• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မွန်ပြည်နယ်ရှိ တရားမဝင် ငါးဖမ်းမှုများ တပ်မတော်(ရေ)နှင့် ပူးပေါင်း အရေးယူမည်

by ဉာဏ်စိုးဝင်း
21 February 2020
in သတင်း
A A
မွန်ပြည်နယ် ရေပိုင်နက်အတွင်းရှိ ငါးဖမ်းလုပ်ငန်းများကို စစ်ဆေးနေစဉ် / ဉာဏ်စိုးဝင်း

မွန်ပြည်နယ် ရေပိုင်နက်အတွင်းရှိ ငါးဖမ်းလုပ်ငန်းများကို စစ်ဆေးနေစဉ် / ဉာဏ်စိုးဝင်း

3.7k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် ရေပိုင်နက် အတွင်း တရားမဝင် ငါးဖမ်းနေသည့် ကျားဖောင်များနှင့် ငါးဖမ်းစက်လှေများအား ဖမ်းဆီးရန် တပ် မတော် (ရေ) နှင့် ပူးပေါင်း၍ ဌာနဆိုင်ရာပေါင်းစုံ ပါဝင်သောအဖွဲ့ဖြင့် ပင်လယ်ပြင် ထွက်ခွာရန် မွန်ပြည်နယ် အစိုးရအဖွဲ့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် ညှိနှိုင်းထားကြောင်း သိရသည်။

ဧရာတီတိုင်း ဒေသကြီးမှ မွန်ပြည်နယ် ရေပိုင်နက်ထဲသို့ ရေပိုင်နက် ကျော်လွန် လုပ်ကိုင်နေကြသည့် တရားမဝင် ကျား ဖောင်များကို ဖမ်းဆီးမှုများ ဆောင်ရွက်ပြီးပါက ဒေသခံ တရားမဝင် ကျားဖောင်များကို ဆက်လက် ကိုင်တွယ် ဖြေရှင်း သွားမည်ဟု မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြော သည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
6
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
1k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
242

ဦးထွန်းဌေးက “မွန်ပြည်နယ်ရဲ့ ရေပိုင်နက်ထဲမှာရှိတဲ့ တရားမဝင် ကျူးကျော် ဝင်ရောက်နေတဲ့ ကျားဖောင်ကိစ္စကို အမြန် ဆုံး ကိုင်တွယ်သွားဖို့ ရှိပါတယ်။ ဒီကိစ္စ ကို ကိုင်တွယ် ဆောင်ရွက်ပြီးရင်တော့ ကိုယ့် (မွန်ပြည်နယ်) ရဲ့ နယ်နိမိတ်ထဲမှာ ရှိတဲ့ ကျန်ရှိနေသေးတဲ့ လိုင်စင်ကိစ္စတွေ၊ အလွန်အကျွံ ဖမ်းဆီးရေး ကိစ္စတွေ၊ နောက်ပြီး စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီဖို့ ကိစ္စတွေ ကိုင်တွယ်မယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန ပါဝင်သော ဌာနဆိုင်ရာ အဖွဲ့များက မွန်ပြည်နယ်ရှိ ငါးဖမ်း ကွက် ၁၄ ကွက်ထဲမှ ဧရာဝတီတိုင်း ဒေသကြီးနှင့် နယ်နိမိတ် ဆက်စပ်နေသော ငါးဖမ်းကွက် ၃ ကွက်ကို စစ်ဆေးခဲ့ရာ နယ်ကျော် လုပ်ကိုင်ကြသည့် ကျားဖောင် အရေအတွက်မှာ ၁၂၂ ၄ ဖောင်ထိ ရှိနေသည်ကို စစ်ဆေး တွေ့ရှိခဲ့သည်။

မွန်ပြည်နယ် ရေပိုင်နက်အတွင်းရှိ ငါးဖမ်းလုပ်ငန်းများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-ဉာဏ်စိုးဝင်း)

ရေးမြို့နယ်အတွင်း အချို့လုပ်ငန်းရှင်များမှာ ငါးဖမ်းလိုင်စင်ကို စက်လှေ တစီးအတွက်သာ လိုင်စင်ရယူထားပြီး စက်လှေ များစွာဖြင့် တရားမဝင် လုပ်ကိုင်နေကြသဖြင့် လိုင်စင်မဲ့ ငါးဖမ်းခြင်းများကို အရေးယူမှု ပြုလုပ်ပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက် ကျင်းပသော ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ ရေးမဲဆန္ဒနယ် အမှတ်၂ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးချစ်တင်က ပြောဆိုထားသည်။

မွန်ပြည်နယ် ရေပိုက်နက်အတွင်း တရားဝင် ခွင့်ပြုထားသည့် ဒေသခံ ကမ်းဝေး ကျားဖောင် အရေအတွက်မှာ ၁၅၄ ဖောင် နှင့် ကမ်းနီး ကျားဖောင် အရေအတွက်မှာ ဖောင် ၁၀၀၀ သာ ရှိသည်ဟု ဆိုသော်လည်း ဒေသခံများ မှန်းဆချက်အရ ထို ထက် အဆမတန်သော ကျားဖောင်များ ရှိနိုင်ကြောင်း မှန်းဆနေကြသည်။

ချောင်းဆုံ မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ဖေဖော်ဝါရီ ၆ ရက် က မွန်ပြည်နယ် လွှတ်တော်ထံ တင်သွင်းခဲ့သော ကျားဖောင်၊ ငါးဖမ်းလုပ်ငန်းခွင်များတွင် ရေလုပ်သားနှင့် ဆက်စပ်သည့် လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ မရှိစေရေးနှင့် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုး တိုး တက်ရေးအတွက် စီမံဆောင်ရွက်သွားရန် တိုက်တွန်း အဆိုကိုလည်း ပြည်နယ်လွှတ်တော်က အတည်ပြုပြီး ဖြစ်သည်။

တရားမဝင် ကျားဖောင်များကြောင့် နိုင်ငံတော် ဘဏ္ဍာငွေများ ဆုံးရှုံးခြင်း၊ လူကုန်ကူးမှု ဖြစ်လာနိုင်ခြင်း၊ အလုပ်သမား အလုပ်ရှင်ကြား မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်နှင့် အလုပ်သမား အခွင့်အရေးများ ထိပါးခြင်းအပြင် ငါးသယံဇာ တ မျိုးသုဉ်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက မွန်ပြည်နယ် လွှတ်တော်အတွင်း ဆွေးနွေး တင်ပြခဲ့ကြသည်။

ဆက်စပ်ဖတ်ရှုရန်

ကျားဖောင်နှင့် ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အမြန် ပြဋ္ဌာန်းရန် သမ္မတထံ အကြံပြု

မွန်ပြည်နယ်ရေပိုင်နက်အတွင်း ငါးအလွန်အကျွံဖမ်းဆီးမှုများ အရေးယူရန် စီစဉ်နေ

ပြဿနာတွေ အမြစ်တွယ်နေတဲ့ ကျားဖောင်လုပ်ငန်း ဘယ်လိုပြုပြင် ပြောင်းလဲမလဲ

Your Thoughts …
Tags: ကျားဖောင်ငါးဖမ်းလုပ်ငန်းတပ်မတော်(ရေ)မွန်ပြည်နယ်လူကုန်ကူးမှု
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.5k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

by ဧရာဝတီ
9 December 2023
15.8k

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် မြန်မာဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဒေသဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတခု မတိုင်မီ ဘေဂျင်းတွင် တွေ့ဆုံသည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် တောင်းဆိုမှု ပြုလုပ်ခြင်းဖြစ်သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
13.9k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

by Thompson Chau
26 December 2023
13.8k

ရက္ခိုင့်တပ်တော် (AA), မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အပစ်အခတ်ရပ်စဲရေး သဘောတူရန် ဘေဂျင်းက တွန်းအားပေးသည်။

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

by Alastair McCready & Allegra Mendelson
1 August 2023
12.8k

"ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"

Next Post
သရုပ်ဆောင် အဆိုတော်ဇဏ်ခီ / ချစ်ပိုး / ဧရာဝတီ

ဒုတိယမြောက် တကိုယ်တော်တေးစီးရီးထွက်ဖို့ စီစဉ်နေတဲ့ ဇဏ်ခီ

Black Adam ရုပ်ရှင်မှာ ပါဝင်လာဖို့ ရှိနေတဲ့ Supergirl

ထွက်ရှိလာတော့မယ့် Black Adam ရုပ်ရှင်မှာ ပါဝင်လာဖို့ ရှိနေတဲ့ Supergirl

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate