• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကြံခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် နေရာများ အင်အားထပ်ဖြည့်

by သီဟလွင်
23 February 2020
in သတင်း
A A
နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော ကြံ့ခိုင်ရေး ပါတီ သတင်းစာ ရှင်းလင်းပွဲ / ဧရာဝတီ

နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော ကြံ့ခိုင်ရေး ပါတီ သတင်းစာ ရှင်းလင်းပွဲ / ဧရာဝတီ

15.2k
VIEWS
Share on FacebookShare on Twitter

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အရှိန် တိုးမြှင့်ဆောင်ရွက်နိုင်ရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ကြံခိုင်ရေး ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် နေရာများ ဖြစ်သော ဒုဥက္ကဋ္ဌ ၂ ဦးကို ထပ်မံအားဖြည့်လိုက်ကြောင်း ကြံခိုင်ရေး ပါတီ၏ ရှင်းလင်းချက် အရသိရသည်။

ထပ်မံခန့်အပ်လိုက်သည့် ဒုဥက္ကဋ္ဌများမှာ ရဲချုပ်ဟောင်း ဦးခင်ရီနှင့် သမ္မတရုံးဝန်ကြီးဟောင်း ဦးလှထွန်းတို့ဖြစ်ပြီး ၎င်းတို့အပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃ ဦးကိုပါ ထပ်မံတိုးချဲခန့်ထားကြောင်း ဖေဖော်ဝါရီ ၂၁ နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ယင်းပါတီ၏ သတင်းစာရှင်းလင်းပွဲမှသိရခြင်းဖြစ်သည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
176
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.7k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
586

ကြံခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒလှမြင့်က “အခုရွေးကောက်ပွဲကာလလည်း နီးလာပြီ လုပ်ငန်းစဉ်တွေကလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမှာ ဖြစ်တဲ့အတွက် ဒုတိယဥက္ကဋ္ဌ  ၂ ဦး ကိုထပ်ပြီးတော့ အင်အားဖြည့်တာပေါ့” ဟု ပြောသည်။

ယခင်သမ္မတရုံးဝန်ကြီးဟောင်း ဦးလှထွန်းကို ဒုဥက္ကဋ္ဌ အဖြစ် ခန့်ထားရသည်မှာ ၂၀၁၅ ရွေးကောက်ပွဲ အလွန်ကာလ အစိုးရအကူး အပြောင်းတွင် အစိုးရလွှဲပြောင်းရေး လုပ်ငန်းစဉ်များကို ညင်သာချောမွေ့စွာ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယခုရွေးကောက်ပွဲတွင် ၎င်းတို့ ပါတီအနိုင်ရပါက ထိုသို့ပြင်ဆင်နိုင်ရန် ခန့်ထားရခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းသတင်းစာရှင်းလင်း ပွဲတွင် ကြံခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမီမီဇော် ကလည်း “ရွေးကောက်ပွဲနီးလာတဲ့ အချိန်မှာ ယခင်အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီးကို ဒုဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့တာကတော့ ကျမတို့က အကြွေးလာတောင်းတာပါ။ အကြွေးဆပ်ရမယ် ဆိုတာလေးကိုလည်း ပြောလိုပါတယ်”ဟု ပြောသည်။

ယခုကဲ့သို့ ခန့်အပ်လိုက်ခြင်းကြောင့် ကြံခိုင်ရေးပါတီတွင် ယခင်ရှိပြီးသား ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်း အပြင် ဒုဥက္ကဋ္ဌ ၂ အဖြစ် ဦးခင်ရီ၊ ဒုဥက္ကဋ္ဌ ၃ အဖြစ် ဦးလှထွန်းတို့ ဖြစ်လာပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းပါတီမှ အောင်နိုင်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးမောင်မြင့်၊ ဦးသိန်းထွန်းနှင့် ဦးစိုင်းထွန်းစိန်တို့ကိုလည်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအဖြစ် ထပ်တိုးခန့်ထားခဲ့သည်။

နိုင်ရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က “သူတို့ပါတီတွင်းကတော့ နည်းနည်းပိုပြီး စဉ်းစားနိုင် လုပ်နိုင်ကိုင်နိုင်တဲ့သူတွေ ဝင်လာတာတော့ သူတို့အတွက်တော့ ကောင်းတာပေါ့။ ကျနော်တို့ လူထုဘက်ကအမြင်ကျတော့ သိပ်ထူးမယ်လို့တော့မထင်ဘူး။ လူထုဘက်က ကြည့်တဲ့အမြင်ကျတော့ ဒီလူတွေကအရင်လူတွေပဲလေ” ဟု ပြောသည်။

၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သည့် ကြံခိုင်ရေးပါတီ အထွေထွေညီလာခံတွင် ဥက္ကဋ္ဌ အဖြစ် ဦးသန်းဌေး၊ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း အပါအဝင် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် စုစုပေါင်း ၃၈ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအသစ်ခန့်ထားသူ ၅ ဦးထပ်တိုးလာသောကြောင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၄၃ ဦးဖြစ်လာသည်။

ယင်းပါတီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့မှာ လျာထား ၆၀ ဦးဖြစ်သောကြောင့် ဖွဲ့စည်းပုံမပြည့်သေးသော်လည်း ဒုဥက္ကဋ္ဌများ ထပ်မံခန့်အပ်ခြင်းကြောင့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ စသည့် ထိပ်ပိုင်းခေါင်းဆောင် ရာထူးများမှာမူ ဖွဲ့စည်းပုံ ပြည့်သွားပြီဖြစ်သည်။

၂၀၁၆ ညီလာခံတွင် သမ္မတဟောင်း ဦးသိန်းစိန်ပါ အပါအဝင် ၉ ဦးပါဝင်သော ဦးဆောင်ကော်မတီ ဆိုသည့် အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သေးပြီး ထိုကော်မတီသက်တမ်း ၁ နှစ်ခန့်အကြာတွင် ဦးသိန်းစိန်တို့၏ သဘောဆန္ဒအရ ပြန်လည် ဖျက်သိမ်းခဲ့သည်ဟု သိရသည်။

သို့သော် ကြံခိုင်ရေးပါတီ အစိုးရလက်ထက်က ဝန်ကြီး၊ ဒုဝန်ကြီး၊ ဝန်ကြီးချုပ်ဖြစ်ခဲ့သူများနှင့် အခြားအားထား ရသူ စုစုပေါင်း ၂၆ ဦးခန့် ပါဝင်သည့် ဗဟိုအတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းထားပြီး ပါတီဗဟိုလုပ်အမှုဆောင်အဖွဲ့က ယင်းအဖွဲ့ထံမှ အကြံဥဏ်များကို ရယူလျက်ရှိသည်။

ဒုဥက္ကဋ္ဌ ၂ အဖြစ်ခန့်ထားသူ ဦးခင်ရီမှာ တပ်မတော်တွင် ဗိုလ်မှူးချုပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲချုပ်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ကြံခိုင်ရေးပါတီ အာဏာရချိန်တွင် လူမှုဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဒုဥက္ကဋ္ဌ ၃ ဖြစ်လာသူ ဦးလှထွန်းမှာ တပ်မတော်တွင် ဗိုလ်ချုပ်ရာထူး အဆင့်ဖြင့် အနားယူခဲ့ပြီး၊ အစိုးရအဖွဲ့တွင် မပါဝင်မီ စက်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးပြီး ကြံခိုင်ရေး ပါတီအာဏာရလာစဉ် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကြံ့ခိုင်ရေးပါတီသည် တပ်မတော်က ထူထောင်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ ပေါက်ဖွားလာသော နိုင်ငံရေးပါတီတခု ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်များ အရပ်ဝတ်လဲလှယ်ကာ ယင်းပါတီဖြင့် ရွေးကောက်ပွဲ အနိုင်ရ၍ အစိုးရ ဖွဲ့နိုင်ခဲ့သည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့သဖြင့် အတိုက်အခံအဖြစ် ရပ်တည်နေရသည်။

You may aslo like these stories:

တိုင်းရင်းသား ပါတီများနှင့် ဆက်ဆံရေးကောင်းဖို့ NLD အမှန်တကယ် ကြိုးပမ်းမှာလား

အစိုးရအဖွဲ့ သုံးရန် အီတလီလုပ် ရဟတ်ယာဉ်တစီး ဝယ်ယူ

ဗစ်တိုးရီးယားအမှုတွင် တာဝန်မကျေသူများကို အရေးယူဖို့ သမ္မတ ညွှန်ကြား

Your Thoughts …
Tags: ကြံ့ခိုင်ရေးဦးခင်ရီဦးလှထွန်း
သီဟလွင်

သီဟလွင်

ဧရာဝတီ

Similar Picks:

စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

by ဧရာဝတီ
19 July 2023
12.1k

ဗိုလ်ချုပ်ဟောင်းများသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွေးစည်းချစ်ကြည်ကြောင်း ပြသရန် နေပြည်တော်မှ ဗုဒ္ဓ ဆင်းတုတော်ကြီး တည်ဆောက်နေသည့် နေရာတွင် တနင်္ဂနွေနေ့က စုဝေးကြသည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၆)

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၆)

by ဉာဏ်သစ်
22 December 2024
4.5k

သတင်း စုဆောင်းရေး နည်းနာများကို လေ့ကျင့်ထားသည့် လက်ရွေးစဉ် ကြံ့ခိုင်ရေး အသင်းသားများက တရားဝင် ထောက်လှမ်းရေး အဖွဲ့များနှင့် လက်တွဲကာ လှုပ်ရှားနေသည်။

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

by ဧရာဝတီ
26 October 2023
2.4k

ဦးသိန်းစိုးဦးဆောင်သော ရွေးကောက်ပွဲကော်မရှင် (UEC) လက်ထက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ရာ၌ ဖိနှိပ်ကန့်သတ်မှုများသည် သမိုင်းတပတ် ပြန်လည်လာပြီ။

ဒီပဲယင်း…

ဒီပဲယင်း…

by စိုးအောင်ဆန်း
25 August 2024
1.9k

ဒီပဲယင်းကို မျက်ရည်တွေ၊ သွေးတွေနဲ့ လိမ်းကျံ စွန်းထင်းစေခဲ့တဲ့ ရာဇဝင်ကျွေးကို တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်လည် တောင်းယူနေပြီလို့…။

၇၄ကြိမ်မြောက် တပ်မတော်နေ့အတွက် ဝတ်စုံပြည့်လေ့ကျင့်သည့် အခမ်းအနား / CINCDS

စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ ရာထူး အပြောင်းအလဲ ပြုလုပ်

by ဧရာဝတီ
5 October 2022
17.8k

စစ်တပ်ရာထူး အပြောင်းအလဲသည် စစ်ခေါင်းဆောင် သဘောကျသူများအား ရာထူးတိုးပေးခြင်း ဖြစ်ပြီး အနာဂတ် စစ်ဘက်နှင့် အရပ်ဘက် တာဝန်များတွင် ခေါင်းဆောင်အဖြစ် ရာထူးပေးရန် လျာထားခံရသူများ ဖြစ်နိုင် ကြောင်း

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ရှမ်းပြည် ပင်လုံမြို့တွင် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပခဲ့စဉ် / ဧရာဝတီ

NLD၊ ဗမာလူမျိုးကြီးဝါဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်

by အေးချမ်းဆု
10 May 2022
30.3k

တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ အာဏာခွဲဝေရေး ဆိုသည်မှာ လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေးဖြစ်သည်။

Next Post
သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ် /  ချစ်ပိုး / ဧရာဝတီ

“သူစိမ်းအိမ်” ဇာတ်ကားနဲ့ အကယ်ဒမီရမယ်လို့ ခန့်မှန်းခံနေရတဲ့ ထွန်းအိန္ဒြာဗိုလ်

ကြက်သွန်ဖြူဟာ အအေးမိနှာစေး ကျန်းမာရေးပြဿနာတွေအတွက် အကောင်းဆုံးပါ

ကျန်းမာရေးပြဿနာတွေအတွက် အသုံးဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate