သတင်း

မီးလောင်သည့်အကြောင်းအရင်း စစ်ဆေးနေ၍ သံဈေးယာယီပိတ်ထား

Want create site? Find Free WordPress Themes and plugins.

ယမန်နေ့က မနက် ၆ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် လမ်းမတော်မြို့နယ်ရှိ သံဈေး၏ မီးစတင် လောင်ကျွမ်းရ သည့် အကြောင်းအရင်းကို စစ်ဆေးနေသဖြင့် လတ်တလောတွင် ဈေးကို ယာယီပိတ်ထားကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက “မီး ဘာကြောင့် စတင် လောင်ရတယ်ဆိုတာကို စိစစ်ဖို့အတွက်ကို အဲဒီနေရာကို ပေးဝင်လို့ မရသေးလို့ပါ။ သိမ်းတာဆည်းတာ လုပ်လိုက်မယ်ဆိုရင် မီးစတင်လောင်တဲ့ အဖြေကို ရှာဖို့တော်တော် ခက်သွား ပါပြီ။ အခုလည်း အဖွဲ့ဖွဲ့ပြီးတော့ အခု စတင် စစ်ဆေးနေပါပြီ။ ဒီနေ့ကစပြီးတော့ စစ်နေပါတယ်။ ဒီတစ်ရက် နှစ်ရက် ပြီးရင်တော့ ရပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ဆိုင်ခန်းပိုင်ရှင်များမှ ၎င်းတို့ပစ္စည်းများ ထုတ်ယူရန် အတွက် သံဈေးရှေ့တွင် စောင့်ဆိုင်း နေကြသော်လည်း ဈေးအောက်တွင် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်းအား ယာယီဆိုင်းငံ့ ထားမည်ဖြစ်ကြောင်းနှင့် ဖွင့်လှစ်မည့် ရက်အား ကြိုတင် ကြေငြာသွားမည် ဖြစ်ကြောင်း အသိပေး ကြေငြာစာကို ကပ်ထားသည်။

“ဒီနေ့ကတော့ ဝင်ကြည့်လို့ရမယ် ထင်ပြီး လာတာပဲ အခုချိန် အထိတော့ ဘာမှ မသိသေးဘူး။ အပေါ်မှာ ဘယ်လို အခက်အခဲရှိလဲ မသိသေးဘူး။ ရသလောက် ပြန်ထုတ်တော့ ကိုယ့်အတွက် နည်းနည်းကျန်တာပေါ့ သန့်ရှင်းရေး လုပ်လို့ရင် လုပ်ပြီးတော့ ဈေးကွက် ပြန်တင်မှာပေါ့” သံဈေးတွင် သံထည်ပစ္စည်းဆိုင် ဖွင့်လှစ်ထားသည့် ဦးလှရွှေက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် သံဈေးရှိ ဆိုင်ခန်းပေါင်း ၄၃ ခန်း လောင်ကျွမ်းခဲ့ပြီး ၁၈ ခန်းမှာ မီးဟပ်ခံခဲ့ရပြီး လတ်တလောတွင်မူ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို မသိရှိရသေးပါ။

သံဈေးမီးလောင်မှုအတွင်း ပိတ်မိသူ ၈၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ယမန်နေ့က မီးခိုးမွှန်၊ အသက်ရှုကျပ်သဖြင့် ဆေးရုံတင်ခဲ့ရသူ ၁၆ ဦးမှာလည်း ဆေးရုံဆင်းပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ဆက်စပ်လင့်

မီးသင့် မန္တလေး မင်္ဂလာဈေး တည်ဆောက်မှု ယခုနှစ် စမည်

စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်မှု လွှတ်တော်တွင် မေးခွန်းထုတ်

မင်္ဂလာတောင်ညွန့် မီးလောင်မှုကြောင့် အမျိုးသမီး ၂ ဦးနှင့် ကလေး ၁ ဦး သေ

Did you find apk for android? You can find new Free Android Games and apps.
Loading