• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပိတ်ရက်တိုးသည့် အထည်ချုပ် စက်ရုံများ တိုးလာနေ

by မျိုးပပစန်း
22 February 2020
in သတင်း
A A
မြန်မာ အထည်ချုပ် လုပ်ငန်းခွင် တခု / ဧရာဝတီ

မြန်မာ အထည်ချုပ် လုပ်ငန်းခွင် တခု / ဧရာဝတီ

38.5k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ်(COVID-19) တရုတ်နိုင်ငံမှ ကုန်ကြမ်းပိတ်စဝင်ရောက်မှု မရှိ၍ ပြည်တွင်းအထည်ချုပ်စက်ရုံများ အလုပ် ချိန်လျှော့ချမှုများ ရှိနေပြီး ပိတ်ရက်တိုးပိတ်သည့် စက်ရုံမှာ တပတ်လျှင် ၂ ရုံမှ ၃ ရုံအထိ တိုးလာနေကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း EC ဦးအောင်မျိုးဟိန်းက “အခု တနင်္လာ ပိတ်တဲ့စက်ရုံကတော့ နည်း နည်း များလာပြီ။ ၁ ပတ်ကို စက်ရုံ ၂ ရုံ၊ ၃ရုံနဲ့ တိုးပြီး လာနေ တယ်။ အလုပ်ချိန် လျှော့တာတွေလည်း ရှေ့လမှာတော့ စက်ရုံအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းလောက် ဖြစ်လာနိုင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
3
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
176
ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
79

တချို့ စက်ရုံများမှာ စနေနေ့တွင် မွန်းတည့် ၁၂ နာရီထိ ဖွင့်ပြီး တရက်ခွဲပိတ်သည့် စက်ရုံများ၊ တချို့မှာ စနေ၊ တနင်္ဂနွေ ပိတ် သည့် စက်ရုံများနှင့် ရက်သတ္တပတ် ၂ ပတ်ခြားလျှင် ၃ ရက်ဆက်တိုက် (စနေ၊တနင်္ဂနွေ၊ တနင်္လာ) ပိတ်သည့် စက်ရုံများ ရှိကြောင်း ဦးအောင်မျိုးဟိန်းက ရှင်းပြသည်။

လက်ရှိတွင် တရုတ်အထည်ချုပ် စက်ရုံ ၃၄ ရုံနှင့် ကိုရီးယားစက်ရုံ ၅၀ ခန့်မှာ အလုပ်ချိန်လျှော့ချမှုများ ရှိနေသည် ဟု တရုတ်အထည်ချုပ် လုပ်ငန်းရှင်အသင်းနှင့် ကိုရီးယားအထည်ချုပ် လုပ်ငန်းရှင် အသင်းတို့ကလည်း ပြောသည်။

ဆက်လက်၍ ၎င်းက “တချို့တွေကတော့ ရှိတဲ့ ပိတ်ကျန်နဲ့ အထည်ချုပ်ပြီး ဆက်သွားနေတယ်။ အဲဒီလို လုပ်နိုင်တဲ့ စက်ရုံက လုပ်သားဦးရေ ၃၀၀ နဲ့ ၄၀၀ ကြားရှိတဲ့ စက်ရုံလေးတွေပေါ့”ဟု ပြောသည်။

အထည်ချုပ် ပိတ်စကုန်ကြမ်းများကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်းခန့် တင်သွင်းပြီး အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ ထိုင်းနှင့် ကိုရီး ယား နိုင်ငံတို့မှလည်း တင်သွင်းကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

တရုတ် အထည်ချုပ်လုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူက “ရာခိုင်နှုန်း ၉၀ ကျော်က တရုတ်နိုင်ငံက တင်သွင်းရတာ ဖြစ်လို့ပါ။ သင်္ကြန်မတိုင်ခင်ထိတော့ ရှိတဲ့ ကုန်ကြမ်းကို ဆွဲဆန့်နိုင်ဖို့ တော်တော်လေး ကြိုးစားပြီး လုပ်နေကြပါတယ်။ စက်ရုံ အကြီးလည်း အကြီးအလျှောက်၊ အသေးလည်း အသေးအလျှောက် ကိုယ့်ဒုက္ခနဲ့ ကိုယ်ရှိကြမှာပါ။ စက်ရုံအသေး တွေကိုလည်း တော်တော်စိတ်ပူပါတယ်”ဟု ပြောသည်။

လတ်တလောတွင် တရုတ်ပြည်ရှိ အထည်အလိပ်ပိတ်စ ကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံများသည် Mask ပိတ်စသား ထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ကိုင်နေရကြောင်း၊ လတ်တလော ယင်းစက်ရုံများ လည်ပတ်မည် ဆိုလျှင်ပင် အချိန်ကာလ တခုထိ စောင့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ကိုရီးယားအထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ မစ္စတာ Won Ho Soe က “ကျနော်တို့ စက်ရုံတွေကတော့ ဧပြီ သင်္ကြန်မတိုင်ခင်အထိ အထည်တွေကို ရှိတဲ့ကုန်ကြမ်းနဲ့ ဆွဲဆန့်ပြီး လုပ်နိုင်ဖို့ လုပ်ထားတယ်။ အခု အလုပ်ချိန်ကတော့ တရက်ကို ၈ နာရီပဲ ခေါ်တယ်။ စနေ စပိတ်တဲ့ စက်ရုံတွေ ရှိနေပြီ”ဟု ပြည်တွင်းရှိ ကိုရီးယားအထည်ချုပ် စက်ရုံများ အပိုင်းကို ရှင်းပြသည်။

အထည်ချုပ်လုပ်ငန်း၏ သဘောအရ ရာသီအလိုက် ဖက်ရှင်အော်ဒါများ ပေးပို့ရသဖြင့် ယခုကဲ့သို့ နှောင့်နှေးမှုများရှိ လာလျှင် အော်ဒါ ဖျက်သိမ်းခြင်းများ ရှိလာနိုင်သည်ဟု ၎င်းကဆိုသည်။

“အခု ပြဿနာက မြန်မာတခုထဲမဟုတ်ဘူး။ တကမ္ဘာလုံးရဲ့ ပြဿနာပါ။ COVID-19 ကြောင့် ဗီယမ်နမ်လည်းထိနေတယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် အစိုးရအနေနှင့် ယခုကာလအတွင်း ထူးခြားသည့် ယာယီ ကူညီမှုလေးတခု ပေးလျှင် လုပ်ငန်းများ ပြန်လည်ရှင် သန်မှု ကောင်းလာမည် ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

ယခုအချိန်တွင် တရုတ်နိုင်ငံအနေနှင့်လည်း ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်သည့် အခြေအနေတခုသို့ ကြောင်းရှိနေကြောင်း သတင်းများအရ သိရသည်။

တရုတ်နိုင်ငံတွင် ၆၀ ရာခိုင်နှုန်းခန့် စက်ရုံများ ပြန်ဖွင့်နေသော်လည်း လာရောက်လုပ်ကိုင်သည့် အလုပ် သမားများ နည်းနေခြင်း၊ ဗိုင်းရပ်စ်ကြောင့် လာရောက်သည့် အလုပ်သမားများကို အခြားသူများနှင့် ခွဲ၍ ရက် သတ္တတပတ် ၂ ပတ်ခွဲပြီး စောင့်ရမည်တို့ကြောင့် အကယ်၍ စက်ရုံများ တရုတ်၌ ပြန်လည်ပတ်လျှင်ပင် မြန်မာတွင်းသို့ ကုန်ကြမ်းဝင်ရန် အချိန်တခု ထား၍ စောင့်ရမည်ဟု လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

ပြီးခဲ့သည့် ၁၀ နှစ်ကျော်က အမေရိကန်၏ ဆန်ရှင်ပိတ်ဆို့မှုဖြစ်စဉ်တွင်း အထည်ချုပ် ဈေးကွက်ပျက်ခဲ့စဉ်က အလုပ်ချိန် လျှော့ချခြင်းများ၊ တပတ်လျှင် ၂ ရက် အလုပ်ဆင်း၊ လုပ်ခလစာ ၅ ရက်စာပေးခြင်း စသည့် လုပ်ဆောင်မှုမျိုးနှင့် လုပ် ဆောင်ခဲ့ခြင်း၊ ထိုအခြေအနေထက် ဆိုးလာသည့်အချိန်တွင် လုပ်သားအင်အားကို ၂၀ ရာခိုင်နှုန်းမှစ၍ အဆင့်ဆင့်လျှော့ချ ခြင်းများကို ပြုလုပ်ခဲ့ရ ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ထိုအချိန်ကလည်း အထည်ချုပ်စက်ရုံများ ယာယီပိတ်သိမ်းခြင်းများလည်း ရှိခဲ့ကြောင်းလည်း ဦးမြင့်စိုးက ရှင်းပြသည်။

“အခုကတော့ COVID-19 ကိုတရုတ်ဘက်က ထိန်းချုပ်နိုင်ပြီလို့လည်း ပြောတယ်။ ဒါက အချိန်ကာလ အတိုင်းအတာ တခုပဲ။ ဧပြီကုန်အထိလို့ပဲ ကိုရီးယားလုပ်ငန်းရှင်တွေကရော တရုတ်လုပ်ငန်းရှင်တွေကရောမှန်းတယ်။ အဲဒီတော့ ယာယီ ဖြစ်တာကို အလုပ်ချိန်လျှော့ချခြင်း၊ အလုပ်ပိတ်ရက် ပေးခြင်းနဲ့ပဲ အသင်းက မျှော်လင့်ပါတယ်”ဟု ထပ်လောင်း ပြောကြား သည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းက အဆင်မပြေမှသာလျှင် လုပ်သားအင်အားလျှော့ချခြင်း၊ ယာယီပိတ်ခြင်းကို ပြု လုပ်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် လုပ်သားအသစ်ခေါ်ယူခြင်းကိုလည်း အထည်ချုပ် စက်ရုံများက ပိတ်ထားသည်။

ယခု ဖြစ်ပေါ်နေသည့် အခြေအနေများကိုလည်း နိုင်ငံတော်အစိုးရ တာဝန်ရှိသူများထံသို့ အဆင့်ဆင့် တင်ပြထားကြောင်း အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးနန္ဒက “အခုက ကုန်သွယ်မှုက နည်းနည်းတော့ ပြန်ဖြစ်လာပြီ။ ဖေဖော်ဝါရီ လ ၁၉ ရက်နဲ့ ၂၀ ရက်လောက်မှာ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၄ သန်းနဲ့ ၅ သန်းလောက်ထိတော့ ဖြစ်လာပြီ။ ဒါပေ မယ့် သွင်းကုန်က အိမ်ဆောက်ပစ္စည်းတွေ၊ သံထည်တွေ နဲ့ ဓာတ်မြေသြဇာတွေပဲ ဝင်တာ ရှိသေးတယ်။ ကုန်သွယ်မှု က အရှိန်ရဖို့တော့ လိုသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လာမည့် မတ်လကုန်ပိုင်း အထိ ကုန်သွယ်မှု ယခင်ကဲ့သို့ ဖြစ်လာရန် စောင့် ဆိုင်းရမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြော ဆိုသည်။

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇန်နဝါရီ လကုန်အထိ ချုပ်ထည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ဝန်ကြီးဌာနက သိရသည်။

အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်မှာ လုပ်သားဦးရေ ၅ သိန်းကျော် အထိ ရှိပြီး တရုတ်အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယားအထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ်စက်ရုံ ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ယင်းစာရင်းမှာ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းသို့ စာရင်းဝင်ထားသည့် အရေအတွက် ဖြစ်ပြီး စာရင်းပြင်ပတွင် ရှိနေသည့် အထည်ချုပ် စက်ရုံများလည်းရှိကြောင်း အသင်း တာဝန်ရှိသူများက ပြောသည်။

You may also like these stories:

တောရိုင်းတိရိစာ္ဆန်များကို တရုတ်၏ စားသောက်လိုစိတ်က ဗိုင်းရပ်ကို ရှင်သန်နိုင်စေ

တောင်ကိုရီးယားနဲ့ အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ ကျောင်းတွေ ပိတ်ထားပြီး အွန်လိုင်းကနေ စာသင်

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်တရုတ်ပိတ်စကုန်ကြမ်းအထည်ချုပ်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဟာ စားသောက်နေထိုင်မှု ပုံစံနဲ့ ဆက်စပ်နေတာပါ

စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတဲ့ အစားအစာများ

ရာသီဥတုပြောင်းလဲမှုတွေဟာ လူတွေရဲ့ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်

ရာသီဥတုပြောင်းလဲမှုက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်စေနိုင်လဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate