• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်ပခရီးသွား လုပ်ငန်းလိုင်စင်အတွက် စပေါ်ငွေ တင်ရမည့် အစီအစဉ် မတ်လတွင် စမည်

by အောင်သီဟ
21 February 2020
in သတင်း
A A
အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့မှတဆင့် ဗုဒ္ဓဂယာသို့ သွားရောက်သည့် ခရီးသွားများ  / တမူးဗုဒ္ဓ ဂယာအဖွဲ့

အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့မှတဆင့် ဗုဒ္ဓဂယာသို့ သွားရောက်သည့် ခရီးသွားများ / တမူးဗုဒ္ဓ ဂယာအဖွဲ့

4.9k
VIEWS
Share on FacebookShare on Twitter

ပြည်ပ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း (Outbound Tour) ခရီးသွား လိုင်စင်ပြုလုပ်ပါက စပေါ်ငွေ (Deposit) ကျပ် သိန်း ၁၀၀ ပေးဆောင်ရမည့် အစီအစဉ်ကို လာမည့် မတ်လတွင် စတင်တော့မည် ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) အောက်ရှိ Outbound Tour ခရီးသွား ကုမ္ပဏီများက ကန့်ကွက်မှုများ ရှိခဲ့သော်လည်း ယနေ့တွင် လုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီး ဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီတို့ ညှိ နှိုင်း ဆွေးနွေးပြီးနောက် ယင်းနှုန်းထားကို အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ ဒု ဥက္ကဋ္ဌ ဒေါ်နော်ပန်း သဉ္ဇာမျိုးက ပြောသည်။

RelatedPosts

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

24 May 2025
83
တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
1.1k
ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

23 May 2025
109

“သူတို့ Package တခုကိုပဲ ကြည့်ကြည့်လိုက်၊ လူတယောက်ကိုပဲ သိန်း ၂၀ လောက် ရှိနေပြီ။ လူ ၁၀ ယောက် ၁၅ ယောက်လောက်ကို နိုင်ငံခြား ပို့မယ်၊ ဒီမှာ သိန်း ၁၀၀ လောက်တောင်မှ အာမ မခံထားနိုင်ရင် အလိမ်ခံရမယ့် ကျမတို့ ပြည်သူတွေအတွက်ရော နောက် ပြဿနာ တခုခု ဖြစ်လို့ တာဝန်ခံပြီးတော့ ဖြေရှင်းရမယ့် ကျမတို့ အစိုးရအတွက်ရော ဒီ Deposit တခုလောက်တော့ ရှိသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

Outbound Tour ကုမ္ပဏီ တချို့သည် တဖက်နိုင်ငံသို့ ဧည့်သည် စေလွှတ်ခြင်းများတွင် ယင်းနိုင်ငံ၌ ပြဿနာ တစုံတခု ဖြစ်ပွားခဲ့ခြင်းနှင့် Outbound Tour ခရီးသွား အေဂျင်စီ အမည်ခံပြီး အလုပ်သမား စေလွှတ်ခြင်းမျိုး ဥပဒေကို လက်တလုံး ခြား လုပ်ဆောင်မှု ရှိခြင်းကြောင့် စပေါ်ငွေ တင်ခိုင်းရခြင်း ဖြစ်ကြောင်း ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောဆိုသည်။

ထို့ပြင် လုပ်ငန်း လိုင်စင်လျှောက်ထားပြီး ပြည်ပ ခရီးသွားဝန်ဆောင်မှု လုပ်ဆောင်မည့် ကုမ္ပဏီများ၏ တောင်းဆိုချက် ဖြစ်သော လိုင်စင်မဲ့ ပြည်ပ ခရီးသွား ဝန်ဆောင်မှု လုပ်ဆောင်နေသူများကို ဝန်ကြီး ဌာနပေါင်းစုံ ပါဝင်သော ကော်မတီတခု ဖွဲ့စည်းပြီး ထိထိရောက်ရောက် အရေးယူခြင်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Outbound ခရီးသွားလုပ်ငန်း လုပ်ဆောင်နေသည့် ကုမ္ပဏီများသည် လက်ရှိ မြန်မာနိုင်ငံ၏ ဈေးကွက် လိုအပ်ချက်ထက် ပိုများနေခြင်း၊ တချို့မှာ လိုင်စင်ယူထားသော်လည်း လုပ်ဆောင်ခြင်း မရှိခြင်းတို့ကြောင့် လိုင်စင်ထုတ်ပေးသည့် ရည်ရွယ် ချက်နှင့် လွဲချော်သဖြင့် တိုင်းဒေသကြီးဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီက Deposit အဖြစ် ကျပ်သိန်း ၁၀၀ တင်ခြင်း လုပ်ဆောင်ရန် သတ်မှတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်များ ဝန်ဆောင်မှုပေးနေသော ခရီးသွား အေဂျင်စီ လုပ်ငန်းရှင်တဦးက “မန္တလေးတိုင်း အစိုးရ ဆိုရင် အိန္ဒိယနိုင်ငံ အင်ဖာမြို့ကို ဘတ်စ်ကား ခရီးစဉ်တွေဘာတွေ လုပ်ပေးပြီး ခရီးသွား လုပ်ငန်းတွေအတွက် ပိုပြီး လွယ် ကူအောင် လုပ်ပေးနေချိန် ရန်ကုန်တိုင်း အစိုးရက ခရီးသွားလုပ်ငန်းတွေကို ပိုပြီး အကြပ်ရိုက်အောင် လုပ်နေသလိုပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်ပခရီးစဉ် Package တခုတွင် လူတဦးကို ၁၅ သိန်း၊ ၂၀ သိန်း ကျသင့်သည်မှာ လေကြောင်းလိုင်းများဖြင့် သွားရောက် သော ခရီးစဉ်များဖြစ်ပြီး ဘတ်စ်ကားဖြင့် ဆောင်ရွက်သော ခရီးစဉ် package များသည် လူတဦးလျှင် ကျပ် ၆ သိန်းမှ ၇ သိန်းသာ ကျသင့်ခြင်းကြောင့် ယခုလို လုပ်ငန်းလိုင်စင်အတွက် ကျပ်သိန်း ၁၀၀ ပေးသွင်းရမည်ဆိုပါက အသေးစား ခရီးသွား ကုမ္ပဏီများ အတွက် အခက်အခဲ ရှိကြောင်း ၎င်းက ပြောဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ယခင်က လိုင်စင်ထုတ်ပေးချိန်တွင် လိုင်စင်ကြေးမှာ ကျပ် ၃ သိန်းပေး ဆောင်ရပြီး အချိန်အားဖြင့် ၂ လမှ ၃ အထိ ကြာမြင့်ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

လက်ရှိ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးတွင် Outbound Tour ရယူထားသော ကုမ္ပဏီပေါင်း ၆၉၈ ခု ရှိကြောင်း ဟို တယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်) က သိရသည်။

You may also like these stories:

၂၀၂၀ ခုနှစ်အတွင်း ကမ္ဘောဒီးယားသို့ နိုင်ငံတကာခရီးသွား ၇ သန်း လာရောက်နိုင်ဖွယ်ရှိနေ

ကုမ္ပဏီများ မလိုက်နာ မနေရ ကော်ပိုရိတ်စည်းမျဉ်းဧပြီလအတွင်း ထုတ်ပြန်မည်

၂၀၁၉ ခုနှစ်အတွင်း ထိုင်ဝမ်ကို ခရီးသွား ၁၁ ဒဿမ ၈၄ သန်း လာရောက်ခဲ့

Your Thoughts …
Tags: DepositOutbound Tourဟိုတယ်ခရီး
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ကရင်ပြည်နယ် မြဝတီမြို့တွင် ဖွင့်လှစ်ထားသော ကာစီနိုရုံ တခု / ဧရာဝတီ

နိုင်ငံခြားသားများ သီးသန့် ကစားခွင့်ရှိသော ကာစီနိုများ ခွင့်ပြုရေး လွှတ်တော်တွင် ဆွေးနွေး

by ထက်နိုင်ဇော်
9 February 2018
6.6k

နိုင်ငံခြားသားများသာ သီးသန့် ကစားခွင့်ရှိသော ကာစီနိုလုပ်ငန်းများ ခွင့်ပြုနိုင်ရေးနှင့် ပတ်သက်ပြီး ယနေ့ ကျင်းပ သည့် ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးကြောင်း သတင်းရရှိသည်။

အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့မှတဆင့်  ဗုဒ္ဓဂယာသို့ သွားရောက်သည့် ခရီးသွားများ / တမူးဗုဒ္ဓ ဂယာအဖွဲ့

ပြည်ပခရီးသွားလုပ်ငန်းလိုင်စင် Deposit တင်ရန်သတ်မှတ်ချက် ခရီးသွားလုပ်ငန်းအချို့ ကန့်ကွက်

by မျိုးပပစန်း
15 February 2020
5.2k

လက်ရှိတွင် ကန့်ကွက်သူ အရေအတွက်ကို စာရင်းမပိတ်သေးသည့်အတွက် ပြောဆိုရခက်သေးကြောင်း ယခု စီးပွားရေး အခြေအနေနှင့် Deposit တင်ထားလျှင် တခြား အကျိုးအမြတ် တစုံတရာလည်း မရှိသေးသဖြင့် လတ်တလော ကန့်ကွက်ခြင်းသာ ဖြစ်

Next Post
ဟာသ သရုပ်ဆောင်ဧရာ  / ချစ်ပိုး / ဧရာဝတီ

အခွင့်အရေးလေးရရင် သရုပ်ဆောင်ပြန်လုပ်ချင်သေးတဲ့ ဟာသ သရုပ်ဆောင်ဧရာ

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း လွှတ်တော်၌ ရှင်းလင်းနေစဉ်

MPA သင်တန်းကြောင့် နိုင်ငံ့ဘဏ္ဍာ ဆုံးရှုံးခဲ့ခြင်း မရှိဟု ရာထူးဝန်အဖွဲ့ပြော

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.5k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate