ ဒါက ဖောက်လုပ် တာ ဖြစ်တဲ့အတွက်ကြောင့် ပစ်ခတ်မှုတွေ၊ ထိတွေ့မှုတွေ ရှိတယ်။ ဒါကို အစိုးရဘက်ကလည်း အထူးသဖြင့် တပ် မတော်ပေါ့။ အခု ကျနော်တို့ ခွင့်ပြုထားတဲ့ လူနဲ့မြင်းနဲ့ ပို့တဲ့ကိစ္စမှာ သူတို့က အခက်ခဲရှိတယ်။ သူတို့ကတော့ စစ်ရေး ရည်မှန်းချက် မရှိဘူးလို့ ပြောတယ်” ဟု KNU မှ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

တပ်မတော်မှ လမ်းဖောက်နေသည့် နယ်မြေများနှင့် ပတ်သက်၍ အခြေပြမြေပုံ (တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ယခု တပ်မတော်မှ လာရောက် ဖောက်လုပ်နေသည့် လမ်းများကို KNU ကိုယ်တိုင် ဖောက်လုပ်နိုင်ကြောင်း၊ သို့မဟုတ် ပါက အစိုးရဘက်မှ လမ်းပန်းဆက်သွယ်ရေးနှင့် ဆိုင်သော ဝန်ကြီးဌာနတခုခုက KNU နှင့် လာရောက် ညှိနှိုင်းဆောင် ရွက်၍ရကြောင်း၊ မည်သည့် အတွက်ကြောင့် တပ်မတော် ကိုယ်တိုင် လမ်းဖောက်လုပ်ချင်ရသလဲ ဆိုသည့် မေးခွန်းရှိ ကြောင်း KNU တာဝန်ရှိသူတချို့က ဧရာဝတီသို့ ပြောဆိုဖူးသည်။

“ကျနော်တို့ဘက်ကလည်း ကျနော်တို့ လူထုနဲ့ ဒေသခံတွေကလည်း ယခင်က အတွေ့အကြုံတွေအရ အခု လမ်း ဖောက်လုပ်ခြင်းအားဖြင့် တပ်အင်အား တိုးချဲ့တာတို့ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လမ်းဖောက် လုပ်ခြင်းဆိုတဲ့ ထင်မြင်ယူဆချက်နဲ့ ကျနော်တို့က ခွင့်မပြုနိုင်ဘူး” ဟု ပဒိုစောကွယ်ထူးဝင်းက ဆက်ပြောသည်။

ထို့ကြောင့် KNU ဘက်က လမ်းဖောက်လုပ်သည့် ကိစ္စသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာ ချုပ် (NCA)နှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ စစ်ရေးအရ သက်ရောက်မှု ရှိ၊ မရှိ တို့ကို ကွင်းဆင်း စစ်ဆေးမည် ဖြစ်ကြောင်း သိရ သည်။

“အဓိကကတော့ ဒီလမ်းဖောက်လုပ်မှုက ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ယုံကြည်မှုကို စမ်းသပ်တဲ့ သဘောလည်း ဖြစ်တာပေါ့။ ဒါက တဖက်နဲ့တဖက် ယုံကြည်မှုက အားနည်းနေသေးတဲ့ အချိန်၊ ယုံကြည်မှု တည် ဆောက်မှု မပြည့်ဝသေးတဲ့ အချိန်မှာ ဒါကို ဘယ်လို ကျော်လွှားသွားနိုင်မယ် ဆိုတာကို ကျနော်တို့နှစ်ဖက် ညှိနှိုင်းပြီး တော့ အဖြေရှာသွားရမှာပေါ့” ဟု အထက်ပါ KNU တာဝန်ရှိသူက ပြောသည်။

KNU နှင့် တပ်မတော်ကြား တွေ့ဆုံပွဲတွင် အပစ်အခတ် ရပ်စဲရေး ခိုင်မာရေးကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရ သည်။

လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားရာ ဒေသရှိ ဖာပွန်ခရိုင်အတွင်း လူဦးရေ ၃၀၀ ကျော်မှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု KNU ဘက်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း ကရင်ပြည်နယ် သံတောင်ကြီးမြို့နှင့် ဖာပွန်မြို့နယ်ကြားတွင် လမ်းဖောက် လုပ်မှု စစ်ဆေးရေး ဆောင်ရွက်နေသည့် စစ်ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံရသဖြင့် တပ်မတော်မှ တပ်ရင်းမှူး အဆင့်ရှိ တပ်မတော် အရာရှိတဦး ကျဆုံးသွားခဲ့သေးသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၀ ဇန်နဝါရီလ အထိ ဖာပွန်ခရိုင် အတွင်း KNU ဘက်မှ တိုက်ခိုက်မှု ၇ ကြိမ်၊ မိုင်းနင်း၊ မိုင်းကွဲမှု ၇ ကြိမ်၊ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်မှု ၃ ကြိမ်၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသန္တရမိုင်းများ ဖော်ထုတ် သိမ်းဆည်းနိုင်မှု ၈ ကြိမ် ရှိခဲ့ကြောင်း တပ်မတော်မှ ရရှိသည့် အချက်အလက်များ အရ သိရှိရသည်။

KNU သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်ပြီး လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်လည်း အကြိမ် အများဆုံး တွေ့ဆုံထားသည့် အဖွဲ့တခုလည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

KNU နယ်မြေထဲကို လက်နက်ကြီးများ ကျရောက်မှု “လက်တုန့်ပြန်ခြင်း”ဟု ဆို

ဖာပွန်တွင် ကျဆုံးသည့် တပ်ရင်းမှူး လုပ်ကြံခံရခြင်း ဟု တပ်မတော်ပြော

ဒရုန်းယာဉ်များ နယ်မြေလုံခြုံရေးအတွက် အသုံးပြုဟု တပ်မတော် ဝန်ခံ

Your Thoughts …
Tags: KNUတပ်မတော်ဖာပွန်မြို့နယ်လမ်းဖောက်ခြင်း
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.7k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.5k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

Next Post
အိန္ဒိယရေတပ်ဦးစီးချုပ်ရဲ့  မြန်မာခရီးစဉ် ဘာတွေသဘောတူညီချက်ရခဲ့သလဲ

အိန္ဒိယရေတပ်ဦးစီးချုပ်ရဲ့ မြန်မာခရီးစဉ် ဘာတွေသဘောတူညီချက်ရခဲ့သလဲ

နေပြည်တော် လွှတ်တော်တွင် တွေ့ရသည့် တပ်မတော်သားကိုယ်စားလှယ်များ / ထက်ဝေ / ဧရာဝတီ

ဖွဲ့စည်းပုံ ပြင်ရေးမူကြမ်း ဆွေးနွေးမယ့် တပ်ကိုယ်စားလှယ်စာရင်း လျှော့ချခံရမလား

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

22 hours ago
2.7k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate