သတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမြောက်ပိုင်းမြို့ ၁၀ မြို့ကို ပိတ်ဆို့ထား

Want create site? Find Free WordPress Themes and plugins.

လူအများအပြားတွင် COVID-19 ကိုရိုနာဗိုင်းရပ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီး လူ ၂ ဦး သေဆုံးပြီးနောက် လူဦးရေ ၅ သောင်းပတ်ဝန်းကျင်ရှိသော အီတလီမြောက်ပိုင်းမှ မြို့ ၁၀ မြို့ကို တနင်္ဂနွေနေ့က ပိတ်ဆို့ထားလိုက်သည်။

လူ ၁၃၃ ဦးတွင် ထိုဗိုင်းရပ်မှတဆင့် အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်ခံရကြောင်း ပြသနေသည်ဟု အီတလီအာဏာပိုင်များက ကြေညာသောကြောင့် ဥရောပတွင် အဆိုးရွားဆုံး ရောဂါကူးစက်ခံရသော နိုင်ငံဖြစ်လာသည်။

ထိုရောဂါကူးစက်မှုများအနက် ၈၉ ခုမှာ လွမ်ဘာဒီ နယ်တွင်ဖြစ်ပြီး ဗီနီတို ၁၇ ယောက်၊ အီမီလီယာ ရိုမက်ဂနာတွင် ၂ ခု၊ ပိုင်မိုတီတွင် ၂ ခုနှင့် မြို့တော် ရောမတွင် ၂ ခုတွေ့ရသည်။

မီလန်မှ လွမ်ဘာဒီရှိ အသက် ၇၇ နှစ်အရွယ်အမျိုးသမီးတဦး စနေနေ့က ကွယ်လွန်ကြောင်း ANSA သတင်းဌာနက ဖော်ပြသည်။ အနီးရှိ ဗီနီတိုဒေသပါဒူရာ မြို့ရှိ အသက် ၇၈ နှစ်အရွယ် အမျိုးသားတဦး သေဆုံးပြီး နာရီပိုင်းအတွင်း ထိုအမျိုးသမီးသေဆုံးခြင်း ဖြစ်သည်။

အစိုးရသည် ရောဂါကူးစက်ရာဒေသများတွင် ဝင်ထွက်မှုပိတ်ပင်ခြင်းအပါအဝင် ကူးစက်မှုထိန်းချုပ်ရန် အစီအမံအများအပြားကို စနေနေ့က ချမှတ်ထားသည်။

အများပြည်သူတက်ရောက်သည့် အခမ်းအနားများကို ပိတ်ပင်ထားပြီး ကျောင်းများ၊ နေ့ကလေးထိန်း ကျောင်းများ၊ ပြတိိုက်များ၊ စားသောက်ဆိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ရုံးများကိုပိတ်ထားသည်။

ရောဂါကူးစက်သူများနှင့် အဆက်အသွယ်ရှိသူများ အားလုံးကို နေအိမ်တွင် ၁၄ ရက် နေစေကာ ခွဲခြားထားမည်ဟု အာဏာပိုင်များက ပြောသည်။

ရဲတပ်ဖွဲ့နှင့် လိုအပ်လျှင် စစ်တပ်ကပါ ထိုအစီအမံများကို အကောင်အထည်ဖော်မည်ဖြစ်သည်ဟု အစိုးရကကြေညာသည်။ စည်းမျဉ်းများကို ချိုးဖောက်သူများသည် ထောင် ၃ လ အထိ ကျခံရမည်ဖြစ်သည်။

တချိန်တည်းတွင် ရောဂါအဆိုးရွားဆုံး ကူးစက်သည့် လွမ်ဘာဒီနှင့် ဗီနီတိုတွင် တနင်္ဂနွေနေ့က ကျင်းပမည့် Series A ဘောလုံးပွဲ ၃ ပွဲကို ဆိုင်းငံ့ခဲ့သည်။

မြို့တွင်းရှိကျောင်းများကို အနည်းဆုံး တပတ်ပိတ်ထားမည်ဖြစ်ကြောင်း မီလန်မြို့တော်ဝန် ဂျူးဆက်ဆာလာက တနင်္ဂနွေနေ့တွင်ကြေညာသည်။

မီလန်တွင် နှစ်စဉ်ကျင်းပသော ဖက်ရှင်ပွဲတော်ကျင်းပနေစဉ် ကူးစက်မှုတိုးလာခြင်းဖြစ်သည်။ တနင်္ဂနွေ နေ့က စီစဉ်ထားသော ဖက်ရှင်ပွဲကို အများပြည်သူတက်ရောက်ခြင်း မပြုရန် ဖက်ရှင်ဒီဇိုင်းဆရာ ဂျီရော်ဂျီရို အာမန်နီက ပိတ်ပင်လိုက်ပြီး အွန်လိုင်းတွင် ပြသပေးမည်ဟု ကြေညာသည်။

ဗင်းနစ်မှ ကျော်ကြားလှသော ကာနီဗယ်ပွဲတော် နောက်ဆုံး ၂ ရက်ကိုလည်း ဖျက်သိမ်းခဲ့သည်။

ကိုးကား။ ။ AP

You may also like these stories: 

ကိုရိုနာဗိုင်းရပ် လေထဲက ကူးနိုင်

တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ် တပ်လှန့်နိုးဆော်မှု အနီရောင်အဆင့်သတ်မှတ်

Did you find apk for android? You can find new Free Android Games and apps.
Loading