• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

MPA သင်တန်းကြောင့် နိုင်ငံ့ဘဏ္ဍာ ဆုံးရှုံးခဲ့ခြင်း မရှိဟု ရာထူးဝန်အဖွဲ့ပြော

by ဇင်လင်းထက်
21 February 2020
in သတင်း
A A
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း လွှတ်တော်၌ ရှင်းလင်းနေစဉ်

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း လွှတ်တော်၌ ရှင်းလင်းနေစဉ်

12.6k
VIEWS
Share on FacebookShare on Twitter

နိုင်ငံ့ဝန်ထမ်း အရာရှိများကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်း (MPA) ဖွင့်လှစ်ပေးမှုကြောင့် နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးခဲ့ခြင်း မရှိကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ယနေ့ ပြည်ထောင်စု လွှတ်တော် တွင် ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ထပ်ဆင့်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ၎င်းက ဖေဖော်ဝါရီ လ၂၁ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။

RelatedPosts

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
283
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
67
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
54

ယင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် အမေရိကန်နိုင်ငံရှိ Akamai University နှင့် မလေးရှားနိုင်ငံရှိ EDS Business School တို့နှင့် ပူးပေါင်းကာ နိုင်ငံဝန်ထမ်းများ အတွက် MPA သင်တန်း ဖွင့်လှစ်ပေးရာ၌ ပြည်သူ့ ဘဏ္ဍာငွေ ကျပ်သန်း ၁၉၀ ကျော် သုံးစွဲခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဦးစောဗယ်လင်တိုင်းက Akamai University သည် အမေရိကန်နိုင်ငံ၏ United States Secretary of Education က အသိအမှတ်ပြုထားခြင်း မရှိသော်လည်း အခြားသော နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့ အစည်းများ၏ တက္ကသိုလ်အဖြစ် အသိအမှတ်ပြု ထောက်ခံချက်များ ရရှိထားကြောင်း ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်းသည်။

ထို့အတူ EDS Business School မှ ဆရာ၊ ဆရာမများသည်လည်း နိုင်ငံတကာ တက္ကသိုလ်များတွင် လှည့်လည် သင် ကြားလျက် ရှိပြီး အတွေ့အကြုံနှင့် ပညာအရည်အချင်း ပြည့်ဝ ထူးချွန်သည့် ထင်ပေါ်သော ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း၎င်း က ပြောဆိုသည်။

ထို့ကြောင့် အဆိုပါ ကျောင်းများနှင့် ပူးပေါင်းကာ MPA သင်တန်း သင်ကြားနိုင်ခဲ့ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများအတွက် စရိတ် သက်သာစွာဖြင့် ပြည်တွင်းမှာပင် နိုင်ငံတကာမှ ပညာရပ်များကို သင်ကြားနိုင်ခဲ့ပြီး ဝန်ထမ်းများသည်လည်း ၎င်းတို့ သိရှိထားသည်များကို ပြန်လည် မျှဝေမှုများ ပြုလုပ်နေကြောင်း ၎င်းက ပြောဆိုခဲ့သည်။

MPA သင်ကြားမှု အစီအစဉ်အရ ပညာသင်ကာလမှာ လပေါင်း၂၀ ကြာမြင့်ခဲ့ပြီး ပညာသင်တဦး အတွက် ပျမ်းမျှ မြန်မာ ကျပ်ငွေ ၇ ဒသမ ၅ သန်းဖြင့် ကုန်ကျစရိတ် အနည်းဆုံး ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း က ပြောကြားခဲ့သည်။

ထိုသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က သက်ဆိုင်ရာ နိုင်ငံအလိုက် ပညာရေးဌာနများက အသိအမှတ် မပြုသည့် တက္ကသိုလ်များနှင့် ပူးပေါင်းကာ နိုင်ငံ့ဝန်ထမ်းများအား သင်တန်းပေးနေသည့် ကိစ္စနှင့် ပတ်သက်၍ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ တက္ကသိုလ်တွင် ပြည်သူ့ ရေးရာ မူဝါဒ မဟာဘွဲ့ သင်ကြားနေသည့် ကိုနေယံဦးက ဖော်ထုတ်လိုက်သည့် အတွက် Facebook လူမှုကွန်ရက်တွင် လူသိများခဲ့သည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း၏ ယခုဖြေရှင်းချက်နှင့် ပတ်သက်၍ ကိုနေယံဦးက ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် သတင်းအချက်အလက် အမှား များဖြင့် ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်ရန် ပြောဆိုနေကြောင်း မှတ်ချက်ချသည်။

“မဖြစ်သင့်ဘူးပေါ့။ ရာထူးဝန်အဖွဲ့က လုပ်ချလိုက်ပြန်ပြီပေါ့။ ရာထူးဝန်အဖွဲ့ရဲ့ တာဝန်ယူမှု တာဝန်ခံမှုက ဘာမှာလဲ ဆို တာကို ကျနော်တို့ မေးခွန်းထုတ်ရမယ့် အနေအထား ဖြစ်ပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင်လည်း ဖေဖော်ဝါရီလ ၁၃ ရက်က ပြည်ထောင်စု ရာထူးဝန်အဖွဲ့က MPA သင်တန်း ပေးခဲ့ခြင်းကြောင့် နိုင်ငံ့ဘဏ္ဍာ ငွေ ကျပ်သန်း ၁၉၀ ကျော် ဆုံးရှုံးခဲ့ရခြင်းကို လွှတ်တော် ကိုယ်စားလှယ် များကလည်း ဝေဖန် ပြောဆိုခဲ့ သေးသည်။

Google Map တွင် ရှာဖွေကြည့်ပါက ဆိုင်တန်းလျား အလယ်တွင် လွတ်နေသော အခန်း ၂ ခန်း၌ ဖွင့်လှစ်ထားသော Akamai University နှင့် မလေးရှားနိုင်ငံ ပီနန်မြို့ရှိ လူနေရပ်ကွက်မှ အခန်းတခန်း၌ ဖွင့်လှစ်ထားသော EDS Business School အမည်ရှိ ကျောင်းကို တွေ့မြင်နိုင်ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးမျိုးဝင်းက လွှတ်တော် အစည်းအဝေး၌ ပြောကြားထားသည်။

“နိုင်ငံတော်ရဲ့ ဗဟိုအဆင့် ဖြစ်တဲ့ အဖွဲ့အစည်းက လမ်းဘေးကျောင်းတွေနဲ့ ချိတ်ပြီး ကိုယ့်ဌာနက ဝန်ထမ်းတွေကို သင် တန်းပေး မာစတာဘွဲ့ ချီးမြှင့်တဲ့ ကိစ္စက ကမ္ဘာ့အလယ်မှာ အတော် ရှက်စရာကောင်းတဲ့ ကိစ္စဖြစ်ပါတယ်” ဟု ၎င်းက ဝေဖန် ထားသည်။

ကိုနေယံဦးက ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် တက္ကသိုလ် အတု၊ မေးခွန်းထုတ်စရာ ဒေါက်တာ အမည်နှင့် ပြည် ထောင်စု ရာထူးဝန်အဖွဲ့ ဆောင်းပါးမှ တဆင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ MPA သင်တန်းပေးနေမှုအား Facebook လူမှုကွန်ရက်မှ တဆင့် ဖွင့်ချခဲ့ခြင်းလည်း ဖြစ်သည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် အမေရိကန် ပြည်ထောင်စုရှိ Akamai University အပါအဝင် မလေးရှားအခြေစိုက် EDS Business School တို့နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံမှ ညွှန်ကြားရေးမှူး၊ ဒု ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိ အဆင့်မြင့် အရာရှိများကို သင်တန်းပေးနေခြင်း ဖြစ်သည်။

Akamai University နှင့် EDS Business School တို့ကို သက်ဆိုင်ရာ နိုင်ငံ၏ ပညာရေးဌာနများက ကျောင်းအဖြစ် အသိ အမှတ်ပြု မထားသောကြောင့် ယင်းကျောင်းများနှင့် ချိတ်ဆက်ကာ ဝန်ထမ်းများကို သင်တန်းပေးနေခြင်းသည် လွဲမှားနေ ကြောင်း ကိုနေယံဦးက ထောက်ပြသည်။

သင်တန်းမှာ MPA သင်တန်းဖြစ်ပြီး ဘာသာရပ် ၁၀ ခု ရှိကာ သင်တန်းကာလ နှစ်နှစ်ဟု သတ်မှတ်ထားသော်လည်း စာသင်ချိန်ရက်ပေါင်း ၃၀ သာ ရှိသောကြောင့် တဘာသာလျှင် သုံးရက်နှုန်းဖြင့် စာသင်နေသည့် သဘောဖြစ်ကြောင်း ကိုနေယံဦး၏ ဆောင်းပါးတွင် ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန်

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးနေဟု သမ္မတရုံးပြော

Your Thoughts …
Tags: ပြည်ထောင်စု ရာထူးဝန်
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ / ucsb.gov

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးနေဟု သမ္မတရုံးပြော

by ကျော်မျိုး
8 June 2019
52k

အရည်အသွေး မမီဟု ဝေဖန်ခံနေရသော နိုင်ငံခြားတက္ကသိုလ် နှစ်ခုတို့နှင့် ပူးပေါင်းခဲ့မှု အပါအဝင် ပြည်ထောင်စု ရာထူး ဝန် အဖွဲ့၏ ဆောင်ရွက်ချက်အချို့နှင့် ပတ်သက်၍ ကော်မတီတရပ်ဖွဲ့ကာ စုံစမ်းစစ်ဆေး နေကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန်လ...

Next Post
တရားရုံး အမိန့်ချပြီးနောက် တွေ့ရသည့် အလုပ်သမားအဖွဲ့ ခေါင်းဆောင်များ  / ဒီလှိုင်းဝင်း / ဧရာဝတီ

မန္တလေးတွင် အလုပ်သမားအရေး ဆန္ဒပြခေါင်းဆောင်များ ငွေဒဏ် ချမှတ်ခံရ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် (Myanmar President Office)

ဗစ်တိုးရီးယားအမှုတွင် တာဝန်မကျေသူများကို အရေးယူဖို့ သမ္မတ ညွှန်ကြား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate