• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာတွင် Made in Myanmar အဖြစ် အသုံးပြုနိုင်ပြီ

by မျိုးပပစန်း
23 February 2020
in သတင်း
A A
မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တွင် ကျင်းပ ပြုလုပ်သော GS1 Myammar စတင် မိတ်ဆက်ခြင်း အခမ်းအနား  /  မျိုးပပစန်း / ဧရာဝတီ

မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တွင် ကျင်းပ ပြုလုပ်သော GS1 Myammar စတင် မိတ်ဆက်ခြင်း အခမ်းအနား / မျိုးပပစန်း / ဧရာဝတီ

10.4k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာတွင် Made in Myanmar အဖြစ် အသိအမှတ်ပြုသော GS1 Barcode များကို စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်က မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တွင် ကျင်းပ ပြုလုပ်သော GS1 Myammar စတင် မိတ်ဆက်ခြင်း အခမ်းအနားမှ သိရသည်။

UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က “မြန်မာ့ထုတ်ကုန်တွေက နိုင်ငံ တကာ စံချိန်စံညွှန်း နဲ့ ညီတဲ့ တံဆိပ်မရှိတဲ့အတွက် နိုင်ငံ တကာ ဈေးကွက်မှာ တင်ပို့ ရောင်းချတဲ့အခါမှာ ကျနော်တို့က ထိုင်းနဲ့ စင်ကာပူမှာရှိတဲ့ Barcode အဖွဲ့တွေ နဲ့ ပူးပေါင်း တပ်ဆင်တဲ့ အခါ ကိုယ့်နိုင်ငံ ပစ္စည်း ဖြစ်ပေမယ့် Barcode ဖတ်တဲ့အခါ သူများနိုင်ငံက ပစ္စည်းလို့ပဲ ပေါ် တဲ့အတွက် အခက်အခဲတွေ ရှိခဲ့တယ်။ ပြည်တွင်း ထုတ်ကုန်များအတွက် အကျိုးကျေးဇူးတွေ လည်း ရလာမှာ ဖြစ်တယ်”ဟု ပြောသည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
132
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
113
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
971

မြန်မာနိုင်ငံ ကိုယ်စားပြု ကိုယ်ပိုင်နံပါတ် 883 ကို တရားဝင် ဘားကုဒ်အဖြစ် ရရှိမည်ဖြစ်ပြီး ပြည်တွင်း ထုတ်ကုန်များသည် တရားဝင် GS1 စံချိန်စံညွှန်းကို မည်သည့်နိုင်ငံမှ အားကိုးစရာမလိုပဲ မိမိနိုင်ငံ ထုတ်ဖြင့် သုံးစွဲနိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ အနေနှင့်လည်း တခြားနိုင်ငံများကို အားကိုးစရာမလိုဘဲ မိမိတို့၏ နံပါတ် 883 ကို အသုံး ပြုပြီး ထုတ်ကုန်များကို Made in Myanmar အဖြစ် ထုတ်လုပ်ရောင်းချ နိုင်မည် ဖြစ်ကြောင်း ဦးဇော်မင်းဝင်း က ပြောသည်။

မြန်မာ ဘားကုဒ်အသင်း ဥက္ကဋ္ဌ ဦးဝေဖြိုး က “မြန်မာပြည်မှာ ထုတ်လုပ်ရောင်းချတဲ့ ကုန်ပစ္စည်းများအတွက် နိုင်ငံတကာ အဆင့်မီ၊ နိုင်ငံတကာ အသိအမှတ်ပြု GS1 Barcodes များကို တရားဝင် စတင် ရောင်းချနေပြီ ဖြစ်ပါတယ်၊ ဒီ Barcode အသုံးပြုပါက ကုန်သွယ်မှုကဏ္ဍ အတွက်ရော၊ စားသုံးသူကာကွယ်ရေးအတွက်ပါ အကျိုးရှိပါတယ်၊ အခုဆိုရင် GS1 Myanmar ကနေ ထုတ်လုပ်ပေးတာ ကုမ္ပဏီပေါင်း ၃၀၀ ကျော်ရှိပါပြီ” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် လူသုံးများနေသည့် မြန်မာနိုင်ငံထုတ် တီရှပ်အမျိုးအစားတခု (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

ဆက်လက်၍ ၎င်းက “အခုချိန်မှာ GS1 Myanmar ရှိတဲ့အတွက် အခက် အခဲတွေ ပပျောက်ပြီး နိုင်ငံတကာ ဈေးကွက် မှာ မြန်မာထုတ်ကုန်တွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရဲရဲ ဝင့်ဝင့် ကိုယ်နံပါတ်နဲ့ ကိုယ် တရားဝင် ရောင်းချလို့ ရပါပြီ” ဟု ၎င်းက ပြောသည်။ 

၂၀၁၉ ခုနှစ်၊ မေလတွင် Belgium နိုင်ငံရှိ GS1 Global Office (ရုံးချုပ်) Myanmar Barcode Association (MBA) ၏ မြန်မာနိုင်ငံ အနေဖြင့် GS1 Member Organization အဖြစ် လျှောက်ထားမှုအား Turkeyနိုင်ငံ၊ Istanbul မြို့တွင် ကျင်းပသော GS1 General Assembly ၌ တရားဝင်အသိအမှတ်ပြု ကြေငြာခဲ့ပါသည်။

GS1 သည် Non-Profit Organization တခု ဖြစ်ပြီး နိုင်ငံတကာတွင် သုံးစွဲနေသော BarCode နှင့် ပတ်သက်၍ ဝန်ဆောင်မှု ပေးနေသည့် အဖွဲ့အစည်းဖြစ်သည့်အပြင် စီးပွားရေးလုပ်ငန်းများ အချင်းချင်း ဆက်သွယ်ရာတွင် ပိုမိုထိရောက်၍ စွမ်းဆောင်ရည်ပြည့်ဝစေရန်အတွက် Global Standards များအား ပံ့ပိုးကူညီနေသော အဖွဲ့အစည်းလည်း ဖြစ်ပါသည်။

GS1 Barcode ကို သုံးစွဲခြင်းကြောင့် မည်သည့် နေရာတွင်မဆို ကုန်ပစ္စည်းနှင့် ပတ်သက်သော အချက်အလက်များ တိကျမြန်ဆန်စွာသိရှိခြင်း၊ ကုန်ပစ္စည်းများ လေလွင့်ပျက်စီးဆုံးရှုံးမှုများ လျော့ချနိုင်ခြင်း၊ ကုန်စည်ဖြန့်ဖြူးခြင်းနှင့် သိုလှောင်ခြင်းတွင် စနစ်တကျ ထိန်းချုပ်နိုင်ခြင်း ၊ နံပါတ်များကို တစ်ကမ္ဘာလုံးက လက်ခံသုံးစွဲသည့်အတွက် မိမိတို့၏ ကုန်ပစ္စည်းများကို ပြည်တွင်းရှိ မည်သည့်ဆိုင်တွင် မဆို ရောင်းချနိုင်မည့်အပြင် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင်လည်း အဆင်ပြေလွယ်ကူ ခြင်း စသည့်တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ယင်းအပြင် ပြည်တွင်း ထုတ်ကုန်များကို ကမ္ဘာ့စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဝယ်ယူရောင်းချသည့် နေရာတွင် ပိုမိုလွယ် ကူစေရေး၊ ပြည်တွင်း/ပြည်ပ ဈေးကွက်များကို ထိရောက်စွာ ထိုးဖောက်နိုင်ရေး တို့အတွက် တကမ္ဘာလုံးမှ အသိအမှတ်ပြု လက်ခံထားသော GS1 စနစ် ကို ပြည်တွင်း ထုတ်လုပ်သူများအနေဖြင့် စတင်ပြောင်းလဲ သုံးစွဲသင့်ကြောင်းလည်း ဦးဝေဖြိုးက ပြောကြားခဲ့သည်။

You may also like these stories:

ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပိတ်ရက်တိုးသည့် အထည်ချုပ် စက်ရုံများ တိုးလာနေ

မန္တလေးတွင် အလုပ်သမားအရေး ဆန္ဒပြခေါင်းဆောင်များ ငွေဒဏ် ချမှတ်ခံရ

ဧရာဝတီတိုင်း ဖွံ့ဖြိုးရေး ရန်ပုံငွေ ၃ ဘီလီယံကျော် ခွဲဝေချထားမည်

Your Thoughts …
Tags: BarcodeMade in MyanmarUMFCCI
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ

သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ

by ကြာဖက်နှင်း
3 August 2024
23.9k

“ဦးသန်းရွှေ၊ ဦးမောင်အေး လက်ထက်မှာ ချမ်းသာအောင် လုပ်ပေးခဲ့တဲ့ ခရိုနီတွေက ကျေးဇူး ကန်းတယ်လို့ သူက မြင်နေပုံ ရတယ်”

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.2k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ

ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
10 September 2023
10.5k

ဗိုလ်ချုပ် ရန်နောင်စိုးအား ပြီးခဲ့သည့် ၄ ရက်ခန့်ကတည်းက ဖမ်းဆီးထားခြင်းဖြစ်ပြီး မိသားစုကိုပါ စစ်ဆေးနေကြောင်း၊ အလားတူကုန်သည်ကြီးများထဲတွင် စက်သုံးဆီ တင်သွင်းရောင်းချသူများ၊ စားအုန်းဆီ တင်သွင်းရောင်းချသူများနှင့် ပြောင်းကုန်သည် ကြီးများပါဝင်ပြီး ရန်ကုန်မှ နေပြည်တော်ကို ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း ဧရာဝတီသတင်းရင်း မြစ်အချို့က...

သူတို့လုပ်နေတဲ့ နည်းလမ်းက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး

သူတို့လုပ်နေတဲ့ နည်းလမ်းက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး

by ဧရာဝတီ
23 August 2023
4.5k

စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူက "အခု နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်မှုတွေအပေါ် ဘဏ်တွေရယ်၊ UMFCCI ရယ် သူတို့ လုပ်ဆောင်ချက်တွေကို ကျနော်တို့ စောင့်ကြည့်မယ်” ဟု သတိပေးပြောဆိုသွားသည်။

ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

by ဧရာဝတီ
1 December 2023
4.3k

စက်သုံးဆီကုမ္ပဏီများ ပြည်ပမှ စက်သုံးဆီဝယ်ယူတင်သွင်းမှုအတွက် ငွေပေးချေရာတွင် လိုအပ်သော အမေရိကန် ဒေါ်လာပမာဏကို ဗဟိုဘဏ်က ထုတ်ရောင်းမပေးနိုင်တော့သောကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်

ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်

by ဧရာဝတီ
23 August 2023
3.4k

ပို့ကုန်ရငွေမှတ်တမ်း မပြနိုင်သည့် ကုမ္ပဏီ ၇၈ ခုကို တရားစွဲထားပြီး ထိုကုမ္ပဏီ တည်ထောင်သူများအနက် နှစ်ဦးကို ထောင်ချထားပြီးဖြစ်သည်။

Next Post
သရုပ်ဆောင် ပိုင်ဖြိုးသု / ဝေဝေနှင်း / ဧရာဝတီ

“လေဒီဒိန်းဂျား” ဇာတ်ကားကြီးမှာ စီနီယာ ၂ ယောက်နဲ့ ပါဝင်ခွင့်ရလို့ ဝမ်းသာနေတဲ့ ပိုင်ဖြိုးသု

ဘဏ်တခုတွင် တွေ့ရသည့် အပ်နှံငွေများ / ဧရာဝတီ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအား တိုက်ဖျက်ရန် ဆောင်ရွက်

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate