• English
Saturday, December 9, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          ဖွဲ့စည်းပုံ ပြင်ရေးမူကြမ်း ဆွေးနွေးမယ့် တပ်ကိုယ်စားလှယ်စာရင်း လျှော့ချခံရမလား

          by ထွန်းထွန်း
          20 February 2020
          in သတင်း
          Reading Time: 1 min read
          A A
          နေပြည်တော် လွှတ်တော်တွင် တွေ့ရသည့် တပ်မတော်သားကိုယ်စားလှယ်များ / ထက်ဝေ / ဧရာဝတီ

          နေပြည်တော် လွှတ်တော်တွင် တွေ့ရသည့် တပ်မတော်သားကိုယ်စားလှယ်များ / ထက်ဝေ / ဧရာဝတီ

          7.9k
          VIEWS
          Share on FacebookShare on Twitter

          အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကို လွှတ်တော်တွင်းမှာ ပါဝင်ဆွေးနွေးဖို့ စာရင်းပေးကြရာမှာ ရာနှုန်း ပြည့်နီးပါး အမည်စာရင်းပေးထားတဲ့ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့နဲ့ ပတ်သက်လို့ လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

          တပ်မတော်သား ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ စုစုပေါင်း ၁၆၆ ဦးသာ ရှိပေမယ့် မူကြမ်း ဆွေးနွေးဖို့ စာရင်းပေးသူက ၁၆၄ ဦး ဖြစ်နေတာကြောင့် ၁၄၂ ချက်သာ ပါဝင်တဲ့ ပြင်ဆင်ရေးမူကြမ်းပါ အချက်တွေ ထက်တောင် အရေအတွက် များနေတယ်လို့ ပြောဆိုနေတာဖြစ်ပါတယ်။

          RelatedPosts

          အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

          အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

          8 December 2023
          501
          မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

          မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

          8 December 2023
          5.6k
          လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

          လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

          8 December 2023
          3.2k

          ဒီလို စာရင်းပေးထားတာနဲ့ ပတ်သက်လို့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ ခေါင်းဆောင် ၁ ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် မောင်မောင်ကတော့ သူကိုယ်တိုင် သေချာစွာ မသိရှိကြောင်းနဲ့ ကိုယ်တိုင်ကတော့ ပါဝင်ဆွေးနွေးဖို့ စာရင်းပေးထား ကြောင်း ဧရာဝတီကို ပြောပါတယ်။

          ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကိုယ်တိုင်လည်း ဖြည့်စွက်ချက် ၂ ချက်ပါ ဥပဒေ ကြမ်းတခုကို တင်သွင်းထားသူ ဖြစ်တဲ့ ဗိုလ်မှူးချုပ်မောင်မောင်က ဆွေးနွေးခွင့်ရမယ့် အရေအတွက်နဲ့ ပတ်သက်လို့လည်း လွှတ်တော်ဘက်က ကန့်သတ်မယ့် ပြောဆိုမှုများ ကြားနေရပြီး အမည်စာရင်း တင်သွင်းထားသူ အကုန်မရနိုင်ဘူးလို့ ကြားထားကြောင်းလည်း ဆိုပါတယ်။

          “လွှတ်တော်က နေပြီးတော့ အရေအတွက် ကန့်သတ်မယ်၊ အကုန်လုံးတော့ မရနိုင်ဘူးလို့တော့ ကြားနေတယ်၊ အခု ၁၆၄ ယောက် စာရင်းပေးတယ် ဆိုတာလည်း မီဒီယာတွေက တက်လာမှသိတယ်၊ ကျနော်သိတဲ့စာရင်းက အဲဒါ မဟုတ်ဘူး၊ ကျနော် ဂဃနဏ မသိဘူး၊ ကျနော်တို့မှာလည်း သူ့အပိုင်း၊ ကိုယ့်အပိုင်းရှိတယ်”လို့ ဗိုလ်မှူးချုပ် မောင်မောင် က ရှင်းပြပါ တယ်။

          ဗိုလ်မှူးချုပ် မောင်မောင် တင်သွင်းတဲ့ အချက် ၂ ချက်ဟာလည်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဘက်က ပယ်ဖျက်ဖို့ အဆိုပြုထားတဲ့ ၅၉(စ)ပါ ပြဌာန်းချက်တွေကို ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ အတွက် ကန့်သတ်ချက်အဖြစ် ထည့်သွင်းဖို့ ဖြစ်ပါတယ်။

          တပ်မတော်က ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းဟာ နိုင်ငံရဲ့ အချုပ် အခြာ အာဏာ ယိမ်းယိုင် မသွားစေရန်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လိုသလို ပြင်ပြီး ယိုင်နဲ့ မသွားအောင် ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ် ကြောင်း တပ်မတော်ဘက်က ပြောဆိုထားမှုတွေလည်း ရှိပါတယ်။

          ဒါကြောင့် ဒီမူကြမ်း ဆွေးနွေးမှုကိစ္စမှာ တပ်မတော်ဘက်က ဘယ်လို အချက်တွေကို ထောက်ပြ ဆွေးနွေးမလဲ၊ အတိုက် အခံ ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေကလည်း ဘယ်လိုမျိုး ပြောဆို ဆွေးနွေးကြမယ်ဆိုတာ စိတ်ဝင်စားစရာ ကောင်းတဲ့ အနေအထားပါ။

          တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ အရေအတွက်များများ အမည်စာရင်း ပေးထားသလို အာဏာရပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကလည်း ၆၉ ဦးအထိ စာရင်းပေးထားပြီး တသီးပုဂ္ဂလနဲ့ တခြားသော ပါတီတွေ ကလည်း ၄၉ ဦး စာရင်းပေးထားတယ်လို့ သိရပါတယ်။

          ပြည်ထောင်စု လွှတ်တော်မှာ NLD ပါတီ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနဲ့ တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စား လှယ် စုစုပေါင်း ၆၅၄ ဦး ရှိပါတယ်။

          ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်မယ့် ဥပဒေမူကြမ်းအပေါ်မှာ ဆွေးနွေးဖို့ စာရင်း ပေးထားသူ ၂၈၂ ဦး ရှိတာကြောင့် အမှန်တကယ် ဆွေးနွေးခွင့်ပေးမယ့် အရေအတွက်ကိုတော့ ပြည်ထောင်စုလွှတ်တော် နာယက ဖြစ်သူကသာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

          ဆွေးနွေးခွင့်ရသူတွေ အနေနဲ့လည်း လွှတ်တော်က ပုံမှန်ချိန်တွေမှာ ဆွေးနွေးခွင့် ၆ မိနစ်သာ ပေးလေ့ ရှိတာဖြစ်လို့ ယခင်အချိန် အတိုင်းသာပေးမယ် ဆိုလျှင် မူကြမ်းပါအချက်တွေထဲက ကိုယ်ဆွေးနွေးချင်တဲ့ အချက်ကို အချိန်ယူ ထောက်ပြဆွေးနွေးဖို့ ခက်ခဲမယ့် အခြေအနေ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စား လှယ်တချို့က ပြောပါတယ်။

          ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၃၇ မှာ “နာယကသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဆွေးနွေးရန် အမည်စာရင်း ပေးထားသော လွှတ်တော်ကိုယ်စားလှယ်များထဲမှ မိမိသင့်မြတ်သည်ဟု ထင်မြင်ယူဆသော လွှတ်တော်ကိုယ်စားလှယ် အရေအတွက်၊ ဆွေးနွေးရမည့် နေ့ရက်နှင့် ဆွေးနွေးခွင့်ပြုသည့် အချိန် တို့ကို သတ်မှတ်၍ ခွင့်ပြုနိုင်သည်” လို့ ပြဌာန်း ပါရှိပါတယ်။

          ဒါကြောင့် လက်ရှိ ပြည်ထောင်စုလွှတ်တော် နာယကဖြစ်တဲ့ ဦးတီခွန်မြတ်ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ရင် ဆွေး နွေးဖို့ အမည်စာရင်း ပေးထားတဲ့ အရေအတွက်ကို လျော့ချနိုင်သလို၊ နေ့ရက်နဲ့ ဆွေးနွေးခွင့် ပေးမယ့် အချိန်ကိုလည်း အပြောင်းအလဲ ပြုလုပ်နိုင်ပါသေးတယ်။

          အမည်စာရင်း ပေးထားသူတွေနဲ့ ပတ်သက်လို့ ပါဝင်ဆွေးနွေးခွင့်ပေးသင့်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှသာ ပြည်သူ တွေအနေနဲ့ အသိအမြင် ပိုများလာမှာ ဖြစ်တယ်လို့ မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက သုံးသပ်ပါတယ်။

          “စာရင်းတင်ထားတဲ့သူတွေကို ဆွေးနွေးခွင့် အကုန်ပေးသင့်တယ်၊ ဒါမှလည်း ပြည်သူတွေက များများနားထောင်ပြီး အမြင် ကျယ်ကျယ်နဲ့ စဉ်းစား ဆုံးဖြတ်လို့ရတာပေါ့၊ ပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ ပြီးစလွယ် မလုပ်စေချင်ဘူး” လို့ ဦးစိန်ဝင်းက ဆိုပါတယ်။

          လွှတ်တော်မှာ ဆွေးနွေးကြမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းပါ အချက် ၁၄၂ ချက်ထဲမှာလည်း တပ်မတော် ကိုယ်စားလှယ်များဘက်က တင်သွင်းထားတဲ့ ဥပဒေမူကြမ်း ၂ ခုပါ အချက်တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက တင်သွင်းထားတဲ့ ဥပဒေကြမ်း ၃ ခုပါ အချက်တွေလည်း ပါဝင်ပါတယ်။

          ကြံ့ခိုင်ရေးပါတီ အနေနဲ့ ပါဝင်ဆွေးနွေးဖို့ကို ၂၆ ဦး အမည်စာရင်းပေးထားပြီး ဥပဒေကြမ်းတခုကို တင်သွင်းခဲ့တဲ့ ကာယကံရှင် အနေနဲ့လည်း ပါဝင်ဆွေးနွေးမှာဖြစ်တယ်လို့ မိတ္ထီလာမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ပြောပါတယ်။

          “ဖွဲ့စည်းပုံပြင်ဆင်ရေးက တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်လို့ အမည်စာရင်းပေးထားသူတွေက ဆွေးနွေး ခွင့်ရသင့်ပါတယ်၊ ဥပဒေအရ နာယကထံမှာ ဆုံးဖြတ်နိုင်ခွင့်ရှိနေပေမယ့် ဆွေးနွေးခွင့်က ကိုယ်စားလှယ်တွေရဲ့ အခွင့် အရေးလည်းဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။

          ယင်းအချက်တွေထဲမှာတော့ လူအများ အဓိကပြင်ဆင်လိုတဲ့ ပုဒ်မ ၅၉(စ) ကိစ္စ ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းဖို့၊ ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေကပဲ ခန့်အပ်ဖို့၊ နောက်ကြောင်း ပြန်အရေးမယူရေး ပြဌာန်းချက်ကို ပယ်ဖျက်ဖို့နဲ့ နိုင်ငံပိုင်ပစ္စည်း ရယူသုံးစွဲထားသူတွေကို ရွေးကောက်ခံခွင့် မပေးတော့ဖို့ စတဲ့ ပြင်ဆင်ချက် တွေလည်း ပါဝင်ပါတယ်။

          ဒီအချက်တွေနဲ့ ပတ်သက်လို့တော့ ဆွေးနွေးမယ့် နေ့ရက်၊ အစီအစဉ်တွေကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကြေညာမှာဖြစ်တယ်လို့လည်း သိရပါတယ်။

          “ ကျနော်တို့ကို ကြိုတင်ဝေထားတဲ့ အစီအစဉ်ကြမ်းတွေမှာတော့ ပြင်ဆင်ရေးဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ့် အစီအစဉ်ကို ရှင်းလင်းဖို့ ၂၁ ရက်နေ့မှာပါတယ်၊ လက်ရှိဖွဲ့စည်းပုံကတော့ ပြင်ဆင်ရမယ့် အချိန်ရောက်နေပါပြီ၊ ပါဝင် ဆွေး နွေးဖို့လည်း စာရင်းပေးထားပါတယ်”လို့ NLD ပါတီမှ သာကေတမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝေဖြိုးဟန်က ပြောပါတယ်။

          လက်ရှိ ပြင်ဆင်ရန် ကြိုးစားနေတဲ့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခု ရှိရာ ပြင်ဆင်ရမယ့် အချက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် မလိုလားအပ်တဲ့ နိုင်ငံရေး အကျပ်အတည်းနှင့် ဘေးထွက် ဆိုးကျိုးများ မဖြစ်ပေါ်စေရန် ပြဋ္ဌာန်းချက်များ အတိုင်း ဥပဒေနှင့် အညီ လုပ်ဆောင်ကြရန် ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၁၉ ခုနှစ် တပ်မတော်နေ့ အခမ်းအနားတွင် ပြောဆိုထားပါတယ်။

          ဆက်စပ်ဖတ်ရှုရန်

          တပ်ကိုယ်စားလှယ်များ လွှတ်တော်မှ လုံးဝ ဖယ်ထုတ်ရန် NLD သဘောထား မရှိ

          ဖွဲ့စည်းပုံပြင်ဆင်မှု နိုင်ငံ အချုပ်အခြာ အာဏာ ထိခိုက်မည်ကို စိုးရိမ်ဟု တပ်မတော်ပြော

          ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ဖို့ ဆို

          Your Thoughts …
          Tags: တပ်ကိုယ်စားလှယ်ဖွဲ့စည်းပုံ ပြင်ဆင်ရေးမူကြမ်း
          ထွန်းထွန်း

          ထွန်းထွန်း

          ဧရာဝတီ

          Similar Picks:

          No Content Available
          Next Post
          ဈေးကွက်အတွင်းမှ ရွှေထည်များ / အောင်ကျော်ထက် / ဧရာဝတီ

          ရွှေဈေး ၁၂ သိန်း ၃ သောင်းကျော် အထိ ရောက်လာ

          ရန်ကုန်တိုင်း ကျောက်တန်းမြို့အဝင်ဆိုင်းဘုတ် / ဧရာဝတီ

          ကျောက်တန်း ပဲခင်းလုပ်သားအချို့ လုပ်အားခ ခေါင်းပုံဖြတ်ခံရ

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          6 days ago
          13.2k
          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          23 hours ago
          12k

          Most Read

          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved