• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်တန်း ပဲခင်းလုပ်သားအချို့ လုပ်အားခ ခေါင်းပုံဖြတ်ခံရ

by ထက်ခေါင်လင်း
20 February 2020
in သတင်း
A A
ရန်ကုန်တိုင်း ကျောက်တန်းမြို့အဝင်ဆိုင်းဘုတ် / ဧရာဝတီ

ရန်ကုန်တိုင်း ကျောက်တန်းမြို့အဝင်ဆိုင်းဘုတ် / ဧရာဝတီ

6.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် မင်းကလောကျေးရွာရှိ ပဲခင်းများတွင် ပဲခူးသည့် အလုပ်သမား အဖြစ် အလုပ်လုပ်နေသော လုပ်သား ၉ ဦး၏ လုပ်အားခများကို ကြားခံပွဲစား ဖြစ်သူက လိမ်လည်ရယူသွားကာ ခေါင်းပုံဖြတ်ခံရသဖြင့် ဒုက္ခရောက်နေကြကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သည့် ၁၀ ရက်ခန့်က မင်းကလောကျေးရွာရှိ ပဲခင်းများတွင် ပဲခူးသည့် အလုပ်သမား အဖြစ် လုပ်ကိုင်ရန်အတွက် အလုပ်သမားများ လိုအပ်သည်ဟုဆိုကာ အသက် ၄၀ အရွယ်ရှိ တင်အောင် ဆိုသူက ထမလုံရပ်ကွက်နေ ဒေါ်သိန်းနွဲ့အား လာရောက် ပြောဆိုခဲ့ကြောင်း သိရသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
56
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
35
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
66

ထို့ကြောင့် သန်လျင်မြို့နယ်၊ ထမလုံရပ်ကွက်၊ မြရာရိုးအတွင်း နေထိုင်သူများထဲမှ ထိုအလုပ် လုပ်ကိုင်လိုသူ ၉ ဦးကို အလုပ်ရှာပေးရန် ကူညီသည့်အနေဖြင့် စုဆောင်းကာ ထည့်ပေးလိုက်ကြောင်း ဒေါ်သိန်းနွဲ့က ဧရာဝတီသို့ ပြောသည်။

ဒေါ်သိန်းနွဲ့က “ကျမတို့ရပ်ကွက်မှာ လူလာစုပေးတဲ့သူက ပဲခင်းပိုင်ရှင်ဆီက အလုပ်သမားတွေရဲ့ လုပ်အားခထဲက ကျပ် ၄ သိန်း ယူသွားတာ။ အခုက အလုပ်သမားတွေကို ပဲတွေခူးပြီးတော့ မကျေမချင်း မပြန်ရဘူးဆိုပြီး သူတို့ကို အတင်း လုပ်ခိုင်း နေတယ်။ သွားလုပ်တဲ့လူတွေက ပဲခင်းပိုင်ရှင်ဆီက စားစရိတ်ဆိုပြီး ဆန်၂ ပြည်နဲ့ ပိုက်ဆံကျပ် ၁ သောင်းဆီပဲ ထုတ်ထား တာ။ သူတို့လုပ်ပေးခဲ့တာဆို အခု အဲဒီဆန်နဲ့ ပိုက်ဆံက ကျေနေပြီဖြစ်လို့ ပြန်ချင်တာကို ပြန်ခွင့်မပေးတာ” ဟု ပြောပြသည်။

ပဲခင်းအတွင်း အလုပ်လုပ်ကိုင်စဉ် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေသည့် အတွက် နေရပ်သို့ ပြန်လာချင်သော်လည်း ပဲခင်းပိုင်ရှင်ဖြစ်သူက အလုပ်သမား လာရောက်စုဆောင်းသူသည် ၎င်းတို့၏ လုပ်အားခအတွက် ကျပ် ၄ သိန်း ထုတ်ပေးလိုက်ပြီ ဖြစ်သဖြင့် ပြန်မလွှတ်နိုင်ကြောင်း ပြောသည်ဟု သိရသည်။

လုပ်အားခ ခေါင်းပုံဖြတ်ခံရသူများမှာ ထမလုံရပ်ကွက်နေ ဦးညွန့်အောင်၊ မသွယ်၊ မင်းမင်း၊ မစန္ဒာနှင့် ညီညီစိုး အပါအဝင် ၉ ဦးဖြစ်ကြောင်း၊ လက်ရှိတွင် ကြားခံပွဲစားဖြစ်သည့် တင်အောင် ဆိုသူကိုလည်း ကာယကံရှင်များက အဆက်အသွယ် မရတော့ကြောင်း၊ အမှန်တကယ် လုပ်အားခ အပြည့်အဝ မထုတ်ထားသဖြင့် နေရပ်သို့သာ ပြန်လိုကြကြောင်း ကာယကံရှင်၏ မိသားစုဝင်များက ပြောဆိုကြသည်ဟု ဒေါ်သိန်းနွဲ့က ရှင်းပြသည်။

လက်ရှိတွင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကာယကံရှင် ၉ ဦး၏ မိသားစုဝင် အချို့နှင့် လူစုဆောင်းရာတွင် ကူညီပေးခဲ့သည့် ဒေါ်သိန်းနွဲ့က ရန်ကုန်ရှိ လူကုန်ကူးမှု တားဆီးရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံလျက် ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင်က “လယ်ပိုင်ရှင်တွေကို အဲဒီလို လုပ်သား လာပို့တဲ့သူတွေက ကျနော်နဲ့ ရှင်းမယ်ဆိုရင် ရှင်းပေးလိုက်ကြတာပဲ။ လယ်လုပ်သူတွေက ဘာမှသိပ်နားမလည်ဘူး။ သူက တာဝန်ခံပဲ။ သူ့ကိုရှင်းပေးပြီးရင် သူကနေပြီးတော့ အလုပ်သမားတွေကို ပြန်ရှင်းပေးမယ်ဆိုပြီး ရှင်းပေးလိုက်ကြတာ များတယ်” ဟု ရှင်းပြသည်။

ယခင်ကလည်း အလားတူ ဖြစ်ရပ်မျိုး ကြားသိရကြောင်း၊ စက်ရုံအလုပ်ရုံများ ပေါများလာသည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းတွင် အခြေခံ အလုပ်သမားရှားပါးမှု ပြဿနာများ ဖြစ်လာသည့်အတွက် တနယ်တကျေးမှ အလုပ်သမားများ ရှာဖွေရကြောင်း၊ လယ်ပိုင်ရှင်နှင့် အလုပ်သမားများ၏ မသိနားမလည်မှုကို ကြားခံ ပွဲစားက အခွင့်အရေးယူကာ အမြတ်ထုတ်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

ရန်ကုန်တိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်ကြွယ်ကလည်း အလုပ်သမားများကိုယ်တိုင် လုပ်အားခ ရယူခြင်းမရှိဘဲ အတင်းအကျပ် စေခိုင်းနေမည်ဆိုလျှင် အဆိုပါ အလုပ်ရှင်ကိုယ်တိုင် လူကုန်ကူးမှု မြောက်ကြောင်း၊ လုပ်အားခ ခေါင်းပုံဖြတ်မှုသည်လည်း လူကုန်ကူးမှုမြောက်ကြောင်း ရှင်းပြသည်။

လူကုန်ကူးမှု ဆိုရာတွင် ပုဂ္ဂိုလ် တဦးဦးသည် အခြားသူတဦးတယောက်ကို သဘော တူညီချက်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခြားသူတဦး တယောက်အား အဓမ္မ အလုပ်ခိုင်းစေခြင်း၊ ကျွန်ပြုခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်း၊ အဓမ္မ ဝန်ဆောင်မှု ပေးစေခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းတို့ ပါဝင်သည်။

You may also like these stories:

အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်း အလုပ်သမားသမဂ္ဂများ ကန့်ကွက်

တရုတ်မှ အထည်ကုန်ကြမ်း မဝင်တော့၍ အခြားနိုင်ငံများ တင်သွင်းရန် စီစဉ်နေ

ပြည်ပအလုပ်အကိုင် အေဂျင်စီတွေရဲ့ ဂုတ်သွေးစုပ်မှုတွေ ပေါ်ပေါက်နေတယ်

Your Thoughts …
Tags: ကြားခံပွဲစားပဲခင်းအလုပ်သမား
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

by ယုဖြူဟန်
8 March 2025
7.3k

ပြည်ပထွက်ခွာမည့် အလုပ်သမားများသာမက ပြည်ပမှ ခွင့်ပြန်အလုပ်သမားများပါ ပြန်လည်ထွက်ခွာခွင့်မရ ဘဲ ပိတ်မိနေကြောင်း

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

by ဧရာဝတီ
18 October 2023
6.5k

အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည်

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

by ဧရာဝတီ
14 February 2024
6.1k

လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

by ဧရာဝတီ
7 May 2024
5.9k

ပြည်ပထွက် အလုပ် လုပ်ခွင့်ကန့်သတ်ချက်ကို ပြန်လည်ဖြေလျှော့ခဲ့သော်လည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်း အမျိုးသားများ၏ အလုပ်ခေါ်စာ (Demand Letter) များကို လက်ခံခြင်းမရှိသေးကြောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

by ဧရာဝတီ
24 February 2025
5k

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံအား ၇ နှစ်ကျော်ကြာ နစ်နာကြေးအဖြစ် ငွေကျပ်သိန်းပေါင်း ၈ သောင်းကျော်ပေးရန် နစ်နာသူအလုပ်သမားများနှင့် အလုပ်သမားရေးဆောင်ရွက်သူများက တောင်းဆိုထားကြောင်း

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

by ဧရာဝတီ
14 February 2025
3.9k

မြန်မာ-ထိုင်း နှစ်နိုင်ငံသဘောတူညီမှုစာချုပ်(MoU)ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုအား ယနေ့မှစပြီး စစ်ကောင်စီက ယာယီဆိုင်းငံ့လိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

Next Post
အမှိုက်ရှင်းလင်းပြီးနောက် သိမ်ဖြူရေနုတ်မြောင်း အမှိုက်များ ပြန်ပစ်ထားသည်ကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

သိမ်ဖြူဈေးရှေ့ ရေနုတ်မြောင်းအတွင်း အမှိုက်ပစ်ပါက မြန်မာ့မီးရထား အရေးယူမည်

ကျန်ကျင်းပြည်နယ်ရှိ ရွာတရွာတွင် မြွေအသေများ စိမ်ထားသည့် ဖန်ပုလင်းများကို ပြသထားခြင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မြင်ရစဉ်  / Reuters

တောရိုင်းတိရိစာ္ဆန်များကို တရုတ်၏ စားသောက်လိုစိတ်က ဗိုင်းရပ်ကို ရှင်သန်နိုင်စေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.1k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate