• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၇၅နှစ်မြောက် တပ်မတော်နေ့ တက်ရန် သူရဦးတင်ဦးအား ဖိတ်ကြားမည်

by ထွန်းထွန်း
21 February 2020
in သတင်း
A A
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး / ဧရာဝတီ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး / ဧရာဝတီ

11.4k
VIEWS
Share on FacebookShare on Twitter

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးနှင့် ဗိုလ်ချုပ် စမစ်ဒွန်း မိသားစုအပါအဝင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန် ထမ်းဆောင် ခဲ့သူ အားလုံးကို ၇၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားမည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦး၏ နေအိမ်သို့ တပ်မတော် အရာရှိတချို့ ကိုယ်တိုင် လာရောက်၍ အခမ်း အနား တက်ရောက်နိုင်ခြင်း ရှိမရှိ မေးမြန်း ပြောကြားခဲ့သလို၊ မြန်မာတပ်မတော်၏ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်စမစ်ဒွန်း(ကွယ်လွန်)၏ မိသားစုများရှိရာ ကလောမြို့ နေအိမ်သို့ လက်ရှိ တပ်မတော်ကာကွယ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးမင်းအောင်လှိုင် သွားရောက်ခဲ့ပြီးနောက် ဗိုလ်ချုပ်စမစ်ဒွန်း၏ အုတ်ဂူကိုလည်း သွားရောက် ဂါရဝပြုခဲ့သေးသည်။

RelatedPosts

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
264
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
67
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
54

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ကလောမှာ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းဆီ သွားတုန်းက မိသားစုကို ဖိတ်ခဲ့တယ်၊ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တွေ အကုန်လုံး ကို ဖိတ်ကြားသွားမယ်လို့တော့ သိရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ နာယက တဦးဖြစ်သည့် သူရ ဦးတင်ဦးသည် ဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်အား ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ထမ်းဆောင်ခဲ့သူ ဖြစ် သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး(ဧရာဝတီ)

၁၉၇၉ ခုနှစ်တွင် ကလောမြို့၌ ကွယ်လွန်ခဲ့သည့် ဗိုလ်ချုပ် စမစ်ဒွန်းသည် လွတ်လပ်ရေးရပြီးစ ကာလ ၁၉၄၈ ဇန်နဝါရီ မှ ၁၉၄၉ ဇန်နဝါရီ အထိ (ယခင်အခေါ်) စစ်ဦးစီးချုပ်၊ (ယခုအခေါ်) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

တပ်မတော်နေ့ အခမ်းအနားသို့ ဖိတ်ကြားမှုနှင့် ပတ်သက်ပြီး သူရ ဦးတင်ဦး အနေဖြင့် တက်ဖြစ်မဖြစ် ဆိုသည်မှာ ကျန်းမာရေး အခြေအနေအပေါ် မူတည်နေပြီး ယင်းသို့ ဖိတ်ကြားခြင်းသည် ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောသည်။

ဒေါက်တာ မျိုးညွန့်က“နိုင်ငံသား အချင်းချင်း တာဝန်ကြီးကြီး ယူထားတဲ့သူတွေကြားထဲမှာ တွေ့ဆုံဆွေးနွေးတာတွေ မလုပ်နိုင်ခဲ့လို့ တိုင်းပြည်က တော်တော်လေး နစ်နာခဲ့ရတာပါ၊ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းဟာ ကျနော်တို့ပါတီရဲ့ မူဝါဒလည်းဖြစ်လို့ အခုလိုဖိတ်ကြားတာကို အကောင်းမြင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

၇၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားအား နေပြည်တော်တွင် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ပြီး ရ၅ နှစ် ကြာ တပ်မတော် လျှောက်လှမ်းခဲ့ရသည့် ခရီးကို ပုံပေါ်စေရန် ပြသလိမ့်မည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

You may also like these stories:

မြန်မာ့တပ်မတော်ရဲ့ ပထမဆုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်း

ဗိုလ်ချုပ် စမစ်ဒွန်း၏ အုတ်ဂူသို့ တပ်ချုပ် သွားရောက်ဂါရဝပြု

မြန်မာ့တပ်မတော်ရဲ့ တကယ့် သူရဲကောင်းများ

Your Thoughts …
Tags: ၇၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အလုပ်သမားအခွင့်အရေး ဆန္ဒပြသူများ ငွေဒဏ် ချခံရ (ရုပ်/သံ)

အလုပ်သမားအခွင့်အရေး ဆန္ဒပြသူများ ငွေဒဏ် ချခံရ (ရုပ်/သံ)

၂၀၁၂ ခုနှစ်တွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ပြည်ထောင်စု စက်မှုဝန်ကြီးဋ္ဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သော အမှတ် ၁ သံမဏိစက်ရုံ / မြင်းခြံ

မြင်းခြံသံမဏိစက်ရုံနှင့် တရုတ်ချေးငွေများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate