• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သိမ်ဖြူဈေးရှေ့ ရေနုတ်မြောင်းအတွင်း အမှိုက်ပစ်ပါက မြန်မာ့မီးရထား အရေးယူမည်

by သဇင်လှိုင်
20 February 2020
in သတင်း
A A
အမှိုက်ရှင်းလင်းပြီးနောက် သိမ်ဖြူရေနုတ်မြောင်း အမှိုက်များ ပြန်ပစ်ထားသည်ကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

အမှိုက်ရှင်းလင်းပြီးနောက် သိမ်ဖြူရေနုတ်မြောင်း အမှိုက်များ ပြန်ပစ်ထားသည်ကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

12.1k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့သိမ်ဖြူဈေးရှေ့ ရေနုတ်မြောင်းကို မြန်မာ့မီးရထားမှ အပတ်စဉ် ရှင်းလင်းမည် ဖြစ်သည့်အပြင် စည်းကမ်းချိုး ဖောက်ပါကလည်း အရေးယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ့မီးရထား ရန်ကုန်တိုင်း မန်နေဂျာ ဦးဇော်လွင်က ဧရာဝတီသို့ ပြောသည်။

မီးရထားဝန်ကြီး ဌာနပိုင် ဝန်ထမ်းအိမ်ရာ အနီး သိမ်ဖြူဈေးရှေ့မြောင်းအတွင်း အမှိုက်များ ပိတ်ဆို့နေမှုကို Clean Yangon အဖွဲ့မှ ဦးဆောင် ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

RelatedPosts

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
53
နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

21 May 2025
32
စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

21 May 2025
178

သို့သော် တရက်ခန့်အကြာ၌ အမှိုက်များ ပြန်လည် မြင်တွေ့ရသဖြင့် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာ့မီးရထား က ယခုလ ၁၉ ရက်တွင် အဆိုပါ မြောင်းအား ထပ်မံ ရှင်းလင်းခဲ့ပြီးနောက် အပတ်စဉ် ရှင်းလင်းမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

ဦးဇော်လွင်က “လက်တလောကတော့ တပတ်တကြိမ် ဆောင်ရွက်မယ်။ မြောင်းတွေ သန့်ရှင်းရေး လုပ်မယ်။ ဝန်ထမ်းတွေ ကိုလည်း အသိပညာပေးတာပေါ့။ အမှိုက်တွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ သွားပြီး စွန့်ရမယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “စည်းကမ်း ဖောက်ဖျက်တဲ့သူဆိုရင် အရေးယူမှုတွေလည်း လုပ်ရမယ်။ စည်းကမ်း တည့်မတ်ပေး ရမှာပေါ့။ အဓိကကတော့ အမှိုက်ကို ကြုံတဲ့နေရာ ပစ်တဲ့ အလေ့အကျင့်ကို ပြောင်းလဲပေးရမှာ” ဟု ဆိုသည်။

အရေးယူမည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် အတိအကျ မရှိသေးသော်လည်း အရေးယူမှုအပိုင်းကို ပြုလုပ်နိုင်ရန် ပြင်ဆင်နေကြောင်းလည်း မြန်မာ့မီးရထားက သိရသည်။

အဆိုပါ နေရာသည် မြန်မာ့မီးရထားပိုင် နယ်မြေ ဖြစ်သဖြင့် ဝန်ထမ်းများကို စည်ပင်ဥပဒေနှင့် အရေးယူ၍ မရဘဲ သက်ဆိုင် ရာဌာနကသာ အရေးယူ၍ ရနိုင်သည့် အခြေအနေဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦး လှဌေးက ပြောသည်။

၎င်းက ဆက်လက်ပြီး “အခုဖြစ်တဲ့ နယ်မြေက မီးရထား ဝန်ကြီးဌာနပိုင်တဲ့ သိမ်ဖြူမီးရထား ရပ်ကွက်ထဲမှာ ဖြစ်တာ။ စည် ပင် ဥပဒေက သွားပြီးတော့ လွှမ်းမိုးလို့ မရဘူး ဖြစ်နေတယ်၊ စည်ပင်ဥပဒေနဲ့ အဲဒီထဲမှာ အရေးယူလို့ မရဘူး။ မြန်မာ့ မီးရ ထား ရပ်ကွက်တွေက သူတို့ဘာသာ သီးခြား ရပ်တည်တဲ့ ရပ်ကွက်တွေ ဖြစ်နေတယ်။ အရေးယူ ဆောင်ရွက်ရမယ်ဆိုရင် မီးရထားက သူတို့ဌာနနဲ့ သူတို့ပဲ အရေးယူ ဆောင်ရွက်ရမယ်” ဟု ပြောသည်။

သိမ်ဖြူဈေးရှေ့ရှိ မီးရထားဝင်း အတွင်း စီးဆင်နေသော အဆိုပါ ရေနုတ်မြောင်းကို ဖေဖော်ဝါရီလ ၁၆ ရက်က ပရဟိတ အဖွဲ့များက ရှင်းလင်းခဲ့ခြင်း ဖြစ်သော်လည်း နောက် ၁ ရက်အကြာတွင် အမှိုက်များ ထပ်မံ စွန့်ပစ်မှုကို ကြုံတွေ့ခဲ့ရသည်။

မီးရထားဝင်းအတွင်း နေထိုင်သူ တဦးက “ကျမတို့ဆို မြောင်းထဲ ပစ်မချပါဘူး။ တံမြက်စည်းနဲ့ လှဲကျင်းပြီး စည်ပင်က ပေးထားတဲ့ အမှိုက်ပုံးထဲ သွားထည့်တာပဲ။ မပစ်ရုံတင် မကဘူး ကျမတို့ဘာသာ လူစုပြီးလည်း ၁ ပတ် ၁ ခါလောက်မြောင်း ထဲက အမှိုက်တွေကို ဆယ်ယူကြတာတွေ ရှိတယ်” ဆိုသည်။

သို့သော် ရေမြောင်းရှင်းလင်းရာတွင် ပါဝင်ခဲ့သူလည်း ဖြစ်ပြီး ယင်းမီးရထားဝင်း အတွင်းပင် နေထိုင်သူ ကိုဘီမားက “ရှင်းတုန်း ခဏပဲ နောက်နေ့ကျတော့ အမှိုက်တွေ ပြန်ပစ်ကြတာပဲ။ ကိုယ်မလုပ်ရဘူး ဆိုပြီး ဒီထဲကို လာပစ်တယ် အမှိုက်ပုံးထဲကို သွားမပစ်ကြဘူး။ ပစ်တာ ဒီရပ်ကွက်ထဲကက လူတွေပဲ ပစ်တာ။ ဒီရပ်ကွက်ထဲမှာ စည်းကမ်း တင်းတင်းကျပ်ကျပ် လုပ်ဖို့ လိုနေတာ” ဟု ပြောသည်။

အဆိုပါ မီးရထားဝင်းအတွင်း အမှိုက် စွန့်ပစ်မှုစနစ်ကို မြန်မာ့မီးရထားမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဆွေးနွေးခဲ့ပြီးနောက် ၂၀၁၉ ဇန်နဝါရီလမှ စတင်ကာ တလလျှင် ၆၀၀ ကျပ် နှုန်းဖြင့် စီစဉ်ပေးထားခြင်း ဖြစ်ကြောင်း သိရ သည်။

You may also like these stories:

လူတွေက ရေနုတ်မြောင်းဆိုရင် အမှိုက်ပစ်ဖို့နေရာလို့ ထင်နေကြတယ်

Your Thoughts …
Tags: စည်ပင်ဥပဒေမြန်မာ့မီရထားသိမ်ဖြူရေနုတ်မြောင်းအမှိုက်စွန့်ပစ်မှု
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

မစ်ဆုဘိရှိသည် ရန်ကုန် မြို့ပတ်ရထားလမ်းအတွက် တွဲ ၆၆ တွဲ နှင့် ရန်ကုန်-မန္တလေး ရထားလမ်းအတွက် တွဲ ၁၈၀ ရောင်းချမည်ဖြစ်သည်

မစ်ဆုဘိရှိက မြန်မာကို ရထားတွဲများ ရောင်းချမည်

by ဧရာဝတီ
8 December 2020
20.6k

မစ်ဆုဘိရှိသည် ရန်ကုန် မြို့ပတ်ရထားလမ်းအတွက် တွဲ ၆၆ တွဲ နှင့် ရန်ကုန်-မန္တလေး ရထားလမ်းအတွက် တွဲ ၁၈၀ ရောင်းချမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဧပြီလက ပြင်ဦးလွင် ဘူတာရုံကို စစ်ဆေးနေသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် / မြန်မာ့အလင်း

ဂျပန်ရထားစီမံကိန်းကိုသုံးပြီး စစ်ကောင်စီတပ်များ သယ်ယူပို့ဆောင်နေ

by ဧရာဝတီ
1 June 2023
8.9k

စပိန်ကော်ပိုရေးရှင်း Construcciones y Auxiliar de Ferrocarriles (CAF) နှင့် ဂျပန်မှ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းသည် မြန်မာစစ်ကောင်စီသို့ ရထားများ ပေးပို့နေသည်။

အမှိုက်စွန့်ပစ်ရမှု နည်းလာတဲ့ ဂျပန်နိုင်ငံက Kamikatsu မြို့လေး

အမှိုက်စွန့်ပစ်ရမှု မရှိသလောက် ဖြစ်လာတဲ့ ဂျပန်က မြို့

by ချစ်ဖေ (တောင်တွင်းမြေ)
11 February 2018
10k

အမှိုက်သိမ်းဌာနမှာ အဝတ်အထည်နဲ့ ပရိဘောဂလို အမှိုက်တွေထားဖို့ အပိုင်းလည်း ရှိပါသေးတယ်။ မိမိ မလိုချင်တော့တဲ့ အဝတ်နဲ့ ပရိဘောဂတွေကို အဆိုပါအပိုင်းမှာ လာပစ်လို့ရပါတယ်။ တခြားသူတွေ စွန့်ပစ်ထားတဲ့အရာကိုလည်း လိုချင်ရင် အခမဲ့ လဲလှယ်ယူလို့ ရသေးတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့တမြို့ဖြစ်သည့် မြဝတီမြို့  / ထက်ဝေ / ဧရာဝတီ

ထိုင်းချေးငွေဖြင့် မြဝတီမြို့ ရေပေးရေးနှင့် အမှိုက်စွန့်ပစ်မှု စနစ် အဆင့်မြှင့်မည်

by အောင်သီဟ
3 March 2020
14.3k

ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ စီးပွား တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (NEDA)မှ မဲ ခေါင် ဒေသခွဲ တိုးတက်ရေး စီမံကိန်း အရ ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီမြို့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး...

တော်ဝိ- ပိန်းဇလုပ်ဘူတာအကြား ရထားသံလမ်းများရေကျော်နေစဉ် / YanKinMaung / Facebook

ရထားလမ်းများ ရေကျော်၍ ရန်ကုန်-မန္တလေး ရထား ခရီးစဉ်များ ယာယီပိတ်သိမ်း

by မျိုးပပစန်း
5 August 2020
130.3k

၂၀၁၈ ခုနှစ်ကလည်း ရေကြီး နစ်မြုပ်မှုများကြောင့် ရန်ကုန်-မော်လမြိုင်နှင့် နေပြည်တော်-မော်လမြိုင် လမ်းပိုင်း များ ပြေးဆွဲမှု ၁ လနီးပါး ရပ်နားခဲ့ရသဖြင့် မြန်မာ့မီးရထားမှ ဝင်ငွေ ကျပ် သိန်းပေါင်း ၁၃၀၀ ကျော် ဆုံးရူံးမှုများ ရှိခဲ့ကြောင်း...

အောက်တိုဘာ ၇ ရက်က ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ သတင်းစာ ရှင်းလင်းပွဲ  / ထက်ခေါင်လင်း / ဧရာဝတီ

စည်ပင် အမှုဟောင်းများ ဥပဒေသစ်ဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်ရန်လိုဟု ဆို

by ထက်ခေါင်လင်း
9 October 2019
8k

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအသစ် ပြဋ္ဌာန်းပြီးသော်လည်း ထိုဥပဒေမထွက်ခင် အချိန်က စည်ပင်နှင့် သက်ဆိုင်သည့် အမှုအခင်းများကို ဥပဒေ အသစ်ဖြင့် အရေးယူနိုင်ရန် နည်းလမ်း ရှာဖွေသင့်ကြောင်း

Next Post
ကျန်ကျင်းပြည်နယ်ရှိ ရွာတရွာတွင် မြွေအသေများ စိမ်ထားသည့် ဖန်ပုလင်းများကို ပြသထားခြင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မြင်ရစဉ်  / Reuters

တောရိုင်းတိရိစာ္ဆန်များကို တရုတ်၏ စားသောက်လိုစိတ်က ဗိုင်းရပ်ကို ရှင်သန်နိုင်စေ

ရှက်ကြပါ

ရှက်ကြပါ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
2.9k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate